Showing posts with label ပြန်ကြားချက်. Show all posts
Showing posts with label ပြန်ကြားချက်. Show all posts

Friday, May 22, 2009

LAMPS IS PLAYER OF THE YEAR - 2009


Frank Lampard has become the first to be named Chelsea Player of the Year for a third time.

The 2004 and 2005 winner was again voted the leading performer over the season by the fans. The trophy was handed over by Guus Hiddink to a vice-captain who declared himself 'delighted'.

'It feels great because of the amount of top quality players who have won this award,' Lampard told Chelseafc.com.

'When I came here I never expected to win it three times at all, I just wanted to establish myself, but getting this award and the recognition from your own fans is a huge thing in football. I am absolutely delighted.'

Michael Essien's thunderous left-foot volley at home to Barcelona was voted Chelsea Goal of the Season by the supporters.

It's the second time in the three years this award has been part of the Player of the Year evening that the Ghanaian has won the accolade. In 2007 another rocket at the Bridge, this time at home to Arsenal, gained the most votes. Last season Juliano Belletti's strike v Tottenham was the winner.

The trophy was presented to Essien by Jimmy Floyd Hasselbaink.



'It is always good to win something,' Essien told Chelseafc.com. 'We put effort in to win trophies and win personal trophies, so it is great.

'I meant to do it because when I saw the ball coming that was the only option that came to my mind, I tried to take it and I had a bit of luck.

'It is difficult to score those kinds of goals and you need a bit of luck.'

Ashley Cole won the Samsung Players' Player of the Year, an accolade presented by former Player of the Year Charlie Cooke and decided by the staff who work with the first team as well as the squad.

'I'm shocked but it's a great honour and I am very privileged to have got this award,' Cole smiled as he cradled the trophy. 'There are a lot of players who deserved it, but I am happy to collect this award.

'It is always nice to get recognition from anyone but from your players it means a lot more and I feel this year I could have done better, I could have scored a few goals, but I do feel the fittest I have ever felt and playing as best as I have for Chelsea.'

The Young Player of the Year award was in association with adidas and was selected by coaches Paul Clement and Ray Wilkins.

Michael Mancienne who turned 21 this season and returned from loan at Wolves to make his Chelsea first team debut was the winner.

That award was presented by golf legend Colin Montgomerie (above left) and Bob Orsborn (right), many years an important figure in the Chelsea Academy who was once the young JT's landlord and his first Chelsea coach at the age of 14.

Peter Kenyon handed a Special Recognition award, a new honour, to CLIC Sargent, Chelsea's UK charity partner for the past four years. It's a partnership that is coming to an end in its current form but has raised over £2 million for work with children with cancer.


CHELSEA PLAYER OF THE YEAR
1967 Peter Bonetti
1968 Charlie Cooke
1969 David Webb
1970 John Hollins
1971 John Hollins
1972 David Webb
1973 Peter Osgood
1974 Gary Locke
1975 Charlie Cooke
1976 Ray Wilkins
1977 Ray Wilkins
1978 Micky Droy
1979 Tommy Langley
1980 Clive Walker
1981 Petar Borota
1982 Mike Fillery
1983 Joey Jones
1984 Pat Nevin
1985 David Speedie
1986 Eddie Niedzwiecki
1987 Pat Nevin
1988 Tony Dorigo
1989 Graham Roberts
1990 Ken Monkou
1991 Andy Townsend
1992 Paul Elliott
1993 Frank Sinclair
1994 Steve Clarke
1995 Erland Johnsen
1996 Ruud Gullit
1997 Mark Hughes
1998 Dennis Wise
1999 Gianfranco Zola
2000 Dennis Wise
2001 John Terry
2002 Carlo Cudicini
2003 Gianfranco Zola
2004 Frank Lampard
2005 Frank Lampard
2006 John Terry
2007 Michael Essien
2008 Joe Cole
2009 Frank Lampard


CHELSEA YOUNG PLAYER OF THE YEAR


1983 Keith Dublin
1984 Robert Isaac
1985 Gareth Hall
1986 Micky Bodley
1987 Jason Cundy
1988Eddie Cunnington
1989 No award
1990 No award
1991 Andy Myers
1992 Zeke Rowe
1993 Neil Shipperley
1994 Mark Nicholls
1995 Chris McCann
1996 Jody Morris
1997 Nick Crittenden
1998 John Terry
1999 Sam Dalla Bona
2000 Rhys Evans
2001 Leon Knight
2002 Carlton Cole
2003 Robert Huth
2004 Robert Huth
2005 Robert Huth
2006 Lassana Diarra
2007 John Mikel Obi
2008 The U18s Youth team
2009 Michael Mancienne

CHELSEA PLAYER'S PLAYER OF THE YEAR

Sponsored by Samsung and voted by the first team squad, coaching and medical staff
2006 Claude Makelele
2007 Didier Drogba
2008 Ricardo Carvalho
2009 Ashley Cole

CHELSEA GOAL OF THE SEASON


2007 Michael Essien v Arsenal
2008 Juliano Belletti v Tottenham
2009 Michael Essien v Barcelona


Thursday, May 7, 2009

တကယ်ဆို ကျွန်တော်တို့ အနေနဲ့ အကောင်းဆုံး ကစားသွားတာပဲလေ။ လူတိုင်းက ချဲလ်ဆီးကို ဘာကြောင့်မုန်းနေတယ်ဆိုကိုတော့ ကျနော်တို့ မသိဘူး။ ချဲလ်ဆီးအသင်းက ငွေကြေးတက်နိင်တယ် ဆိုပြီး ကစားသမားတွေကို လိုက်ဝယ်တယ်ဆိုပြီး အမြင်ကတ်နေကြတာလားဆိုရင်တော့ စဉ်းစားစရာပဲ။ အသင်း ၁ သင်းအောင်မြင်ဖို့ ခြောက်ပဲ တပြားနဲ့ တည်ထောင်လို့ ရတာ မဟုတ်ပါဘူး။ ထိုက်သင့်သလောက်တော့ အရင်းအနှီးဆိုတာ စိုက်ထုတ်ရတာပါပဲ။

ချဲလ်ဆီး - ဘာကာပွဲနဲ့ ပတ်သက်လို့ လူတွေက ချဲလ်ဆီးဘာဖြစ်တယ် ညာဖြစ်တယ်နဲ့။ ခင်ဗျားတို့ ဘောလုံးအကြောင်းများ နကန်းတလုံးနားလည်ရဲ့လား မေးလိုက်ချင်တယ်။ ဘောလုံးဆိုတာ ရသမျိုးစုံပေးတဲ့ တိုက်ပွဲတခုလိုပဲ။ တဖက်က တိုက်စစ်အရမ်းသန်နေတဲ့အချိန် ပိတ်သင့်တာကို ပိတ်လိုက်ရတယ် ၊ တဖက်တိုက်စစ် အရှိန်သေအောင် လုပ်သင့်တာကို လုပ်ပစ်လိုက်ရတယ်။ ဒါကို အပြစ်ပြောနေဖို့ မလိုဘူး။ လူဆိုတာ ကိုယ့်ပန်းတိုင်းရောက်ဖို့ နည်းအမျိုးမျိုးနဲ့ ချဉ်းကပ်နေကြတာ။ ဘယ်သူမှ ပြီးပြည့်စုံတဲ့ အသင်းဆိုတာ မရှိပါဘူး။


သူတို့က တိုက်စစ်အရမ်းကောင်းပါတယ်ဆိုရင် ကျနော်တို့ကလည်း ခံစစ်ကို အကောင်းဆုံး ဆော့နိင်ခဲ့တဲ့ အသင်းပဲလေ။ အီတလီ ဘာကြောင့် ကမ္ဘာကျော်ခဲ့လည်း။ ဒါကို လူတိုင်းသိတယ်။

ကိုယ်သာလျှင် ကောင်းကြောင်း ၊ သူများအသင်းသာလျှင် ဆိုးကြောင်း ပြောနေရင် ခင်ဗျားတို့ ပါးစပ်တွေက ထမင်းမစားသင့်ဘူး။ လူတွေက ဒီခေတ်ကြီးမှာ တရားမျှတမှုကို လိုချင်ပါတယ်ဗျို့ဆိုပြီး ဖင်ကုန်းပြီး အော်နေပေမယ့် မိမိကိုယ်၌က တရားမျှမျှတတချည်းပဲ လုပ်ခဲ့တာလားဆိုတာ မျက်လုံးကို စေ့စေ့ကြည့်ပြီး မေးလိုက်ချင်ပါတယ်။

ကျနော်တို့အသင်းက တိုက်စစ်မှုး ၂ ယောက်သာ အဆုံးသတ် သေချာခဲ့လျှင် ဒီပွဲဟာ ကျနော်တို့ဖိုင်နယ်ပေါ့ဗျာ။ ဒိုင်လူကြီး မမှန်တာကိုတော့ ထည့်မပြောတော့ပါဘူး။ တကယ်တော့ အနီတကဒ်နဲ့ ကျနော်တို့ ဖိုင်နယ်ကန်ခွင့်ကို လက်လွှတ်ဆုံးရှုံး ခဲ့ရတာပါ။



ကျနော်တို့ တိုက်စစ်မှုးတွေ ညံခဲ့တယ်။ ဒိုင်က ဆုံးဖြက်ချက်မှားခဲ့တယ်။ အခုတော့ ဘာကာနောက်တန်းက လူတွေ အနီကတ်နဲ့ ပွဲပယ်နဲ့ လူနာတာနဲ့ ပြည့်သွားခဲ့ပြီဆိုတော့ နောက်အသင်းအတွက် ရေကန်အသင့် ကြာအသင့်ပေါ့ဗျာ။


သူများတွေ ပုဂ္ဂိုလ်ရေးအရပဲ မုန်းမုန်း ၊ ဘယ်လိုနည်းနဲ့ပဲ မုန်းမုန်း ကျနော်တို့ကတော့ ထာဝရချဲလ်ဆီးပါပဲ။ “ မိုးရွာမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ပေမယ့် တကယ်တမ်း နေပူခဲ့တာကို ကျနော်တို့ လက်ခံနိင်ပါတယ် ” ။

လောကမှာ ဘယ်အရာမှ မတည်မြဲဘူးဆိုတာ ထမင်းစားတဲ့ လူတိုင်းသိပါတယ်။ ကိုယ့်အလှည့်ကြရင် ကြုံလာတဲ့ အခါ သွေးအေးအေးနဲ့ ရင်ဆိုင်နိင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။




Monday, October 27, 2008

မကျေနပ်တဲ့ ချဲလ်ဆီးး လီဗာပူးလ်

တကယ်တော့ ဒီပွဲဟာ လီဗာပူးလ်ရဲ့ အသင်းကြီး တသင်းရဲ့ အဆင့်အနေနဲ့တောင် မတန်ဘဲ သရေအများဆုံး မျှော်လင့်ထားတဲ့ ပွဲတပွဲပဲ ဖြစ်သင့်ခဲ့တာပါ။ ချဲလ်ဆီးရဲ့တိုက်စစ်ကို ခုံခံရင်း အခြေအနေ ပေးပါက တန်ပြန်တိုက်စစ် ၊ ဒါမှ မဟုတ် ကော်နာ ခေါင်းတိုက်ဘော ၊ ပြစ်ဒဏ်ဘော တို့က တဆင့် ဂိုးရနိင်ဖို့ပဲ မျှော်လင့်ထားခဲ့မယ်လို ထင်မိပါတယ်။

အခြေအနေက ဒီလိုတော့ ရှိခဲ့တယ်




အသင်းကြီး တသင်းမပြီသစွာ တန်ပြန်တိုက်စစ် မဆင်နိင်ပဲ တချိန်လုံး နောက်တန်း ၈ ယောက် ရှေ့တန်း ၂ ယောက် ဂိုးသမား ၁ ယောက်နဲ့ ကန်သွားပါတယ်။ ချဲလ်ဆီးကပဲ ကံဆိုးတာလား ၊ လီးဗာရူးကပဲ ကံကောင်းတာလား မသိတော့ပါဘူး။ ပွဲစပြီး သိပ်မကြာခင် အလွန်ဆိုး ဆိုတဲ့ကောင်၇ဲ့ ကြက်ကစ်လို့တောင် မခေါ်ထိုက်တဲ့ ပျော့ဖတ်ဖတ် ကန်ချက်ဟာ လူထိပြီး လမ်းကြောင်းလွဲကာ ဂိုးထဲကို ၀င်သွားခဲ့ရပါတယ်။

သရေကျမယ်လို့ အများဆုံးမျှော်လင့်ထားရာကနေ အနိင်ရလိုက်တော့ ပိတ်လိုက်တဲ့နောက်တန်း ၊ ချလိုက်တဲ့ လူ ။ ဒီကြားထဲ ချဲလ်ဆီးကန်သမျှဟာ လူထိ ၊ ဘေးထွက်နဲ့ ပဲ ချဲလ်ဆီးတို့ ၈၆ ပွဲမရှိ မရှုံးခဲ့တဲ့ စံချိန်ကို လီဗာရူးတို့ အဆုံးသတ်ပေးခဲ့ပါတယ်။ ဒါဟာ စံချိန်ချိုးတာ မဟုတ်ပါဘူး။ ရပ်တန့်စေခဲ့တာပါ။ စံချိန်ချိုးချင်တယ်ဆိုရင်တော့ အနည်းဆုံး ၈၆ ပွဲအထက် အရှုံးမခံဖို့ပဲ ရှိပါတယ်။

နောက်တပတ်တော့ ခြေစွာနေတဲ့ ဟူးလ်စီးတီး ဆိုတဲ့အသင်းကို မကြေနပ်ချက်တွေ ပုံချကြတာပေါ့ဗျာ။ တောက်.... သူတပြန် ကိုယ်တပြန်မဟုတ်ဘဲ တဖက်သတ် ကန်ပြီး ရှုံးရတာကို အနာဆုံးပဲ။


Monday, October 13, 2008

ဝမ်းနည်းမှတ်တမ်း

ကျွန်တော်တို့၏ ချဲလ်ဆီးဖန် တစ်ဦး ဖြစ်တဲ့ ကိုဟက်ကြီး ၏ ဖခင် ကွယ်လွန်ခဲ့ သည့် အတွက် မိသားစု နှင့်အတူ ချဲလ်ဆီး ဖန်များမှ ၀မ်းနည်း ပါကြောင်းနှင့် ၊ ဦးလေးအား ကောင်းရာ သုဂတိ လားပါစေကြောင်း ၀မ်းနည်းစွာ ဆုတောင်း မေတ္တာ ပို့သ အပ်ပါသည် ခင်ဗျာ။

Tuesday, September 9, 2008

Coming Soon !!!!!! www.myanmarchelseafan.com

ဒါက အမြည်းသဘောလေးပေါ့ဗျာ။ ဒေါ့ကွန်ကို ချိန်းနေတာ အွန်လိုင်းမဖြစ်သေးလို့ပါ။ အားလုံးတော့ ပြင်ပြီးပါပြီ။ အခုလောလောဆယ်တော့ ဒီဟာလေးနဲ့ပဲ စခန်းသွားကြတာပေါ့ဗျာ။ နည်းနည်းလေး စိတ်ရှည်ပေးကြပါ။ အကြောင်းကြောင်းတွေကြောင့် ( ငွေရေးကြေးရေးမဟုတ်ပါ ) ဘလော့ဂ်ကနေပဲ ဆိုက်ဒ်စတိုင်အသစ်နဲ့ လုပ်ထားတာပါ။ မကြာခင် မြင်တွေ့ပါစေမယ်လို့ ကတိပေးပါတယ်။း)


Tuesday, September 2, 2008

လူယုတ်မာ ရီးယဲ

ရီးယဲကတော့ ယုတ်မာတယ်ဟေ့.........................လုပ်ချလိုက်ပြီဗျာ

ရီးယဲမက်ဒရစ်အသင်းမှ ရော်ဘင်ဟိုအား မန်ချက်စတာ စီးတီးအသင်းသို့ ပေါင် ၃၂.၅သန်းဖြင့် ဘရာဇီးတိုက်စစ်မှူး ရော်ဘင်ဟိုအား ရောင်းချရန်သဘောတူညီမှုရရှိခဲ့ပြီဟု ရီးရဲအသင်းပိုင် ၀က်ဆိုဒ်မှ အတည်ပြုပြောကြားခဲ့သည်။

ရော်ဘင်ဟိုမှာ ချယ်ဆီးအသင်းက ခေါ်ယူလိုနေသော ကစားသမားဖြစ်ပြီး အင်္ကျီပါ ရောင်းချခဲ့သေးသည်။ မန်စီးတီးအသင်းအား ဒူဘိုင်းအခြေစိုက် Abu Dhabi United Group ကုမ္မဏီက ၀ယ်ယူရန်သဘောတူညီပြီးနောက် အပြောင်းအရွှေ့ဈေးကွက်အတွင်း လှုတ်ရှားလာရာ မန်ယူအသင်းက ခေါ်ယူရန်ကြိုးစားနေသော ဘာဘာတော့ဖ်အား မန်ယူထက်ဈေးပိုပေးပြီး ခေါ်ယူရန် စပါးအသင်းနှင့် သဘောတူညီချက်ရခဲ့သေးသော်လည်း ဘာဘာတော့ဖ်က မန်ယူသို့သာ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ချယ်ဆီးအသင်းက ခေါ်ယူရန် ကြိုးစားနေသော ရော်ဘင်ဟိုမှာမူ ရီးယဲက ချယ်ဆီးအသင်းထက် သာမန်အသင်းတစ်သင်းသို့သာ ရောင်းချရန် ကြိုးစားနေခြင်းဖြစ်ရာ အသင်းနှင့် လုံးဝအဆင်မပြေတော့သော ရော်ဘင်ဟိုအနေဖြင့် လုံးဝ ရွေးချယ်စရာ မရှိတော့ဘဲ မန်စီးတီးအသင်းသို့သာ ရွေးချယ်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

Monday, August 11, 2008

အဲဒီတုန်းကပေါ့.....

ပို့စ်မောက် အနေဖြင့် ချဲလ်ဆီးနှင့် ပွဲအတွက် ယုံကြည်မှု ပိုရှိလာတယ်လို့ ဒေးဗစ်ဂျိမ်းက ပြောကြားခဲ့ပါတယ်။ ဒါဟာ ဘာလို့လည်းဆိုတော့ ကွန်မြူနတီဒိုင်းမှာ မန်ယူနဲ့ သရေကျအောင် ကန်နိင်ခဲ့တာကြောင့်ပါ။ အဲဒီပွဲကို ကြည့်လိုက်ရမယ် ဆိုရင်တော့ ကျွန်တော်ပြောတာ မမှားနိင်ဘူးလို့ ထင်ပါတယ်။ ပို့မောက်စ် အနေဖြင့် တိုက်စစ်ကို လုံးဝ ပျောက်နေခဲ့ပါတယ်။ မန်ယူက နာနီ ဖောက်တာကို ခုခံကာကွယ်နေရတာနဲ့ပဲ တချိန်လုံး ခံစစ်သာ ဆော့ကစား သွားတာပါ။ အသစ်ပြောင်းလာတဲ့ ပီတာခရော့ခ်ကလည်း ဖြစ်မြောင်အောင် မစွမ်းဆောင် နိင်ပါဘူး။ ပို့စ်မောက်က Distin , Diop , Campbell တို့ကောင်းလို့သာ ဒီလောက်ထိ ခံနိင်ခဲ့ခြင်းပါ။ James အနေနဲ့ကလည်း တိဗက်ဇ် လှည့်ကန်တဲ့ အလုံးကို ကာကွယ်လိုက်နိင်တာက လွဲလို့ တခြားဘာမှ ထူးထူးခြားခြား မဖမ်းခဲ့ရပါဘူး။ ဒါကြောင့် နှစ်သင်းစလုံးသာ အပြန်အလှန် ကစားကြပေမယ့် တိုက်စစ်ပိုင်း အားနည်းခဲ့ပါတယ်။

အဲဒီမှာ အလယ်တန်း အားသာတဲ့ အသင်းကတော့ ဖိကစားသွားနိင်တာပေါ့။ မန်ယူမှာ ရော်နယ်လ်ဒို ၊ ရွန်းနီ ပါလာရင်တော့ ဘယ်လိုဖြစ်မယ် မသိပေမယ့် အခုမန်ယူ တိုက်စစ်ကတော့ သာမန်လောက်ပါပဲ။ အဆိုးဆုံးကတော့ ပို့စ်မောက် တိုက်စစ်လုံးဝ ပျောက်ခဲ့တာကြောင့် မန်ယူနောက်တန်းကို မခြိမ်းခြောက်နိင်ခဲ့တာပါ။

ပို့စ်မောက် အနေဖြင့် ချဲလ်ဆီးနဲ့ အဖြေ ဘယ်လိုလာမယ်ဆိုတာ စောင့်ကြည့်ကြပါစို့။


Saturday, July 12, 2008

ရှက်ချန်ကို ပြန်တော့မှာလား ........


ယူကရိန်း တိုက်စစ်မှုး ရှက်ချန်ကိုအား ချဲလ်ဆီးအသင်းမှ အေစီမီလန်ကလပ် သို့ ပြောင်းရွှေ့ရန် ဆွေးနွေးခွင့် ပြုခဲ့ပြီဟု သိရပါသည်။ ချဲလ်ဆီး CEO ပီတာ ကင်ယွန်က ဆာဒီးနီးယားသို့ သွားရောက်ကာ မီလန်ဒုဥက္ကဌ ဂယ်လီယာနီနှင့် တွေ့ဆုံဆွေးနွေးမှု ပြီးမှာတော့ ဒီလို သတင်းထွက်လာခဲ့ပါတယ်။

တပတ်လုပ်ခ ပေါင် ၁ သိန်း ၃ သောင်းပေးနေရသော်လည်း ဖြစ်မြှောက်အောင် အသင်းအတွက် အကျိုးမဆောင် ခဲ့တဲ့ အသင်းပိုင်ရှင် အလိုကျ ခေါ်ထားရတဲ့အတွက် စကိုလာရီက ထုတ်ပယ်ဖို့ သူ့ကို နဂိုလေးစားမှု ရှိနေတဲ့ အသင်းပိုင်ရှင် အီဗရာမိုဗစ်ခ်ျကို ပြောပြခဲ့ပြီးနောက် ထွက်ပေါ်လာချင်း ဖြစ်ပါသည်။ အေစီမီလန် သူရဲကောင်း ဖြစ်ခဲ့ဘူးတဲ့ ရှက်ချန်ကို ကို မီလန်ကလည်း တိုက်စစ်မှုးနေရာအတွက် ပြန်လည်လိုချင်နေပါတယ်။


Friday, July 11, 2008

ဇိုလာ - ပြောပြီ



အင်တာမီလန် နည်းပြအသစ် တဖြစ်လဲ အရင်ချဲလ်ဆီး နည်းပြဟောင်း ဂျို့စ်ဆေး မိုရင်ဟိုဟာ ချဲလ်ဆီးကစား သမား လမ်းပတ်ကို ရရှိရန် မလွယ်ကူကြောင်း ပြောကြားခဲ့ပါတယ်။ လမ်းပတ်ဟာ လက်ရှိစာချုပ် ၁ နှစ်သာ ကျန်ရှိတော့သည့် အတွက် အင်တာမီလန်အသင်းက အစက ပြောင်းရွှေ့ကြေး ပေါင် ၆.၅ သန်း ၊ နောက်တော့ ၇.၉ သန်း ၊ အခုနောက်ဆုံး ၉ သန်းနှင့် ကမ်းလှမ်းလာပါတယ်။

သို့သော် ချဲလ်ဆီး ကလပ်က ထိုကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ပြီး မိမိတို့အနေဖြင့် လမ်းပတ်ကို အသင်းမှာ ဆက်ရှိနေသေးကြောင်း ၊ လက်ရှိအနေဖြင့်လည်း သက်တမ်း ၁ နှစ်ကျန်ရှိနေသေးပြီး ၊ သက်တမ်းတိုး စာချုပ်ကိုလည်း အမြန်ဆုံးချုပ်ဆို သွားဖို့ ကြိုးစားနေပါကြောင်း ပြောကြားထားပါတယ်။

လမ်းပတ်လို ပရို ကျသော ကစားသမားမျိုးကို ဘယ်တော့မှ မတွေ့ဘူးခဲ့ကြောင်း မော်ရင်ဟိုက ဆွဲဆောင်ပြောဆိုခဲ့သော်လည်း ရဖို့ လွယ်လွယ်နှင့် မဖြစ်နိင်ကြောင်း ၊ ချဲလ်ဆီးကလပ်မှလည်း လမ်းပတ်လို အသင်းအတွက် စွမ်းဆောင်နိင်သော ၊ အကျိုးပြုသော် ကစားသမားမျိုးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ကြောင်း ၊ လမ်းပတ်ကို ရရေးမှာ စစ်ပွဲတစ်ပွဲကို ဆင်နွဲရသကဲ့သို့ ခက်ခဲလိမ့်မည် ဖြစ်ကြောင်း.....

ပါမား ၊ နာပိုလီ ၊ ကက်ဂလီယာရီ တို့တွင် ကစားခဲ့ပြီး ချဲလ်ဆီးတွင် ရှိစဉ်အခါကလည်း ပရိတ်သက် အချစ်တော် ဖြစ်ခဲ့သည့် ၊ ချဲလ်ဆီး၏ အကောင်းဆုံး နိင်ငံခြား ကစားသမားဆုကို ရရှိခဲ့သည့် ဇိုလာက ပြောကြားသွားပါသည်။


သူဘယ်လိုလူစားလဲ.....



ချဲလ်ဆီးကွင်းလယ်လူ ဖရန့် လမ်းပတ်ဟာ နည်းပြသက်တမ်းအတွင်း တွေ့ဖူးသမျှ ကစားသမားတွေထဲမှာ အကောင်းဆုံး ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်တယ်လို့ အင်တာမီလန်နည်းပြသစ် ဂျိုဆေ မော်ညင်ဟိုက ထုတ်ဖော် လိုက်ပါတယ်။

ဖရန့် လမ်းပတ်က “တခြားသူတွေနဲ့ မတူတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ။ အပေါ်ယံဆန်တဲ့ လူမျိုး မဟုတ်ပါဘူး။ သူက ကျနော့်နည်းပြသက်တမ်း အတွင်းမှာ တွေ့ဖူးတဲ့ အကောင်းဆုံး ပရော်ဖက်ရှင်နယ် တစ်ယောက်ပါ” လို့ မော်ညင်ဟိုက ပြောပါတယ်။

“သူက အကောင်းဆုံး လေ့ကျင့်တဲ့ ကစားသမားပါ။ နောက်ပြီး အာရုံစူးစိုက်မှုနဲ့ စွဲမြဲမှုကလည်း သူများထက် ပိုပါတယ်။ အမြဲတမ်း သူ့ကိုယ်သူလည်း အာရုံစိုက်ပါတယ်”

မော်ညင်ဟိုဟာ အင်တာအသင်းကို တည်ဆောက်ဖို့အတွက် အသက် (၃၀)အရွယ် တပည့်ဟောင်း လမ်းပတ်ကို ခေါ်ယူလိုတဲ့အတွက် ပေါင် (၇.၉၅)သန်းနဲ့ တရားဝင် ကမ်းလှမ်းထားပေမယ့် ချဲလ်ဆီးက ပယ်ချ ထားပါတယ်။

“သူ့ရဲ့ ကစားပုံအတွက် ဘယ်တော့မှ ကျေနပ်တဲ့ ကစားသမားတစ်ယောက် မဟုတ်ပါဘူး။ အမြဲတမ်း တိုးတက်မှုကို လိုချင်နေပါတယ်။ နောက်ပြီး အမြဲတမ်း သင်ယူချင် နေပါတယ်”

“တကယ်လို့ ပွဲတစ်ပွဲမှာ အမှားအယွင်း လုပ်ခဲ့မိရင် နောက်နေ့ လေ့ကျင့်ရေးကွင်းမှာ တစ်နာရီ၊ နှစ်နာရီပိုပြီး လေ့ကျင့်ပါတယ်”

၎င်းက ဆက်လက်ပြီး “ကျနော် မှတ်မိပါသေးတယ်။ သူ ဘယ်ခြေနဲ့ မြေလိမ့်ဘော ကန်တာ ဂိုးမ၀င်ပဲ လွဲသွားလို့ နောက်နေ့ လေ့ကျင့်ရေးကွင်းမှာ တစ်နာရီကျော်ကြာ ဘယ်ခြေနဲ့ မြေလိမ့်ဘောကန်တာ ကျင့်နေခဲ့ပါတယ်။ လမ်းပတ်ရဲ့ ပရော်ဖက်ရှင်နယ် ပီသမှုကတော့  မယုံကြည်နိုင်စရာပါပဲ” လို့ ထပ်ပြောပါတယ်။



Wednesday, July 9, 2008

သူပြောသွားတယ်....


နည်းပြသစ် စကိုလာရီကတော့ သူဟာ ချဲလ်ဆီး အသင်းမှာ မည်သူ့ကိုမှ ကြောက်ရွံနေမှာ မဟုတ်ပါဘူးတဲ့ဆိုပြီး မနေ့က ချဲလ်ဆီးကလပ် တွေ့ဆုံရေးမှာ ပြောခဲ့ပါတယ်။ သူဟာ ၂၀၀၂ ကမ္ဘာဖလားတုန်းက ဘရာဇီးလ်အသင်းကို ကိုင်တွယ်ရာ၌ ဖိအားများဖြင့်ရင်ဆိုင် ခဲ့ရသော်လည်း ဗိုလ်စွဲနိင်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းမှာ ကစားသမား ၃၂ ယောက်ရှိပြီး လက်ရှိ ၃ ယောက်ကို တခြားကလပ်များက ကမ်းလှမ်းထားကြောင်းနှင့် အသင်း တစ်သင်းမှာ ကစားသမား ၂၅ ယောက်ရှိတာနဲ့တင် လုံလောက်ကြောင်း ပြောဆိုသွားပါတယ်။ ဒါကြောင့် တစ်ချို့ကစားသမားတွေဟာ ဒီရာသီမှာ ထွက်ခွာရမှာပါတဲ့။ ဒါကိုလည်း ကစားသမားများကို နားလည်အောင် ပြောပြထားပါတယ်။ ကောင်းသူကယ် မကောင်းသူပယ် ဆိုတဲ့ သဘောပေါ့ဗျာ။ အဓိက ဖြစ်နိင်တာကတော့ ဆစ်ဒ်ဝဲလ် ၊ ရိုက်ဖီးလစ် ၊ ဖာရဲရား တို့ပါပဲ။ ကဲ နည်းပြကြီးရေ... တချက်လေး ကြည့်မယ်ဗျာ။ ကျုပ်တို့တွေ တော်တော် ရင်ခုန်နေကြပြီ။ ဒေကိုကို အပြာရောင် ၀တ်စုံနဲ့ ချဲလ်ဆီး အတွက် အားကြိုးမာန်တက် ကစားပေးတာကိုလည်း တွေ့ချင်နေပါပြီဗျို့...။

အောင်မြင်ပါစေ...
အောင်မြင်ပါစေ...
အောင်မြင်ပါစေ...
အောင်မြင်ပါစေ...
အောင်မြင်ပါစေ...

အောင်မြင်ပါစေ... ချဲလ်ဆီးတွေ


Tuesday, July 8, 2008

Chelsea ၏ နောက်ဆုံး ၈ ပွဲအား ကြိုတင်သုံးသပ်ခြင်း

ပရီးမီယား ချန်ပီယံဖြစ်ဖို့ ပွဲစဉ်တိုင်းဟာ အရေးကြီးတာ မှန်ပေမယ့် ပြီးခဲ့တဲ့ ရာသီကလို အသင်းတိုင်းသာ သူမသာ ကိုယ်မသာ ဖြစ်လာဦးမယ်ဆိုရင်ပဲ ဖြစ်ဖြစ် ၊ သာမာန်အရပဲ ကြည့်ကြည့် ဒီနောက်ဆုံးပွဲစဉ်တိုင်းဟာ သိပ်ကို အရေးပါတာကို တွေ့ရပါတယ်။ ဒီနှစ်မှာ အသင်းတိုင်းဟာလည်း ပိုက်ဆံကြွယ်ဝမှု ၊ ကစားသမားတောင့်တင်းမှု့ ၊ နည်းစနစ်ပိုင်းဆိုင်ရာ တိုးတက်လာမှု တွေကြောင့် အသင်းကြီးမှ အစ နောက်ဆုံး နယူးကာဆယ် ၊ စပါး ၊ အဲဗာတန် ၊ ပို့စ်မောက် ၊ မန်စီးတီး အသင်းတို့ကိုလည်း လျှော့တွက်လာလို့ မရတော့ပါဘူး။ ဒီတော့ ဟိုအရင်တုန်းကလို ချန်ပီယံဘယ်သူလဲဆိုတာ ကြိုပြောထားနိင်မှာ မဟုတ်တော့တာကြောင့် သိပ်ကို စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ပြီးခဲ့သော နှစ်တုန်းက ပရီးမီးယားလိဂ်ကို ကြည့်မယ်ဆိုလျှင် ရာသီတ၀က်လောက်ထိ အာစင်နယ် အသင်းက ဦးဆောင် ကစားနိင်ခဲ့ပြီး ရာသီကုန်တော့ မန်ယူက ၂ မှတ်အကွာနဲ့ ဗိုလ်စွဲ၍ ချဲလ်ဆီးနှင့် အာစင်နယ် အသင်းကလည်း ၂ မှတ်သာ ကွာဟ ခဲ့ပါတယ်။ ၂ မှတ်ဆိုတဲ့ အတိုင်း ပေးသွားတာတွေကတော့ ဆုဖလားနဲ့ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်တို့ပါပဲ။ ဒီတော့ ကိုယ့်အသင်းကိုယ် နိင်စေချင်တယ် ဆိုလျှင်ဖြင့်တော့ အသင်းတိုင်းဟာ အတက်နိင်ဆုံး အောင်မြင်နိင်အောင် ကြိုးစားရမှာပါ။ ဒီကာလမှာ ပွဲပန်း ၊ ပွဲကျပ် ၊ ဒဏ်ရာရ ၊ ပွဲပယ် ၊ စတဲ့ ပြဿာနာ ပေါင်းစုံကလည်း ၀င်လာဦးမှာပါ။ ဒါကြောင့် ယခုလက်ရှိ ကျွန်တော်တို့ ချဲလ်ဆီးရဲ့ နောက်ဆုံး ၈ ပွဲကို သုံးသပ်ရမည် ဆိုလျှင်ဖြင့်......

ချဲလ်ဆီး

Newcastle United : Chelsea

Chelsea : Bolton Wanderers

Chelsea : Everton

West Ham : Chelsea

Chelsea : Fulham

Arsenal : Chelsea

Chelsea : Blackburn Rovers

Sunderland : Chelsea

တို့ပဲ ဖြစ်ပါတယ်။ အသင်းကြီး အနေဖြင့် နယူးကာဆယ် ၊ အာစင်နယ် နှင့် အဲဗာတန် တို့သာ ပါရှိပေမယ့် ကျန်သည့် ဘလက်ဘန်း ၊ ဆန်းဒါးလန်း ၊ ဘောလ်တန် တို့ကိုလည်း လျှော့တွက်လို့မရပါဘူး။ သို့သော် အသင်းကြီး အနေဖြင့် အာစင်နယ် ၁ သင်းသာ ပါဝင်တာကြောင့် ချဲလ်ဆီးတို့ သက်သာနိင်ပါတယ်လို့တော့ ပြောချင်ပါတယ်။

အာစင်နယ်

သူ၏ နောက်ဆုံး ကစားမည့်ပွဲ ၈ ပွဲလုံးအား ကြည့်ရှု့ရာတွင် ချဲလ်ဆီး ၊ လီပါပူးလ် ၊ မန်ယူ စတဲ့ အသင်းကြီးများနှင့် အကုန်တွေ့ဆုံရမှာပါ။ အာစင်နယ် အနေဖြင့် ထိုပွဲများမှာ ၂ ပွဲက အဝေးကွင်း ၁ ပွဲက အိမ်ကွင်းကစားရမှာဖြစ်တာကြောင့် နောက်ဆုံး ၈ ပွဲမရောက်မှီ အထိ အမှတ်ရထားအောင် ကစားရမှာပါ။

မန်ယူ


မန်ယူအသင်းရဲ့ နောက်ဆုံး ၈ ပွဲကတော့ အသင်းကြီးအနေဖြင့် အာစင်နယ် အသင်းသာ ပါဝင်ခဲ့ပြီး ကျန်သည့် ပွဲစဉ်ဇယားမှာလည်း သက်သာလှပါတယ်။

လီဗာပူးလ်

သူလည်းပဲ နောက်ဆုံးမှာ အာစင်နယ် ၁ သင်းက လွဲလို့ သက်သာရာ ရခဲ့ပါတယ်။


အာစင်နယ် အသင်းအနေဖြင့် ပွဲကျပ်သည်မှာ မှန်သော်လည်း ရှေ့ပိုင်း ရလဒ်တွေ ကောင်းခဲ့ရင်ဖြင့် ပ၇ီးမီးယားလိဂ်ဖလား ရနိင်ပါသေးတယ်။ ထိုကြောင့် မည်သည့်အသင်းက ရနိင်မည် ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိင်သလို ကိုယ်အားပေးတဲ့အသင်း ဗိုလ်စွဲနိင်ပါစေ ဆုတောင်းရင်း စောင့်ကြည့်ကြပါစို့။


Thursday, May 15, 2008

Regards!!!


Hi Chelsea's Fans & Visitors.., :)))

As you all known someone came here often and attack us in Cbox for no good reason. Now it's turn to be to write about posts as I don't want anyone to take a wrong messages. Because simply that someone used our ID and URL without authorization to write about messages in Cbox as well as in Comments which we don't do at all. Please see as follow:

**********
My Wonderful Moral Thoughts said...
Shame on Blues. I did, I wrote rude words. I must confess. I give up, you win.
May 15, 2008 2:22 AM

My wonderful moral thoughts said...
yee ya tae hehe, I give up. I confess that I did say rude words which are against the degree I have been pursuing in Oxford.
May 15, 2008 2:27 AM

***********

I need to confirm to say that I am not put that comments at all.

As soon as i found someone used my URL at new post (below this post) then I put the comment myself already under those two comments saying that i am not doing it. This is out of line and unbearable to using someone URL and ID.

I would like to justify the facts that I didn't either say any rude(Swear) words at all in Cbox or in Comments at any Blog nor Do we expect that out of anybody else!!!

I also would like to say to that someone as we known the name called (WhatAShameChelsea), Please note that RESPECT is two way street which mean if you give respect us then we will not hesitated to give the respect back the same level of respect you give us. We all grow up an adults here in Chelsea's fans club and we know how to conduct at things morally.

The reason to created the Chelsea Fans Club Blog is for all about football and for Chelsea football Club activities to keep the updates to all our fans. As a matter of facts, This Blog is not for fight as like child playground and not to criticize to any other club.

We warmly welcome from our Blog to anyone who keen to interested in Football and our Club. We also welcome to courtesy messages in Cbox as well as in Comments except an argument. :)

Therefore, from now on I will not respond to any wrong messages because it simply turning to guilt trips. Actually I am not very good at respond to wrong argument as I value and not to waste my own times.

Please kindly aware that if you continue to find something false messages or comments with my name or my URL at anywhere, Please do not be reluctantly to contact and ask me anytime on sweetnandar190@gmail.com. I will promptly reply you back.

Thanks ever so much for your times to visit here. Thanks a lot to Ko SoeThawn who let me express the post here.

No matter what, I'll SUPPOSE Chelsea all the way. We Chelsea's Fans UNITED, We ADORE our Club all the way!!!

Bring it on CHELSEA...,

Best Regards.,
Soe Mya Nandar Thet Lwin

အော်...လူလောက လူ့လောက


ဒါကတော့ ပေါ်တင်ကြီးကို ဖောင်းသွားပြီ။ ကျွန်တော်နာမည်နဲ့ ပေါက်ကရတွေ ၀င်ရေးသွားတယ်။ စီဘောက်စ် ပက်စ်ဝေါ့လည်း သိစရာ အကြောင်းကို မရှိဘူး။ ၁၅ လုံးလောက်ရှိတယ်။ ပက်စ်တစ်ခုတည်းကို နစ်ရော ဘလော့ဂ်ရော အကုန်သုံးတယ်။ အခုလို လုပ်တာတော့ မကောင်းဘူးပေါ့ဗျာ။ ကိုယ့်စိတ်ဓတ် အခြေအနေကို ကိုယ်ဖော်ပြနေသလိုပဲ။ အခုလာ အော်တဲ့ အိုင်ပီနံပတ်က 38.100.42.25 ပါတဲ့ ယူအက်စ်ကပါ ။ ဒီနေရာမှာ ကြည့်ကြည့်ပါ။ Proxy ကျော်ထားရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်ထင်တာတော့ စင်္ကာပူကလို့ ထင်ပါတယ်။ အော်...လူတွေ လူတွေ အချင်းချင်းတောင် ရန်တိုက်ပေးနေတယ်။ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်စိတ်ထဲမှာပဲ သိတယ်။ ဘယ်လို ရှိတယ်ဆိုတာ။ ကိုစိုးထက်ကို တိုက်ခိုက်လိုက် ၊ ကျွန်တော့်ကို တိုက်ခိုက်လိုက်နဲ့ ။ ကျွန်တော် ဒီလို ပေါက်ကရတွေလည်း မရေးပါဘူး။ သိက္ခာရှိရှိပေါ့ဗျာ။ ကိုယ့်ကိုယ်စောင့် နတ် ကသိပါတယ်။ ၀ဋ္ဋ်မလည်အောင်တော့ ဆုတောင်းထားကြ။ အမှောင်ထဲကနေ လက်ညိုးထိုးနေတဲ့ သူတွေအတွက် ရှက်တက်ရင် ရှက်ဖို့ကောင်းတယ်။

PS . မနန္ဒာရေ ။ ဒီလောက်ဆို သဘောပေါက်ပါတယ်နော်။ ကျွန်တော်တို့ ချဲလ်ဆီးဖန်တွေ ကြားမှာ စိတ်ကွပ် စရာ ဘာအကြောင်းမှ မရှိပါဘူး။ အောင်မြင်နေလို့ လာအော်ဟစ်နေကြတာပါ။ ဟားဟ ။


Monday, May 12, 2008

ညီလေးရေ


“ နတ္ထိလောကေ အနိန္ဒိတော”

လောကမှာ အပြစ်တင် မခံရတဲ့သူ မရှိပါဘူးတဲ့

ဟဟ...စင်္ကာပူက ညီကလေး ၊ ဘာတွေ ခံစားနေတာတုန်း ။ အမျိုးတွေ နာဂစ်ထဲ ပါသွားရင်တောင် အဲဒီလောက် အော်နေပါ့မလားဆိုတာ စဉ်းစားစရာပဲ။ အော်.... တစ်ယောက်တည်း လာပြီးတော့ ပေါက်ကွဲနေတာပါလား။ ဒါချဲလ်ဆီးဖန်တွေ အတွက် တစုတစည်းတည်း ဖြစ်အောင် လုပ်ထားတာပါ ။ ဘယ်နှယ့် အောင်ပွဲခံချင်ရင်လည်း ကောင်းကောင်းမွန်မွန်လေးတော့ ပြောပေါ့။ အခုတော့ တစ်ယောက်တည်း ဒေါသတကြီးနဲ့ ။ မန်ယူ မန်ယူလို့ အော်ချင်ရင် ဘလော့ဂ်လုပ်လေ။ မခက်ပါဘူး ။ မြန်မာဘလော့ဂ်ဂါ အကူအညီကဏ္ဍ ဆိုတာ ရှိတယ်။ သွားကြည့်ကြည့် ဟုတ်ပြီလား။ မန်ယူဖလားရသွားတော့လည်း ရသွားတယ်ပေါ့။ ချဲလ်ဆီးရတော့လည်း ရသွားတယ်ပေါ့။ ဒါနှစ်တိုင်းပေးနေတဲ့ ဖလားပါ။ ညီလေး သေသွားလည်း ဒီဖလားက ကျင်းပနေဦးမှာပဲ။ သမိုင်းရှိမှ အားပေးရမယ်ဆို အောင်မြင်မှုကို လွယ်လွယ်နဲ့ လိုက်တက်တဲ့ လူတွေလို့ စွပ်စွဲရင် မန်ယူဖလားမရခင်တုန်းကတည်းက အားပေးနေတဲ့ လူတွေကို စော်ကားရာ ကျဦးမယ်။ အောင်မြင်နေတဲ့ အသင်းကို အားပေးတာ လွယ်ပါတယ်ကွာ။ မန်ယူ မန်ယူလို့ အော်နေရုံပဲ။ ကိုယ်တို့ချဲလ်ဆီးဖန်တွေလို သမိုင်းမရှိတာကို ရှိလာအောင် အားပေးနိင်ရဲမှ ဆိုရင်တော့ မပြောလိုပါဘူး။ ကျန်တာတွေနဲ့ ပတ်သက်လို့တော့ မပြောချင်တော့ပါဘူးကွာ။ မန်ယူဖလားရသွားလို့လည်း ညီလေး လစာ မတိုးသွားဘူး ။ ဒါပေမယ့် ကိုယ်အားပေးတဲ့ အသင်းရသွားတော့ ၀မ်းသာနိင်တာကိုတော့ လက်ခံပါတယ်။ ဖလားကြီး ပိုက်ပြီးတော့ ကျန်တဲ့ အသင်းတွေကိုတော့ လက်ညိုးမထိုးပါနဲ့ကွာ။ ချန်ပီယံဆိုရင် ကိုယ့်အောင်မြင်မှုနဲ့ ကိုယ်နေပေါ့။ ဒီလောက်ဆို ငါ့ညီလေး သဘောပေါက်လောက်ပါတယ်။ သဘောပေါက်တယ်နော်......ဟဲဟဲ သဘောပေါက်ပါတယ်။

တဖက်တည်း အမြင်တွေ မထားစမ်းပါနဲ့။ ပြိုင်ဘက်ဆိုတာ ရှိမှာ ကစားပွဲဆိုတာ ကြည့်လို့လှတာ။ ဒီတော့ ပြိုင်ဘက်ဆိုတာ လေးစားရမယ်။ စီဘောက်စ်မှာတော့ မရေးတော့ပါဘူး။ ငါ့ညီလေးက တော်တော် လာ အော်ဟစ်ထားတာ ဆိုတော့ ပို့စ်တခုအနေနဲ့ မန်ယူအောင်ပွဲကို ပြန်လည် ဂုဏ်ပြုလိုက်တာပါ။ ကဲ....အဆင်ပြေပါစေကွာ။

မှတ်ချက် ။ ညီလေးရေ ကိုယ့်ကျောင်းက အင်တာ နက်အလကားရတယ်ကွ။ နောက်ပြီး ကိုယ်ကလည်း တုံးပါတယ်။ ဒေါင်းလုပ်အကောင့် တိုးရအောင် လုပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ အကောင့်တိုးလာရင် ပိုက်ဆံရတယ်ဆိုရင် အစ်ကို့မှာ ခရက်ဒစ်ကတ်တောင် မရှိပါဘူးကွာ။ ပြီးတော့ ဒီလင့်ခ်တွေက အဆင်ပြေသလို အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ဆိုက်ဒ်က ချဲလ်ဆီးဖန်တွေ အတွက် သူတို့မကြည့်လိုက်ရရင် ပြန်ကြည့်နိင်ဖို့ ၊ သိမ်းထားနိင်ဖို့ တင်ပေးတာ။ လွတ်လပ်စွာ အော်ဟစ်ခွင့်ရှိပါတယ်။ ဟက်ဟက် ။ အိုင်ပီပါ ဘမ်းတော့လည်း ပရိုစီကျော်ပြီး လာအော်ချင် အော်နေမှာဆိုတော့
ဘမ်းစရာလဲ မလိုပါဘူး။ ကဲ ကဲ စိတ်တွေလျှော့ ဟုတ်ပြီလာ။ ဘယ်နှဲ့ ဖလားမရတဲ့လူတောင် ဒီလောက် မပေါက်ကွဲဘူး ။ ချန်ပီယံကြီးက ပေါက်ကွဲနေတယ်။ ချဲလ်ဆီး ဘာလုပ်သွားတယ် ဆိုတာ အားလုံးသိပါတယ်။ သဘောပေါက်တယ်နော်....ဟဟ သဘောပေါက်ပါတယ်။