Friday, July 11, 2008

သူဘယ်လိုလူစားလဲ.....



ချဲလ်ဆီးကွင်းလယ်လူ ဖရန့် လမ်းပတ်ဟာ နည်းပြသက်တမ်းအတွင်း တွေ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်တယ်လို့ အင်တာမီလန်နည်းပြသစ် ဂျိုဆေ မော်ညင်ဟိုက ထုတ်ဖော် လိုက်ပါတယ်။

ဖရန့် လမ်းပတ်က “တခြားသူတွေနဲ့ မတူတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ အပေါ်ယံဆန်တဲ့ လူမျိုး မဟုတ်ပါဘူး။ သူက ကျနော့်နည်းပြသက်တမ်း အတွင်းမှာ တွေ့ဖူးတဲ့ အကောင်းဆုံး ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ” လို့ မော်ညင်ဟိုက ပြောပါတယ်။

“သူက အကောင်းဆုံး လေ့ကျင့်တဲ့ ကစားသမားပါ။ နောက်ပြီး အာရုံစူးစိုက်မှုနဲ့ စွဲမြဲမှုကလည်း သူများထက် ပိုပါတယ်။ အမြဲတမ်း သူ့ကိုယ်သူလည်း အာရုံစိုက်ပါတယ်”

မော်ညင်ဟိုဟာ အင်တာအသင်းကို တည်ဆောက်ဖို့အတွက် အသက် (၃၀)အရွယ် တပည့်ဟောင်း လမ်းပတ်ကို ခေါ်ယူလိုတဲ့အတွက် ပေါင် (၇.၉၅)သန်းနဲ့ တရားဝင် ကမ်းလှမ်းထားပေမယ့် ချဲလ်ဆီးက ပယ်ချ ထားပါတယ်။

“သူ့ရဲ့ ကစားပုံအတွက် ဘယ်တော့မှ ကျေနပ်တဲ့ ကစားသမားတစ်ယောက် မဟုတ်ပါဘူး။ အမြဲတမ်း တိုးတက်မှုကို လိုချင်နေပါတယ်။ နောက်ပြီး အမြဲတမ်း သင်ယူချင် နေပါတယ်”

“တကယ်လို့ ပွဲတစ်ပွဲမှာ အမှားအယွင်း လုပ်ခဲ့မိရင် နောက်နေ့ လေ့ကျင့်ရေးကွင်းမှာ တစ်နာရီ၊ နှစ်နာရီပိုပြီး လေ့ကျင့်ပါတယ်”

၎င်းက ဆက်လက်ပြီး “ကျနော် မှတ်မိပါသေးတယ်။ သူ ဘယ်ခြေနဲ့ မြေလိမ့်ဘော ကန်တာ ဂိုးမ၀င်ပဲ လွဲသွားလို့ နောက်နေ့ လေ့ကျင့်ရေးကွင်းမှာ တစ်နာရီကျော်ကြာ ဘယ်ခြေနဲ့ မြေလိမ့်ဘောကန်တာ ကျင့်နေခဲ့ပါတယ်။ လမ်းပတ်ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကတော့  မယုံကြည်နိုင်စရာပါပဲ” လို့ ထပ်ပြောပါတယ်။



No comments: