Friday, May 30, 2008

ချဲလ်ဆီး နည်းပြက သူလား ?


ဘောလုံးလောကမှာ အခုတလေ စောင့်ကြည့်နေတဲ့ ချဲလ်ဆီးနည်းပြဟာ လက်ထောက်နည်းပြ ဖြစ်နေတဲ့ ဟန်တန်ကိတ် များဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ပြောရဲမှာလဲ။ အခုတော့ မိုဘစ်ခ်ျက ပြောရဲနေပါတယ်။ မြေထောင်မြှောက်တာလား ၊ မြေကြီးအောက် ပို့နေတာလား မသိဘူး။ ဆရာမိုဘစ်ခ်ျ ပိုက်ဆံမရှိတာတော့ မဟုတ်လောက်ပါဘူး ။ ဟီးဟီး။ ကဲ ချစ်စွာသော ချဲလ်ဆီးဖန်တို့ရေ သူနည်းပြ ဖြစ်လာတော့မယ်တဲ့နော်။ လာခြင်းကောင်းမှာပါဗျာ။ စိတ်ချ...စိတ်ချ။

သတင်းမှား ဖြစ်ပါသည်။း( တကယ်က ထုတ်ပစ်လိုက်တာပါတဲ့။ တော်တော် တော်တဲ့ ကျွန်တော်ပါ။ မှားပါဒယ် မိုဘီခ်ျရယ်။ သူလည်း ထွက်သွားပါပြီတဲ့။


Thursday, May 29, 2008

အင်္ဂလန် - ယူအက်စ်

မနေ့က ကန်သွားတဲ့ အင်္ဂလန် - အမေရိကန် ပွဲမှာ ချဲလ်ဆီး အသင်းခေါင်းဆောင် ( အင်္ဂလန် အသင်းခေါင်းဆောင် ) တယ်ရီ ခေါင်းတိုက် ဂိုးသွင်းယူ ခဲ့ပါတယ်။ ဒါကတော့ ဟိုက်လိုက်လေးပါ။ တယ်ရီဂိုး နဲ့ ဂျရတ်ဂိုးပါ။











Tuesday, May 27, 2008

Hi....Captain


Capello said: "The captain is John Terry. I decided before what happened [in the Champions League final].

"I think at this moment it is a good decision for John Terry after his not nice Wednesday."

"I think he is very well. He has trained very well and when I told him he was going to be the captain he was very, very happy."

"It is very important to be a leader and John Terry is a leader," he added.

ဟဟ...မြင်တဲ့ အတိုင်းပါပဲ ချဲလ်ဆီးဖန်တွေရေ ။ ဒန် တန် တန်

Sunday, May 25, 2008

နုတ်ဆက်လိုက်ပါတယ်....မစ္စတာဂရန့်


ကျွန်တော်တို့ နည်းပြ ဂရန့်ကြီးကတော့ ချဲလ်ဆီးနဲ့ လမ်းခွဲခဲ့ပြန်ပါပြီ။ ဆရာများ သားသေ သလိုတောင် ဖြစ်နေဦးမလား မသိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အတက်နိင်ဆုံးတော့ နည်းပြကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ပိုင်ရှင်ကလည်း ပိုက်ဆံရှိတာကိုး :D ဟီးဟီး ။ နည်းပြက ဘာစီလိုနာက ရီကဒ်ကြီး ခေါ်ရင်တော့ ကောင်းမယ်ထင်တယ်ဗျာ။ အခုလည်း ဘရာဇီးသား ရော်ဘင်ဟို နဲ့ စပါးတပ်စ်မော်စကိုက နောက်တန်းတစ်ယောက်ကို ခေါ်မယ်လို့လည်း သတင်းကြားနေရပါတယ်။ ဒီနောက်ခံလူက ညာဝန်းလို့ ကစားလို့ရပါတယ်တဲ့။ ဒါပေမယ့် ဘို့စင်ဝါးကို ခေါ်ထားလို့ ဒီကစားသမားကတော့ မသေချာပါဘူး။ ဘာပဲ ပြောပြော ကျွန်တော်တို့ကတော့ ချဲလ်ဆီးပဲပေါ့။ မဟုတ်ဘူးလား...ချဲလ်ဆီး ချစ်သူတို့ရော။ ကဲ...ဂရန့်ကြီးအတွက် နုတ်ဆက်လိုက်တာကြတာပေါ့ဗျာ။ အဆင်ပြေပါစေ ဂရန့်ရေ.....။



Saturday, May 24, 2008

Lampard will stay ...



ချဲလ်ဆီးကွင်းလယ်စတား လမ်းပတ်၏ သက်တမ်းတိုးစာချုပ်အတွက် အင်္ဂလန်ချစ်ကြည်ရေးပွဲ နှစ်ပွဲပြီးရင် အသင်းကနေပြီး သေသေခြာခြာ ဆွေးနွေးမှုပြုလုပ်ပါတော့မယ် .. သက်တန်း တစ်နှစ်သာကျန်တဲ့ လမ်းပတ်ကို အင်တာမီလန်အသင်းကလည်း စိတ်ဝင်စားနေပါတယ် .. chairman ဘရုစ်ဘတ်ကတော့ " အသင်းက လမ်းပတ်ကိုနှစ်သက်ပါတယ်၊ ပရိတ်သတ်တွေကလည်း ချစ်နေကြဆဲပါပဲ " အကောင်းဆုံး အဖြေရလဒ်တစ်ခု ဖြစ်လာမှာပါတဲ့ .. လမ်းပတ် အသင်းမှာဆက်ရှိနေဖြစ်ရင်တော့ ၀မ်းသာစရာတစ်ခုပါပဲ ..... ။

CB

Friday, May 23, 2008

CHELSEA & WE !



ချယ်လ်ဆီး ဆိုတာ ကံကောင်း တတ်လှတဲ့ အသင်းတော့ မဟုတ်ဘူး ဆိုတာ ...
ဟိုး ... ဗီရာလီ တို့  လက်ထက် ကတည်းက သိပြီးသားပါပဲ ...

ချယ်လ်ဆီး ဆိုတာ ဖလားတွေ အများကြီးကို ပိုင်ဆိုင်ဖူးတဲ့ အသင်းကြီး ...
မဟုတ်မှန်းလဲ ... အစကတည်းက သိခဲ့ပြီးသား ပါပဲ ...

ချယ်လ်ဆီး ဆိုတာ သမိုင်းမှာ အောင်မြင်မှုတွေ ရေးထိုးနိုင်အောင် ...
ကြိုးစားနေဆဲ ... အသင်းတစ်ခု ဆိုတာလဲ သိပြီးသားပါပဲ..

ဒါပေမယ့် အပြာရောင်ကို ချစ်တယ်

.. .. .. အားမာန်တွေကို အားကျတယ်

.. .. .. ကြိုးစားမှုတွေကို လေးစားတယ်

.. .. .. ၀ီရိယတွေကို တန်ဖိုးထားတယ်

အောင်မြင်မှုတွေကို ပါကင်ထုတ်ပြီးသား မလိုချင်ဘူး ...

ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ထက်

ပွင့်ဖူးလာဖို့  ကြိုးစားနေတဲ့ ပန်းကလေးကို

ပိုပြီး မြတ်နိုးမိတယ်..

ပိုင်ဆိုင်မှုထက် ပိုင်ဆိုင်ခွင့်ရဖို့ 

ကြိုးစား နေရတာကို ပိုကျေနပ်မိတယ်..

ဒါတွေဟာ ချယ်လ်ဆီး ရဲ့ စိတ်ဓါတ် တွေလား..

ချယ်လ်ဆီး ဟာ ကျွန်တော့်ရဲ့  အားမာန်တွေလား.

ဒါဆိုရင်

ချယ်လ်ဆီး ဟာ ကျွန်တော်တို့

ကျွန်တော်တို့ ဟာ ... ချယ်လ်ဆီး ပဲပေါ့ ဗျာ ...

***************


ကိုဝင်းဆန်း ရေးဖွဲ့သော Chelsea & Me ကို ကူးယူ၍ ပြန်လည် ပြုပြင် တင်ပြပါသည်။

Thursday, May 22, 2008

သို့...တယ်ရီ












ပွဲစကတည်းက ရွက်လိုက်ရတဲ့
တက်သမျှ မှတ်သမျှ ဂါထာတွေ ဘယ်နှစ်ခေါက်ရှိမှန်းတောင်မသိခဲ့
အနီရောင်တွေ ခြေထဲ ဘောလုံးရှိနေတိုင်း
ပင့်သက်ကို ရင်တမမနဲ့ ရှိုက်ထုတ်နေခဲ့ရတယ်

ဒီဒိုင်ပါပဲ ချဲလ်ဆီးကို လီဗာပူးလ်နဲ့ မ၀င်တဲ့ဂိုးကို ပေးခဲ့တာ
ရှော့ကေးကို ရှုံးနိမ့်ခဲ့တာ
ကံကြမ္မာကိုက ချဲလ်ဆီးအတွက် ကံဆိုးဖို့ ဖြစ်လာစေခဲ့တာလား

မပေးသင့်တဲ့ ပြစ်ဒဏ် ၊ လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးတွေကိုမှ
ဒီဆလိုဗေးနီးယားသားကြီး ဖန်ဆင်းခဲ့တာ
အိမ်ပြန်လက်ဆောင်အတွက် ဒရော့ဘာကိုတောင် အနီပြခဲ့သေးတယ်

ရော်နယ်လ်ဒိုရဲ့ မထီမဲ့မြင် အပြုံးမှာ
ကျွန်တော့် မျှော်လင့်ချက်တွေ ချုပ်ငြိမ်းခဲ့ရတယ်
ကျွန်တော့် အသံတွေ တိတ်ဆိတ်ခဲ့ရတယ်

အက်ဆီယန်ကို နောက်တန်းထားတဲ့ အမှားက
ပြင်မရတဲ့ နောင်တတွေပေါ့ ဂရန့်ရယ်

တိုင်တွေ အကြိမ်ကြိမ်ထိ ၊ ပြစ်ဒဏ်ဘောတွေ အကြိမ်ကြိမ်ပေးခံရရင်း
ကိုလမ်းပတ် ကယ်ယူခဲ့တဲ့ ဂိုးမှာ
ပျော်မဆုံး မော်မဆုံးနဲ့
အသံကုန်ဟစ် အားပေးခဲ့ပေမယ့်

အသင်းခေါင်းဆောင် ပီပီ ၊ ကိုယ်တိုင် နောက်ဆုံးသွင်းယူချင်ခဲ့တဲ့ ဂိုးမှာ
ခြင်္သေ့တွေ အစွယ်ကျိုးခဲ့ရတယ်...
မော်စကိုရဲ့ မိုးညမှာ ခင်ဗျားနဲ့အတူ ကျွန်တော်ငိုတယ်...တယ်ရီ

အောင်ပွဲခံသူတို့ရဲ့ ဆူညံခုန်ပေါက်သံမှာ
ခင်ဗျားနဲ့အတူ ချဲလ်ဆီးချစ်တဲ့ ပရိတ်သက်တွေ
နှလုံးသား ကြေကွဲတယ်

မမြင်ဘူးလို့ မူးမြစ်ဆိုရင်တောင်
ဒီမြစ်ကို ကျွန်တော် လက်ပစ်ကူးပစ်မယ်
မေခလာမလိုပါဘူး....

ချန်ပီယံလိဂ်ချန်ပီယံဆိုတာကိုတော့ တစ်နေ့တော့
ကျွန်တော်တို့ ရေးထိုးနိင်ဦးမှာပါ
သိက္ခာရှိရှိ ခြေစွမ်းတွေ ပြခဲ့ပေမယ့်
ဒီတခါ မရလည်း ၊ နောင်တစ်ခါတော့ ပြန်ဖြစ်လာဦးမှာပေါ့
ခင်ဗျားနဲ့အတူ အသင်းသားတွေ အားလုံးလည်း
နှစ်သိမ့်နိင်ကြပါစေလို့ ဆုတောင်းရင်း









Wednesday, May 21, 2008

ဗိုလ်လုပွဲ


ချန်ပီယံလိဂ်ဖိုင်နယ်

(မော်စကို)



ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - အကာလူး ၊ ဂျိုကိုးလ် ၊ လမ်းပတ် ၊ ဘောလက် ၊ မက်ခေလီလီ
နောက်တန်း - ၀ိန်းဘရစ်ခ်ျ ၊ ကာဗယ်လ်ဟို ၊ တယ်ရီ ၊ အက်ဆီယန်

ကဲ...ရင်ခုန်ကြမယ် ၊ ပျော်ရွှင်ကြမယ်ဗျို့။



အမှတ်တရ














ဖလားပြသထားသည့် အခန်း




ပီတာဆက်ခ်ျ ၊ ကျွန်တော် ၊ ကူဒီစီနီ :P




ဦးဒရော့နှင့် အမှတ်တရ


ဟဲဟဲ...


Friday, May 16, 2008

ဓါတ်ပုံတချှို့

အောင်မြင်ရမှာပေါ့ဗျာ...အဟီး


CEO ( ပီတာကင်ယွန် )






ထရိန်နင်....ထရိန်နင်




ကျွန်တော်ပြန်ကောင်းနေပါပြီ...ချဲလ်ဆီးဖန်တွေရေ



ဦးဒရော့တို့ကတော့ ဒီလို လေ့ကျင်နေကြလေရဲ့

အားကျစရာ...သူတို့မှာ



နောက်တန်း လက်သစ်လေးပါ



ဂိုးသွင်းကောင်းတယ်...ဂိုးသွင်းကောင်းတဲ့ တို့မာလူဒါပါး)






ကိုလမ်းပတ်ကလည်း အားကျမခံပေါ့

Thursday, May 15, 2008

Regards!!!


Hi Chelsea's Fans & Visitors.., :)))

As you all known someone came here often and attack us in Cbox for no good reason. Now it's turn to be to write about posts as I don't want anyone to take a wrong messages. Because simply that someone used our ID and URL without authorization to write about messages in Cbox as well as in Comments which we don't do at all. Please see as follow:

**********
My Wonderful Moral Thoughts said...
Shame on Blues. I did, I wrote rude words. I must confess. I give up, you win.
May 15, 2008 2:22 AM

My wonderful moral thoughts said...
yee ya tae hehe, I give up. I confess that I did say rude words which are against the degree I have been pursuing in Oxford.
May 15, 2008 2:27 AM

***********

I need to confirm to say that I am not put that comments at all.

As soon as i found someone used my URL at new post (below this post) then I put the comment myself already under those two comments saying that i am not doing it. This is out of line and unbearable to using someone URL and ID.

I would like to justify the facts that I didn't either say any rude(Swear) words at all in Cbox or in Comments at any Blog nor Do we expect that out of anybody else!!!

I also would like to say to that someone as we known the name called (WhatAShameChelsea), Please note that RESPECT is two way street which mean if you give respect us then we will not hesitated to give the respect back the same level of respect you give us. We all grow up an adults here in Chelsea's fans club and we know how to conduct at things morally.

The reason to created the Chelsea Fans Club Blog is for all about football and for Chelsea football Club activities to keep the updates to all our fans. As a matter of facts, This Blog is not for fight as like child playground and not to criticize to any other club.

We warmly welcome from our Blog to anyone who keen to interested in Football and our Club. We also welcome to courtesy messages in Cbox as well as in Comments except an argument. :)

Therefore, from now on I will not respond to any wrong messages because it simply turning to guilt trips. Actually I am not very good at respond to wrong argument as I value and not to waste my own times.

Please kindly aware that if you continue to find something false messages or comments with my name or my URL at anywhere, Please do not be reluctantly to contact and ask me anytime on sweetnandar190@gmail.com. I will promptly reply you back.

Thanks ever so much for your times to visit here. Thanks a lot to Ko SoeThawn who let me express the post here.

No matter what, I'll SUPPOSE Chelsea all the way. We Chelsea's Fans UNITED, We ADORE our Club all the way!!!

Bring it on CHELSEA...,

Best Regards.,
Soe Mya Nandar Thet Lwin

အော်...လူလောက လူ့လောက


ဒါကတော့ ပေါ်တင်ကြီးကို ဖောင်းသွားပြီ။ ကျွန်တော်နာမည်နဲ့ ပေါက်ကရတွေ ၀င်ရေးသွားတယ်။ စီဘောက်စ် ပက်စ်ဝေါ့လည်း သိစရာ အကြောင်းကို မရှိဘူး။ ၁၅ လုံးလောက်ရှိတယ်။ ပက်စ်တစ်ခုတည်းကို နစ်ရော ဘလော့ဂ်ရော အကုန်သုံးတယ်။ အခုလို လုပ်တာတော့ မကောင်းဘူးပေါ့ဗျာ။ ကိုယ့်စိတ်ဓတ် အခြေအနေကို ကိုယ်ဖော်ပြနေသလိုပဲ။ အခုလာ အော်တဲ့ အိုင်ပီနံပတ်က 38.100.42.25 ပါတဲ့ ယူအက်စ်ကပါ ။ ဒီနေရာမှာ ကြည့်ကြည့်ပါ။ Proxy ကျော်ထားရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်ထင်တာတော့ စင်္ကာပူကလို့ ထင်ပါတယ်။ အော်...လူတွေ လူတွေ အချင်းချင်းတောင် ရန်တိုက်ပေးနေတယ်။ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်စိတ်ထဲမှာပဲ သိတယ်။ ဘယ်လို ရှိတယ်ဆိုတာ။ ကိုစိုးထက်ကို တိုက်ခိုက်လိုက် ၊ ကျွန်တော့်ကို တိုက်ခိုက်လိုက်နဲ့ ။ ကျွန်တော် ဒီလို ပေါက်ကရတွေလည်း မရေးပါဘူး။ သိက္ခာရှိရှိပေါ့ဗျာ။ ကိုယ့်ကိုယ်စောင့် နတ် ကသိပါတယ်။ ၀ဋ္ဋ်မလည်အောင်တော့ ဆုတောင်းထားကြ။ အမှောင်ထဲကနေ လက်ညိုးထိုးနေတဲ့ သူတွေအတွက် ရှက်တက်ရင် ရှက်ဖို့ကောင်းတယ်။

PS . မနန္ဒာရေ ။ ဒီလောက်ဆို သဘောပေါက်ပါတယ်နော်။ ကျွန်တော်တို့ ချဲလ်ဆီးဖန်တွေ ကြားမှာ စိတ်ကွပ် စရာ ဘာအကြောင်းမှ မရှိပါဘူး။ အောင်မြင်နေလို့ လာအော်ဟစ်နေကြတာပါ။ ဟားဟ ။


Wednesday, May 14, 2008

ဝယ်လိုက်ပြီ....၀ယ်လိုက်ပြီ

ကဲ...ဒါကတော့ ဒီရာသီရဲ့ ပထမဆုံး ၀ယ်ယူတဲ့ ချဲလ်ဆီးကစားသမားဖြစ်တဲ့ ဂျို့စ်ဘောက်ဆင်းဝါ ပဲ ဖြစ်ပါတယ်။ လက်ရှိ ပေါ်တိုကလပ်မှ ပြောင်းလာပြီးတော့ ပေါ်တူဂီ လက်ရွေးစင်တစ်ဦးပါ။ ပြောင်းရွှေ့ကြေး ၂၀.၅ သန်းဆိုလား ပေးရပါတယ်။ အကြောင်းစုံ သိချင်ရင် ဒီမှာ သွားရောက်ဖက်ရှုနိင်ပါသည် ချဲလ်ဆီးဖန်တွေ ခင်ဗျာ။



Jose Bosingwa Da Silva

( Defender - Right Back )


Name: Bosingwa
Full Name: José Bosingwa da Silva
Position: Defender
Date of Birth: 24-08-1982
Height (Mts): 1.83
Weight (Kg): 71
Nacionality: Portuguese





Goal By Bosingwa


ပျော်ရွှင်ပါစေ...ချဲလ်ဆီးဖန်တွေရေ။ ဖာရဲရားနဲ့ ဘလက်တီနဲ့ကတော့ တစ်ယောက်ယောက် ထွက်ရမယ်နဲ့ တူပါတယ်။း(

Tuesday, May 13, 2008

ခြေစမ်းပွဲ

မေလ ၂၁ ရက်နေ့တွင် ရုရှားနိင်ငံ မော်စကိုတွင် ကျင်းပမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ အီဘရာမိုဘစ်ခ်ျ၏ စီစဉ်မှုကြောင့် ချဲလ်ဆီး ချစ်သူ ဘလော့ဂ်များနှင့် မန်ယူအသင်းတို့ ခြေစမ်းရန်အလို့ငှာ လူစာရင်းကို အောက်ပါ အတိုင်း line up ထုတ်ခဲ့ပါတယ်။ ချဲလ်ဆီးချစ်သူ ဘလော့ဂ်ဂါများမှ ပါဝင်ကစားကြမည့် သူများကတော့ .......

နည်းပြ - မလားရှိုးသူ
လက်ထောက် အကူနည်းပြ - မစိုးမြနန္ဒသက်လွင်
လက်ထောက် အကူနည်းပြ - မသိုးမလေး

အသင်းဆရာဝန် - မမိုးချစ်သူ

နည်းစနစ် တာဝန်ခံ - မမေ ၊ မဆုရည်




.......................စတန်လေ
................


ကိုကိုဖရီး..................ကလိုစေးထူး...................ဘလာဂေါက်............၀င်းဇော်



စိုးထက်............................ဆိုးသွမ်း

အညတြ---------------------------------------------------------ဒီရေ



တက်စလာ-----------------နိုင်နိုင်း


အရန်ကစားသမားများကတော့ လူငယ်ခြေတက်များ ဖြစ်တဲ့

ရှေ့တန်း - wynnsun
အလယ်တန်း - ၀ဿန်ဦး ၊ အိမ်မက်သစ်
နောက်တန်း - ဗဟုသုတရွာ

တို့ပဲ ဖြစ်ပါတယ်။ ဒါကတော့ လာမဲ့ ချန်ပီယံလိဂ် မတိုင်မီ မန်ယူနှင့် ခြေစမ်းမည့် ချဲလ်ဆီးချစ်သူ ဘလော့ဂ်ဂါများ ဖြစ်ပါတယ်။ ခြေစမ်းပွဲကို မေလ ၁၇ရက်နေ့တွင် တိုက်ရိုက်ထုတ်လွှင့် သွားမှာ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ် ပါသည်။ ကဲ....ကျွန်တော်ကတော့ ထရိန်နင် ဆင်းပါပြီ။ :)

တချက်ပြုံးရင် တရက် အသက်ပိုရှည်မှာပါ။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိင်ပါစေ။


Monday, May 12, 2008

နောက်ဆုံးရလဒ်တွေကတော့


ချဲလ်ဆီးမှဂိုးသွင်းသူများ

လမ်းပတ် - ၁၀ ဂိုး
အနယ်လ်ကာ - ၁၀ ဂိုး
ဒရော့ဘာ - ၈ ဂိုး
ဘောလက် - ၇ ဂိုး
အကာလူး - ၇ ဂိုး
ဂျိုကိုးလ် - ၇ ဂိုး
အက်ဆီယန် - ၆ ဂိုး
ရှက်ချန်ကို - ၅ ဂိုး
ဘလက်တီ - ၂ ဂိုး
အဲလက်စ် - ၂ ဂိုး
မာလူဒါ - ၂ ဂိုး
ရိုက်ဖီးလစ် - ၂ ဂိုး
ပီဇာရို - ၂ ဂိုး
ကာဗယ်လ်ဟို - ၁ ဂိုး
အက်ရှ်လေးကိုး - ၁ ဂိုး
တယ်ရီ - ၁ ဂိုး


မိနစ်အကြာဆုံး ကစားသမားများ

ဂျိုကိုးလ် - ၂၄၈၉ မိနစ်
အက်ရှ်လေကိုး - ၂၄၁၇ မိနစ်
ပီတာဆက်ခ်ျ - ၂၃၁၄ မိနစ်

နိင်ပွဲ

အိမ်ကွင်း - ၁၂ ပွဲ
အဝေးကွင်း - ၁၃ ပွဲ


သရေ

အိမ်ကွင်း - ၇ ပွဲ
အဝေးကွင်း - ၃ ပွဲ


ရှုံးပွဲ

အိမ်ကွင်း - မရှိ
အဝေးကွင်း - ၃ ပွဲ

ဂိုးရရှိမှု့

+၆၅ / -၂၆

အ၀ါကဒ် ၊ အနီကဒ်အများဆုံး ရသူများ စာရင်း

ဒရော့ဘာ ( အနီ - ၁ ၊ အ၀ါ ၆ )
အက်ဆီယန် ( အနီ - ၁ ၊ အ၀ါ ၅ )
ကာဗယ်လ်ဟို ( အနီ - ၁ ၊ အ၀ါ ၅ )
လမ်းပတ် ( အနီ - ၁ ၊ အ၀ါ ၅ )
ဂျိုကိုးလ် ( အ၀ါ ၆ )
မီခေးလ် ( အနီ ၁ ၊ အ၀ါ ၄ )

ရရှိထားသည့် ဆုများ
  1. Premier League - 3
  2. FA Cup - 4
  3. League Cup - 4
  4. Cup Winner`s Cup - 4
  5. European Super Cup - 1
တည်ထောင်သည့်ခုနှစ်
၁၉၀၅


ကစားကွင်းအမည်

စတန်းဖို့ဒ်ဘရစ်ခ်ျ
ဝင်ဆန့်သည့် လူဦးရေ- ( ၄၂၀၅၅ )







Player of the Year 2008 - Joe Cole ( From Chelsea Clup )


Team of the Season

  1. Brad Friedel ( Blackburn )
  2. Nyron Nosworthy ( Sunderland )
  3. Joleon Lescott ( Everton )
  4. Ricardo Carvalho ( Chelsea )
  5. John Terry ( Chelsea )
  6. Steven Gerrard ( Liverpool )
  7. David Bentley ( Blackburn )
  8. Frank Lampard ( Chelsea )
  9. Fernando Torres ( Liverpool )
  10. Wayne Rooney ( Mancherster United )
  11. Cristiano Ronaldo ( Manchester United )

တယ်ရီ


ကြားထဲမှာ ၁၀ ရက်လောက် အချိန်ရတဲ့ အတွက် ပြန်ကန်နိင်မှာပါ။ အဆစ်လေး လွဲသွားရုံလေးပါပဲတဲ့ ။ ဘောလ်တန်က ဖြက်တင်ဘောကို ဒါးဗီးစ် ၊ ပီတာဆက်ခ်ျ ၊ တယ်ရီတို့ ခုန်အတိုက်မှာ ပီတာဆက်ခ်ျဒူးနဲ့ ဗိုက်ကိုဆောင့်မိတာရယ် ၊ လက်ကလည်း ညှက်သွားတာ ကြောင့်ပါ။ အေးအေးဆေးဆေး ကန်နိင်မှာ ဖြစ်ပါကြောင်း ဗိုလ်လုပွဲကို မှန်းမျှော်လို့ နိးဆော်လိုက်ရပါတယ်။


ညီလေးရေ


“ နတ္ထိလောကေ အနိန္ဒိတော”

လောကမှာ အပြစ်တင် မခံရတဲ့သူ မရှိပါဘူးတဲ့

ဟဟ...စင်္ကာပူက ညီကလေး ၊ ဘာတွေ ခံစားနေတာတုန်း ။ အမျိုးတွေ နာဂစ်ထဲ ပါသွားရင်တောင် အဲဒီလောက် အော်နေပါ့မလားဆိုတာ စဉ်းစားစရာပဲ။ အော်.... တစ်ယောက်တည်း လာပြီးတော့ ပေါက်ကွဲနေတာပါလား။ ဒါချဲလ်ဆီးဖန်တွေ အတွက် တစုတစည်းတည်း ဖြစ်အောင် လုပ်ထားတာပါ ။ ဘယ်နှယ့် အောင်ပွဲခံချင်ရင်လည်း ကောင်းကောင်းမွန်မွန်လေးတော့ ပြောပေါ့။ အခုတော့ တစ်ယောက်တည်း ဒေါသတကြီးနဲ့ ။ မန်ယူ မန်ယူလို့ အော်ချင်ရင် ဘလော့ဂ်လုပ်လေ။ မခက်ပါဘူး ။ မြန်မာဘလော့ဂ်ဂါ အကူအညီကဏ္ဍ ဆိုတာ ရှိတယ်။ သွားကြည့်ကြည့် ဟုတ်ပြီလား။ မန်ယူဖလားရသွားတော့လည်း ရသွားတယ်ပေါ့။ ချဲလ်ဆီးရတော့လည်း ရသွားတယ်ပေါ့။ ဒါနှစ်တိုင်းပေးနေတဲ့ ဖလားပါ။ ညီလေး သေသွားလည်း ဒီဖလားက ကျင်းပနေဦးမှာပဲ။ သမိုင်းရှိမှ အားပေးရမယ်ဆို အောင်မြင်မှုကို လွယ်လွယ်နဲ့ လိုက်တက်တဲ့ လူတွေလို့ စွပ်စွဲရင် မန်ယူဖလားမရခင်တုန်းကတည်းက အားပေးနေတဲ့ လူတွေကို စော်ကားရာ ကျဦးမယ်။ အောင်မြင်နေတဲ့ အသင်းကို အားပေးတာ လွယ်ပါတယ်ကွာ။ မန်ယူ မန်ယူလို့ အော်နေရုံပဲ။ ကိုယ်တို့ချဲလ်ဆီးဖန်တွေလို သမိုင်းမရှိတာကို ရှိလာအောင် အားပေးနိင်ရဲမှ ဆိုရင်တော့ မပြောလိုပါဘူး။ ကျန်တာတွေနဲ့ ပတ်သက်လို့တော့ မပြောချင်တော့ပါဘူးကွာ။ မန်ယူဖလားရသွားလို့လည်း ညီလေး လစာ မတိုးသွားဘူး ။ ဒါပေမယ့် ကိုယ်အားပေးတဲ့ အသင်းရသွားတော့ ၀မ်းသာနိင်တာကိုတော့ လက်ခံပါတယ်။ ဖလားကြီး ပိုက်ပြီးတော့ ကျန်တဲ့ အသင်းတွေကိုတော့ လက်ညိုးမထိုးပါနဲ့ကွာ။ ချန်ပီယံဆိုရင် ကိုယ့်အောင်မြင်မှုနဲ့ ကိုယ်နေပေါ့။ ဒီလောက်ဆို ငါ့ညီလေး သဘောပေါက်လောက်ပါတယ်။ သဘောပေါက်တယ်နော်......ဟဲဟဲ သဘောပေါက်ပါတယ်။

တဖက်တည်း အမြင်တွေ မထားစမ်းပါနဲ့။ ပြိုင်ဘက်ဆိုတာ ရှိမှာ ကစားပွဲဆိုတာ ကြည့်လို့လှတာ။ ဒီတော့ ပြိုင်ဘက်ဆိုတာ လေးစားရမယ်။ စီဘောက်စ်မှာတော့ မရေးတော့ပါဘူး။ ငါ့ညီလေးက တော်တော် လာ အော်ဟစ်ထားတာ ဆိုတော့ ပို့စ်တခုအနေနဲ့ မန်ယူအောင်ပွဲကို ပြန်လည် ဂုဏ်ပြုလိုက်တာပါ။ ကဲ....အဆင်ပြေပါစေကွာ။

မှတ်ချက် ။ ညီလေးရေ ကိုယ့်ကျောင်းက အင်တာ နက်အလကားရတယ်ကွ။ နောက်ပြီး ကိုယ်ကလည်း တုံးပါတယ်။ ဒေါင်းလုပ်အကောင့် တိုးရအောင် လုပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ အကောင့်တိုးလာရင် ပိုက်ဆံရတယ်ဆိုရင် အစ်ကို့မှာ ခရက်ဒစ်ကတ်တောင် မရှိပါဘူးကွာ။ ပြီးတော့ ဒီလင့်ခ်တွေက အဆင်ပြေသလို အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ဆိုက်ဒ်က ချဲလ်ဆီးဖန်တွေ အတွက် သူတို့မကြည့်လိုက်ရရင် ပြန်ကြည့်နိင်ဖို့ ၊ သိမ်းထားနိင်ဖို့ တင်ပေးတာ။ လွတ်လပ်စွာ အော်ဟစ်ခွင့်ရှိပါတယ်။ ဟက်ဟက် ။ အိုင်ပီပါ ဘမ်းတော့လည်း ပရိုစီကျော်ပြီး လာအော်ချင် အော်နေမှာဆိုတော့
ဘမ်းစရာလဲ မလိုပါဘူး။ ကဲ ကဲ စိတ်တွေလျှော့ ဟုတ်ပြီလာ။ ဘယ်နှဲ့ ဖလားမရတဲ့လူတောင် ဒီလောက် မပေါက်ကွဲဘူး ။ ချန်ပီယံကြီးက ပေါက်ကွဲနေတယ်။ ချဲလ်ဆီး ဘာလုပ်သွားတယ် ဆိုတာ အားလုံးသိပါတယ်။ သဘောပေါက်တယ်နော်....ဟဟ သဘောပေါက်ပါတယ်။



Sunday, May 11, 2008

ချဲလ်ဆီး ၁ - ၁ ဘောလ်တန်

မန်ယူပွဲက ၂ ဂိုးဆိုတာ နဲ့ ကျွန်တော်တို့ ချဲလ်ဆီး ကစားသမားတွေလည်း စိတ်ဓတ်ကျသွားတယ်နဲ့ တူပါတယ် ။ မျက်နှာငယ်လေးနဲ့ ဘောလ်တန်ကို တန်းဆင်းခိုင်းရမှာလည်း သနားလို့နဲ့ တူပါတယ် သရေပြန်ဖြစ်သွားအောင် လျော့ကန်သွားတယ်။ ဒီသရေ ပွဲကြောင့် ဒင်းလည်း ပရီးမီးယားလိဂ် ဆက်ရှိနိင်တာ မဟုတ်လား ။ ကဲ...ချန်ပီယံလိဂ်ကိုပဲ မျှော်ကြတာပေါ့ဗျာ။


Chelsea 1 : 1 Bolton

1st Goal by Shevchenko

uploaded.to

mediafire

2nd Goal by Taylor

uploaded.to

mediafire


ချဲလ်ဆီး - ဘောလ်တန် ( အောင်ပွဲခံမည့်ည )

အမိမြန်မာပြည် နာဂစ်မုန်တိုင်း အတိုက်ခံလိုက် ရတာနဲ့ လူလည်း ဘောလုံးပွဲတောင် စိတ်မပါတော့ပါဘူးဗျာ။ ဘာမှကို လုပ်ချင် ကိုင်ချင် စိတ်မရှိတော့ပါဘူး ။ ထုံးစံအရသာ နောက်ဆုံးပွဲ အနေနဲ့သာ ရေးရပေမယ့် စိတ်ထဲက မပါတာတော့ အမှန်ပါပဲ။ ချဲလ်ဆီးရလည်း အော် ရသွားတယ် ၊ မန်ယူရလည်း ရသွားတယ်လေ ဆိုတာလောက်ပဲ ခံယူချင်တော့တယ်။ အော် နာဂစ် နာဂစ်.....



ခန့်မှန်းလူစာရင်း

ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - အနယ်လ်ကာ ၊ လမ်းပတ် ၊ ဘောလက် ၊ ဂျိုကိုးလ် ၊ မီခေးလ်
နောက်တန်း - ဖာရဲရား ၊ တယ်ရီ ၊ ဘင်တယ်ဟိန်း ၊ အက်ရှ်လေးကိုးလ်

ဂိုးခန့်မှန်း - ၂း ၀ ၊ ၃း ဝ

အိမ်ကွင်းလည်း ဖြစ်ပြန် ၊ နောက်ဆုံးပွဲလည်း ဖြစ်တာကြောင့် အပိုင်အုပ်တော့မယ်ဗျာ။ ၀ီဂန်ကို သရက်သီးတွေ သရေလောက်ပဲ ကန်နိင်မှာပါ။ နိ့..အခု ၀ီဂန်ဂိုးက တအားကောင်းတာကိုးဗျ။ ရွန်းနီမပါတော့ ဟန်ဆောင်ကောင် ငဒိုလည်း ဘာမှ မလုပ်တက်ပါဘူး။ ကွင်းအစုတ်မှာ ဒင်းအပြုတ်ပဲပေါ့။ ဟဲဟဲ။ ကဲ အောင်မြင်ပါစေ ချဲလ်ဆီးဖန်တွေရေ။ ချဲလ်ဆီးအောင်ပွဲက နစ်သိမ့်ပေးနိင်ပါလိ့မ်မယ်။


မပြေးနဲ့...

အောင်ပွဲပေါ့ ချဲလ်ဆီးဖန်တွေရေ...ဟဲဟဲ

ယူလေ ယူလေ...

လာပြီ...နော် နောက်တစ်ဂိုး