Monday, July 28, 2008

------ Chelsea -------


အတွဲလေးတွေ ကိုယ်စီနဲ့ အဆင်ပြေနေကြတယ်





Sunday, July 27, 2008

Di Santo



Di Santo ဆိုတဲ့ ဒီကစားသမားလေးကို ကျွန်တော် စတင် သတိထားမိတဲ့ အချိန်တုန်းက ချန်ပီယံလိဂ်ဖိုင်နယ် မစခင် ချဲလ်ဆီးကစားသမားတွေ ထရိန်နင် ဆင်းခဲ့တုန်းက ကွင်းလယ်လူ မက်ကေလီလီ ကြောင့် ဖိုင်နယ်မှာ အက်ရှ်လေကိုးလ် မပါနိင်တော့ဘူး ဆိုတာကြောင့် ဒေါင်းလုပ်ချကြည့်လိုက်တော့ ဒီကစားသမားလေးကို စတင် တွေ့ခဲ့တာပါ။ အရပ်ရှည်ရှည် ၊ ဆံပင်ကောက်ကောက် ၊ ရော်နယ်လ်ဒင်ဟိုလို ရုပ်မျိုးနဲ့ ကစားသမားတွေကြား တပြုံးပြုံးနဲ့ပေါ့။ ဒီနေ့ တရုတ်က ကလပ်အသင်းကို ၇း ၀ နဲ့ နိင်လိုက်တဲ့ ပွဲမှာ သူတစ်ဂိုး သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးမှာ လူငယ်ကစားသမား တော်တော်များများ ရှိပေမယ့် ဒီ အာဂျင်တီးနား သားလေးကတော့ တော်တော် ခြေစွမ်းထက်မဲ့ပုံ ပေါ်ပါတယ်။ ခြေစွမ်းပွဲတွေကို မကြည့်ဖြစ်တာကြောင့် ကစားပုံ ဘယ်လိုရှိမယ် မသိပေမယ့် ပီတာခရော့စ် နီးပါး အရပ်အမောင်းကတော့ အားရစရာပါ။





အရင် ချီလီကလပ် Audax Italian မှာ ၆၉ ပွဲကစားခဲ့ပြီး ၁၉ ဂိုးသွင်းယူ နိင်ခဲ့ပါတယ်။ သူ့ကို အာဂျင်တီးနား နိင်ငံ ၁၉၈၉ ခုနှစ် ဧပရယ် ( ၇ ) နေ့မှာ Mendoza မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒီအာဂျင်တီးနား လူငယ်တိုက်စစ်မှုးဟာ ချဲလ်ဆီးကို ၄.၆ ယူရိုနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ အာဂျင်တီးနား ယူ-၂၀ လက်ရွေးစင် အဖြစ် ၆ ကြိမ်တိုင်တိုင် ပါဝင်ကစားခဲ့ပါတယ်။ လက်ရှိ ချဲလ်ဆီး အသင်းနဲ့ ၄ နှစ်ခွဲ စာချုပ်ချုပ်ဆို ထားပါတယ်။ နောင် အနာဂတ်မှာ စောင့်ကြည့်ရမဲ့ ကစားသမားလေးပါပဲ။

ချဲလ်ဆီး ချစ်သူတို့ရေ..... စောင့်ကြည့်ကြပါစို့။


Wednesday, July 23, 2008

မိုက်ကယ် အက်စီယန်ကို (၅)နှစ်စာချုပ်သက်တမ်း



ချဲလ်ဆီးက နောက်ခံလူ ၀ိန်းဘရစ်ခ်ျနဲ့ ဂိုးသမား ပီတာချက်တို့ကို သက်တမ်းတိုးတဲ့အတိုင်း ကွင်းလယ်လူ မိုက်ကယ် အက်စီယန်ကိုလည်း (၅)နှစ်စာချုပ်သစ် ထပ်မံ ချုပ်ဆိုလိုက်ပါတယ်။

အသက် (၂၅)နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၀၅ မှာ လီယွန်ကနေ ပေါင် (၂၄)သန်းနဲ့ ပြောင်းရွေ့လာကတည်းက ချဲလ်ဆီးမှာ ခြေစွမ်းပြပြီး အောင်မြင်မှုရနေတဲ့ ကစားသမား ဖြစ်ပါတယ်။

ဂါနာလက်ရွေးစင် အက်စီယန်က “ကျနော် ဒီမှာနေရတာ အရမ်းပျော်ပါတယ်။ ကျနော်တို့မှာ ကြီးကျယ် ခမ်းနားတဲ့ အသင်းတစ်သင်းနဲ့ ကျနော့်ကို အမြဲတမ်း ကြိုဆိုတဲ့ ချစ်စရာကောင်းတဲ့ ပရိတ်သတ်တွေ ရှိနေပါတယ်” လို့ ပြောပါတယ်။

“နည်းပြသစ် စကိုလာရီ ရောက်လာတဲ့အတွက် လာမယ့်ရာသီတွေမှာ အသင်းအတွက် အပေါင်းလက္ခဏာ ဆောင်တော့မဲ့ သဘောလို့ ခံစားရပါတယ်”

“ဒီမှာ အကြာကြီး နေဖူးတာတော့ မဟုတ်ပေမယ့် ကျနော့်အတွက် မိုက်ကယ် အက်စီယန်က ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး ကွင်းလယ်သမားတွေထဲက တစ်ယောက်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ပါတယ်” လို့ ဘရာဇီးသားနည်းပြသစ်က ပြောပါတယ်။

“သူ့ရဲ့ ကစားပုံကို ကျနော် အမြဲတမ်း သဘောကျပါတယ်။ သူ့ကို စာချုပ်သစ် ချုပ်နိုင်တာက ကျနော့်အတွက်နဲ့ ချဲလ်ဆီးအတွက် သတင်းကောင်းတစ်ခုပါ”

အက်စီယန်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ၂၀၀၅ ၊ ၂၀၀၆ မှာ ပရီးမီးယားရှစ် ချန်ပီယံဆု (၂)ကြိမ်နဲ့ ၂၀၀၇မှာ အက်ဖ်အေဖလား (၁)ကြိမ် ရဖူးထားပါတယ်။

သူဟာ စတန်းဖို့ဘရစ်ခ်ျအတွက် ကစားပေးထားတဲ့ (၉၂)ပွဲမှာ (၁၀)ဂိုး သွင်းထားပါတယ်။




Tuesday, July 22, 2008

Move To -------> PSG



ပြင်သစ်လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ကလောဒီ မက်ခ်လီလီဟာဟာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ချဲလ်ဆီးကနေ ပဲရစ်စိန့်ဂျာမိန်းကို ရောက်ရှိသွားပါတယ်။

အသက် (၃၅)နှစ်အရွယ် ကွင်းလယ်လူဟာ စတန်းဖို့ဘရစ်ခ်ျကလပ်မှာ (၅)နှစ်ကြာ ကစားသမားဘ၀ကို အဆုံးသတ်ပြီး ပြောင်းရွေ့သွားခြင်း ဖြစ်ပါတယ်။
“အသင်းမှာရှိတဲ့ လူတိုင်းက ကလောဒီရဲ့ ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ ချဲလ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

မက်ခ်လီလီဟာ စပိန်ထိပ်သီး ရီရဲလ်မက်ဒရစ်ကနေ ၂၀၀၃မှာ ပေါင် (၁၆.၈)သန်းနဲ့ ချဲလ်ဆီးကို ရောက်ရှိခဲ့ပါတယ်။

ကွင်းလယ်လူဟာ ချဲလ်ဆီးအတွက် ပွဲပေါင်း (၂၁၇)ပွဲ ကစားပေးထားပြီး (၂)ဂိုး သွင်းထားပါတယ်။

ချဲလ်ဆီးရဲ့ ထုတ်ပြန်ချက်မှာ “ကလောဒီက ကျနော်တို့အသင်း ဆုဖလားရတဲ့ အောင်မြင်မှုတွေမှာ အဓိကနေရာက ပံ့ပိုးခဲ့သူပါ။ သူ့ရဲ့ အနာဂတ် ကောင်းမွန်ဖို့ ကျနော်တို့ ဆန္ဒပြုပါတယ်” လို့ ဆက်လက် ဖော်ပြထားပါတယ်။
“ကလပ်အနေနဲ့ သူ့ကို အနာဂတ်မှာ စတန်းဖို့ဘရစ်ခ်ျရဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့နေရာ အမြဲတမ်း ကြိုဆိုခြင်း ခံရမှာပါ”

သူဟာ ပြီးခဲ့တဲ့ ယူရို ၂၀၀၈ပြိုင်ပွဲမှာ ပြင်သစ်အသင်း ခြေစွမ်းမပြနိုင်ဘဲ အုပ်စုအဆင့်ကနေ ထွက်ရပြီးနောက် ဇွန်လမှာ ပြင်သစ်လက်ရွေးစင် အသင်းကနေ ဒုတိယအကြိမ်မြောက် အနားယူ ခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူဟာ ပြင်သစ်အသင်းအတွက် ပွဲပေါင်း (၇၁)ပွဲ ကစားပေး ထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်အမှတ်ပေး ချန်ပီယံဆု (၂)ကြိမ်နဲ့ ပြင်သစ်ဖလား (၇)ကြိမ် ရဖူးထားပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းက တန်းမဆင်းရရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။

ပီတာဆက်ခ်ျ သက်တမ်းတိုး

ချဲလ်ဆီးက ချက်ဂိုးသမား ပီတာ ချက်ကို (၅)နှစ်စာချုပ်သက်တမ်းတိုးပြီး ၂၀၁၃ အထိ စတန်းဖို့ဘရစ်ခ်ျမှာ ဆက်ထိန်းထား လိုက်ပါတယ်။

အသက် (၂၆)နှစ်အရွယ် ဂိုးသမားရဲ့ အနာဂတ်ဟာ မေလတုန်းက မသေချာ မရေရာဖြစ်ပြီး ပေါင် (၃၂)သန်းနဲ့ အသင်းပြောင်းတော့မယ်လို့ သတင်းထွက်ခဲ့ ပါတယ်။

“အခုလို နှစ်ရှည်စာချုပ်နဲ့ သက်တမ်းတိုးတာဟာ ချဲလ်ဆီးက ကျနော့်ကို ဂုဏ်ပြုတာပါပဲ။ စာချုပ်သစ်အတွက် ကျနော် ပျော်ပါတယ်” လို့ ပီတာဆက်ခ်ျ က အသင်းရဲ့ ၀က်ဆိုဒ်မှာ ပြောဆိုထားပါတယ်။

ချဲလ်ဆီးက ကျနော့် နှလုံးသားထဲမှာ တဖြည်းဖြည်း နေရာယူလာ နေပါပြီ။ အကြောင်းကတော့ ကစားဖော်တွေရော အသင်းအတွက် အလုပ်လုပ်ပေးသူတွေနဲ့ အားပေးနေတဲ့ ပရိတ်သတ်တွေကြောင့် ဖြစ်ပါတယ်

ချက်ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ (၂)နှစ်ကျန်နေသေးပေမယ့် စာချုပ်သစ်မှာ အခွင့်အရေးတချို့ ထပ်ပေးပြီး နောက်ထပ် (၅)နှစ်စာချုပ်သစ် ချုပ်ဆိုလိုက်ခြင်း ဖြစ်ပါတယ်။



ချက်လက်ရွေးစင် ဂိုးသမာဟာ ပြင်သစ်ကလပ် ရီနန့်စ်ကနေ ပေါင် (၇)သန်းနဲ့ ၂၀၀၄မှာ ပြောင်းရွေ့လာပြီး ချဲလ်ဆီးအတွက် ပွဲပေါင်း (၁၆၆)ပွဲ ကစားပေးထားပါတယ်။

ချဲလ်ဆီးနည်းပြသစ် စကိုလာရီက ပီတာချက်ကို စာချုပ်သစ် ချုပ်နိုင်လို့ ၀မ်းသာကြောင်း ပြောဆိုပါတယ်။

“ကျနော့်အမြင်အရတော့ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဂိုးသမားတစ်ယောက်ပါ။ ဒါကြောင့် သူ ဒီမှာ ဆက်ရှိနေတာကို အများကြီး ကျေနပ်ပါတယ်”

ဂိုးသမား ချက်ဟာ အင်္ဂလန်ကို ရောက်တဲ့ ပထမရာသီမှာပဲ မိနစ်ပေါင်း (၁၀၂၄)မိနစ်အတွင်းမှာ ပေးဂိုးမရှိ စံချိန်တင်နိုင်လို့ ပရီးမီးယားရှစ်ရဲ့အကောင်းဆုံး ဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာ ယူအီးအက်ဖ်အေရဲ့ ၂၀၀၅၊ ၀၆ ရာသီအတွက် တန်ဖိုးအရှိဆုံး ဂိုးသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။

Wednesday, July 16, 2008

စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့....ဘယ်နောက်ခံလူ



ချဲလ်ဆီး ဘယ်နောက်ခံလူ အင်္ဂလန်နိင်ငံသား ၀ိန်းဘရစ်ခ်ျက ချဲလ်ဆီးနဲ့ နောက်ထပ် ၄ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို ခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ် ၂၀၁၂ ထိသူက ချဲလ်ဆီးနှင့်အတူ စာချုပ်ရှိနေဦးမှာပါ။ သူက “ ချဲလ်ဆီးမှာ ကစားရတာ ပျော်ကြောင်း ၊ အသင်းတာဝန်ရှိသူ ၊ ကုမ္မဏီတာဝန်ရှိသူ ၊ ကစားဖော်တွေနှင့်လည်း အဆင်ပြေပါကြောင်း ” ပြောကြားသွားပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ် နောက်ဆုံးပွဲစဉ်အပြီး ပို့စ်မောက်သို့ ပေါင် ၅ သန်းဖြင့် ပြောင်းရွှေ့မယ်လို့ သတင်းထွက်ခဲ့တဲ့ ဒီအင်္ဂလန် ဘယ်နောက်ခံလူဟ အခုတော့ ချဲလ်ဆီးမှာပဲ ဆက်နေပါတော့မယ်။ အသက် ၂၇ နှစ်ရှိ ၀ိန်းဘရစ်ခ်ျဟာ ဆောက်သန်ပတန် အသင်းက ချဲလ်ဆီးသို့ ပြောင်းရွှေ့လာတာပါ။ ရခဲ့ဖူးတဲ့ ဆုတွေကတော့....

တို့ပဲ ဖြစ်ပါတယ်။ နည်းပြ စကိုလာရီကလည်း

"I'm very pleased that Wayne has committed his future to Chelsea.

"I have been here only a few days but have seen that he is one of the best professionals at the club. I very much like his playing style." ပြောကြားသွားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ ချဲလ်ဆီးအတွက် ကစားသမားကောင်းတစ်ဦးပါ။ အရန်ခုံမှာ ထိုင်နေရသော်လည်း အသင်းအတွက် စိတ်ဓတ်ရှိဆဲပါ။


ဒရော့ဘာ.......ရေ


ချဲလ်ဆီးက ဒီဒီရော ဒရော့ဘာကို အသင်းမှာပဲ အရိုးထုတ်သွားနိုင်ဖို့အတွက် မက်မောလောက်တဲ့ စာချုပ်သစ် တစ်ခုနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

နည်းပြသစ် စကိုလာရီဟာ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒရော့ဘာကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ ဆန္ဒရှိ နေပါတယ်။

စကိုလာရီက ဒရော့ဘာရဲ့ တောင်းဆိုချက်အတိုင်း (၄)နှစ်စာချုပ်နဲ့ သက်တမ်းတိုးသွားမယ်လို့ ကစားသမားရဲ့ အေးဂျင့်ကို ပြောပါတယ်။

အသက် (၃၀)အရွယ် တိုက်စစ်မှူးရဲ့ လက်ရှိလစာဟာ တစ်ပတ်ကို ပေါင် (၇၀,၀၀၀) ရပေမယ့် စာချုပ်သစ်မှာ အသင်းခေါင်းဆောင် တယ်ရီရတဲ့ လစာနှုန်းဖြစ်တဲ့ ပေါင် (၁၃၀,၀၀၀) အထိ တိုးမြင့် ရရှိမှာ ဖြစ်ပါတယ်။

နည်းပြ စကိုလာရီက “ကျနော် သူ့ကို ရာနူန်းပြည့် အသင်းမှာ နေစချင်ပါတယ်။ (၂၀၀) ရာခိုင်နှုန်းလောက်အထိတောင် နေစချင်ပါတယ်” လို့ ပြောပါတယ်။

ဒရော့ဘာကို အီတလီကလပ်တွေဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်အပြင် စပိန်ကလပ် ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။

တိုက်စစ်မှူးဟာ ဇူလိုင်၊ ၂၀၀၄ မှာ ပေါင် (၂၃.၈)သန်းနဲ့ မာဆေးကလပ်ကနေ ချဲလ်ဆီးကို ရောက်ရှိလာပြီး ပွဲပေါင်း (၁၁၀)မှာ ဂိုး (၅၀) သွင်းထားပါတယ်။

သူဟာ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းအတွက် (၅၂)ပွဲမှာ (၃၄)ဂိုး သွင်းထားပါတယ်။ ကျွန်တော့် အထင်ကတော့ ဒရော့ဘာဟာ ချဲလ်ဆီး အသင်းအတွက် လိုအပ်ဆဲပါ။ တကယ်အရေးကြီး ပွဲတွေမှာ သူ့ကြောင့်လည်း အောင်မြင်ခဲ့ရသလို ၊ တစ်ချို့ပွဲတွေမှာလည်း အားမထည့်တာကို တွေ့ရပါတယ်။ ဒီတော့ ပြောချင်တာ “ စားရမှာလည်း သဲတရှပ်ရှပ် ၊ ပစ်ရမှာလည်း အဆီတ၀င်းဝင်း ” ဆိုသလို ဖြစ်နေပါတယ်။ ဘယ်လိုပဲ ပြောပြော သူကလည်း သူ့အနာဂတ်အတွက် စာချုပ် တိုးချုပ်တာပါ။

ကျွန်တော်ကတော့ သူ့ကို စကိုလာရီ နည်းတူ အသင်းမှာပဲ ဆက်လက်ရှိနေစေချင်ပါတယ် ခင်ဗျာ။



Saturday, July 12, 2008

ရှက်ချန်ကို ပြန်တော့မှာလား ........


ယူကရိန်း တိုက်စစ်မှုး ရှက်ချန်ကိုအား ချဲလ်ဆီးအသင်းမှ အေစီမီလန်ကလပ် သို့ ပြောင်းရွှေ့ရန် ဆွေးနွေးခွင့် ပြုခဲ့ပြီဟု သိရပါသည်။ ချဲလ်ဆီး CEO ပီတာ ကင်ယွန်က ဆာဒီးနီးယားသို့ သွားရောက်ကာ မီလန်ဒုဥက္ကဌ ဂယ်လီယာနီနှင့် တွေ့ဆုံဆွေးနွေးမှု ပြီးမှာတော့ ဒီလို သတင်းထွက်လာခဲ့ပါတယ်။

တပတ်လုပ်ခ ပေါင် ၁ သိန်း ၃ သောင်းပေးနေရသော်လည်း ဖြစ်မြှောက်အောင် အသင်းအတွက် အကျိုးမဆောင် ခဲ့တဲ့ အသင်းပိုင်ရှင် အလိုကျ ခေါ်ထားရတဲ့အတွက် စကိုလာရီက ထုတ်ပယ်ဖို့ သူ့ကို နဂိုလေးစားမှု ရှိနေတဲ့ အသင်းပိုင်ရှင် အီဗရာမိုဗစ်ခ်ျကို ပြောပြခဲ့ပြီးနောက် ထွက်ပေါ်လာချင်း ဖြစ်ပါသည်။ အေစီမီလန် သူရဲကောင်း ဖြစ်ခဲ့ဘူးတဲ့ ရှက်ချန်ကို ကို မီလန်ကလည်း တိုက်စစ်မှုးနေရာအတွက် ပြန်လည်လိုချင်နေပါတယ်။


Friday, July 11, 2008

ဇိုလာ - ပြောပြီ



အင်တာမီလန် နည်းပြအသစ် တဖြစ်လဲ အရင်ချဲလ်ဆီး နည်းပြဟောင်း ဂျို့စ်ဆေး မိုရင်ဟိုဟာ ချဲလ်ဆီးကစား သမား လမ်းပတ်ကို ရရှိရန် မလွယ်ကူကြောင်း ပြောကြားခဲ့ပါတယ်။ လမ်းပတ်ဟာ လက်ရှိစာချုပ် ၁ နှစ်သာ ကျန်ရှိတော့သည့် အတွက် အင်တာမီလန်အသင်းက အစက ပြောင်းရွှေ့ကြေး ပေါင် ၆.၅ သန်း ၊ နောက်တော့ ၇.၉ သန်း ၊ အခုနောက်ဆုံး ၉ သန်းနှင့် ကမ်းလှမ်းလာပါတယ်။

သို့သော် ချဲလ်ဆီး ကလပ်က ထိုကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ပြီး မိမိတို့အနေဖြင့် လမ်းပတ်ကို အသင်းမှာ ဆက်ရှိနေသေးကြောင်း ၊ လက်ရှိအနေဖြင့်လည်း သက်တမ်း ၁ နှစ်ကျန်ရှိနေသေးပြီး ၊ သက်တမ်းတိုး စာချုပ်ကိုလည်း အမြန်ဆုံးချုပ်ဆို သွားဖို့ ကြိုးစားနေပါကြောင်း ပြောကြားထားပါတယ်။

လမ်းပတ်လို ပရို ကျသော ကစားသမားမျိုးကို ဘယ်တော့မှ မတွေ့ဘူးခဲ့ကြောင်း မော်ရင်ဟိုက ဆွဲဆောင်ပြောဆိုခဲ့သော်လည်း ရဖို့ လွယ်လွယ်နှင့် မဖြစ်နိင်ကြောင်း ၊ ချဲလ်ဆီးကလပ်မှလည်း လမ်းပတ်လို အသင်းအတွက် စွမ်းဆောင်နိင်သော ၊ အကျိုးပြုသော် ကစားသမားမျိုးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ကြောင်း ၊ လမ်းပတ်ကို ရရေးမှာ စစ်ပွဲတစ်ပွဲကို ဆင်နွဲရသကဲ့သို့ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း.....

ပါမား ၊ နာပိုလီ ၊ ကက်ဂလီယာရီ တို့တွင် ကစားခဲ့ပြီး ချဲလ်ဆီးတွင် ရှိစဉ်အခါကလည်း ပရိတ်သက် အချစ်တော် ဖြစ်ခဲ့သည့် ၊ ချဲလ်ဆီး၏ အကောင်းဆုံး နိင်ငံခြား ကစားသမားဆုကို ရရှိခဲ့သည့် ဇိုလာက ပြောကြားသွားပါသည်။


သူဘယ်လိုလူစားလဲ.....



ချဲလ်ဆီးကွင်းလယ်လူ ဖရန့် လမ်းပတ်ဟာ နည်းပြသက်တမ်းအတွင်း တွေ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်တယ်လို့ အင်တာမီလန်နည်းပြသစ် ဂျိုဆေ မော်ညင်ဟိုက ထုတ်ဖော် လိုက်ပါတယ်။

ဖရန့် လမ်းပတ်က “တခြားသူတွေနဲ့ မတူတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ အပေါ်ယံဆန်တဲ့ လူမျိုး မဟုတ်ပါဘူး။ သူက ကျနော့်နည်းပြသက်တမ်း အတွင်းမှာ တွေ့ဖူးတဲ့ အကောင်းဆုံး ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ” လို့ မော်ညင်ဟိုက ပြောပါတယ်။

“သူက အကောင်းဆုံး လေ့ကျင့်တဲ့ ကစားသမားပါ။ နောက်ပြီး အာရုံစူးစိုက်မှုနဲ့ စွဲမြဲမှုကလည်း သူများထက် ပိုပါတယ်။ အမြဲတမ်း သူ့ကိုယ်သူလည်း အာရုံစိုက်ပါတယ်”

မော်ညင်ဟိုဟာ အင်တာအသင်းကို တည်ဆောက်ဖို့အတွက် အသက် (၃၀)အရွယ် တပည့်ဟောင်း လမ်းပတ်ကို ခေါ်ယူလိုတဲ့အတွက် ပေါင် (၇.၉၅)သန်းနဲ့ တရားဝင် ကမ်းလှမ်းထားပေမယ့် ချဲလ်ဆီးက ပယ်ချ ထားပါတယ်။

“သူ့ရဲ့ ကစားပုံအတွက် ဘယ်တော့မှ ကျေနပ်တဲ့ ကစားသမားတစ်ယောက် မဟုတ်ပါဘူး။ အမြဲတမ်း တိုးတက်မှုကို လိုချင်နေပါတယ်။ နောက်ပြီး အမြဲတမ်း သင်ယူချင် နေပါတယ်”

“တကယ်လို့ ပွဲတစ်ပွဲမှာ အမှားအယွင်း လုပ်ခဲ့မိရင် နောက်နေ့ လေ့ကျင့်ရေးကွင်းမှာ တစ်နာရီ၊ နှစ်နာရီပိုပြီး လေ့ကျင့်ပါတယ်”

၎င်းက ဆက်လက်ပြီး “ကျနော် မှတ်မိပါသေးတယ်။ သူ ဘယ်ခြေနဲ့ မြေလိမ့်ဘော ကန်တာ ဂိုးမ၀င်ပဲ လွဲသွားလို့ နောက်နေ့ လေ့ကျင့်ရေးကွင်းမှာ တစ်နာရီကျော်ကြာ ဘယ်ခြေနဲ့ မြေလိမ့်ဘောကန်တာ ကျင့်နေခဲ့ပါတယ်။ လမ်းပတ်ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကတော့  မယုံကြည်နိုင်စရာပါပဲ” လို့ ထပ်ပြောပါတယ်။



Thursday, July 10, 2008

နုတ်ပယ်ခြင်း


စတိ ဆစ်ဒ်ဝဲလ်တစ်ယောက် အက်စတွန်ဗီလာကို ပြောင်းရွှေ့ကြေး ၅ သန်းနဲ့ ၃ နှစ်စာချုပ်ချုပ်ကာ ချဲလ်ဆီးမှ ထွက်ခွာ သွားပြီ ဖြစ်ပါသည်။ ထို့ကြောင့် သူ့အား အသင်းမှ ထုတ်ပယ်ပစ်လိုက်ပါကြောင်း ။ အသင်းသစ်မှာ ခြေစွမ်းပြနိင်ပါစေ ၊ အောင်မြင်ပါစေလို့ ချဲလ်ဆီး ချစ်သူများက ဆုတောင်းပေးလိုက်ပါသည်။

တက်တာာာာ...ဘိုင်ဘိုင်.....အောင်မြင်ပါစေ.....ဆစ်ဒ်ဝဲလ်ရေ.....

ရင်မောတယ်....



စာချုပ်သစ် ထပ်မချုပ်နိုင်ရင်တောင် ဖရန့် လမ်းပတ်အနေနဲ့ လက်ရှိစာချုပ်သက်တမ်း ကုန်တဲ့အထိ အသင်းမှာပဲ ဆက်နေသွားလိမ့်မယ်လို့ ချဲလ်ဆီးအမှုဆောင် အရာရှိ ပီတာ ကင်ယွန်က အခိုင်အမာ ပြောပါတယ်။

အသက် (၃၀) အရွယ် လမ်းပတ်ဟာ ချဲလ်ဆီးက လက်ရှိ ကမ်းလှမ်းတဲ့ (၄)နှစ်စာချုပ်သက်တမ်းထက် ပိုပြီး ကမ်းလှမ်းစေချင် နေပါတယ်။

ချဲလ်ဆီးဟာ အင်တာမီလန်နည်းပြသစ် မော်ညင်ဟိုရဲ့ လမ်းပတ်အပေါ် ပေါင် (၇.၉၅)သန်နဲ့ ကမ်းလှမ်းချက်ကိုလည်း ငြင်းပယ် ထားပါတယ်။

အမှုဆောင် အရာရှိ ပီတာ ကင်ယွန်က “မကြာခင်မှာ စာချုပ်သစ် ချုပ်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တကယ်လို့ အဆင်မပြေရင်လည်း သူ့အနေနဲ့ စာချုပ်ကုန်တဲ့အထိ နေသွားမှာပါ” လို့ ပြောပါတယ်။

“အခြေအနေတွေက ဆက်သွားနေဆဲပါ။ ကျနော်တို့ လမ်းပတ်ကို ဒီမှာ ဆက်ရှိနေအောင် ထိမ်းသိန်းသွားမှာပါ။ သူ့အတွက် ကမ်းလှမ်းမှုကတော့ စားပွဲဝိုင်းမှာပဲ ရှိပါသေးတယ်”

နည်းပြသစ် လူဇ် ဖိလစ်ပီ စကိုလာရီကလည်း လမ်းပတ်ကို အသင်းမှာ ဆက်နေစေခြင်ကြောင်း အတိအလင်း ပြောထားပါတယ်။


Steve Sidwell

အက်စတွန်ဗီလာအသင်း၏ ဆေးစစ်ချက်များ အောင်မြင်ပြီးနောက် ချဲလ်ဆီးကွင်းလယ်လူ စတိဆစ်ဒ၀ဲလ် တစ်ယောက်ဟာ ပြောင်းရွှေ့ကြေး ၅ သန်းဖြင့် နောက် ၂၄ နာရီ အတွင်းမှာ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ဒီကွင်းလယ်လူဟာ ချဲလ်ဆီးမှာလည်း နေရာ အနည်းငယ်သာ ရတာကြောင့် သူ့အတွက်ရော ချဲလ်ဆီး အတွက်ပါ ပိုက်ဆံလည်းရ ၊ သူလည်း ကစားဖို့ နေရာပုံမှန် ရသွားပါတယ်။ အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ အင်္ဂလန် U-21 အလယ်တန်းလူဟာ Reading ကနေ ချဲလ်ဆီးသို့ပြောင်းရွှေ့လာတာ ဖြစ်ပြီး စုစုပေါင်း ရီဒင်းမှာ ၃ ရာသီ ကစားခဲ့ပြီး ၂၇ ဂိုးသွင်းယူနိင်ခဲ့ပါတယ်။


Wednesday, July 9, 2008

သူပြောသွားတယ်....


နည်းပြသစ် စကိုလာရီကတော့ သူဟာ ချဲလ်ဆီး အသင်းမှာ မည်သူ့ကိုမှ ကြောက်ရွံနေမှာ မဟုတ်ပါဘူးတဲ့ဆိုပြီး မနေ့က ချဲလ်ဆီးကလပ် တွေ့ဆုံရေးမှာ ပြောခဲ့ပါတယ်။ သူဟာ ၂၀၀၂ ကမ္ဘာဖလားတုန်းက ဘရာဇီးလ်အသင်းကို ကိုင်တွယ်ရာ၌ ဖိအားများဖြင့်ရင်ဆိုင် ခဲ့ရသော်လည်း ဗိုလ်စွဲနိင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ကစားသမား ၃၂ ယောက်ရှိပြီး လက်ရှိ ၃ ယောက်ကို တခြားကလပ်များက ကမ်းလှမ်းထားကြောင်းနှင့် အသင်း တစ်သင်းမှာ ကစားသမား ၂၅ ယောက်ရှိတာနဲ့တင် လုံလောက်ကြောင်း ပြောဆိုသွားပါတယ်။ ဒါကြောင့် တစ်ချို့ကစားသမားတွေဟာ ဒီရာသီမှာ ထွက်ခွာရမှာပါတဲ့။ ဒါကိုလည်း ကစားသမားများကို နားလည်အောင် ပြောပြထားပါတယ်။ ကောင်းသူကယ် မကောင်းသူပယ် ဆိုတဲ့ သဘောပေါ့ဗျာ။ အဓိက ဖြစ်နိင်တာကတော့ ဆစ်ဒ်ဝဲလ် ၊ ရိုက်ဖီးလစ် ၊ ဖာရဲရား တို့ပါပဲ။ ကဲ နည်းပြကြီးရေ... တချက်လေး ကြည့်မယ်ဗျာ။ ကျုပ်တို့တွေ တော်တော် ရင်ခုန်နေကြပြီ။ ဒေကိုကို အပြာရောင် ၀တ်စုံနဲ့ ချဲလ်ဆီး အတွက် အားကြိုးမာန်တက် ကစားပေးတာကိုလည်း တွေ့ချင်နေပါပြီဗျို့...။

အောင်မြင်ပါစေ...
အောင်မြင်ပါစေ...
အောင်မြင်ပါစေ...
အောင်မြင်ပါစေ...
အောင်မြင်ပါစေ...

အောင်မြင်ပါစေ... ချဲလ်ဆီးတွေ


We can`t wait any longer