Friday, July 11, 2008

ဇိုလာ - ပြောပြီ



အင်တာမီလန် နည်းပြအသစ် တဖြစ်လဲ အရင်ချဲလ်ဆီး နည်းပြဟောင်း ဂျို့စ်ဆေး မိုရင်ဟိုဟာ ချဲလ်ဆီးကစား သမား လမ်းပတ်ကို ရရှိရန် မလွယ်ကူကြောင်း ပြောကြားခဲ့ပါတယ်။ လမ်းပတ်ဟာ လက်ရှိစာချုပ် ၁ နှစ်သာ ကျန်ရှိတော့သည့် အတွက် အင်တာမီလန်အသင်းက အစက ပြောင်းရွှေ့ကြေး ပေါင် ၆.၅ သန်း ၊ နောက်တော့ ၇.၉ သန်း ၊ အခုနောက်ဆုံး ၉ သန်းနှင့် ကမ်းလှမ်းလာပါတယ်။

သို့သော် ချဲလ်ဆီး ကလပ်က ထိုကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ပြီး မိမိတို့အနေဖြင့် လမ်းပတ်ကို အသင်းမှာ ဆက်ရှိနေသေးကြောင်း ၊ လက်ရှိအနေဖြင့်လည်း သက်တမ်း ၁ နှစ်ကျန်ရှိနေသေးပြီး ၊ သက်တမ်းတိုး စာချုပ်ကိုလည်း အမြန်ဆုံးချုပ်ဆို သွားဖို့ ကြိုးစားနေပါကြောင်း ပြောကြားထားပါတယ်။

လမ်းပတ်လို ပရို ကျသော ကစားသမားမျိုးကို ဘယ်တော့မှ မတွေ့ဘူးခဲ့ကြောင်း မော်ရင်ဟိုက ဆွဲဆောင်ပြောဆိုခဲ့သော်လည်း ရဖို့ လွယ်လွယ်နှင့် မဖြစ်နိင်ကြောင်း ၊ ချဲလ်ဆီးကလပ်မှလည်း လမ်းပတ်လို အသင်းအတွက် စွမ်းဆောင်နိင်သော ၊ အကျိုးပြုသော် ကစားသမားမျိုးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ကြောင်း ၊ လမ်းပတ်ကို ရရေးမှာ စစ်ပွဲတစ်ပွဲကို ဆင်နွဲရသကဲ့သို့ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း.....

ပါမား ၊ နာပိုလီ ၊ ကက်ဂလီယာရီ တို့တွင် ကစားခဲ့ပြီး ချဲလ်ဆီးတွင် ရှိစဉ်အခါကလည်း ပရိတ်သက် အချစ်တော် ဖြစ်ခဲ့သည့် ၊ ချဲလ်ဆီး၏ အကောင်းဆုံး နိင်ငံခြား ကစားသမားဆုကို ရရှိခဲ့သည့် ဇိုလာက ပြောကြားသွားပါသည်။


No comments: