Wednesday, April 30, 2008

အကျီသစ် - ဘောင်းဘီသစ် - အိမ်မက်သစ် - စိတ်ကူးသစ်


အိမ်ကွင်းအကျီလက်တို

အိမ်ကွင်း အကျီလက်ရှည်



ဂိုးသမား ၀တ်စုံ

Sunday, April 27, 2008

Online မှာ ဘောလုံးပွဲ ဘယ်လိုကြည့်ကြမလဲ

ချဲလ်ဆီးချစ်သော ဘလော့ဂ်ဂါ အစ်ကိုညီ အစ်မ ညီမတွေ တွေပါ ကြည့်မယ်ဆိုရင် ကြည့်နိင်ခွင့် ရရှိအောင်လို့ စေတနာ အရင်းခံနဲ့ ပြောပြပါရစေ။ ဒီလို ကိစ္စမျိုးတွေကလည်း လျိုထားလို့ မသင့်တော်တာပါဘူး။ ဥပမာ အသုံးလိုတဲ့ ဆော့ဖ်ဝဲလ် လေးတွေ ပြောပြ ၊ ရှယ်ယာပေးတာမျိုး ၊ ၀က်ဘ်ဆိုင်ဒ်လေးတွေ ပြောပြာတာမျိုးဆိုတာ အထူးသဖြင့် မြန်မာနိင်ငံသူ နိင်ငံသားတိုင်း အကျိုးအတွက် အများကြီး အသုံးဝင်ပါတယ်။ တစ်ချို့ဘလော့ဂ်တွေမှာ သတင်းအပြင် ၊ နည်းပညာဆိုင်ရာ စာအုပ် ၊ အသုံးဝင်သော ဆော့ဖ်ဝဲလ်လေးတွေ တင်ပေးထားတာကို မြင်ရတော့ တကယ့်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။ စာကဗျာတွေ ရေးတဲ့ ဘလော့ဂ်တွေဟာလည်း ကိုယ်ခံစားမှု့ အကြောင်းကို ကိုယ်ရေးတယ် ဆိုပေမယ့် ဒါတွေကလည်း အမှန်တကယ်လိုအပ်တယ် မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ် နိင်ငံရေး ၊ ပညာရေး ၊ ဖျော်ဖြေရေး ၊ စတဲ့အချက်တွေနဲ့ အကျုံးဝင်တဲ့ မြန်မာနိင်ငံသူ နိင်ငံသား ဘလော့ဂ်ဂါ အားလုံးအား ချစ်ခင်လေးစားလျက် ရှိပါကြောင်း ဒီပို့စ်လေးနဲ့ အတူ ကျွန်တော် ပြောကြား ပါရစေ။

ပထမဆုံး စသွားရမှာကတော့ www.myp2p.eu ဆိုတဲ့ ဆိုဒ်ကလေးပါ။ အဲဒီလိပ်စာလေးကို ရိုက်ထည့်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒီမှာ အ၀ိုင်းပြထားတဲ့ Live sports ဆိုတာလေးကို ရွေးချယ်ပေးပါ။



Live Sports ကိုရွေးချယ်ပြီးတဲ့ အခါမှာတော့ နောက်တစ်မျက်နှာ ချိန်းသွားတဲ့ အခါ အောက်မှာပါလာတဲ့ အမျိုးအစားတွေထဲက Football ဆိုတာလေးကို ရွေးချယ်ပေးပါ။


ရွေးချယ်ပြီးသွားလို့ Next Page ပေါ်လာတဲ့ အခါမှာတော့ အောက်မှာပါတဲ့ ပုံအတိုင်း လက်ရှိအချိန်အတွင်းမှာ ကန်နေသော နိင်ငံတကာချစ်ကြည်ရေးပွဲ ၊ ကလပ်ပွဲတွေကို မြင်တွေ့ရမှာပါ။ အဲဒီအခါမှာ ကိုယ်ကြည့်ချင်တဲ့ အသင်းကို တွေ့ရင် ညာဘက်မှာပါလာတဲ့ တီဗွီပုံလေးနဲ့ Live ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်တဲ့ အခါမှာတော့.....


ကိုယ်ကြည့်ချင်တဲ့ ဘောလုံးအသင်း ၂ သင်း တစ်ခုတည်းသာပါတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ အဲဒီ ၂ သင်းရဲ့ အောက်မှာတော့ ထိုနှစ်သင်းကန်နေတာကို ပြသမဲ့ လင့်ခ်တွေ ပေါ်လာပါလိမ့်မယ်။




ညာဘက်မှာ ရှိနေတာက ပြသနေတဲ့ လိုင်းတွေ ဖြစ်ပြီး အနီဝိုင်းထားတဲ့ နေရာကို ကလစ်လိုက်ယုံနဲ့ ဘောလုံးပွဲတွေကို စတင်ကြည့်ရှု့လို့ ရပါပြီ။

အရေးကြီးတာ တစ်ခုကတော့ အဲဒီလို ကြည့်ရှု့ဖို့ အတွက် ဆော့ဖ်ဝဲလိုတာပေါ့။ ဆော့ဖ်ဝဲလ်က 3 Mb လောက်ရှိတာကြောင့် သိပ်လည်း မလေးတဲ့ အပြင် ဘောလုံးပွဲတွင်သာ မကာ တခြားဖျော်ဖြေရေး တွေကိုလည်း ပြသပေးပါတယ်။ ဒေါင်းလုပ်ဘယ်လို ချရမလဲဆိုတော့ www.myp2p.eu ကိုဝင်လိုက်ရင် Live Sports ဆိုတာရဲ့ ညာဘက်ဘေးနားမှာ Softwares ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Page ကိုဝင်လိုက်တာနဲ့ အောက်မှာပေးထားတဲ့ Sopcast ၊ TVU Player ၊ Tv Ants ၊ Window mediaplayer အစရှိသည်ဖြင့် တွေ့ရမှာပါ။ အကောင်းဆုံး Player တွေကတော့ Sopcast and TVU Player တို့ပါပဲ။ ဒီပလေယာတွေကို ဒေါင်းလုပ်ချပြီး အင်စတော် လိုက်လိုက်ပြီးပြီး ဆိုတာနဲ့ ပလေယာကို ဖွင့်ထားပါ ။ ပြီးရင် အပေါ်မှာ ကျွန်တော် ပြောပြထားတဲ့အတိုင်း အစီအစဉ်တကျ သွားပါ။ နောက်ဆုံးအဆင့်မှာတော့ ကိုယ်ရွေးချယ် ကြည့်ချင်တဲ့ လိုင်းနေရာလေးမှာ Sopcast နဲ့ တစ်တန်းထဲ ရှိတဲ့ Play ဆိုတာလေးကို ကလစ်လုပ်လိုက်တာနဲ့ နဂိုဖွင့်ထားတဲ့ ပလေယာထဲကို လင့်ခ်သွားချိတ်ပြီးတော့ ဘောလုံးပွဲ စတင်လာပါတော့တယ်။ Buffering တော့ စောင့်ရတာပေါ့ဗျာ။ TVU Player ကိုလည်း ရွေးချယ်နှိပ်နိင်ပါတယ်။ ကျွန်တော်ကတော့ လိုင်း ၂ ခုလုံး ဖမ်းကြည့်ပါတယ်။ တစ်ခုမကောင်း တစ်ခုဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။



သတိပြု စေချင်တာက ။ တစ်ချို့ကွန်ပျူတာတွေမှာ IE နဲ့ဝင်လို့ လင့်ခ်ချိတ် မရတဲ့အခါ ၊ အော်တိုမစ်တစ် မ၀င်သွားတဲ့ အခါဆိုရင် FireFox နဲ့ ၀င်ကြည့်ပါ။ ဘာလို့လည်း ဆိုတော့ ကျွန်တော့် ကွန်ပျူတာမှာတော့ IE နဲ့မှပဲ ကြည့်ရှု့လို့ရပါတယ်။ FireFox နဲ့ မရတာကြောင့်ပါ။ ဒီလိုဆိုရင် စလောင်း မရှိတဲ့ သူတွေရော ၊ တီဗီက မပြတဲ့ ဒုက္ခကပါ ကင်းဝေးပြီး လူမပင်ပန်း ၊ ငွေမကုန်ပဲ ဘောလုံးပွဲများကို မိမိနေရာ ၊ စားပွဲ ၊ ကုတင် ပေါ်မှာ လွတ်လပ်စွာ စိတ်ကြိုက် ကြည့်ရှု့ခွင့် ရနိင်ပြီပေါ့။ အားလုံးလည်း အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဆင်မပြေခဲ့ရင်လဲ Cbox မှာ ပြောကြားခဲ့နိင်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုတောင်းရင်း ။

Chelsea 2 - Man Utd 1

Hi Chelsea's fans..,

Great New for us. We Chelsea ROCK & beautifully BEAT to Man Utd today. Not far away to win the Premier League. Come on, Chelsea!!

Please take a look at the pictures from The Sun Newspaper. Enjoy...,

Chelsea’s Soloman Kalou and Man United’s Mikel Silvestre and Rio Ferdinand

Man United’s Nani and Ashley Cole of Chelsea

Michael Ballack heads Chelsea in front

Wayne Rooney scores Man United’s equaliser

Michael Ballack scores from the spot for Chelsea



Good Luck, Chelsea!!
SMNTL

ချဲလ်ဆီး ၂ - ၁ မန်ယူ





Oh !!! Really Great Scoccer

တကယ့်ကို တကယ့်ကို ကျေးဇူးတင်ပါတယ် မိုက်ကယ်ဘောလက်ရေ ။ ဒီနေရာကနေ အထူးကျေးဇူးတင်စွာနဲ့ ချဲလ်ဆီး ချစ်သူတွေကို ကိုယ်စား ခင်ဗျားကို ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအတွက် အခုလို အဖိုးတန်ဂိုးတွေ သွင်းပေးတဲ့ အတွက်ရော ၊ စိတ်ဓတ်ရှိစွာနဲ့ ချဲလ်ဆီးအပေါ် ကြိုးစားပေးခဲ့တဲ့ အတွက်ပါ နှစ်သက်အားရ မိပါတယ်။
လီဗာပူးလ်နဲ့ ပွဲမှာ ကစားမှုညံခဲ့သော ဒရော့ဘာက ဒီနေ့ပွဲမှာ အားထည့်ကစားသွားတဲ့ အပြင် ဂိုးရရှိအောင်ပါ ဖန်တီးပေးနိင်ခဲ့တာကြောင့် ကျေးဇူးပါ။ နောက်တစ်ယောက်က အက်ရှ်လေကိုး ။ ဟန်ဆောင်ကစားသမား ဒိုလေးကို တစ်ချိန်လုံး ထိန်းချုပ်ထားနိင်ခဲ့တာရယ် ချဲလ်ဆီးအတွက် ဂိုးကာကွယ်ပေးနိင်မှု့အတွက် ကျေးဇူးပါ။ နောက်တစ်ယောက်ကတော့ ချဲလ်ဆီး တိုက်စစ်မှုး ဘိုရှက်ပါ။ သူကလည်း ၀င်လာတဲ့ အချိန် ၁၂ မိနစ် ကျော်ကျော်လေးမှာပဲ ချဲလ်ဆီးအတွက် ဂိုးမရရှိအောင် ကာကွယ်ပေးသွားတာကြောင့် ကျေးဇူးပါ။ နောက်ပြီးတော့ ချဲလ်ဆီး တစ်သင်းလုံးပေါ့။ ကာဗယ်လ်ဟိုကိုလည်း အပြစ်မတင်ရက်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီနေ့ပွဲ နိင်တဲ့အပြင် ကျန်တဲ့ပွဲတွေမှာလည်း သူပဲ အကောင်းဆုံး ကစားပြနေတာ မဟုတ်လား။ ၀ူး.....အရမ်းပျော်တယ်ဗျာ။ ဖလားမရရင် နေပါစေ ။ မန်ယူကို နိင်ရင် ကျေနပ်တယ်။ ပျော်တယ်ပေါ့ဗျာ။ ကဲ...ကဲ မကြည့်လိုက်ရသေးတဲ့ သူတွေအတွက် ကျွန်တော် ဟိုက်လိုက်လေးတွေ ပြန်တင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြပါစေ....ချဲလ်ဆီးချစ်သူတွေ။

Chelsea 2 : 1 Mu

1 st Goal by Michael Ballack

rapidshare

uploaded.to

2nd Goal by Rooney

rapidshare

uploaded.to

3rd Goal again by Michael Ballack

rapidshare

uploaded.to


1st Hight Light


rapidshare

uploaded.to

2nd Hight Light

rapidshare

uploaded.to

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း



Saturday, April 26, 2008

ချဲလ်ဆီး - မန်ယူ



ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - ဘောလက် ၊ အက်ဆီယန် ၊ အကာလူး ၊ ဂျိုကိုးလ် ၊ မီခေးလ်
နောက်တန်း - ဖာရဲရား ၊ တယ်ရီ ၊ ကာဗယ်လ်ဟို ၊ အက်ရှ်လေကိုး
ဂိုး - ပီတာဆက်ခ်ျ

ခန့်မှန်း - ၁း ၀ ၊ ၂း ၀ ၊ ၂း ၁

သရဲနီ ခြေင်္သေ့ကုတ်ခံရမဲ့ အဖြစ်ကို မိန့်မိန့်ကြီး ကွန်ပျူတာ အရှေ့ကနေ ထိုင်ကြည့်နေလိုက်ဦးမယ်ဗျာ။ လမ်းပတ်အတွက် ချဲလ်ဆီး ကစားသမားတွေ အောင်ပွဲကို ယူဆောင်ပေးကြမှာပါ။ အောင်မြင်ပါစေ ချဲလ်ဆီး ချစ်သူတွေ....

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း

Thursday, April 24, 2008

အမျှ...အမျှ...အမျှ





ကျွန်တော်တို့၏ အဓိက ကွင်းလယ်လူ အင်္ဂလန်လက်ရွေးစဉ် ၂၈ နှစ်သား ချဲလ်ဆီးကစားသမား Frank Lampard ၏ အမေ ဒီနေ့ တွင် ကွယ်လွန်ကြောင်း မြန်မာဂိုးဝက်ဖ်ဆိုက်ဒ်တွင် ဖတ်ရှု့ရ၍ မိသားစုနဲ့ အတူ ၀မ်းနည်းပါကြောင်း ချဲလ်ဆီးချစ်သော ဘလော့ဂ်ဂါ မောင်နှမ များမှ ဤနေရာမှ နေ၍ ပြောကြားလိုက်ပါတယ်။ ကိုလမ်းပတ် အမေရေ အမျှ...အမျှ...အမျှ ကောင်းရာ သုဂတိလားပါစေဗျာ။ သေခြင်းတရားဆိုတာ ဘုရားတောင် ရှောင်လို့ လွတ်တာမှ မဟုတ်လား။ တရားနဲ့ ဖြေနိင်ပါစေ။

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း



Liverpool 1-1 Chelsea in Pictures

Hi Folks..,

I'd like to share a few pictures from British Newspaper today(23/04) . The big photos from last night's clash at Anfield. Hope you all enjoy it. Pictures as follow:


Fernando Torres tussles with John Terry. Seen it's hard to play.


Liverpool 1-1 Chelsea: Dirk Kuyt scores for the Reds shortly before half-time. Pressure for Chelsea at that time.


It's the 95 minutes and John Arne Riise heads into his own net. Hooray!!
Luck is on our Chelsea side.


Riise's OG gives Chelsea crucial away goal. Poor Liverpool, Bad luck!



Frank Lampard celebrates Chelsea's goal at Liverpool goalie Pepe Reina holds his head in his hands

Here is from The Sun Newspaper for Slideshow.

All the best of luck CHELSEA!!! :-)



Enjoy!!
SMNTL

Wednesday, April 23, 2008

Liverpool : Chelsea


အသင်းခေါင်းဆောင် ပီသသော.....ဂျွန်တယ်ရီ


ချဲလ်ဆီးအတွက်....စိတ်ဓတ်ရှိသော ကာဗယ်လ်ဟို


၂၆ နှစ်သား လက်စွမ်းထက်ဆဲ ပီတာဆက်ခ်ျ



စိတ်ဓတ်ရှိလွန်းလို့ ပွဲနှင့်လွဲခဲ့ရသော်လည်း အိမ်ကွင်းမှာ ခြေစွမ်းပြမဲ့ မိုက်ကယ်အက်ဆီယန်

မနေ့က လီဗာပူးလ်ကို အဝေးကွင်းမှာ ရစ်စီရဲ့ သူများဂိုးမသွင်းနိင်လို့ ကိုယ့်ဂိုးကို ခေါင်းစွမ်းပြ သွင်းမှုကြောင့် အဖိုးတန် ၁ ဂိုးရခဲ့၍ သရေကျခဲ့ပြီး ၊ နောက်လာမဲ့ အိမ်ကွင်းမှာတော့ တံတားပေါ်က ကြိုးကြာကို အေးဆေးကန် ချနိင်အောင် ကြိုးစားကြပါစို့။ ဒရော့ဘာ ၊ အက်ဂှ်လေးကိုး တို့ကို ဒီဘလော့ဂ်ကနေ ပြင်းထန်စွာ ပြစ်တင်ရှုံချလိုက် ပါတယ်။ အက်ဆီယန်လေးက လောလောဆယ် ခြေစွမ်းပြနေပေမယ့် ၂ ပွဲဆက် အ၀ါကြောင့် ၀င်ကန်ခွင့် မရခဲ့တာကြောင့် လီဗာပူးလ်တို့ သက်သာခဲ့ရတာပါ။ နောက်ဆုံးတော့လည်း ဇာတာပဲ ပြောပြော ချဲလ်ဆီးက အဖိုးတန် အဝေးကွင်း ( ၁ ) ဂိုးနဲ့ အိမ်အပြန် မျက်နှာပန်း လှခဲ့ပါပြီ။ အောက်မှာ ချဲလ်ဆီးရဲ့ မနေ့က ပွဲစဉ်နဲ့ ဂိုးလေးတွေကို တင်ပေးလိုက်ပါတယ်။ မကြည့်ရသေးလို့ပဲ ဖြစ်ဖြစ် ၊ ကြည့်ပြီးလို့ ပြန်ကြည့်ချင်တာပဲ ဖြစ်ဖြစ် ဒေါင်းလုပ်ဆွဲသွားနိင်ပါတယ်။ ကျွန်တော်က ကျွန်တော့်ကွန်ပျူတာထဲ စာတောင် သိပ်မရှိဘူး။ ချဲလ်ဆီး ဘောလုံးပွဲ ဗီဒီယို တွေချည်းပြည့်နေလို့ ဟက်ဒစ် အသစ်ဝယ်ရတော့မယ်ဗျာ။ အဟဲဟဲ။


First Goal by Kuyt

rapidshare

mediafire

Own Goal by Risse

rapidshare

mediafire


မော်ရင်ဟို လက်ထက်မှာ မဆပ်နိင်ခဲ့တဲ့ ရှုံးကြွေးကို ပြန်ဆပ်မဲ့ ဂရန့်ကြီးကတော့ နိင်ပွဲရရှိအောင် ချဲလ်ဆီးကစား သမားများနှင့် ဘယ်လိုဘယ်ပုံ ပြန်ဆပ်မယ်ဆိုတာကို

လီဗာပူးလ် - ချဲလ်ဆီး



ခန့်မှန်းလူစာရင်း

ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - လမ်းပတ် ၊ ဘောလက် ၊ ဂျိုကိုးလ် ၊ မက်ခေလီလီ ၊ အကာလူး
နောက်တန်း - အက်ရှ်လေကိုး ၊ တယ်ရီ ၊ ကာဗယ်လ်ဟို ၊ ဖာရဲရား
ဂိုး - ပီတာဆက်ခ်ျ

ခန့်မှန်း - ၀း ၁ ၊ ၁း ၁

ဒီပွဲမှာ ကျွန်တော်တို့ရဲ့ အဓိက ကွင်းလယ်လူ လမ်းပတ်ပြန်ပါလာပေမယ့် အဖျက်ကစားသမား ဖြစ်တဲ့ အက်ဆီယန်က ၂ ပွဲဆက်တိုက် အ၀ါနဲ့ ပွဲပယ်ခံထားရပါတယ်။ အဖျက်ကစားသမား ပီသတာပေါ့ဗျာ။ ကဲ...မော်ရင်ဟို မဆပ်နိင်သေးတဲ့ ရှုံးကြွေးကို ဂရန့်က တာဝန်ယူမယ်တဲ့ ချဲလ်ဆီးချစ်သူတို့ရေ။ အောင်ပွဲကို ကြိုလင့်ကြပါစို့ဗျာ။

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း

Monday, April 21, 2008

Fantasy Premier League


ကဲ...ကာလအတန်ကြာ ကျွန်တော်မပြောဘဲ ထားခဲ့တဲ့ အွန်လိုင်းဂိမ်း တစ်ခုလေးအကြောင်းကို တောင်းပန်စွာ ပြောကြားအပ်ပါတယ်။ ဒီဂိမ်းလေးက ပရီးမီးယားလိဂ်မှာ ရှိတဲ့အသင်းတွေထဲမှာ ရှိတဲ့ ဘောလုံးသမားတွေနဲ့ ကန်ရတာပါ။ ဘယ်လိုကန်ရတာလဲဆိုတော့ ဂိမ်းထဲမှာ အကောင့်ဖောက်လိုက်ပြီ ဆိုတာနဲ့ ကစားသူကို ၀က်ဘ်ဆိုက်ဒ်က ပေါင် ၁၀၀ ပေးပါလိမ့်မယ်။ အဲဒီငွေတွေထဲက ဂိုးသမား ( ၂ )ယောက် ၊ နောက်တန်း ( ၅ ) ယောက် ၊ အလယ်တန်း ( ၅ ) ယောက် ၊ ရှေ့တန်း ( ၃ ) ယောက် ၊ အားလုံးပေါင်း ( ၁၅ ) ယောက်ကို ကိုယ်ကြိုက်တဲ့ ကစားသမား အလိုက် ပေးထားတဲ့ ပေါင် ၁၀၀ နဲ့ ရအောင်ဝယ်ရပါတယ်။ ၀ယ်တယ်ဆိုပေမယ့် ကစားသမား အလိုက် တန်ဖိုးဈေးရှိပါတယ်။

ဥပမာ ဂျိုလ်ကိုးလ် ကိုဝယ်မယ်ဆိုရင် တန်ဖိုးက ၈.၉ ရှိတယ်ပေါ့။ နောက်ကစားသမား တစ်ယောက်ကို ၀ယ်မယ်ဆိုရင်လည်း သူ့ဈေးအတိုင်းရှိပါတယ်။ ပြီးတော့ အသင်းတစ်သင်းစီမှ ကစားသမား ( ၃ ) ယောက်ကိုသာ အများဆုံးဝယ်ယူနိင်ပါတယ်။ ဥပမာ ချဲလ်ဆီးက ဂျိုကိုးလ် ၊ ကာဗယ်လ်ဟို ၊ ဘလက်တီ တို့ကို ၀ယ်ယူပြီးရင် နောက်ထပ် ချဲလ်ဆီးမှ မည်သည့် ကစားသမားကိုမှ ၀ယ်ယူလို့ မရတော့ပါဘူး။ အများဆုံး ( ၃ ) ယောက်ပေါ့။ ပေါင် ၁၀၀ နဲ့တော့ ၁၅ ယောက်ကို ရအောင်ဝယ်ရမှာနော်။ အဟဲ။ သူက ပွဲအပတ်စဉ်အလိုက် ကန်ရတာပါ။ ဒီအပတ်ဆို ၃၅ ပွဲပြီးပြီပေါ့။ နောက်တပတ် Gameweek က ၃၆ ပေါ့။ ကိုယ်ကန်စေချင်တဲ့ သူတွေကို ထည့်ပေးလိုက်ပြီး ပွဲအားလုံးပြီးတာနဲ့ ကိုယ့်အမှတ် ဘယ်လောက် ရတယ်ဆိုတာ အောက်မှာ ပြထားပါတယ်။ ဥပမာ အများဆုံးက ၉၆ ၊ သာမန်က ၄၅ ၊ ကိုယ်ရတာ ၄၈ မှတ်ဆိုရင်တော့ ဂွတ်ပေါ့။ ဘေးနားက အမှတ်ပြ ရလဒ်က ဒီတစ်ပတ် ကောင်းမကောင်း ပြပေးပါတယ်။ ကဲ နောက်တစ်ခုအနေနဲ့ ဘေးနားက မီနူးဘားလေး အကြောင်းပြောရအောင်ဗျာ။

My team - ဆိုတာကတော့ လက်ရှိ ဒီတပတ်အတွက် ကိုယ်ရွေးချယ်ထားတဲ့ ကစားသမားတွေကို ပြတာပါ။

Latest Points - ဆိုတာကတော့ ဒီတပတ်မှာ ကိုယ်ကန်ခိုင်းလိုက်တဲ့ ကစားသမားတွေက သူတို့အသင်းမှာ ခြေစွမ်းပြရင် ပြသလို အမှတ်ဘယ်လောက် ရသလဲ ဆိုတာ ပြသတဲ့ အမှတ်ပါ။

Transfers - ဆိုတာကတော့ တကယ်လို့ ကိုယ်ရွေးချယ်ထားတဲ့ အသင်းမှာ ကစားသမားကို မကြိုက်တော့ဘူး ၊ ဒီကစားသမားက အမှတ်မရတော့ဘူးဆိုရင် ၊ ဒါမှမဟုတ် နာသွားရင်ပဲ ဖြစ်ဖြစ် နောက်ကစားသမားနဲ့ ချိန်းပေးတဲ့ ဟာပါ။ တပတ်ကို ၁ ယောက်သာ free ချိန်းခွင့်ပေးပြီးတော့ ၊ ၁ ယောက်ထက် ပိုချိန်းချင်ရင်တော့ ကိုယ့်မှာ ရှိတဲ့ အမှတ်ထဲက ၄ မှတ်ပြန်နုတ်ပါတယ်။ ၁-ယောက်ကို ၄ မှတ် ၊ ၂ ယောက်ဆိုတော့ ၈ မှတ်ပေါ့။ အဲဒီလိုပါ။

Leagues - ဆိုတာကတော့ လွယ်လွယ်ကူကူ ပြောရရင် ပြိုင်တာပေါ့။ ကိုယ်နဲ့တခြားတစ်ယောက်နဲ့ ၊ ဒါမှ မဟုတ် တခြား သူငယ်ချင်းတွေနဲ့ ပြိုင်ကြတာပေါ့။ ငါက ဒီတပတ် အမှတ်ဘယ်လောက်ရလဲ မင်းက ဘယ်လောက်ရတယ် ဆိုတာပေါ့။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းကတော့ ၁ လ တစ်ခါ မုန့်ကျွေးကြေးပြိုင်ပါတယ်။း)

အမှတ်ပေးပုံ
ဂိုးသမား - ဂိုးမပေးရလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ်ပါလျှင် (၂) မှတ် ၊ ကာကွယ်တာ ကောင်းလျှင် ကောင်းသ လောက်ရပါတယ်။

နောက်တန်း - ဂိုးမပေးရလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ် ထိပါလျှင် (၂) မှတ် ၊ ဂိုးသွင်းလျှင် (၅) မှတ်

အလယ်တန်း - ဂိုးမပေးရလျှင် ( ၁ ) မှတ် ၊ ပွဲချိန် ( ၇၀ ) မိနစ်အထိပါလျှင် ( ၂ ) မှတ် ၊ ဂိုးသွင်းလျှင် ( ၄ ) မှတ်

ရှေ့တန်း - ဂိုးသွင်းလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ် အထိပါလျှင် ( ၂ ) မှတ် ၊

ဘယ်သူမဆို Yellow Care ထိလျှင် ရတဲ့အမှတ်ထဲက ( ၁ ) မှတ်နုတ်ပါတယ်။ Red Card ဆိုလျှင်တော့ -၃ မှတ်နုတ်ပါတယ်။ ဂိုးရရှိအောင် Assists လုပ်ပေးရင် ၃ မှတ်ရပါတယ်။

Captain - တစ်ယောက်ကို ပေးထားရပြီး Captain ပေးခံရတဲ့ ကစားသမားကတော့ သူရတဲ့ အမှတ်အားလုံးကို ၂ နဲ့ေ့မြှာက်ခံရပါတယ်။ ဥပမာ - ဒီအပတ် ၅ မှတ်ရတယ်ဆို Captain ဖြစ်တာကြောင့် သူရမှတ်က ၁၀ မှတ်ဖြစ်သွားတယ်ပေါ့။




ဘောလုံးပွဲ ပုံစံအတိုင်း ၁၁ ယောက်ရွေးချယ်ပြီး လွှတ်ပေးရပါတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ အရန်ပေါ့။ တကယ်လို့ ကိုယ်လွှတ်ပေးတဲ့ ကစားသမားက မကန်ဖြစ်ဘူးဆို ကျန်တဲ့ ၃ ယောက်ကို အစားထိုးပေးပါတယ်။ ကဲ အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒါလေးကတော့ အမှတ်အများဆုံးပြိုင်တဲ့ ပုံစံလေးပါ။

http://fantasy.premierleague.com

ကဲ ကြိုဆိုနေမယ်ဗျာ။ ကျွန်တော်တို့ သူငယ်ချင်း ၂ ယောက်ပြိုင်နေတဲ့ ပွဲစဉ်အတွင်းကို လာဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ လာမယ်ဆိုရင်တော့ မေးလ်လေး ချန်ခဲ့ပါ။ ကျွန်တော် ချဲလ်ဆီးချစ်သူတို့ရဲ့ မေးလ်ရတဲ့ အခါ invite လုပ်လိုက်ပါ့မယ်။ အဲဒီအခါ ဖန်တွေရဲ့ မေးလ်ထဲမှာ ကုဒ်နံပတ်လေး ပြန်ပါလာပါလိမ့်မယ်။ အဲဒီ ကုဒ်နံပတ်လေးကို စီဘောက်စ်မှာ ပြန်ထားပေးခဲ့ပါ။ ဒါဆိုရင် ကျွန်တော်တို့ အတူတူ ပြိုင်နေကြပြီပေါ့ဗျာ။ ဖိတ်ခေါ်ပါတယ် ချဲလ်ဆီး ချစ်သူတွေရေ။

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း

we are really miss Frank Lampard !!!!!


ကဲ....အပြာရောင် ချစ်သူတွေရေ ဒီနေ့ မနက် ကြားလိုက်ရတဲ့ သတင်းကတော့ ကျွန်တော်တို့ချဲလ်ဆီးရဲ့ အဓိကွင်းလယ် ကစားသမားဖြစ်တဲ့ ကိုလမ်းပတ်ရဲ့ အမေဟာ နမိုးနီးယား ရောဂါကနေ ပုံမှန်အခြေအနေ ပြန်ဖြစ်လာတာကြောင့် မနက်ဖြန် လီပါပူးလ်နဲ့ ပွဲမှာ ကိုလမ်းပတ်ကို ပြန်လည်မြင်တွေ့ရတော့မယ်လို့ သတင်းကြားလာခဲ့ရပါတယ်။ နောက်ထပ် ကစားသမားတွေဖြစ်တဲ့ ဒရော့ဘာနဲ့မိုက်ကယ်ဘောလက် တို့ကတော့ မသေချာသေးပါဘူးတဲ့။ ထိုသူနှစ်ယောက်မပါတာ တကယ့်နစ်နာမှုကြီး ဖြစ်နေပေမယ့် လမ်းပတ်ပြန်ပါလာနိင်တာရော ၊ တိုက်စစ်မှာ ရှက်ရှ်ချင်ကို ကိုပါ ထည့်သုံးမယ် ဆိုရင်တော့ ကျွန်တော်တို့ အတွက် တိုက်စစ်က တော်တော်လေးကို ထိရောက်မှ ဖြစ်ပါတယ်။ ဒီတော့ အနယ်လ်ကာနဲ့ ဘိုရှက်ရှ်ကို တွဲသုံးလိုက်ရင် လီပါပူးလ် နောက်တန်းတွေကို ကောင်းကောင်း ဒုက္ခပေးနိင်မှာပါ။ ကဲ အပြာရောင် ချစ်သူတွေရေ.....အောင်ပွဲကို ကြိုလင့်ကြပါစို့။ Chelsea....Chelsea.....Chelsea

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း


Sunday, April 20, 2008

http://tv.chelseafc.com


မနေ့ညက ချဲလ်ဆီး ၀က်ဘ်ဆိုက်ဒ်ထဲ လျှောက်ကြည့်ရင်းနဲ့ တောင်နှိပ်မြှောက်နှိပ် လျှောက်နှိပ်တာ ဒီလင်ခ့် လေးကို တွေ့ခဲ့ရပါတယ်။ ဒါနဲ့ အကောင့်တောင်းတဲ့ အပြင် ၀င်းဒိုးမီဒီယာကိုပါ အဆင့်အတန်းမြင့်ပါ ဆိုလို့ နှိပ်ကြည့်လိုက်တော့ နောက်ဆုံးမှာ ခရက်ဒစ်ကဒ်ပါ တောင်းလာတာကြောင့် လုပ်ထားတာလေး ကောက်ထည့်လိုက်တော့ ချဲလ်ဆီးပွဲတွေကို ဒေါင်းလုပ်ချဖို့ ပေးထားတာကို တွေ့ရပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး ။ ချဲလ်ဆီးကန်ပြီးသား ပွဲတွေ မကြည့်ရရင် ဒေါင်းလုပ်ချပြီး ကြည့်လို့ရတယ်ပေါ့။ ဒါပေမယ့် ခရက်ဒစ်ကက်တော့ လိုတယ်ပေါ့ဗျာ။ ချဲလ်ဆီးချစ်သူတွေလည်း ကြည့်ချင်တယ်ဆိုရင် အကောင့်လုပ်ပြီး သွားရောက်ဒေါင်းလုပ် ချလို့ ရတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါအပ်ပါသည်။

Saturday, April 19, 2008

Happy Birthday Nandar !

ချဲလ်ဆီးချစ်သူ ဖြစ်သော မစိုးမြနန္ဒာသက်လွင် ၏ ဧပရယ် (၁၉) ရက်နေ့မှာ ကျရောက်သော (၂၃) နှစ်ပြည့် မွေးနေ့မှသည် နောက်နှစ် ပေါင်းများစွာ မိသားစုနှင့်အတူ စိတ်ကျန်းမာခြင်း ၊ ကိုယ်၏ ချမ်းသာခြင်းတို့နှင့်အတူ ဘ၀ကို ပျော်ရွှင် ချမ်းမြေ့စွာ ဖြက်သန်းနိင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ ကျွန်တော်တို့ အပြာရောင် ချစ်သူများ ဖြစ်တဲ့ -

ကိုစိုးထက်၊ ကိုကလိုစေးထူး၊ ကိုဆိုးသွမ်း၊ ကိုကိုဖရီး၊ ကိုဘလာဂေါက်၊ ကိုဝင်းဇော်၊ ကိုဒီရေ၊ ကို99၊ ကိုStanley၊ ကိုHeartmuseum၊ ကိုKnowledgevilla၊ မလားရှိုးသူ၊ မမေ၊ မမိုးချစ်သူ၊ မသိုးမလေး ...
တို့မှ နောင်နှစ်ပေါင်းများစွာ အသက်ရာကျော် ရှည်ကြောင်း မေတ္တာပို့သအပ်ပါသည်။

မွေးနေ့ လက်ဆောင် ကဗျာ ...


မွေးနေ့ရှင် စိုးမြနန္ဒာသက်လွင် အတွက် “အားမာန်”

ရေဆန်ခရီး လှိုင်းလေတွေကြီးလည်း
တွေးပြီး ကြောက်ရွံ့မနေနှင့်။

ရေဆန်ခရီး မုန်တိုင်းဆီးလည်း
ငေးပြီး နောက်တွန့်မနေနှင့်။

ရေဆန်လှိုင်းကြီး မုန်တိုင်းဆီးလည်း
တွေးပြီးမမှိုင်၊ ကျော်လွှားနိုင်ဖို့
ခိုင်မာသည့်ဇွဲ၊ ရဲရင့်သည့်မာန်
သန်မာသည့်အား ၊ စွမ်းပကားဖြင့်
လှိုင်းကြားလေအောက်၊ မရွံ့ကြောက်နှင့်
နောက်တွန့်စရာ၊ မလိုပါဘူ့
ရှေ့မှာကမ်းခြေ၊ ရောက်နှင့်နေသည့်
ရေဆန်ကျော်လွှား၊
မိတ်ဆွေများက
သင့်အား ဆီးကြိုနေကြပြီ....။

ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေ.......လို့...

(၀င်းဇော်-ချဲလ်ဆီးချစ်သူ)

:)


Happy Birthday


မွေးနေ့လက်ဆောင်


ချဲလ်ဆီးချစ်သူဖြစ်သော မစိုးမြနန္ဒာသက်လွင်၏ ဧပရယ် ( ၁၉ ) ရက်နေ့မှာ ကျရောက်သော ( ၂၃ ) နှစ်ပြည့် မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ မိသားစုနှင့်အတူ စိတ်ကျန်းမာခြင်း ၊ ကိုယ်၏ ချမ်းသာခြင်းတို့နှင့်အတူ ဘ၀ကို ပျော်ရွှင် ချမ်းမြေ့စွာ ဖြက်သန်းနိင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ကျွန်တော်တို့ အပြာရောင် ချစ်သူများဖြစ်တဲ့ -

ကိုစိုးထက် ၊ ကိုကလိုစေးထူး ၊ ကိုဆိုးသွမ်း ၊ ကိုကိုဖရီး ၊ ကိုဘလာဂေါက် ၊ ကိုဝင်းဇော် ၊ ကိုဒီရေ ၊ ကို99 ၊ ကိုstanley ၊ ကိုheartmuseum ၊ ကိုknowledgevilla ၊ မလားရှိုးသူ ၊ မမေ ၊ မမိုးချစ်သူ ၊ မသိုးမလေး

တို့မှ နောင်နှစ်ပေါင်းများစွာ အသက်ရာကျော် ရှည်ကြောင်း မေတ္တောပို့သအပ်ပါသည်။



Friday, April 18, 2008

အဲဗာတန် - ချဲလ်ဆီး ( ၀း ၁ )


မနေ့က အဲဗာတန်ကို အသေအလဲ ကန်ရမယ် မှတ်တာ။ သူတို့က ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် ကြိုးစားမှာ ဆိုတော့ ချဲလ်ဆီးတော့ ပွဲကျပ်ပြီ ဆိုပြီး ဆုတောင်းလိုက်ရတာ။ ဆုတောင်းရင် လွဲတယ် ဆိုတဲ့ အတိုင်းပဲ အဲဗာတန်က ကန်သွားတာ အေးရာ အေးကြောင်း မုန့်စိမ်းပေါင်း လုပ်သွားတယ်။ သာဓု သာဓု သာဓု ။ ၀ူး...တော်သေးတယ်ဗျာ။ အက်ဆီယန် ဂိုးနဲ့ ကပ်နိင်သွားလို့။ အဲဗာတန်က အာတီတာ ၊ ကာဟေးလ် တို့မပါတာ တော်တော် သက်သာသွားတယ်။ ဒါပေမယ့် လက်စ်ကော့ကတော့ တော်တော် ကောင်းတယ်။ ချဲလ်ဆီးက ၀ယ်သင့်တယ်။ အဲဒီကောင်ကို။ ကဲ မကြည့်လိုက်ရတဲ့ သူတွေ အတွက် ဟိုက်လိုက်လေး တင်ပေးလိုက်တယ်ဗျာ။ ကြည့်ရှု့တော်မှုကြပါဗျို့....ဒူဝေေ၀ဝေ။

Everton - Chelsea

www.rapidshare.com

www.mediafire.com

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း

Thursday, April 17, 2008

အဲဗာတန် - ချဲလ်ဆီး


ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - ဂျိုလ်ကိုး ၊ ဘောလက် ၊ အက်ဆီယန် ၊ အကာလူး ၊ မီခေးလ်
နောက်တန်း - အက်ဂှ်လေကိုး ၊ ကာဗယ်လ်ဟို ၊ တယ်ရီ ၊ ဘလက်တီ
ဂိုး - ပီတာဆက်ခ်ျ

ခန့်မှန်း - ၁း ၂

ဒီနေ့ပွဲက တော်တော်လေးကို သတိထားကန်ရမယ့် ပွဲစဉ်ပါ။ အဲဗာတန်က အပေါ်က လီဗာပူးလ်နဲ့ ၃ မှတ်သာ ကွာသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် အထူးကြိုးစား ကစားပါလိမ့်မယ်။ အိမ်ကွင်းဖြစ်တာရယ် ချဲလ်ဆီးကို အကယ်၍သာ ရှုံးသွားခဲ့ရင် လီဗာနဲ့ ၆ မှတ် ကွာသွားနိင်တာကြောင့် ဒီပွဲကို အနည်းဆုံး သရေတော့ ရအောင် ခံကန်မှာပါ။ ကျွန်တော်တို့ အပြာတွေကလည်း မန်ယူနဲ့ ၅ မှတ်ကွာနေပေမယ့် ဖလားရဖို့က နီးစပ် နေသေးတော့ အားထည့်ကန်ရမှာပါပဲ။ ကဲ....စောင်မျှော်ကြည့်ရှု့ ကြပါစို့။ အပြာရောင် ချစ်သူတွေရေ။ အားလုံး နှစ်သစ်မှာ စိတ်အသစ် နဲ့ ပျော်ရွှင်ကြည်နူး ကျန်းမာ ချမ်းသာ ကြပါစေ။

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း


Tuesday, April 15, 2008

လက်ဆောင်များ


ကဲ ချယ်လ်ဆီး ချစ်သူတွေ အတွက် အမှတ်တရ လက်ဆောင်တွေ မ၀ယ်ပေးနိင်ပေမယ့် ပုံလေးကြည့်ပြီး စိတ်ကြည်နူးမှုရအောင် ရှာဖွေ မွှေနောက် တင်ပေးလိုက်ပါတယ်။ အမှတ်တရ သိမ်းထားကြပါစို့။ နောက်ဆိုရင် ဘောလုံးသမား တစ်ပုံချင်းစီရဲ့ wallpaper တွေပါတင်ပေးပါမယ်။ အခုတော့ ဒါလေးတွေပဲ ကြည့်ရှု့ယူဆောင်သွား ကြပါစို့။