Sunday, April 6, 2008

မန်စီးတီး - ချဲလ်ဆီး


ကဲ.... မန်စီတီး - ချဲလ်ဆီး ပွဲမှာတော့ အပြန်အလှန် ထိုးဖောက်ကစားကြတာ ကြည့်ကောင်းလွန်းလှပါတယ်။ ဒါပေမယ့် ချဲလ်ဆီးဖက်ကို ထိုးဖောက်ရင်တော့ ကြည့်မကောင်းဘူးပေါ့။ မဟုတ်ဘူးလား ။ မန်းစီးတီးက ပီထရော့က တော်တော့်ကို ဒုက္ခပေးနိင်တာကို တွေ့ရပါတယ်။ ဒီနေ့ပွဲမှာ ကူဒီစီနီ က အပိုင်ဘောတွေကို ကာကွယ်နိင်ခဲ့တဲ့ အပြင် တယ်ရီကလည်း ဂိုးအ၀င် တော်တော် များများကို ဖျက်ထုတ်နိင်ခဲ့ပါတယ်။ ပထမပိုင်းတော့ မန်စီးတီး ပေးတဲ့ အိမ်ပြန်လက်ဆောင်နဲ့ပဲ ကျေနပ်ခဲ့ရမယ် ထင်ထားခဲ့တာ အခုတော့ အက်ဆီယန် ၊ မီခေးလ် အတွဲက အဖျက်နဲ့ ပံပိုးမှု ကောင်းတွေကြောင့် အကာလူးကလဲ အဖိုးတန်စွာ ဂိုးယူပေးနိင်ခဲ့ပါတယ်။ ဒါပေမယ့် အနယ်လ်ကာသာ ဂိုးသွင်း သေချာခဲ့ရင် ၄ ဂိုးလောက်ထိ ပြက်သွားနိင်ပါတယ်။ ကဲ....ပွဲမကြည့်လိုက်ရတဲ့ သူတွေအတွက် ချဲလ်ဆီးရဲ့ အိမ်ပြန်လက်ဆောင် ဂိုးနဲ့ အကာလူးဂိုးတွေကို ကြည့်သွားကြဖို့ ဒေါင်းလုပ်ပေးထားပါတယ်။ အဆင်ပြေပါစေ ချဲလ်ဆီး ချစ်သူတွေရေ ။

ပထမ OG - Dunne

ဒုတိယ အကာလူးဂိုး

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း

1 comment:

စိုးထက် - Soe Htet ! said...

ဆွဲ ပြီး ကြည့်လိုက်မယ် :P