Sunday, August 24, 2008

Wigan 0 : 1 Chelsea

Wigan 0 : 1 Chelsea



ဒေကိုရဲ့ ဖရီးကစ်မှ့ တဆင့် ချဲလ်ဆီးတို့ ဗွေဆော်ဦးဂိုး ရရှိခဲ့တာက လွဲလို့ ဒီနေ့ ချဲလ်ဆီးကစားပုံ ညံဖျင်းခဲ့ပါတယ်။ ရှေ့တန်းမှာ အတွဲထားတဲ့ ဂျိုလ်ကိုးနဲ့ အနယ်လ်ကာတို့ အတွဲဟာ တဖက်အသင်းရဲ့ နောက်တန်းကို ကောင်းစွာ ခြိမ်းခြောက်နိင်ခြင်း မရှိသည့်အပြင် အနယ်လ်ကာဟာလည်း ထိလိုက်တာနဲ့ လဲကျနေတက်ခဲ့ပါတယ်။

အလယ်တန်းမှာ ဆိုရင်လည်း ဘောလက်ဟာ ဘောလုံးမရဘဲ လူတွေသာ တွန်းတွန်းတိုက်တိုက် ကစားနေခဲ့ပါတယ်။ လမ်းပတ်ကလည်း လူပေးမှားပါတယ်။ အဆိုးဆုံးကတော့ ညာတောင်ပံက ကစားတဲ့ ဘောက်ဆင်ဝါ ( ၁၇ ) ပါ။ သူဘက်က တစ်လျှောက်လုံး ဖောက်နေတဲ့အပြင် ဘောလုံးရရှိခဲ့ရင်လည်း အလိမ်အခေါက်အတွက်သာ ဦးစားပေးနေခဲ့တာကြောင့် ဘောလုံးသူ့ဆီက ထွက်မလာဘဲ အပျက်များနေခဲ့ ပါတယ်။

တယ်ရီကလည်း အနည်းငယ် ကယောင်ကတမ်း ဖြစ်ခဲ့ပါသေးတယ်။ အကောင်းဆုံးကတော့ ပီတာဆက်ခ်ျပါ။ ယူရိုမှာ သူ့ကြောင့် ဖြစ်ခဲ့ရတဲ့ အမှားတွေကို သင်ခန်းစာ ယူပြီး လက်စွမ်းပြ အပိုင်လုံးများကို ကာကွယ်နိင်ခဲ့တာပါ။ ၀ီဂန်ရဲ့ ကန်ချက်တွေဟာ ပီတာဆက်ခ်ျလက်ထဲမှာပဲ မြဲမြံခဲ့ပါတယ်။ ဒီအတွက် ပီတာဆက်ခ်ျကို ကျေးဇူးတင်ပါတယ်။

ဝီဂန်ကလည်း ကျွန်တော် မျှော်မှန်းထားသလို ၂ ပွဲဆက် အရှုံးအတွက် အိမ်ကွင်းမှာ ခပ်မာမာ ကစားနိင်ခဲ့ပါတယ်။ အဖိုးတန် ၃ မှတ်ကို ရရှိပြီး ထိပ်မှာ အခုတော့ ဆက်လက်ဦးဆောင် နိင်ခဲ့ပြီပေါ့။ ဂုဏ်ယူပါတယ် ချဲလ်ဆီးတွေ။ ချဲလ်ဆီးချစ်သူများကို ပျော်အောင် လုပ်ပေးနိင်ခဲ့တဲ့အတွက် ပျော်ရွှင်သော စနေနေ့ညများကို ဖြက်သန်းနိင်ကြပါစေ။

ဒါကတော့ ဟိုက်လိုက်လေးတွေပေါ့။ ရင်တော့မဖိုကြပါနဲ့။ နိင်သွားပြီ မဟုတ်လား။ ပွဲကို ပြန်ကြည့်ရင်တော့ ရင်ခုန်နေမှာသေချာတယ်။

Goal By Deco

Download - Zshare

1st Hight-Light

Download - Zshare

2nd Hight-Light

Download - Zshare


ဂျိုလ်ကိုးနဲ့ အက်ရှ်လေကိုးလ်ကတော့ နာသွားပါတယ်။ အက်ဆီယန် ပြန်ကန်လာနိင်တာကတော့ ၀မ်းသာစရာပါ။


ဒုတိယပွဲအတွက် သုံးမှတ်ယူပေးခဲ့သူ


No comments: