Friday, July 4, 2008

ရှောင်ရိုက်ဖီးလစ်


အီရန် ရိုက်က ရှောင်ရိုက် ဖိလစ်စ်ကို ချဲလ်ဆီးကနေ ထွက်ခွာဖို့အတွက် အချိန်တန်ပြီလို့ ပြောပါတယ်။

ဖခင်ဖြစ်သူ ရိုက်ဟာ သားဖြစ်သူ ပေါင် (၂၁)သန်းနဲ့ မန်ချက်စတာစီးတီးကနေ ဇူလိုင် ၂၀၀၅မှာ ချဲလ်ဆီးကို ရောက်ရှိကတည်းက ပွဲစဉ်တိုင်းကို သေချာစောင့်ကြည့်နေသူ ဖြစ်ပါတယ်။

အာစင်နယ်သူရဲကောင်း အီရန် ရိုက်က ရိုက်ဖိလစ်စ်ကို စိတ်ဝင်တစား ရှိနေတဲ့ ဟယ်ရီ ရက်ပ်နက်ရဲ့ ပို့စ်မောက်အသင်းက ကမ်းလှမ်းတာကို လက်ခံသင်တယ်လို့ ယုံကြည်နေပါတယ်။

“ပို့စ်မောက်က သူ့အတွက် ပြောင်းရွေ့ဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ ချဲလ်ဆီးနဲ့အတူ သူ ဆုတွေအများကြီး ရပြီးလို့ တာဝန် ကျေပါပြီ။ သူ့ ကစားသမားဘ၀ကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ ပို့စ်မောက်ကို ပြောင်း သင့်ပါတယ်” လို့ ရိုက်က ပြောပါတယ်။

အသက် (၂၆)နှစ်အရွယ် ရှောင်ဖိလစ်စ်အနေနဲ့ ပို့စ်မောက်ကိုပြောင်းရင် နည်းပြ ရက်ပ်နက်က ပုံမှန်ကစားခွင့်အတွက် အာမခံနိုင်မှာ ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၁၉)ပွဲမှာ (၄)ဂိုး သွင်းထားပြီး ချဲလ်ဆီးနဲ့ (၈၁)ပွဲမှ (၄)ဂိုး ရထားပါတယ်။

No comments: