Sunday, August 31, 2008

Chelsea : Spur

မနက်ဖြန်မှာ ကစားမဲ့ ချဲလ်ဆီးပွဲဟာ အကြိတ်အနယ် ရှိမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီကနေ့မှာ အာစင်နယ် အသင်းက ၃ ဂိုးပြက် နယူးကာဆယ်ကို အနိင်ရသွားတာကြောင့် အသင်းကြီးတွေနဲ့ အမှတ်ကွာစေရန် အလို့ငှာ ချဲလ်ဆီးတို့ အစွမ်းကုန်ကြိုးစားရပါလိမ့်မယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ စပါးပါ။ ရာသီမစခင် ကတည်းက သန်းပေါင်းများစွာ အကုန်အကျခံပြီး လူသစ်တွေ ခေါ်ယူခဲ့ပေမယ့် စပါးဟာ ရာသီအစ ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့ရတာကြောင့် လက်ရှိအောက်ဆုံး အဆင့်မှာ ရပ်တည်နေခဲ့ရတာကို ကျေနပ်နေကြမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ တတိယမြောက်ပွဲစဉ်မှာ အနိင်ကန်ချင်ပေမယ့် တဖက်အသင်းကလည်း ချဲလ်ဆီးဖြစ်နေတာကြောင့် သိပ်တော့ ဖွင့်ကစားရဲမှာ မဟုတ်သလို အလွယ်တကူလည်း အရှုံးပေးမှာ မဟုတ်ပါဘူး။

အနည်းဆုံး စပါးအသင်း အနေဖြင့် သရေတော့ အနည်းဆုံး ခံကစားပါလိမ့်မယ်။ ချဲလ်ဆီးအတွက် ကံကောင်းတာက အိမ်ကွင်း ဖြစ်နေချင်းပါ။ အိမ်ကွင်းဆိုတာကြောင့် ခံသာပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ ၃ မှတ်ရအောင် ယူပါလိမ့်မယ်။ ကြည့်ကောင်းမဲ့ မြို့ခံပြိုင်ဘက်တွေပါပဲ။ ချဲလ်ဆီးက ဘောလက် ၊ အက်ဆီယန်တို့ နာနေတာကတော့ နစ်နာစရာပါ။ ပြီးခဲ့တဲ့ အပတ်က ဂျိုလ်ကိုးလည်း ခြေထောက်မှာ ရေခဲကပ်ထားတာ တွေ့တာကြောင့် ပါလာပါ့မလားဆိုတာ စိုးရိမ်စရာပါ။



တဖက်အသင်းက စောင့်ကြည့်ရမယ့် ကစားသမားကတော့ ဒီနှစ်မှာဝယ်ထားတဲ့ ခရိုအေးရှားကွင်းလယ်လူ လူကမော်ဒရစ် နဲ့ အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမား ဘန်တလေပါ။

ချဲလ်ဆီးတို့ အနိင် ၃ မှတ်ကိုတော့ ယူနိင်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ....စောင်ကြည့်ကြပါစို့။




No comments: