Wednesday, July 16, 2008

ဒရော့ဘာ.......ရေ


ချဲလ်ဆီးက ဒီဒီရော ဒရော့ဘာကို အသင်းမှာပဲ အရိုးထုတ်သွားနိုင်ဖို့အတွက် မက်မောလောက်တဲ့ စာချုပ်သစ် တစ်ခုနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။

နည်းပြသစ် စကိုလာရီဟာ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒရော့ဘာကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ ဆန္ဒရှိ နေပါတယ်။

စကိုလာရီက ဒရော့ဘာရဲ့ တောင်းဆိုချက်အတိုင်း (၄)နှစ်စာချုပ်နဲ့ သက်တမ်းတိုးသွားမယ်လို့ ကစားသမားရဲ့ အေးဂျင့်ကို ပြောပါတယ်။

အသက် (၃၀)အရွယ် တိုက်စစ်မှူးရဲ့ လက်ရှိလစာဟာ တစ်ပတ်ကို ပေါင် (၇၀,၀၀၀) ရပေမယ့် စာချုပ်သစ်မှာ အသင်းခေါင်းဆောင် တယ်ရီရတဲ့ လစာနှုန်းဖြစ်တဲ့ ပေါင် (၁၃၀,၀၀၀) အထိ တိုးမြင့် ရရှိမှာ ဖြစ်ပါတယ်။

နည်းပြ စကိုလာရီက “ကျနော် သူ့ကို ရာနူန်းပြည့် အသင်းမှာ နေစချင်ပါတယ်။ (၂၀၀) ရာခိုင်နှုန်းလောက်အထိတောင် နေစချင်ပါတယ်” လို့ ပြောပါတယ်။

ဒရော့ဘာကို အီတလီကလပ်တွေဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်အပြင် စပိန်ကလပ် ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။

တိုက်စစ်မှူးဟာ ဇူလိုင်၊ ၂၀၀၄ မှာ ပေါင် (၂၃.၈)သန်းနဲ့ မာဆေးကလပ်ကနေ ချဲလ်ဆီးကို ရောက်ရှိလာပြီး ပွဲပေါင်း (၁၁၀)မှာ ဂိုး (၅၀) သွင်းထားပါတယ်။

သူဟာ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းအတွက် (၅၂)ပွဲမှာ (၃၄)ဂိုး သွင်းထားပါတယ်။ ကျွန်တော့် အထင်ကတော့ ဒရော့ဘာဟာ ချဲလ်ဆီး အသင်းအတွက် လိုအပ်ဆဲပါ။ တကယ်အရေးကြီး ပွဲတွေမှာ သူ့ကြောင့်လည်း အောင်မြင်ခဲ့ရသလို ၊ တစ်ချို့ပွဲတွေမှာလည်း အားမထည့်တာကို တွေ့ရပါတယ်။ ဒီတော့ ပြောချင်တာ “ စားရမှာလည်း သဲတရှပ်ရှပ် ၊ ပစ်ရမှာလည်း အဆီတ၀င်းဝင်း ” ဆိုသလို ဖြစ်နေပါတယ်။ ဘယ်လိုပဲ ပြောပြော သူကလည်း သူ့အနာဂတ်အတွက် စာချုပ် တိုးချုပ်တာပါ။

ကျွန်တော်ကတော့ သူ့ကို စကိုလာရီ နည်းတူ အသင်းမှာပဲ ဆက်လက်ရှိနေစေချင်ပါတယ် ခင်ဗျာ။



No comments: