Tuesday, July 8, 2008

ချဲလ်ဆီးနဲ့ အလျင်စလို စာချုပ်သစ် မချုပ်နိုင်မှာကို မိုက်ကယ် ဘာလက် မစိုးရိမ်

လက်ရှိစာချုပ်သက်တမ်းက (၁)နှစ်ပဲ ကျန်တော့ပေမယ့် စာချုပ်သစ်ချုပ်ဆိုရေးအတွက် အလျင်စလို ပြုလုပ်သွားစရာ မရှိကြောင်း ချဲလ်ဆီးကွင်းလယ်လူ မိုက်ကယ် ဘာလက်က ဆိုလိုက်ပါတယ်။

အသက် (၃၁)နှစ်အရွယ် ဘာလက်ဟာ စပိန်ကို အရှုံးပေးလိုက်ရတဲ့ ယူရိုဗိုလ်လုပွဲအပြီးမှာ အခုလို ပြောဆိုခြင်း ဖြစ်ပါတယ်။

“ကျနော့် စာချုပ်သက်တမ်းက ၂၀၀၉ အထိ ရှိနေပါတယ်။ သက်တမ်းတိုးနိုင်တဲ့ အခွင့်အလမ်းလည်း ရှိနေပါတယ်။ ဒါကြောင့် သိပ်လောကြီးစရာ မလိုပါဘူး” လို့ ဂျာမန်အသင်းခေါင်းဆောင် ဘာလက်က ပြောပါတယ်။

“ဘာတွေဖြစ်လာမလဲ ဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာပါ”

ကွင်းလယ်လူ ဘာလက်ဟာ ဂျာမဏီနဲ့အတူ ယူရိုချန်ပီယံဆုကြီးကို ကပ်လွဲခဲ့ရသလို ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်တို့ကိုလည်း ကပ်ပြီး လက်လွတ်ခဲ့ ရပါတယ်။



လာမယ့် ရာသီအတွက် ကစားသမားသစ် မခေါ်ရင်တောင် ချဲလ်ဆီးအနေနဲ့ လက်ရှိ လူတွေနဲ့ ဆုဖလားတွေ အနိုင်ယူနိုင်တဲ့ အနေအထားမှာ ရှိပါတယ်

၎င်းက ဆက်လက်ပြီး “နောက်ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ကျနော်တို့ အနိုင်ရဖို့ လိုပါတယ်။ ဒီအကြောင်း ပြချက်ကြောင့် ကျနော် ချဲလ်ဆီးကို ပြောင်းလာတာပါ။ ကျနော် “ အခု ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်တစ်ခုရဲ့ အတောင့်တင်းဆုံးအသင်းတစ်ခုမှာ ကစားနေပါတယ်” လို့ ပြောပါတယ်။


No comments: