Saturday, June 28, 2008

Good Bye ------- Frank Lampard


နုတ်ဆက်လိုက်ပါတယ် ကိုလမ်းပတ်ရေ။ တကယ်တော့ ခင်ဗျားကို ချဲလ်ဆီးအသင်းနဲ့ အတူ အနားယူ သွားတဲ့ အထိရှိနေစေချင်တာပါ။ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ခင်ဗျား ကယ်တင်ခဲ့တဲ့ ဂိုးတွေနဲ့ အောင်မြင်ခဲ့ရသေးတာပါ။ အခုလို ဒေကိုရောက်လာတော့ မော်ရင်ဟိုနောက် လိုက်သွားတာတော့ စိတ်မကောင်းဘူးဗျာ။ ခင်ဗျား ၀တ်တဲ့ ကျောနံပတ် ၈ ကို ခင်ဗျားလိုပဲ ချဲလ်ဆီးအသင်းအတွက် အဓိက စွမ်းဆောင်နိင်တဲ့သူပဲ ဆက်လက် ၀တ်ဆင်နိင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စီးရီးအေလို အစုတ်အပြက်လေးမှာ ခင်ဗျားမို့ သွားကန်ရက်တယ်ဗျာ။း) စိတ်မကောင်းပါဘူး။ ဂျာနယ်တွေထဲမှာ ၊ တီဗွီတွေထဲမှာ ခင်ဗျားရဲ့ ဓတ်ပုံလေးတွေပဲ ကြည့်နေလိုက်တော့မယ်။ အောင်မြင်ပါစေဗျာ။ အပြာရောင်တွေရဲ့ အားမာန်နဲ့ မာန်ဟုန်ပြင်းပြင်း ကန်တဲ့ ပွဲမှာ ခင်ဗျားကို မတွေ့ရတော့ဘူးပေါ့။ နုတ်ဆက်လိုက်ပါတယ် လမ်းပတ်ရေ။ သာမည လမ်းခွဲမှာ ၀မ်းမနည်းသလို နုတ်မဆက်ကြေး....နုတ်မဆက်ကြေးပေါ့။






No comments: