Sunday, April 27, 2008

ချဲလ်ဆီး ၂ - ၁ မန်ယူ





Oh !!! Really Great Scoccer

တကယ့်ကို တကယ့်ကို ကျေးဇူးတင်ပါတယ် မိုက်ကယ်ဘောလက်ရေ ။ ဒီနေရာကနေ အထူးကျေးဇူးတင်စွာနဲ့ ချဲလ်ဆီး ချစ်သူတွေကို ကိုယ်စား ခင်ဗျားကို ပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးအတွက် အခုလို အဖိုးတန်ဂိုးတွေ သွင်းပေးတဲ့ အတွက်ရော ၊ စိတ်ဓတ်ရှိစွာနဲ့ ချဲလ်ဆီးအပေါ် ကြိုးစားပေးခဲ့တဲ့ အတွက်ပါ နှစ်သက်အားရ မိပါတယ်။
လီဗာပူးလ်နဲ့ ပွဲမှာ ကစားမှုညံခဲ့သော ဒရော့ဘာက ဒီနေ့ပွဲမှာ အားထည့်ကစားသွားတဲ့ အပြင် ဂိုးရရှိအောင်ပါ ဖန်တီးပေးနိင်ခဲ့တာကြောင့် ကျေးဇူးပါ။ နောက်တစ်ယောက်က အက်ရှ်လေကိုး ။ ဟန်ဆောင်ကစားသမား ဒိုလေးကို တစ်ချိန်လုံး ထိန်းချုပ်ထားနိင်ခဲ့တာရယ် ချဲလ်ဆီးအတွက် ဂိုးကာကွယ်ပေးနိင်မှု့အတွက် ကျေးဇူးပါ။ နောက်တစ်ယောက်ကတော့ ချဲလ်ဆီး တိုက်စစ်မှုး ဘိုရှက်ပါ။ သူကလည်း ၀င်လာတဲ့ အချိန် ၁၂ မိနစ် ကျော်ကျော်လေးမှာပဲ ချဲလ်ဆီးအတွက် ဂိုးမရရှိအောင် ကာကွယ်ပေးသွားတာကြောင့် ကျေးဇူးပါ။ နောက်ပြီးတော့ ချဲလ်ဆီး တစ်သင်းလုံးပေါ့။ ကာဗယ်လ်ဟိုကိုလည်း အပြစ်မတင်ရက်ပါဘူး။ ဘာလို့လည်းဆိုတော့ ဒီနေ့ပွဲ နိင်တဲ့အပြင် ကျန်တဲ့ပွဲတွေမှာလည်း သူပဲ အကောင်းဆုံး ကစားပြနေတာ မဟုတ်လား။ ၀ူး.....အရမ်းပျော်တယ်ဗျာ။ ဖလားမရရင် နေပါစေ ။ မန်ယူကို နိင်ရင် ကျေနပ်တယ်။ ပျော်တယ်ပေါ့ဗျာ။ ကဲ...ကဲ မကြည့်လိုက်ရသေးတဲ့ သူတွေအတွက် ကျွန်တော် ဟိုက်လိုက်လေးတွေ ပြန်တင်ပေးလိုက်ပါတယ်။ ပျော်ရွှင်ကြပါစေ....ချဲလ်ဆီးချစ်သူတွေ။

Chelsea 2 : 1 Mu

1 st Goal by Michael Ballack

rapidshare

uploaded.to

2nd Goal by Rooney

rapidshare

uploaded.to

3rd Goal again by Michael Ballack

rapidshare

uploaded.to


1st Hight Light


rapidshare

uploaded.to

2nd Hight Light

rapidshare

uploaded.to

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း



No comments: