Sunday, July 27, 2008

Di Santo



Di Santo ဆိုတဲ့ ဒီကစားသမားလေးကို ကျွန်တော် စတင် သတိထားမိတဲ့ အချိန်တုန်းက ချန်ပီယံလိဂ်ဖိုင်နယ် မစခင် ချဲလ်ဆီးကစားသမားတွေ ထရိန်နင် ဆင်းခဲ့တုန်းက ကွင်းလယ်လူ မက်ကေလီလီ ကြောင့် ဖိုင်နယ်မှာ အက်ရှ်လေကိုးလ် မပါနိင်တော့ဘူး ဆိုတာကြောင့် ဒေါင်းလုပ်ချကြည့်လိုက်တော့ ဒီကစားသမားလေးကို စတင် တွေ့ခဲ့တာပါ။ အရပ်ရှည်ရှည် ၊ ဆံပင်ကောက်ကောက် ၊ ရော်နယ်လ်ဒင်ဟိုလို ရုပ်မျိုးနဲ့ ကစားသမားတွေကြား တပြုံးပြုံးနဲ့ပေါ့။ ဒီနေ့ တရုတ်က ကလပ်အသင်းကို ၇း ၀ နဲ့ နိင်လိုက်တဲ့ ပွဲမှာ သူတစ်ဂိုး သွင်းယူခဲ့ပါတယ်။ ချဲလ်ဆီးမှာ လူငယ်ကစားသမား တော်တော်များများ ရှိပေမယ့် ဒီ အာဂျင်တီးနား သားလေးကတော့ တော်တော် ခြေစွမ်းထက်မဲ့ပုံ ပေါ်ပါတယ်။ ခြေစွမ်းပွဲတွေကို မကြည့်ဖြစ်တာကြောင့် ကစားပုံ ဘယ်လိုရှိမယ် မသိပေမယ့် ပီတာခရော့စ် နီးပါး အရပ်အမောင်းကတော့ အားရစရာပါ။





အရင် ချီလီကလပ် Audax Italian မှာ ၆၉ ပွဲကစားခဲ့ပြီး ၁၉ ဂိုးသွင်းယူ နိင်ခဲ့ပါတယ်။ သူ့ကို အာဂျင်တီးနား နိင်ငံ ၁၉၈၉ ခုနှစ် ဧပရယ် ( ၇ ) နေ့မှာ Mendoza မြို့မှာ မွေးဖွားခဲ့ပါတယ်။ ဒီအာဂျင်တီးနား လူငယ်တိုက်စစ်မှုးဟာ ချဲလ်ဆီးကို ၄.၆ ယူရိုနဲ့ ပြောင်းရွှေ့လာတာ ဖြစ်ပါတယ်။ အာဂျင်တီးနား ယူ-၂၀ လက်ရွေးစင် အဖြစ် ၆ ကြိမ်တိုင်တိုင် ပါဝင်ကစားခဲ့ပါတယ်။ လက်ရှိ ချဲလ်ဆီး အသင်းနဲ့ ၄ နှစ်ခွဲ စာချုပ်ချုပ်ဆို ထားပါတယ်။ နောင် အနာဂတ်မှာ စောင့်ကြည့်ရမဲ့ ကစားသမားလေးပါပဲ။

ချဲလ်ဆီး ချစ်သူတို့ရေ..... စောင့်ကြည့်ကြပါစို့။


1 comment:

စိုးထက် - Soe Htet ! said...

အဖိုးကြီး အသင်းလို့ ပြောနေ ကြတာ ဒီ လို ကလေးတွေ မွေးထားဖို့ မြေတောင် မြှောက်ပေးဖို့ လို နေပါ ပြီ :)