Tuesday, July 22, 2008

Move To -------> PSG



ပြင်သစ်လက်ရွေးစင်ဟောင်း ကွင်းလယ်လူ ကလောဒီ မက်ခ်လီလီဟာဟာ အလွတ်ပြောင်းရွေ့ကြေးနဲ့ ချဲလ်ဆီးကနေ ပဲရစ်စိန့်ဂျာမိန်းကို ရောက်ရှိသွားပါတယ်။

အသက် (၃၅)နှစ်အရွယ် ကွင်းလယ်လူဟာ စတန်းဖို့ဘရစ်ခ်ျကလပ်မှာ (၅)နှစ်ကြာ ကစားသမားဘ၀ကို အဆုံးသတ်ပြီး ပြောင်းရွေ့သွားခြင်း ဖြစ်ပါတယ်။
“အသင်းမှာရှိတဲ့ လူတိုင်းက ကလောဒီရဲ့ ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ ချဲလ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

မက်ခ်လီလီဟာ စပိန်ထိပ်သီး ရီရဲလ်မက်ဒရစ်ကနေ ၂၀၀၃မှာ ပေါင် (၁၆.၈)သန်းနဲ့ ချဲလ်ဆီးကို ရောက်ရှိခဲ့ပါတယ်။

ကွင်းလယ်လူဟာ ချဲလ်ဆီးအတွက် ပွဲပေါင်း (၂၁၇)ပွဲ ကစားပေးထားပြီး (၂)ဂိုး သွင်းထားပါတယ်။

ချဲလ်ဆီးရဲ့ ထုတ်ပြန်ချက်မှာ “ကလောဒီက ကျနော်တို့အသင်း ဆုဖလားရတဲ့ အောင်မြင်မှုတွေမှာ အဓိကနေရာက ပံ့ပိုးခဲ့သူပါ။ သူ့ရဲ့ အနာဂတ် ကောင်းမွန်ဖို့ ကျနော်တို့ ဆန္ဒပြုပါတယ်” လို့ ဆက်လက် ဖော်ပြထားပါတယ်။
“ကလပ်အနေနဲ့ သူ့ကို အနာဂတ်မှာ စတန်းဖို့ဘရစ်ခ်ျရဲ့ မိတ်ဆွေတစ်ယောက်အနေနဲ့နေရာ အမြဲတမ်း ကြိုဆိုခြင်း ခံရမှာပါ”

သူဟာ ပြီးခဲ့တဲ့ ယူရို ၂၀၀၈ပြိုင်ပွဲမှာ ပြင်သစ်အသင်း ခြေစွမ်းမပြနိုင်ဘဲ အုပ်စုအဆင့်ကနေ ထွက်ရပြီးနောက် ဇွန်လမှာ ပြင်သစ်လက်ရွေးစင် အသင်းကနေ ဒုတိယအကြိမ်မြောက် အနားယူ ခဲ့ပါတယ်။

ချဲလ်ဆီးကွင်းလယ်လူဟာ ပြင်သစ်အသင်းအတွက် ပွဲပေါင်း (၇၁)ပွဲ ကစားပေး ထားပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်အမှတ်ပေး ချန်ပီယံဆု (၂)ကြိမ်နဲ့ ပြင်သစ်ဖလား (၇)ကြိမ် ရဖူးထားပေမယ့် ပြီးခဲ့တဲ့ ရာသီတုန်းက တန်းမဆင်းရရေးအတွက် ရုန်းကန်ခဲ့ရပါတယ်။

1 comment:

Welcome said...

မက်ခီလီလီရဲ့ စွမ်းဆောင်ရည်ကို အမြဲ အမှတ်ရနေပါတယ်။