Sunday, August 31, 2008

Chelsea 1 : 1 Spur



လန်ဒန်-ဒါဘီ ပွဲဟာ အကြိတ်အနယ် ရှိမယ်လို့ ထင်ခဲ့ရပေမယ့် တကယ့်တကယ်တမ်း ကစားတော့ စပါးက ခံစစ်ကို ဦးစားပေး ကစားခဲ့ပါတယ်။ စပါးခြေက သာမာန်လောက်သာ ရှိပေမယ့် ချဲလ်ဆီးတို့ အပိုင်အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာကြောင့် ဂိုးမပြက်သည့်အပြင် အနိင်တောင် မရရှိခဲ့ပါဘူး။ စပါးကတော့ သူ့ရဲ့ ပထမဆုံး ၁ မှတ်ကို အသင်းကြီးဆီက ရလိုက်တာ ကံကောင်းပါတယ်။

ဒီနေ့လူထုတ်ပုံက မဆိုးဘူးဆိုပေမယ့် ရှေ့တန်းမှာ အနယ်လ်ကာ ၊ ဂျိုလ်ကိုးလ် အတွဲဟာ အခုထိကို အခြေအနေမကောင်းသေးပါဘူး။ ဘလက်တီ ကန်တင်ပေးတာကို အနယ်လ်ကာ အပိုင်ရပေမယ့် အသုံးမကျခဲ့တာကြောင့် ချဲလ်ဆီးတို့ ဂိုးရဖို့ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် လမ်းပတ်ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်နိင်ခဲ့တာရယ် ၊ အက်ဆီယန်ကစ်ဟာ ဘားထိသွားခဲ့တာရယ်ကြောင့်ပဲ သရေတမှတ်ပဲ ရရှိခဲ့ပါတယ်။

အဆိုးဆုံး ကစားသမားကတော့ အနယ်လ်ကာနဲ့ ဘောင်ဆင်ဝါပါပဲ။ လုံးဝကို သုံးစားမရပါဘူး။ ဒရော့ဘာ မလာမချင်းကတော့ ဒီတိုက်စစ်မှုး အစုတ်ကိုပဲ သုံးရပါဦးမယ်။ ချဲလ်ဆီးကစားတာ ဒီနေ့လည်း မကြိုက်ပါဘူး။ ဒါအပြင် ကစားသမားတွေက အသင်းလက်ရွေးစင်တွေ များတာကြောင့် ရှေ့လာမယ့် အပတ်ဟာ ပွဲပန်းဒဏ်တွေနဲ့ ကြုံတွေ့ရပါဦးမယ်။

ပထမပွဲ အနိင် ၊ ဒုတိယပွဲ အနိုင် ( ၁ ) ဂိုး ၊ အခု တတိယပွဲ သရေဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။ စကိုလာရီက အစောကြီးကတည်းက အနယ်လ်ကာကို မထုတ်ဘဲ ထားတာ သူ့အမှားပါ။ အဆင်မပြေပါဘူး ချဲလ်ဆီးတွေရေ။ ၀ူး။ စိတ်မောတယ်။

ချဲလ်ဆီးအတွက် ပထမဂိုး - ဘလက်တီ


Download By Z-share

Click Here

ဒုတိယချေပဂိုး - ဒါးရင်းဘန့်


Download Z-share

Click Here




1 comment:

Anonymous said...

အနော်တော့ ချဲလ်ဆီး မကြိုက်ဘူး။ မုန်းလွန်းလို့။ ပျော်လိုက်တာ သရေကျလို့။ အမှန်က ရှုံးစေချင်တာ။ :P