Saturday, July 12, 2008

ရှက်ချန်ကို ပြန်တော့မှာလား ........


ယူကရိန်း တိုက်စစ်မှုး ရှက်ချန်ကိုအား ချဲလ်ဆီးအသင်းမှ အေစီမီလန်ကလပ် သို့ ပြောင်းရွှေ့ရန် ဆွေးနွေးခွင့် ပြုခဲ့ပြီဟု သိရပါသည်။ ချဲလ်ဆီး CEO ပီတာ ကင်ယွန်က ဆာဒီးနီးယားသို့ သွားရောက်ကာ မီလန်ဒုဥက္ကဌ ဂယ်လီယာနီနှင့် တွေ့ဆုံဆွေးနွေးမှု ပြီးမှာတော့ ဒီလို သတင်းထွက်လာခဲ့ပါတယ်။

တပတ်လုပ်ခ ပေါင် ၁ သိန်း ၃ သောင်းပေးနေရသော်လည်း ဖြစ်မြှောက်အောင် အသင်းအတွက် အကျိုးမဆောင် ခဲ့တဲ့ အသင်းပိုင်ရှင် အလိုကျ ခေါ်ထားရတဲ့အတွက် စကိုလာရီက ထုတ်ပယ်ဖို့ သူ့ကို နဂိုလေးစားမှု ရှိနေတဲ့ အသင်းပိုင်ရှင် အီဗရာမိုဗစ်ခ်ျကို ပြောပြခဲ့ပြီးနောက် ထွက်ပေါ်လာချင်း ဖြစ်ပါသည်။ အေစီမီလန် သူရဲကောင်း ဖြစ်ခဲ့ဘူးတဲ့ ရှက်ချန်ကို ကို မီလန်ကလည်း တိုက်စစ်မှုးနေရာအတွက် ပြန်လည်လိုချင်နေပါတယ်။


No comments: