
ချယ်ဆီးအသင်းမှာ ရော်ဘင်ဟိုအား ယူရို ၃၅ သန်း (ပေါင် ၂၇ သန်းဖြင့် )ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း မာကာ သတင်းစာအရ သိရသော်လည်း အမှန်တကယ် အသုံးပြုခဲ့သည်မှာ ပေါင်သန်း ၇၀ ခန့်အထိရှိကြောင်း ဆန်းသတင်းစာက တွက်ပြခဲ့သည်။ ပထမသုံးငွေမှာ ရော်ဘင်ဟို ချယ်ဆီးသို့ ရောက်ရှိရေးအတွက် ပေးရသော ယူရို ၃၅ သန်းအပြင် ရော်ဘင်ဟို ရောက်ရှိလာမည်ဖြစ်သောကြောင့် အသင်းတွင် မလိုအပ်တော့သော ရှက်ချင်ကို နှင့် ရိုက်ဖီးလစ်တို့အား ပေါင် ၄၃ သန်းအရှုံးခံပြီး ဖယ်ထုတ်ရတော့မည်ဖြစ်သည်။ ချယ်ဆီးအသင်းက ဗြိတိန်စံချိန်တင် အပြောင်းအရွှေ့ကြေး ပေါင် ၃၀.၈ သန်းဖြင့် ခေါ်ယူခဲ့သော ရှက်ချင်ကိုမှာ ချယ်ဆီးအသင်းတွင် ၂ နှစ် ကစားခဲ့ပြီးနောက် အေစီမီလန်အသင်းသို့ ၁၂ လအငှါးဖြင့် ယမန်နေ့ညက ပြောင်းရွေ့ပေးခဲ့ပြီးဖြစ်သည်။ ၂၀၀၅ ခုနှစ်က ခေါ်ယူထားသော ရိုက်ဖီးလစ်အားလည်း ပေါင် ၉ သန်းဖြင့် ပေါင် ၁၂ သန်း အရှုံးခံပြီး မန်ချက်စတာ စီးတီးအသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရသည်။ ချယ်ဆီးအသင်းမှာ ပိုင်ရှင်သစ် အေမရာဗိုဗစ် အသင်းသို့ရောက်ရှိပြီးကတည်းက ပေါင် ၇၃၆ သန်းသုံးစွဲခဲ့ပြီးဖြစ်သကဲ့သို့ ၅၇၈ သန်းမှာ ကစားသမား အပြောင်းအရွှေ့အတွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ဒေကိုနှင့် ဘောစင်ဝါအတွက် ပေါင် ၂၄ သန်းအသုံးပြုပြီးဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment