Showing posts with label ပွဲစဉ်အကြိုခန့်မှန်းချက်. Show all posts
Showing posts with label ပွဲစဉ်အကြိုခန့်မှန်းချက်. Show all posts

Saturday, May 30, 2009

ချဲလ်ဆီးး အဲဗာတန် ( အကြိုခန့်မှန်းချက် )

FA ဖိုင်နယ်




မျှော်လင့်ထားတဲ့ နေ့ရက်တွေကတော့ စတင်ရောက်ရှိလို့ လာပါပြီ။ ကျနော်တို့ ချဲလ်ဆီးအနေနဲ့ ပြိုင်ပွဲတိုင်းမှာ အခြေအနေ အမျိုးမျိုးကြောင့် ထွက်ခဲ့ရတာကြောင့် ဒီရာသီမှာလည်း ဖလားလက်မဲ့ မဖြစ်ဖို့က အရေးကြီးတယ် မဟုတ်လား။ ချဲလ်ဆီး စတားတွေကတော့ ဒီဖလားကို အပိုင်သိမ်းဖို့ အဆင့်သင့်ဖြစ်နေသလို ၊ ပရိသတ်တွေကလည်း ရင်ခုန်နေတယ် ဆိုတာ မလွဲပါဘူး။

ကျနော်တို့ ပိုလိုချင်ခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို လက်လွှတ်လိုက်ရတာတောင်မှ အင်္ဂလန်ပြည်နယ်မှာ ပရီးမီးယားလိဂ်ဖလားပြီးရင် ဒုတိယတန်ဖိုးထားကြတဲ့ အက်ဖ်အေဖလားကို သိမ်းပိုက်ဖို့ လက်တကမ်းထိ တက်လှမ်းနိင်ခဲ့တာကြောင့် ခံသာရပါတယ်။

ချဲလ်ဆီး

နည်းပြ ဟစ်ဒင့်လက်ထပ်မှာ ပုံမှန်ခြေစွမ်းအပြင် ကစားအားစုစည်းမှုပါ ကောင်းလာတဲ့ ကျနော်တို့အသင်းဟာ စပါးအသင်းက လွဲလို့ မရှုံးနိမ့်ခဲ့ပါဘူး။ ဒရော့ဘာ ၊ အနယ်လ်ကာ ဂိုးပုံမှန်ပြန်ရနေတာ ၀မ်းသာစရာ တချက်ပါ။ နောက်တန်းတွေကလည်း လူစုံတက်စုံဖြစ်နေပြီး အက်ဆီယန်လည်း အလယ်မှာ အေးဆေးရှိနေတာကြောင့် လမ်းပတ်ပါလာတဲ့ ချဲလ်ဆီးတိုက်စစ်ကို အဲဗာတန်တို့ ဘယ်နှစ်မိနှစ်ထ ခံနိင်မလဲဆိုတာ စောင်ကြည့်ကြတာပေါ့။ နောက်ပြီး ဟစ်ဒင့်ရဲ့ နုတ်ဆက်ပွဲအတွက် ချဲလ်ဆီးကစားသမားတွေကလည်း ဖလားကို ယူပေးချင်နေတာကြောင့် အဲဗာတန်တို့ရဲ့ ဘ၀ဟာ....

အဲဗာတန်

ကျနော် ကြိုက်တဲ့ အသင်းတွေထဲမှာ အဲဗာတန်လည်းပါပါတယ် ။ အဲဗာတန်အသင်းက တခါတလေ မထင်မှတ်တက်တဲ့ အဖြစ်တွေရှိပေမယ့် အသင်းလိုက်စုစည်းမှုအား အကောင်းဆုံး အနေအထားကို ရောက်နေပါတယ်။ ဒါပေမယ့် အဓိကလူတွေဖြစ်တဲ့ အာတီတာ ၊ ဂျာဂျေးကာလ်တို့ နာနေတာကြောင့် နည်းနည်းတော့ တပန်းရှုံးနေသလိုပါပဲ။ ယာကူဘူက ပြေးနှုန်းနှေးသည့်အပြင် ၊ တင်ကာဟေးလ်ကိုပါ အဖျက်ဆော့ခိုင်းနေတာကြောင့် အဲဗာတန်တိုက်စစ်က သိပ်တော့မထိရောက်နိင်ပါဘူးလို့ သုံးသပ်မိပါတယ်။ သို့သော်လည်း အဲဗာတန် ဖိုင်နယ်ရောက်ဖို့ ကျော်ဖြက်လာတဲ့ အသင်းတွေကို ကြည့်ြ့ပီးတော့ လေးစားမိပါကြောင်း။

Wembley Stadium

ဒီကစားကွင်းမှာ အများစု အင်္ဂလန်သားတွေ ကစားနေကြပါ။ ချဲလ်ဆီး အသင်းမှာ အင်္ဂလန်သား အများစုပါဝင်သလို အဲဗာတန်မှာလည်း မနည်းဘူးဆိုတော့ ကွင်းကတော့ သိပ်စကားပြောနိင်မယ်လို့ မထင်ပါဘူး။

ဖြစ်နိင်ဖွယ်ရှိသော လိုင်းအပ်


Referee: Howard Webb


ခန့်မှန်း

ချဲလ်ဆီး ၂း ၀ အဲဗာတန်



Tuesday, April 28, 2009

ရေစက်မကုန်သေးတဲ့ ဘာစီလိုနား ချဲလ်ဆီး



ပြစ်နိင်ဖွယ်ရှိသော လိုင်းအပ်



Referee: Wolfgang Stark

ခန့်မှန်း

၁း ၁

Saturday, April 11, 2009

ချဲလ်ဆီးး ဘောလ်တန်

ဖြစ်နိင်ဖွယ်ရှိသော လူစာရင်း


၂ သင်းတွေဆုံခဲ့မှု


ဒိုင်လူကြီး - Peter Walton



( မီခေးလ်အား အနီကဒ်ပြခဲ့ဖူး )

ခန့်မှန်း

၂း ဝ

Wednesday, April 8, 2009

ရည်စားဟောင်းနဲ့ ပြန်တွေ့ကြပြီ ( လီဗာပူးလ်း ချဲလ်ဆီး )

ဖြစ်နိင်ဖွယ်ရှိသော...line up





Referee: Claus Bo Larsen


ခန့်မှန်း

လီဗာပူလ်းး ချဲလ်ဆီး

ဝး ၁
၁း ၁
၁း ၂



Saturday, April 4, 2009

GameWeek - 31


ဖြစ်နိင်ဖွယ်ရှိသော....Lingup



Referee: Rob Styles

ဒဏ်ရာ၇

  • D. Drogba
  • J. Cole
  • P. Ferreira

Sunday, March 15, 2009

ချဲလ်ဆီးး မန်စီးတီး



မန်စီးတီးဟာ ၂၀၀၅ ခုနှစ်ကတည်းက ၀၉ ထိ တကြိမ်မှ အနိင်မရခဲ့ပါဘူး။


ခန့်မှန်း

၂း ဝ




Saturday, February 28, 2009

ချဲလ်ဆီးး ၀ီဂန်




ဝီဂန်၏ အဓိက ကစားသမားတွေ နာနေတာရယ် ၊ ချဲလ်ဆီး အိမ်ကွင်းမှာ ဖြစ်တာရယ်နဲ့ လူအင်အား ၊ အသင်းချင်း ကွာခြားမှုကြောင့် ဒီပွဲဟာ ဂိုးရလဒ်က အောက်ပါ အတိုင်း ဖြစ်နိင်ပါတယ်။

၂း ဝ

Saturday, February 14, 2009

Watford : Chelsea



ဦးတယ်ရီ မကန်ပါဘူး။ အ၀ါ ၅ ခါပြည့်လို့ပါ။ ကွာရက်စ်မာကတော့ ခြေစွမ်းပြမယ်ထင်ပါတယ်။ နောက်တန်းကတော့ ဟို ၂ ကောင်ကတော့ ခပ်လန့်လန့်ပါပဲ။

အောင်မြင်ပါစေ ချဲလ်ဆီးတွေ

Saturday, February 7, 2009

Chelsea : Hull City



ဖြစ်နိင်ဖွယ်ရှိသော...Line Up


ဒိုင်လူကြီး အဖြစ် - Lee Mason



Sunday, February 1, 2009

လီဗာပုးလ်း ချဲလ်ဆီး

ဒီနေ့ပွဲဟာ အရေးကြီး ပွဲလို့ကို မထင်မိပါဘူး။ သိက္ခာတရားပေါ့။ ကျွန်တော်တို့ အသင်းကြီးတွေ တွေ့တိုင်း ၊ အမြဲတမ်း အသာစီးမရခဲ့ပါဘူး။ဒီတော့ ဒီပွဲကို နိင်ဖို့ လိုတယ်။ နိင်အောင်လည်း ကန်နိင်ကြမယ်လို့ မျှော်လင့်မိပါတယ်။ ဗီလာဟာ သရေကျခဲ့လို့ ၂ သင်းထဲက ၁ သင်းရှုံးသွားခဲ့ရင်တောင် သက်သာရာ ရပါလိမ့်မယ်။ ကဲ...မကြာမီ လာမည်

ဖြစ်နိင်ဖွယ် ရှိသည့် လူစာရင်း




ဒိုင်လူကြီးအဖြစ် Mike Riley




Saturday, January 17, 2009

ချဲလ်ဆီးး စတုတ်


ဖြစ်နိင်ချေရှိသော...Lineup



၂ သင်းတွေ့ဆုံခဲ့သမျှ



ဒိုင်လူကြီးအဖြစ် - Peter Walton



ကျွန်တော်တို့ ကိုယ့်ကိုကိုယ် ချန်ပီယံဖြစ်နိင်တယ်လို့ ယူဆထားရင်တော့ ဒီပွဲကစပြီး အနိင်အားလုံး ရရှိအောင် ကစားနိင်မှ ဖြစ်ပါတော့မယ်။ ဒီကနေ့ည ပွဲမှာ ဒဏ်ရာကြောင့် နာနေတဲ့ ဂျိုကိုးလ်အစား ၊ အကာလူး ၀င်ကန်ဖို့ မျှော်လင့်ပါတယ်။ တောင်ပံအနေဖြင့် မာလူဒါ လည်း နာနေတာဟာ ချဲလ်ဆီးအတွက်တော့ ထိုးနှက်ချက် တရပ်ပါပဲ။

စတုတ်စီးတီး အနေဖြင့် အနီကဒ်ထိထားတဲ့ တိုက်စစ်မှုး ဖူလာအစား အရင်ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသွားသည့် ရှက်ဖီးယူနိက်တက် ရှေ့တန်းတိုက်စစ်မှုး James Beattie ခေါ်ယူထားပါတယ်။


ခန့်မှန်း

၃း ဝ





Sunday, January 11, 2009

မန်ယူ - ချဲလ်ဆီး



နှစ်သင်းတွေ့ဆုံခဲ့သမျှ


ဒိုင်လူကြီး အဖြစ်




Sunday, December 28, 2008

ဖူဟမ်း ချဲလ်ဆီး ( ခန့်မှန်းချက် )



စကိုလာရီအနေနဲ့ တိုက်စစ်မှုး ၂ ယောက်စလုံး တွဲသုံးကြည့်နေပေမယ့် သိပ်တော့ အဆင်မပြေသေးပါဘူး။ ဂျိုကိုလ်း ခြေပြန်မှန်လာလို့ အနည်းငယ် ၀မ်းသာမိပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ စိတ်တိုတက်တဲ့ ဘောလက်နေရာ ဒေကိုဝင်ဆော့နိင်သလို ၊ ချဲလ်ဆီးအနေနဲ့ ဆင်ကလဲယားကိုလည်း ထုတ်သုံးသင့်ပါပြီ။

အဲလက်စ်နဲ့ အိုင်ဗန်နိဗစ်ကလည်း မဆိုးပါဘူး။ ဦးတယ်ရီ မကန်ရတဲ့အချိန် အသင်းငယ်တွေနဲ့ တွေ့တာ ကံကောင်းတာပါ။ သို့သော်လည်း ဒီနှစ်ချဲလ်ဆီးကံကြမ္မာက သိပ်မကောင်းတာကို ဖန်တွေလည်း သုံးသပ်မိမှာပါ။
ဖူဟမ်ကလည်း နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲနိင်ပြီး ကျန်တာ အဝေးကွင်း ၊ အိမ်ကွင်းသရေဆိုတော့ တော်တော် ပိတ်ကန်တက်တဲ့ အသင်းပါပဲ။

မနက်ဖြန်တော့ ချဲလ်ဆီးတွေ အောင်ပွဲခံနိင်ဦးမယ်လို့ မျှော်လင့်ထားပြီးသားပါ။ ချီးယာာာာာာာာာာာာာာစ်

မနက်ဖြန်မှာကန်မည့် ဖူဟမ်ရဲ့ ( Craven Cottage )


နှစ်သင်းတွေ့ဆုံခဲ့မှု


ခန့်မှန်း - ၀း ၂


Monday, December 22, 2008

အဲဗာတန်း ချဲလ်ဆီး



ဒီရလဒ်ကို ကြည့်ချင်းအားဖြင့် ကျွန်တော်တို့ ချဲလ်ဆီးဟာ အဲဗာတန်နဲ့ ကန်ခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း ပြက်ပြက်သားသား အနိင်မယူနိင်တာကို တွေ့ရပါတယ်။ ပြီးတော့ ချဲလ်ဆီးဟာ လူတွေ အများအပြား နာနေတာကြောင့် တခါလာလည်း အနယ်လ်ကာ အထောင်နဲ့ တော်တော်များများ မန်နေဂျာကလည်း ဒါကို သိနေပါပြီ။ စကိုလာရီအနေနဲ့ ဒေကို ကိုထုတ်ပစ်ဖို့ နည်းလမ်းလဲ မမြင်ပါဘူး။

ဒီတော့ ကွင်းလယ်မှာ ဒေကိုအနေနဲ့ ခြေစွမ်းပြနိင်ဖို့ပဲ ဆုတောင်းရမှာပါပဲ။ ဒေကိုက ဘောလုံးကို ကိုင်ကစားချင်တာ များတာကြောင့် တော်တော်များများ သူ့ဆီက ပျက်သွားခဲ့ရတာပါ။ ကိုလမ်းပတ်တို့လို တချက်ထိ အမြန်ပြန်ပေးစနစ်နဲ့ ကန်နိင်ရင် သိပ်ကောင်းမယ်လို့ မျှော်လင့်နိင်ပါတယ်။

အိမ်ကွင်း အခြေအနေဆိုးပေမယ့် အဝေးကွင်း စံချိန်တွေကြောင့်လည်း ဒီပွဲကို ၀း ၂ ဂိုးလို့ ခန့်မှန်းမိပါတယ်။ နောက်ပြီး ချဲလ်ဆီးအနေဖြင့် ပရီးမီးယားလိဂ် ဖလားကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အသင်းကြီး ၂ သင်း တွေ့ဆုံနေတဲ့ အချိန် ၊ အသင်းကြီး ၁ သင်း ပွဲကျန်နေတဲ့ အချိန်တွေမှာ အခွင့်အရေးကို ပိုင်နိင်စွာ အသုံးချသင့်ပါကြောင်း။

အဝေးကွင်း ၃ မှတ်ကို အပြည့်ယူဖို့အတွက်.......ညနေမှာ ကျင်းပမယ့် Goodison Park ကွင်းမှာ အောင်ပွဲခံကြပါစို့။

ကွင်းလယ်ဒိုင်လူကြီးအဖြစ် Phil Dowd


ယှဉ်ပြိုင်ကစားမည့် အဲဗာတန် အိမ်ကွင်း Goodison Park