Monday, June 30, 2008

သူလည်း လာတော့မယ် ထင်တယ် :)

အခုနောက်ဆုံး သတင်းကြားရတာကတော့ ရီးရဲလ်မက်ဒရစ်မှ ရော်ဘင်ဟိုကို ချဲလ်ဆီးက တိုက်စစ်မှုး ဒရော့ဘာ ထွက်သွားခဲ့ရင် ၂၇ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။ ရော်နယ်လ်ဒိုသာ ရီးရဲလ်မက်ဒရစ်ကို ရောက်သွားမယ် ဆိုလျှင် ရော်ဘင်ဟိုကို ချဲလ်ဆီးကလည်း အရခေါ်ယူဖို့ ကြိုးစားမှာပါ။ လက်ရှိ ဒီဘရာဇီးသားက ရီးရဲလ်မက်ဒရစ်ရဲ့ တိုက်စစ်ကို ဦးဆောင်နေသူ တစ်ယောက်ဖြစ်ပြီး ကလပ်အတွက်လည်း လိုအပ်နေပါသေးတယ်။ သူလာရောက်လာခဲ့မယ် ဆိုလျှင်ဖြင့် ချဲလ်ဆီးအတွက် လျှင်မြန်သွက်လက်ပြီး အဆုံးသတ် သေချာတဲ့ တိုက်စစ်မှုး တစ်ဦးကို ပိုင်ဆိုင်နိင်ခြင်းပါပဲ။


Birthday : 25 - 1 - 1984
Country : Brazil

Honours Of Robinho :
  • 2005 Confederations Cup winner (Brasil)
  • 2007 Primera League Champions (Real Madrid)

Saturday, June 28, 2008

Good Bye ------- Frank Lampard


နုတ်ဆက်လိုက်ပါတယ် ကိုလမ်းပတ်ရေ။ တကယ်တော့ ခင်ဗျားကို ချဲလ်ဆီးအသင်းနဲ့ အတူ အနားယူ သွားတဲ့ အထိရှိနေစေချင်တာပါ။ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ခင်ဗျား ကယ်တင်ခဲ့တဲ့ ဂိုးတွေနဲ့ အောင်မြင်ခဲ့ရသေးတာပါ။ အခုလို ဒေကိုရောက်လာတော့ မော်ရင်ဟိုနောက် လိုက်သွားတာတော့ စိတ်မကောင်းဘူးဗျာ။ ခင်ဗျား ၀တ်တဲ့ ကျောနံပတ် ၈ ကို ခင်ဗျားလိုပဲ ချဲလ်ဆီးအသင်းအတွက် အဓိက စွမ်းဆောင်နိင်တဲ့သူပဲ ဆက်လက် ၀တ်ဆင်နိင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စီးရီးအေလို အစုတ်အပြက်လေးမှာ ခင်ဗျားမို့ သွားကန်ရက်တယ်ဗျာ။း) စိတ်မကောင်းပါဘူး။ ဂျာနယ်တွေထဲမှာ ၊ တီဗွီတွေထဲမှာ ခင်ဗျားရဲ့ ဓတ်ပုံလေးတွေပဲ ကြည့်နေလိုက်တော့မယ်။ အောင်မြင်ပါစေဗျာ။ အပြာရောင်တွေရဲ့ အားမာန်နဲ့ မာန်ဟုန်ပြင်းပြင်း ကန်တဲ့ ပွဲမှာ ခင်ဗျားကို မတွေ့ရတော့ဘူးပေါ့။ နုတ်ဆက်လိုက်ပါတယ် လမ်းပတ်ရေ။ သာမည လမ်းခွဲမှာ ၀မ်းမနည်းသလို နုတ်မဆက်ကြေး....နုတ်မဆက်ကြေးပေါ့။






Friday, June 27, 2008

Yuri Zhirkov


အခု သတင်းတခု ကြားနေရတာ ကတော့ CSKA Club က ယူရီ ဇိုက်ယာကော့ဖ် ကို ချဲလ်ဆီးက ၀ယ်မယ်ဆိုတဲ့ သတင်းပါပဲ။ ရုရှားနောက်တန်း ဘယ်အစွန်မှာ ကန်တဲ့ ဒီကစား သမားဟာ ယူရိုပွဲ တစ်လျှောက်မှာလဲ ခြေစွမ်းပေါ်အောင် ကစားသွားနိင်ပါတယ်။ ဒီ ၂၅ နှစ်သားဟာ လက်ရှိမှာ...



  • 2004 (CSKA Moscow)
  • 2005 Finaliste de la Super FA Cup d'Europe (CSKA Moscow)
  • 2005 Vainqueur de la C3 (CSKA Moscow)
  • 2006 (CSKA Moscow)
  • 2006 (CSKA Moscow)
  • 2007 (CSKA Moscow)
  • 2008 (CSKA Moscow)
ဆုဖလားများ ရယူထားပြီးတော့ ၂၀ ၊ ၈ ၊ ၁၉၈၃ ခုနှစ်မှာ မွေးဖွားပါတယ်။ သူရောက်လာမယ် ဆိုလျှင် လက်ရှိကစားနေတဲ့ အက်ရှ်လေကိုးလ် နဲ့ ၀ိန်းဘရစ်မှာ ၊ ၀ိန်းဘရစ် နေရာ ပျောက်နိင်ပါတယ်။ ဘာပဲပြောပြော ဒီကစားသမားကတော့ ဖန်များ မြင်တဲ့ အတိုင်း ယူရိုမှာ ခြေစွမ်းပြသွားတာကို မြင်နိင်ပါတယ်။ လက်ရှိ ပြည်တွင်းကလပ်မှာလည်း ဒီကစားသမားက ခြေစွမ်းပြပါတယ်။ ကျွန်တော်ကတော့ ကြိုဆိုပါတယ်။ လက်ရှိလည်း တီဗွီမှာ လာရင် မြင်နေရတာကြောင့် မဆိုးပါဘူးလို့ပဲ ပြောပြချင်ပါတယ်။ ကြိုဆိုပါတယ်ဗျာ....။






Happy Birthday Wathann Oo !

ချဲလ်ဆီးချစ်သူ ဖြစ်သော ကိုဝဿန်ဦး ၏ ဇွန်လ (၂၇) ရက်နေ့မှာ ကျရောက်သော (၂၃) နှစ်ပြည့် မွေးနေ့မှသည် နောက်နှစ် ပေါင်း များစွာ မိသားစုနှင့်အတူ စိတ်ကျန်းမာခြင်း ၊ ကိုယ်၏ ချမ်းသာခြင်း တို့ နှင့်အတူ ဘ၀ကို ပျော်ရွှင် ချမ်းမြေ့စွာ ဖြတ်သန်း နိင်ပါ စေကြောင်း ဆုမွန်ကောင်း တောင်း၍ ကျွန်တော်တို့ အပြာရောင် ချစ်သူများ ဖြစ်တဲ့ -

* ကိုရင်နော်၊ ကိုကောင်လေး၊ ကိုအောင်၊ ကိုဖန်ဆင်းရှင်၊ ကိုလွမ်းလုလင်၊ ကိုဖိုးစံ၊ ကိုမင်းကျန်စစ်၊ ကိုအိမ်မက်သစ်၊ ကို wynnsun၊ ကိုတက်စလာ၊ ကိုknowledgevilla၊ ကိုheartmuseum၊ ကို99၊ ကိုဝင်းဇော်၊ ကိုဒီရေ၊ ကိုဘလာဂေါက်၊ ကိုကိုဖရီး၊ ကိုStanley၊ ကိုစိုးထက်၊ ကိုကလိုစေးထူး၊ ကိုဆိုးသွမ်း၊ မဆုရည်၊ မလားရှိုးသူ၊ မမေ၊ မမိုးချစ်သူ၊ မစိုးမြနန္ဒာသက်လွင်၊ မသိုးမလေး

...

တို့မှ နောင်နှစ်ပေါင်းများစွာ အသက်ရာကျော် ရှည်ကြောင်း မေတ္တာပို့သအပ်ပါသည်။

မွေးနေ့ လက်ဆောင် ...


Tuesday, June 24, 2008

Next Player

ယူရို ၂၀၀၈ မှာ ခြေစွမ်းပြခဲ့တဲ့ အသက် - ၃၁ နှစ်သား ဦးဒေကိုကတော့ ချဲလ်ဆီးကို စကိုလာရီ လက်ထက်မှာ ပထမဆုံး ရောက်ရှိခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ပါပြီ။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့ရဲ့ အသင်းကြီးဟာ နာမည်ရလာပါပြီ။ ပေါ်တူချဲလ် လို့ပြောင်းခေါ်လိုက်တော့မယ်။း) ဒေကိုက ကစားအား ရှိတဲ့ ဘောလုံးသမား ကောင်းပါ။ အခင်းအကျင်း ၊ အကန်အဖြက်ကလည်း ကောင်းမှကောင်း။ နောက်ပြီးတော့ တခုရှိတာက မက်ခေလီလီနေရာကို အစားထိုးဖို့ ဖြစ်လာနိင်ပါတယ်။ မက်ခေလီလီက အဖျက်ဆိုပေမယ့် သူမရှိတော့တာနဲ့ ဒေကိုက သူ့နေရာ ၀င်ကန်ပြီး ကစားကွက် ပြောင်းလဲ နိင်ပါတယ်။ ဒါနဲ့ စကားမဆပ် မိုက်ကယ်ဘောလက်ကတော့ သူ့ကစားသမားဘ၀ကို ချဲလ်ဆီးမှာပဲ ကုန်ဆုံးသွားချင်ပါတယ်တဲ့။ သတင်းကောင်း...သတင်းကောင်းပေါ့ဗျာ။ ရော်နယ်လ်ဒင်ဟိုကိုကလည်း ချဲလ်ဆီးကို လာရောက် ကစားဖို့ ဖြစ်နိင်နေပါတယ်။

Deco




Thursday, June 19, 2008

'Happy Birthday Dr.Soe Htet'

Dear Dr.Soe Htet

Wishing you..,

VERY HAPPY BIRTHDAY!!! All THE BEST & ENJOY YOUR SPECIAL DAY..... :))


Sincerely.,
Chelsea's Fans

Thursday, June 12, 2008

အကျီသစ် - ဘောင်းဘီသစ် - အိမ်မက်သစ် - စိတ်ကူးသစ်




နည်းပြ အသစ် အကျီအသစ်နဲ့ -- ဟဲဟဲ ။ လိုချင်လေ မရလေပဲဗျာ။ အနက်ေ၇ာင်နဲ့ အပြာရောင်လေး လှမှ့လှပဲ။ ကြိုက်မှ့ကြိုက်ပဲ။


နည်းပြသစ် - စကိုလာရီ


ဘယ်သူ ဖြစ်မလဲ ၊ ဘယ်သူဖြစ်မလဲနဲ့ အင်မတန် စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး နည်းပြ ရာထူးကြီးကို ဘောလုံးမှာ ညီအစ်ကိုဆိုတာ မရှိဘူးဆိုတဲ့ လက်ရှိ ပေါ်တူဂီ နည်းပြ စကိုလာရီကြီးက လက်ခံလိုက်ပါပြီ။ ပေါ်တူဂီကို လက်ရှိ နည်းပြနေတာလဲ ယူရိုမှာ အောင်ပွဲတွေနဲ့ အလီလီပေါ့။ ဂိုးပြက်တွေချည်းပဲ။ နောက်ပြီး စိတ်ဝင်စားဖို့ ကောင်းတာက အခု ပေါ်တူဂီက နောက်တန်းတွေ ဖြစ်တဲ့ ဘောက်ဆင်ဝါ ၊ ကာဗယ်လ်ဟို ၊ ဖာရဲရား တို့ကလည်း ချဲလ်ဆီး အသင်းက ကစားသမားတွေ မဟုတ်လား။ ဒီတော့ ဆရာတပည့်တွေ အထာသိနေပြီ။ ဘောလက်နဲ့ ကိုလမ်းပတ် တို့ရဲ့ စကေးတွေနဲ့ ဂျွန်တယ်ရီရဲ့ ဦးဆောင်မှု့အောက်မှာ ချဲလ်ဆီးတွေ ဒီနှစ်တော့ ပရီးမီးယားလိဂ်ကို လက်မှတ်ရေးထိုး နိင်ပါတော့မယ်။ ဟဟဟဟ။ တွေ့ကြပြီပေါ့ဗျာ။ လူတိုင်းလန့်တဲ့ စကိုလာရီဆိုတာ ဘာကြောင့်လဲဆိုတာ အဖြေပေါ်လိမ့်မယ်။

click here

Wednesday, June 11, 2008

ွGroup - D

Spain 4 : 1 Russia

All Goals By Villa

http://www.4shared.com/file/50803396/dd1b01b7/ESP_1-0_RUS.html

http://www.4shared.com/file/50809495/2ee0a6ec/ESP_2-0_RUS.html

http://www.4shared.com/file/50816485/52f8ae4b/ESP_3-0_RUS.html

Goal by Fabregas

http://www.4shared.com/file/50820694/5dab5efe/ESP_4-1_RUS.html

Goaly By Pavlyuchenko

http://www.4shared.com/file/50819319/d7a05ffa/ESP_3-1_RUS.html


Ibrahimov ic 67'

http://www.sendspace.pl/file/Eo7pRC8Z/

http://www.4shared.com/file/50894461/516fc496/0-1_Ibrahimovic_Grecja-Szwecja.html

Hansson 72'

http://www.sendspace.pl/file/3J4jq1ez/

http://www.4shared.com/file/50895021/8ab6ce2b/0-2_Hansson_Grecja-Szwecja.html

Monday, June 9, 2008

ဒုတိယမြောက်ပွဲစဉ်များ



Austria 0 : 1 Croatia

zshare


Germany 2 : 0 Poland


1st - Goal by Podolski 19'

ddl

4shared

2nd - Goal by Podolski 72'

ddl


Sunday, June 8, 2008

Portugal & Turkey


1-0 :: Pepe 61’

http://bs.goldzoneweb.info/dmdl.php?url=http://www.dailymotion.com/video/x5p8uq

2-0 :: Meireles 90’

http://www.d1g.com/video/show/2035790

ဆွတ်ဇာလန် & ချက်



0-1 Sverkos

http://www.mediafire.com/?whttcd0c1wg

http://www.zshare.net/video/13266800340c82a1/

http://rs141.rapidshare.com/files/120810255/SUI-CZE_-_0-1_Sverkos.avi