Thursday, August 28, 2008

Bye Bye !!!!



ရှောင်ရိုက်ဖီးလစ်မှာ မန်ချက်စတာစီးတီးအသင်းသို့ ပေါင် ၈.၅ သန်းဖြင့် ပြန်လည်ရောင်းချရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။ ရိုက်ဖီးလစ်အား ချယ်ဆီးအသင်းက ပေါင် ၂၂ သန်းဖြင့် လွန်ခဲ့သော သုံးနှစ်က မန်စီးတီးအသင်းမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ရိုက်ဖီးလစ်မှာ ယနေ့ မန်ချက်စတာ စီးတီးအသင်းတွင် ဆေးစစ်မည်ဖြစ်ပြီး တစ်ပတ်လျင်ပေါင် ရှစ်သောင်းဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ရိုက်ဖီးလစ်အား အဲဗါတန်အသင်းကလည်း ၀ယ်ယူရန် ကမ်းလှမ်းခဲ့သေးပြီး ယခင်မန်စီးတီးသူရဲကောင်းက မန်စီးတီးအသင်းသို့ ပြန်သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရိုက်ဖီးလစ်မှာ အသင်းသို့ ရော်ဘင်ဟို ရောက်ရှိလာမည်ဖြစ်သဖြင့် ပထမကစားသမားနေရာအတွက် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခြင်းဖြစ်သည်။

Good Luck !!!!! RightPhillip


No comments: