
ချဲလ်ဆီးက သူရဲ့ အလွတ်ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှုး Pizarro ကို ၀ါဒါဘရီမင်သို့ အငှားချလိုက်ပါတယ်။ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ 2007/08 ရာသီမှာ ၂၁ ပွဲကစားပြီ ၂ ဂိုးသာ သွင်းယူနိင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ အတူ ဂိုးပေါင်း မြောက်မြားစွာ သွင်းယူခဲ့ပေမယ့် ချဲလ်ဆီးမှာ ခြေစွမ်း မပြနိင်တာကြောင့် အငှားချလိုက်ခြင်း ဖြစ်နိင်ပါတယ်။ အခုတော့ တိုက်စစ်မှုးတစ်ယောက်လျော့ သွားပေမယ့် အလယ်တန်းတွေနဲ့ ယှဉ်ပြိုင်လို့ ရပါတယ်။ ဒရော့ဘာ ၊ ရှက်ချန်ကို နာနေတဲ့ အပြင် အကာလူးကလည်း အိုလံပစ်မှာ သွားရောက်ကစားနေ တာကြောင့် လောလောဆယ် တိုက်စစ်မှုး အနယ်လ်ကာ တစ်ယောက်သာ အားထားရမှာပါ။
No comments:
Post a Comment