Monday, August 18, 2008

ခင်ဗျားကို မျှော်နေတယ် “ ဒရော့ဘာ ”



ချဲလ်ဆီးရဲ့ ရာသီအကြို ခြေစမ်းပွဲတွေမှာ ခင်ဗျား လိုက်မသွားနိင်ခဲ့တဲ့ အတွက်တော့ ၀မ်းနည်းပါတယ် ဒရော့ဘာ။ အမြင့်ဘောတွေ ရင်ဘတ်နဲ့ ထိန်းပြီး ကစားတက်တဲ့ ဘောလုံးသမားထဲမှာ ခင်ဗျားက အကောင်းဆုံးပဲ ထင်တယ်ဗျာ။ နောက်တန်း ၊ အလယ်တန်းကနေ ကန်တင်ပေးလိုက်တဲ့ အမြှောက်ဘောတွေကို ရင်ဘတ်နဲ့ ထိန်းပြီး တဖက်အသင်းရဲ့ ဂိုးပေါက်ကို လှည့်ကန်တက်တဲ့ ဟန်ပန်ကတော့ စတိုင်ကျလှပါရဲ့။ တိုက်စစ်မှုးတိုင်း လျှင်မြန်ဖျက်လက်နေဖို့ လိုပေမယ့် ခင်ဗျားလို အဆုံးသတ် သေချာဖို့လည်း လိုသေးတယ် မဟုတ်လား။ ပရီးမီးယားလိဂ်ကို ပြန်ယူပေးခဲ့တဲ့ ခင်ဗျားရဲ့ ဂိုးတွေဟာလည်း အရေးပါတာ သေချာတာပေါ့။

အခုအချိန်မှာ ချဲလ်ဆီးတိုက်စစ်ကို အနယ်လ်ကာ ဦးဆောင် နေပေမယ့် ခင်ဗျားကိုတော့ ကျွန်တော်တို့ မျှော်နေလေရဲ့။ ပြဿာနာ တစ်စုံတစ်ရာ ဖြစ်တိုင်း အရင်ဦးအောင် ရောက်သွားတက်တဲ့ ခင်ဗျား ၊ ဘောလက် ၊ တယ်ရီ တို့ ၃ ယောက်ကိုတော့ သူများတွေ ဘယ်လိုမြင်သလဲတော့ မသိပါဘူး။ ကျုပ်ကတော့ ကြိုက်တယ်ဗျို့။ ချဲလ်ဆီးချစ်သူတွေလည်း ကျွန်တော်နဲ့ နည်းတူ ဖြစ်ကြပါလိမ့်မယ်။ ဒါဟာ အသင်းအတွက် စည်းလုံးညီညွတ်တဲ့ ပြယုဂ်မဟုတ်လား။

ဒီရာသီအစမှာ ခင်ဗျားသွင်းတဲ့ ကစ်ချက်ပြင်းပြင်း ဂိုးတွေ ကြည့်ချင်နေပြီ ဒရော့ဘာရေ။ အမြန်ဆုံး ဒဏ်ရာ သက်သာပါစေဗျာ။ ချဲလ်ဆီးချစ်သူများ ကိုယ်စား ဒီနေရာက ခင်ဗျားမသိလည်း ဆုတောင်းပေးလိုက်ပါတယ်။ စိုးမြတ်မင်းလည်း နာနေရင်တော့ ခင်ဗျားထက် သူ့ကို ပိုဆုတောင်းပေးမိလိမ့်မည်။ ဒါက မြန်မာလေ။ သွေးရင်းသားရင်းမို့ ခင်ဗျားနည်းလည်နိင်ပါစေ။ :)



1 comment:

Anonymous said...

ဟုတ်ပါတယ် ...
ကျွန်တော်ဆိုရင်လဲ သူငယ်ချင်းတစ်ယောက် ရန်ဖြစ်နေတာတွေ့ရင် အရင်ဆုံးတော့ ကိုယ့်လူဘက်က ၀င်ရိုက်မှာပဲ
ဘယ်သူမှန်မှန် ဘယ်သူမှားမှား သူငယ်ချင်းဘက်ကပဲ ရပ်တည်မယ် .... သူကမှားရင်တောင် နောက်မှ တားရမှာပေါ့ ...
တယ်ရီ၊ ဘောလက်၊ ဒရော့ဘာ အားလုံးကို အကောင်းဘက်ကပဲ မြင်ပါတယ် for chelsea for win !