နည်းပြသစ် စကိုလာရီရဲ့ ချဲလ်ဆီးအသင်းမှာ သွားရောက်ကစားချင်ကြောင်း ရော်နယ်ဒင်ဟိုက ၀န်ခံ လိုက်ပါတယ်။
ဘာစီလိုနာစတားက ချဲလ်ဆီးအသင်းမှာ ကစားချင်တဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ကြေညာလိုက်လို့ နှစ်ဖက်အသင်းကြားမှာ စကားပြောဆိုတာတွေ ပိုပြီး မြန်ဆန်လာနိုင်ချေ ရှိနေပါတယ်။
စကိုလာရီဟာ ဘရာဇီးအသင်းကို ၂၀၀၂မှာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် လုပ်ပေးတုန်းက အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့တဲ့ ရော်နယ်ဒင်ဟိုနဲ့ စတန်းဖို့ဘရစ်ခ်ျမှာ ပြန်ပြီး လက်တွဲလို နေပါတယ်။
အသက် (၂၈)နှစ်အရွယ် ရော်နယ်ဒင်ဟိုက “စကိုလာရီက ကျနော့်ကို စိတ်ဝင်စားတာကို သိရလို့ အရမ်း အံ့သြ၀မ်းသာ မိပါတယ်။ အကြောင်းကတော့ သူက အကောင်းဆုံး မန်နေဂျာတစ်ယောက် ဖြစ်နေလို့ပါ” လို့ ပြောပါတယ်။
“ကျနော် သူ့အပေါ်မှာ အများကြီး လေးစားပါတယ်။ ငယ်ငယ်ကတည်းက သူ့ကို သိနေတာပါ။ တကယ်လို့ သူနဲ့ ပြန်ပြီး လက်တွဲခွင့်ရရင် အရမ်း လှမှာပါ”
ပေါ်တူဂီနည်းပြဟောင်း စကိုလာရီဟာ ဘာစီလိုနာက ဒေကိုကိုလည်း ပေါင် (၈)သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။
ရော်နယ်ဒင်ဟိုဟာ မတ်လကတည်းက ခံစားနေရတဲ့ တကောက်ကြော ဒဏ်ရာကနေ ပြန်လည် သက်သာလာလို့ လေ့ကျင့်ရေး ဆင်းနေပြီ ဖြစ်ပါတယ်။

No comments:
Post a Comment