Friday, August 22, 2008

ပြန်မလာနိင်သေးသူ



ချဲလ်ဆီး တိုက်စစ်မှူး ဒီဒီရာ ဒရော့ဘာဟာ ဒဏ်ရာကြောင့် အောက်တိုဘာလ မကုန်ခင်အထိ ကစားနိုင်မှာ မဟုတ်သေးဘူးလို့ လက်ရွေးစင်အသင်းနည်းပြ ဘာဟစ် ဟာလယ်ဟိုဇစ်က ပြောပါတယ်။

အသက် (၃၀)အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်အစောပိုင်းကတည်းက ဒူးဒဏ်ရာ ဝေဒနာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရလို့ ချဲလ်ဆီးရဲ့ ရာသီအကြို ခြေစမ်းပွဲတွေကို လွဲချော်ခဲ့ပါတယ်။

ဒရော့ဘာဟာ လောလောဆယ် အိုင်ဗရီကို့စ်အသင်းနဲ့အတူ ခြေစမ်းပွဲ ကစားဖို့အတွက် ပြင်သစ်ကို ရောက်ရှိနေပေမဲ့ နည်းပြကတော့ နောက်ထပ် (၆)ပတ်လောက်အထိ ကစားနိုင်မှာ မဟုတ်သေးဘူးလို့ ပြောပါတယ်။

တစ်လအတွင်း ဒရော့ဘာ ပြန်ကစားနိုင်မှာ မဟုတ်သေးပါဘူး။ တစ်လခွဲလောက်တော့ ရှိနိုင်ပါတယ် လို့ အိုင်ဗရီကို့စ်နည်းပြက ပြောပါတယ်။

သူ စပြီး ပြေးနိုင်ပေမဲ့ မိုဇမ်ဘီကွတ်နဲ့ ကစားမဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတော့ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူးစတန်းဖို့ဘရစ်ခ်ျ နည်းပြ စကိုလာရီကတော့ ဒရော့ဘာ ပြန်အလာကို စောင့်မျှော်နေပါတယ်။ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားရှစ် အဖွင့်ပွဲမှာ ပို့်စ်မောက် (၄)ဂိုးပြတ်နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင် နေပါတယ်။သူဟာ ပြီးခဲ့တဲ့ရာသီအတွင်းမှာ ချဲလ်ဆီးအတွက် (၁၅)ဂိုး သွင်းပေး ထားပါတယ်။

No comments: