
Chelsea , AC Milan , Sevilla , Lokomotiv လေးသင်းပါဝင်တဲ့ ဖိတ်ခေါ် Russian Railways Cup 2008 ပြိုင်ပွဲမှာ ပထမဆုံးပွဲအဖြင့် AC Milan 0 : 1Sevilla တို့ပြိုင်ပွဲပြီးဆုံးပြီးနောက် Chelsea : Lokomotiv အသင်းတို့ ဆက်လက် ကစားရာ ပထမပိုင်း ပြီးဆုံးသည် အထိ ချဲလ်ဆီးမှာ အက်ဆီယန် သွင်းဂိုးဖြင့် ဦးဆောင် ကစားခဲ့သော်လည်း ဒုတိယပိုင်း ပွဲပြီးခါနီး၌ လူစားဝင်လာသူ Kambolov သွင်းဂိုးဖြင့် သရေကျခဲ့ပါတယ်။
အချိန်ပို ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုပဲ ပင်နယ်လ်တီ ကန်သွင်းကြရာ ပထမဦးဆုံး လိုကိုမိုတစ်မှ နာမည်ကြီး ကစားသမား ကန်သွင်း မ၀င်ဘဲ ချဲလ်ဆီးက တဂိုးအသာဖြင့် ဆက်လက်ကန်သွင်းရာ နောက်ဆုံးပိတ် ၀ိန်းဘရစ်ခ်ျ ဂိုးဖြင့် ချဲလ်ဆီးအသင်းမှာ သရေကျသွားခဲ့ပါတယ်။ နောက်ဆုံး တစ်ဂိုးစီ ကန်သွင်းရာ ရှက်ခ်ျန်ကို မ၀င်တာကြောင့် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီပွဲကို ချဲလ်ဆီးအနေဖြင့် နိင်လျှင် ဆီဗီလာ အသင်းဖြင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး ၊ အခု ရှုံးနိမ့်ခဲ့တာကြောင့် အေစီမီလန် အသင်းဖြင့် ကစားရပါမည်။
ဒီကနေ့ပွဲမှာ ချဲလ်ဆီးအနေဖြင့် နည်းပြသစ် ရောက်၇ှိလာသော်ကြောင့် လူအပေးအယူများ၌ တစ်ချက်ထိ စနစ်ကို အသုံးပြုသွားရာတွင် တိုးတက်လာသော်လည်း အဆုံးသတ်များကတော့ မသေချာသေးပါဘူး။ နောက်ပြီး ရှေ့တန်းအတွက် ထက်ထက်မြက်မြက် ထိုးဖောက်နိင်လောက်အောင်လည်း တိုက်စစ်မှုးက လိုအပ်နေဆဲပါ။ ရှက်ချန်ကို ၊ အနယ်လ်ကာ တို့က နှေးကွေးလွန်းတာကြောင့် ရှေ့တန်းကို အားမရမိပါဘူး။ ဒရော့ဘာ မပါလာတာကြောင့်ရယ် ၊ စမ်းသပ်ဆဲ ကာလဖြစ်တာရယ်ကြောင့် စောင့်ကြည့်ရဦးမှာပါပဲ။

အဓိက အားဖြင့် ချဲလ်ဆီးမှာ တိုက်စစ်မှုး ဂိုးမသွင်းဘဲ အလယ်တန်းတွေကပဲ ဂိုးသွင်းနေခြင်းပါပဲ။ ဒီနေ့ပွဲအတွက် အက်ဆီယန်သွင်းဂိုးနှင့် ပင်နယ်လ်တီအဆုံးအဖြက်များကို ဟိုက်လိုက် တင်ပေးလိုက်ပါသည်။ Moscow မြေမှာတော့ ချဲလ်ဆီးတွေ ဒီနေ့အထိ ကံမကောင်းခဲ့ပါဘူး။
Goal By Essien
http://www.zshare.net/download/16377054df71a387/
Panelty Shoot
http://www.zshare.net/download/16377403a37c992c/
http://www.zshare.net/download/16377054df71a387/
Panelty Shoot
http://www.zshare.net/download/16377403a37c992c/
3 comments:
Really bad luck MOSCOW !
:(
အိုင်ဗန်နိုဗစ် အေစီကို မပြောင်းရွေးဖြစ်တော့ဘူးတဲ့ဗျ ကျွန်တော်တို့
ချဲလ်ဆီး သတင်းလေးတွေကို တင်ပါရစေဗျာ
ကျွန်တော်က ချဲလ်ဆီးပရိတ်သတ်ပါ
ချဲလ်ဆီးက ရော်ဘင်ဟိုကို £23 million
နဲ့ထပ်မံကမ်းလှမ်းလိုက်ပါတယ်ဗျာ
Post a Comment