Wednesday, August 6, 2008

သူလာရင် ကောင်းမယ်



ချဲလ်ဆီးရဲ့ ကွင်းလယ်လူသစ် ဒေကိုက ရီရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်ဘင်ဟိုကို ခေါ်ယူနိုင်ဖို့ တိုက်တွန်း လိုက်ပါတယ်။

ပေါ်တူဂီကွင်းလယ် ဖန်တီးရှင်က ဘရာဇီးတိုက်စစ်မှူး ရော်ဘင်ဟိုဟာ စတန်းဖို့ဘရစ်ခ်ျ ပရိတ်သတ်တွေကို စိတ်လှုပ်ရှားမှု ပေးနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ပြောပါတယ်။

ချဲလ်ဆီးအနေနဲ့ ဒီတစ်ပတ်အတွင်း ရော်ဘင်ဟိုကို ပေါင် (၂၅)သန်းပေးပြီး ခေါ်ယူနိုင်ဖို့အတွက် ရီရဲလ်ကို တိုက်တွန်း ပြောဆိုသွားမှာ ဖြစ်ပါတယ်။

အသက် (၃၀)အရွယ် ဒေကိုက ရော်ဘင်ဟိုဟာ မယုံကြည်နိုင်လောက်တဲ့ ဘောလုံးစွမ်းရည်တွေရှိနေတဲ့ ပရိတ်သတ်တွေကို စိတ်လှုပ်ရှားမှု ပေးနိုင်တဲ့ ကစားသမားမျိုးပါ လို့ ပြောပါတယ်။

သူက မှော်ဆန်ပါတယ်။ ဘောလုံးကွင်းထဲမှာဆိုရင် ဘာမဆို လုပ်နိုင်တဲ့ ကစားသမားမျိုးပါ ။

အသက် (၂၄)နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ရော်ဘင်ဟိုဟာ ရီရဲလ်ကို ၂၀၀၅ မှာ ရောက်ပြီး ပွဲပေါင်း (၁၀၁)ပွဲမှာ (၂၅)ဂိုး သွင်းထားပါတယ်။

သူဟာ ရီရဲလ်အသင်းရဲ့ ၂၀၀၆၊ ၂၀၀၇ ရာသီမှာ (၂)နှစ်ဆက်တိုက် လာလီဂါ ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ကူညီထားပြီး ဘရာဇီးအသင်းအတွက် ပွဲ (၅၀)မှာ (၁၅)ဂိုး သွင်းထားပါတယ်။

ဒါပေမယ့် လက်ရှိ ချဲလ်ဆီးမှာ တိုက်စစ်မှုးက ဒရော့ဘာ ၊ အနယ်လ်ကာ ၊ ရှက်ချန်ကို ၊ အကာလူး ၊ ဆန်းတို့စ် ရှိနေပါတယ်။ ဒီအရေအတွက်ဟာ ဘောလုံးအသင်းအတွက် လုံလောက်တဲ့ တိုက်စစ်မှုး အရေအတွက်ပါ။ နည်းပြ စကိုလာရီကလည်း ခေါ်ယူချင်နေသလို ၊ ရော်ဘင်ဟိုကလည်း သူ့အနာဂတ်အတွက် ပြောင်းရွှေ့ချင်နေပါတယ်။ ရီးရဲလ်ကလည်း ဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။ ချဲလ်ဆီးအနေဖြင့် ဒီတိုက်စစ်မှုးကို ခေါ်မယ်ဆိုရင် ပိုက်ဆံကတော့ တော်တော်ကုန်မှာပါ။ မိုဘစ်ခ်ျအနေဖြင့် ပိုက်ဆံရှိသော်လည်း ကစားသမားတွေ ပိုနေမှာ မြင်ယောင်မိပါတယ်။ အင်အားတော့င်တာ မှန်ပေမယ့် ဘောလုံးသမားဆိုတာ ကစားခွင့်ရမှ ကြေနပ်ကြတာ မဟုတ်လား။ ဒီတော့ လူများရင် ကိုယ်မကစားရရင် စိတ်ညစ်စရာတွေ ရှိလာတဲ့ အခါ အသင်းအတွက် ထိခိုက်လာနိင်တယ် မဟုတ်လား။

ကျွန်တော်တို့ကတော့ ဘာပဲ ပြောပြော ကိုယ့်အသင်းမှာ ကစားသမားတွေ ဝေေ၀ဆာဆာ ဖြစ်နေရင်တော့ ကျေနပ်နေတာပဲ မဟုတ်လား။ အောင်မြင်တာ မမြင်တာ အသာထား။ ကျွန်တော်ကတော့ အပြာရောင်ဝတ်စုံတွေနဲ့ ချဲလ်ဆီးကစားသမားတွေ ဘယ်လိုအသင်းနဲ့ ကန်ကန် ကြည့်နေရရင် ကျေနပ်တယ်။ ဒါက ကျွန်တော့် အမြင်လေးပါ။


No comments: