Tuesday, July 8, 2008

Chelsea ၏ နောက်ဆုံး ၈ ပွဲအား ကြိုတင်သုံးသပ်ခြင်း

ပရီးမီယား ချန်ပီယံဖြစ်ဖို့ ပွဲစဉ်တိုင်းဟာ အရေးကြီးတာ မှန်ပေမယ့် ပြီးခဲ့တဲ့ ရာသီကလို အသင်းတိုင်းသာ သူမသာ ကိုယ်မသာ ဖြစ်လာဦးမယ်ဆိုရင်ပဲ ဖြစ်ဖြစ် ၊ သာမာန်အရပဲ ကြည့်ကြည့် ဒီနောက်ဆုံးပွဲစဉ်တိုင်းဟာ သိပ်ကို အရေးပါတာကို တွေ့ရပါတယ်။ ဒီနှစ်မှာ အသင်းတိုင်းဟာလည်း ပိုက်ဆံကြွယ်ဝမှု ၊ ကစားသမားတောင့်တင်းမှု့ ၊ နည်းစနစ်ပိုင်းဆိုင်ရာ တိုးတက်လာမှု တွေကြောင့် အသင်းကြီးမှ အစ နောက်ဆုံး နယူးကာဆယ် ၊ စပါး ၊ အဲဗာတန် ၊ ပို့စ်မောက် ၊ မန်စီးတီး အသင်းတို့ကိုလည်း လျှော့တွက်လာလို့ မရတော့ပါဘူး။ ဒီတော့ ဟိုအရင်တုန်းကလို ချန်ပီယံဘယ်သူလဲဆိုတာ ကြိုပြောထားနိင်မှာ မဟုတ်တော့တာကြောင့် သိပ်ကို စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ပြီးခဲ့သော နှစ်တုန်းက ပရီးမီးယားလိဂ်ကို ကြည့်မယ်ဆိုလျှင် ရာသီတ၀က်လောက်ထိ အာစင်နယ် အသင်းက ဦးဆောင် ကစားနိင်ခဲ့ပြီး ရာသီကုန်တော့ မန်ယူက ၂ မှတ်အကွာနဲ့ ဗိုလ်စွဲ၍ ချဲလ်ဆီးနှင့် အာစင်နယ် အသင်းကလည်း ၂ မှတ်သာ ကွာဟ ခဲ့ပါတယ်။ ၂ မှတ်ဆိုတဲ့ အတိုင်း ပေးသွားတာတွေကတော့ ဆုဖလားနဲ့ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်တို့ပါပဲ။ ဒီတော့ ကိုယ့်အသင်းကိုယ် နိင်စေချင်တယ် ဆိုလျှင်ဖြင့်တော့ အသင်းတိုင်းဟာ အတက်နိင်ဆုံး အောင်မြင်နိင်အောင် ကြိုးစားရမှာပါ။ ဒီကာလမှာ ပွဲပန်း ၊ ပွဲကျပ် ၊ ဒဏ်ရာရ ၊ ပွဲပယ် ၊ စတဲ့ ပြဿာနာ ပေါင်းစုံကလည်း ၀င်လာဦးမှာပါ။ ဒါကြောင့် ယခုလက်ရှိ ကျွန်တော်တို့ ချဲလ်ဆီးရဲ့ နောက်ဆုံး ၈ ပွဲကို သုံးသပ်ရမည် ဆိုလျှင်ဖြင့်......

ချဲလ်ဆီး

Newcastle United : Chelsea

Chelsea : Bolton Wanderers

Chelsea : Everton

West Ham : Chelsea

Chelsea : Fulham

Arsenal : Chelsea

Chelsea : Blackburn Rovers

Sunderland : Chelsea

တို့ပဲ ဖြစ်ပါတယ်။ အသင်းကြီး အနေဖြင့် နယူးကာဆယ် ၊ အာစင်နယ် နှင့် အဲဗာတန် တို့သာ ပါရှိပေမယ့် ကျန်သည့် ဘလက်ဘန်း ၊ ဆန်းဒါးလန်း ၊ ဘောလ်တန် တို့ကိုလည်း လျှော့တွက်လို့မရပါဘူး။ သို့သော် အသင်းကြီး အနေဖြင့် အာစင်နယ် ၁ သင်းသာ ပါဝင်တာကြောင့် ချဲလ်ဆီးတို့ သက်သာနိင်ပါတယ်လို့တော့ ပြောချင်ပါတယ်။

အာစင်နယ်

သူ၏ နောက်ဆုံး ကစားမည့်ပွဲ ၈ ပွဲလုံးအား ကြည့်ရှု့ရာတွင် ချဲလ်ဆီး ၊ လီပါပူးလ် ၊ မန်ယူ စတဲ့ အသင်းကြီးများနှင့် အကုန်တွေ့ဆုံရမှာပါ။ အာစင်နယ် အနေဖြင့် ထိုပွဲများမှာ ၂ ပွဲက အဝေးကွင်း ၁ ပွဲက အိမ်ကွင်းကစားရမှာဖြစ်တာကြောင့် နောက်ဆုံး ၈ ပွဲမရောက်မှီ အထိ အမှတ်ရထားအောင် ကစားရမှာပါ။

မန်ယူ


မန်ယူအသင်းရဲ့ နောက်ဆုံး ၈ ပွဲကတော့ အသင်းကြီးအနေဖြင့် အာစင်နယ် အသင်းသာ ပါဝင်ခဲ့ပြီး ကျန်သည့် ပွဲစဉ်ဇယားမှာလည်း သက်သာလှပါတယ်။

လီဗာပူးလ်

သူလည်းပဲ နောက်ဆုံးမှာ အာစင်နယ် ၁ သင်းက လွဲလို့ သက်သာရာ ရခဲ့ပါတယ်။


အာစင်နယ် အသင်းအနေဖြင့် ပွဲကျပ်သည်မှာ မှန်သော်လည်း ရှေ့ပိုင်း ရလဒ်တွေ ကောင်းခဲ့ရင်ဖြင့် ပ၇ီးမီးယားလိဂ်ဖလား ရနိင်ပါသေးတယ်။ ထိုကြောင့် မည်သည့်အသင်းက ရနိင်မည် ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိင်သလို ကိုယ်အားပေးတဲ့အသင်း ဗိုလ်စွဲနိင်ပါစေ ဆုတောင်းရင်း စောင့်ကြည့်ကြပါစို့။


No comments: