အတွဲလေးတွေ ကိုယ်စီနဲ့ အဆင်ပြေနေကြတယ်




ချဲလ်ဆီးက နောက်ခံလူ ၀ိန်းဘရစ်ခ်ျနဲ့ ဂိုးသမား ပီတာချက်တို့ကို သက်တမ်းတိုးတဲ့အတိုင်း ကွင်းလယ်လူ မိုက်ကယ် အက်စီယန်ကိုလည်း (၅)နှစ်စာချုပ်သစ် ထပ်မံ ချုပ်ဆိုလိုက်ပါတယ်။
အသက် (၂၅)နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၀၅ မှာ လီယွန်ကနေ ပေါင် (၂၄)သန်းနဲ့ ပြောင်းရွေ့လာကတည်းက ချဲလ်ဆီးမှာ ခြေစွမ်းပြပြီး အောင်မြင်မှုရနေတဲ့ ကစားသမား ဖြစ်ပါတယ်။
ဂါနာလက်ရွေးစင် အက်စီယန်က “ကျနော် ဒီမှာနေရတာ အရမ်းပျော်ပါတယ်။ ကျနော်တို့မှာ ကြီးကျယ် ခမ်းနားတဲ့ အသင်းတစ်သင်းနဲ့ ကျနော့်ကို အမြဲတမ်း ကြိုဆိုတဲ့ ချစ်စရာကောင်းတဲ့ ပရိတ်သတ်တွေ ရှိနေပါတယ်” လို့ ပြောပါတယ်။
“နည်းပြသစ် စကိုလာရီ ရောက်လာတဲ့အတွက် လာမယ့်ရာသီတွေမှာ အသင်းအတွက် အပေါင်းလက္ခဏာ ဆောင်တော့မဲ့ သဘောလို့ ခံစားရပါတယ်”
“ဒီမှာ အကြာကြီး နေဖူးတာတော့ မဟုတ်ပေမယ့် ကျနော့်အတွက် မိုက်ကယ် အက်စီယန်က ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး ကွင်းလယ်သမားတွေထဲက တစ်ယောက်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ပါတယ်” လို့ ဘရာဇီးသားနည်းပြသစ်က ပြောပါတယ်။
“သူ့ရဲ့ ကစားပုံကို ကျနော် အမြဲတမ်း သဘောကျပါတယ်။ သူ့ကို စာချုပ်သစ် ချုပ်နိုင်တာက ကျနော့်အတွက်နဲ့ ချဲလ်ဆီးအတွက် သတင်းကောင်းတစ်ခုပါ”
အက်စီယန်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ၂၀၀၅ ၊ ၂၀၀၆ မှာ ပရီးမီးယားရှစ် ချန်ပီယံဆု (၂)ကြိမ်နဲ့ ၂၀၀၇မှာ အက်ဖ်အေဖလား (၁)ကြိမ် ရဖူးထားပါတယ်။
သူဟာ စတန်းဖို့ဘရစ်ခ်ျအတွက် ကစားပေးထားတဲ့ (၉၂)ပွဲမှာ (၁၀)ဂိုး သွင်းထားပါတယ်။
"I have been here only a few days but have seen that he is one of the best professionals at the club. I very much like his playing style." ပြောကြားသွားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ ချဲလ်ဆီးအတွက် ကစားသမားကောင်းတစ်ဦးပါ။ အရန်ခုံမှာ ထိုင်နေရသော်လည်း အသင်းအတွက် စိတ်ဓတ်ရှိဆဲပါ။
ချဲလ်ဆီးက ဒီဒီရော ဒရော့ဘာကို အသင်းမှာပဲ အရိုးထုတ်သွားနိုင်ဖို့အတွက် မက်မောလောက်တဲ့ စာချုပ်သစ် တစ်ခုနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။
နည်းပြသစ် စကိုလာရီဟာ အိုင်ဗရီကို့စ် တိုက်စစ်မှူး ဒရော့ဘာကို အသင်းမှာပဲ ဆက်ထိန်းထားဖို့ ဆန္ဒရှိ နေပါတယ်။
စကိုလာရီက ဒရော့ဘာရဲ့ တောင်းဆိုချက်အတိုင်း (၄)နှစ်စာချုပ်နဲ့ သက်တမ်းတိုးသွားမယ်လို့ ကစားသမားရဲ့ အေးဂျင့်ကို ပြောပါတယ်။
အသက် (၃၀)အရွယ် တိုက်စစ်မှူးရဲ့ လက်ရှိလစာဟာ တစ်ပတ်ကို ပေါင် (၇၀,၀၀၀) ရပေမယ့် စာချုပ်သစ်မှာ အသင်းခေါင်းဆောင် တယ်ရီရတဲ့ လစာနှုန်းဖြစ်တဲ့ ပေါင် (၁၃၀,၀၀၀) အထိ တိုးမြင့် ရရှိမှာ ဖြစ်ပါတယ်။
နည်းပြ စကိုလာရီက “ကျနော် သူ့ကို ရာနူန်းပြည့် အသင်းမှာ နေစချင်ပါတယ်။ (၂၀၀) ရာခိုင်နှုန်းလောက်အထိတောင် နေစချင်ပါတယ်” လို့ ပြောပါတယ်။
ဒရော့ဘာကို အီတလီကလပ်တွေဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်အပြင် စပိန်ကလပ် ဘာစီလိုနာကလည်း ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။
တိုက်စစ်မှူးဟာ ဇူလိုင်၊ ၂၀၀၄ မှာ ပေါင် (၂၃.၈)သန်းနဲ့ မာဆေးကလပ်ကနေ ချဲလ်ဆီးကို ရောက်ရှိလာပြီး ပွဲပေါင်း (၁၁၀)မှာ ဂိုး (၅၀) သွင်းထားပါတယ်။
သူဟာ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းအတွက် (၅၂)ပွဲမှာ (၃၄)ဂိုး သွင်းထားပါတယ်။ ကျွန်တော့် အထင်ကတော့ ဒရော့ဘာဟာ ချဲလ်ဆီး အသင်းအတွက် လိုအပ်ဆဲပါ။ တကယ်အရေးကြီး ပွဲတွေမှာ သူ့ကြောင့်လည်း အောင်မြင်ခဲ့ရသလို ၊ တစ်ချို့ပွဲတွေမှာလည်း အားမထည့်တာကို တွေ့ရပါတယ်။ ဒီတော့ ပြောချင်တာ “ စားရမှာလည်း သဲတရှပ်ရှပ် ၊ ပစ်ရမှာလည်း အဆီတ၀င်းဝင်း ” ဆိုသလို ဖြစ်နေပါတယ်။ ဘယ်လိုပဲ ပြောပြော သူကလည်း သူ့အနာဂတ်အတွက် စာချုပ် တိုးချုပ်တာပါ။
ကျွန်တော်ကတော့ သူ့ကို စကိုလာရီ နည်းတူ အသင်းမှာပဲ ဆက်လက်ရှိနေစေချင်ပါတယ် ခင်ဗျာ။
ချဲလ်ဆီးကွင်းလယ်လူ ဖရန့် လမ်းပတ်ဟာ နည်းပြသက်တမ်းအတွင်း တွေ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်တယ်လို့ အင်တာမီလန်နည်းပြသစ် ဂျိုဆေ မော်ညင်ဟိုက ထုတ်ဖော် လိုက်ပါတယ်။
ဖရန့် လမ်းပတ်က “တခြားသူတွေနဲ့ မတူတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ အပေါ်ယံဆန်တဲ့ လူမျိုး မဟုတ်ပါဘူး။ သူက ကျနော့်နည်းပြသက်တမ်း အတွင်းမှာ တွေ့ဖူးတဲ့ အကောင်းဆုံး ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ” လို့ မော်ညင်ဟိုက ပြောပါတယ်။
“သူက အကောင်းဆုံး လေ့ကျင့်တဲ့ ကစားသမားပါ။ နောက်ပြီး အာရုံစူးစိုက်မှုနဲ့ စွဲမြဲမှုကလည်း သူများထက် ပိုပါတယ်။ အမြဲတမ်း သူ့ကိုယ်သူလည်း အာရုံစိုက်ပါတယ်”
မော်ညင်ဟိုဟာ အင်တာအသင်းကို တည်ဆောက်ဖို့အတွက် အသက် (၃၀)အရွယ် တပည့်ဟောင်း လမ်းပတ်ကို ခေါ်ယူလိုတဲ့အတွက် ပေါင် (၇.၉၅)သန်းနဲ့ တရားဝင် ကမ်းလှမ်းထားပေမယ့် ချဲလ်ဆီးက ပယ်ချ ထားပါတယ်။
“သူ့ရဲ့ ကစားပုံအတွက် ဘယ်တော့မှ ကျေနပ်တဲ့ ကစားသမားတစ်ယောက် မဟုတ်ပါဘူး။ အမြဲတမ်း တိုးတက်မှုကို လိုချင်နေပါတယ်။ နောက်ပြီး အမြဲတမ်း သင်ယူချင် နေပါတယ်”
“တကယ်လို့ ပွဲတစ်ပွဲမှာ အမှားအယွင်း လုပ်ခဲ့မိရင် နောက်နေ့ လေ့ကျင့်ရေးကွင်းမှာ တစ်နာရီ၊ နှစ်နာရီပိုပြီး လေ့ကျင့်ပါတယ်”
၎င်းက ဆက်လက်ပြီး “ကျနော် မှတ်မိပါသေးတယ်။ သူ ဘယ်ခြေနဲ့ မြေလိမ့်ဘော ကန်တာ ဂိုးမ၀င်ပဲ လွဲသွားလို့ နောက်နေ့ လေ့ကျင့်ရေးကွင်းမှာ တစ်နာရီကျော်ကြာ ဘယ်ခြေနဲ့ မြေလိမ့်ဘောကန်တာ ကျင့်နေခဲ့ပါတယ်။ လမ်းပတ်ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကတော့  မယုံကြည်နိုင်စရာပါပဲ” လို့ ထပ်ပြောပါတယ်။
စာချုပ်သစ် ထပ်မချုပ်နိုင်ရင်တောင် ဖရန့် လမ်းပတ်အနေနဲ့ လက်ရှိစာချုပ်သက်တမ်း ကုန်တဲ့အထိ အသင်းမှာပဲ ဆက်နေသွားလိမ့်မယ်လို့ ချဲလ်ဆီးအမှုဆောင် အရာရှိ ပီတာ ကင်ယွန်က အခိုင်အမာ ပြောပါတယ်။
အသက် (၃၀) အရွယ် လမ်းပတ်ဟာ ချဲလ်ဆီးက လက်ရှိ ကမ်းလှမ်းတဲ့ (၄)နှစ်စာချုပ်သက်တမ်းထက် ပိုပြီး ကမ်းလှမ်းစေချင် နေပါတယ်။
ချဲလ်ဆီးဟာ အင်တာမီလန်နည်းပြသစ် မော်ညင်ဟိုရဲ့ လမ်းပတ်အပေါ် ပေါင် (၇.၉၅)သန်နဲ့ ကမ်းလှမ်းချက်ကိုလည်း ငြင်းပယ် ထားပါတယ်။
အမှုဆောင် အရာရှိ ပီတာ ကင်ယွန်က “မကြာခင်မှာ စာချုပ်သစ် ချုပ်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။ တကယ်လို့ အဆင်မပြေရင်လည်း သူ့အနေနဲ့ စာချုပ်ကုန်တဲ့အထိ နေသွားမှာပါ” လို့ ပြောပါတယ်။
“အခြေအနေတွေက ဆက်သွားနေဆဲပါ။ ကျနော်တို့ လမ်းပတ်ကို ဒီမှာ ဆက်ရှိနေအောင် ထိမ်းသိန်းသွားမှာပါ။ သူ့အတွက် ကမ်းလှမ်းမှုကတော့ စားပွဲဝိုင်းမှာပဲ ရှိပါသေးတယ်”
နည်းပြသစ် လူဇ် ဖိလစ်ပီ စကိုလာရီကလည်း လမ်းပတ်ကို အသင်းမှာ ဆက်နေစေခြင်ကြောင်း အတိအလင်း ပြောထားပါတယ်။
Grid Focus by Derek Punsalan 5thirtyone.com. Converted by Blogger Buster. Distributed by : Blogger Blog Templates of the Fractal Blog Network