Wednesday, July 9, 2008

သူပြောသွားတယ်....


နည်းပြသစ် စကိုလာရီကတော့ သူဟာ ချဲလ်ဆီး အသင်းမှာ မည်သူ့ကိုမှ ကြောက်ရွံနေမှာ မဟုတ်ပါဘူးတဲ့ဆိုပြီး မနေ့က ချဲလ်ဆီးကလပ် တွေ့ဆုံရေးမှာ ပြောခဲ့ပါတယ်။ သူဟာ ၂၀၀၂ ကမ္ဘာဖလားတုန်းက ဘရာဇီးလ်အသင်းကို ကိုင်တွယ်ရာ၌ ဖိအားများဖြင့်ရင်ဆိုင် ခဲ့ရသော်လည်း ဗိုလ်စွဲနိင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ကစားသမား ၃၂ ယောက်ရှိပြီး လက်ရှိ ၃ ယောက်ကို တခြားကလပ်များက ကမ်းလှမ်းထားကြောင်းနှင့် အသင်း တစ်သင်းမှာ ကစားသမား ၂၅ ယောက်ရှိတာနဲ့တင် လုံလောက်ကြောင်း ပြောဆိုသွားပါတယ်။ ဒါကြောင့် တစ်ချို့ကစားသမားတွေဟာ ဒီရာသီမှာ ထွက်ခွာရမှာပါတဲ့။ ဒါကိုလည်း ကစားသမားများကို နားလည်အောင် ပြောပြထားပါတယ်။ ကောင်းသူကယ် မကောင်းသူပယ် ဆိုတဲ့ သဘောပေါ့ဗျာ။ အဓိက ဖြစ်နိင်တာကတော့ ဆစ်ဒ်ဝဲလ် ၊ ရိုက်ဖီးလစ် ၊ ဖာရဲရား တို့ပါပဲ။ ကဲ နည်းပြကြီးရေ... တချက်လေး ကြည့်မယ်ဗျာ။ ကျုပ်တို့တွေ တော်တော် ရင်ခုန်နေကြပြီ။ ဒေကိုကို အပြာရောင် ၀တ်စုံနဲ့ ချဲလ်ဆီး အတွက် အားကြိုးမာန်တက် ကစားပေးတာကိုလည်း တွေ့ချင်နေပါပြီဗျို့...။

အောင်မြင်ပါစေ...
အောင်မြင်ပါစေ...
အောင်မြင်ပါစေ...
အောင်မြင်ပါစေ...
အောင်မြင်ပါစေ...

အောင်မြင်ပါစေ... ချဲလ်ဆီးတွေ


No comments: