Wednesday, April 9, 2008

ချဲလ်ဆီး - ဖီနာဘာဂျီ ( ၂း ၀ )



ကို ကူဒီစီနီ နာသွားတုန်းကပေါ့း(((



ဟောဒီလို ခေါင်းတိုက်လိုက်တော့....တစ်ဂိုးပေါ့


ဒီလို ကို ဘောလက် အောင်ပွဲ ခံခဲ့တယ်လေး))



ဒီလိုလေး ကိုလမ်းပတ်ကလည်း ဂိုးသွင်းပြီး အောင်ပွဲခံခဲ့တယ်



မနေ့ကပွဲမှာ ချဲလ်ဆီးက နိင်သာနိင်သွားရတယ် သိပ်ပြီး ထိုးဖောက်နိင်တာကို မတွေ့ရပါဘူး။ ပွဲစပြီး ၄ မိနစ်ကျော်မှာ အက်ဆီယန် ဖောင်းဘောကနေ ပြစ်ဒဏ်ဘော ကန်တင်လိုက်တာကို ဘောလက် ခေါင်းတိုက်ပြီး အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ တစ်ချိန်လုံး မဟုတ်တောင် တော်တော်များများမှာ ဖီနာဘာဂျီက ဖိထားခံခဲ့ရတာကို တွေ့နေရပါတယ်။ ဒီနေ့တော့ ချဲလ်ဆီးတွေ အတွဲမမိဘူး ဖြစ်နေပါတယ်။ ဘောလုံးအထိ ဆုံးက နောက်တန်း ဖြစ်ပြီး ဒုတိယ ဂိုးသမား ကူဒီစီနီ ကိုယ့်ဘာသာ ကန်တင်တာ ခြေခေါက်သွားလို့ တတိယဂိုးသမား ဟီလာရီယိုနဲ့ ဖမ်းခိုင်းခဲ့ပါတယ်။ ဒါတောင် အစမှာ ဟီလာရီယိုက ကန်တင်တာတွေ မှားနေလို့ လန့်နေရသေးတယ် ။ နောက်ပိုင်းမှာတော့ ဖီနာ ဘက်က အပိုင် ၂ လုံးကို ကာကွယ်သွားနိင်တာကြောင့် ရှဲရှဲ ဟီလာရီယိုရေ။ နောက်ပိုင်းမှာ မာလုဒါ ၀င်လာတော့ အကွက်နည်းနည်းပြန်မိပြီး ၈၈ မိနစ်မှာ ဒုတိယ အနိင်ဂိုးကို သွင်းနိင်ခဲ့ပါတယ်။ ၀ူးးးးးး ။ ဒါတောင် ဟိုကောင်တွေက ကြက်ရှာပြီး လျှောက်ကန်နေသေးတယ်။

ဒါကတော့ ချဲလ်ဆီး - ဖီနာဘာချီ ရဲ့ ပွဲစဉ် Hightlight လေးပါ။ ပြန်တင်ပေးတာပါ။

1 comment:

Unknown said...

နိုင်လို့သာရယ်....အားမရဘူးဗျို့