Sunday, August 31, 2008

Chelsea 1 : 1 Spur



လန်ဒန်-ဒါဘီ ပွဲဟာ အကြိတ်အနယ် ရှိမယ်လို့ ထင်ခဲ့ရပေမယ့် တကယ့်တကယ်တမ်း ကစားတော့ စပါးက ခံစစ်ကို ဦးစားပေး ကစားခဲ့ပါတယ်။ စပါးခြေက သာမာန်လောက်သာ ရှိပေမယ့် ချဲလ်ဆီးတို့ အပိုင်အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာကြောင့် ဂိုးမပြက်သည့်အပြင် အနိင်တောင် မရရှိခဲ့ပါဘူး။ စပါးကတော့ သူ့ရဲ့ ပထမဆုံး ၁ မှတ်ကို အသင်းကြီးဆီက ရလိုက်တာ ကံကောင်းပါတယ်။

ဒီနေ့လူထုတ်ပုံက မဆိုးဘူးဆိုပေမယ့် ရှေ့တန်းမှာ အနယ်လ်ကာ ၊ ဂျိုလ်ကိုးလ် အတွဲဟာ အခုထိကို အခြေအနေမကောင်းသေးပါဘူး။ ဘလက်တီ ကန်တင်ပေးတာကို အနယ်လ်ကာ အပိုင်ရပေမယ့် အသုံးမကျခဲ့တာကြောင့် ချဲလ်ဆီးတို့ ဂိုးရဖို့ နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် လမ်းပတ်ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်နိင်ခဲ့တာရယ် ၊ အက်ဆီယန်ကစ်ဟာ ဘားထိသွားခဲ့တာရယ်ကြောင့်ပဲ သရေတမှတ်ပဲ ရရှိခဲ့ပါတယ်။

အဆိုးဆုံး ကစားသမားကတော့ အနယ်လ်ကာနဲ့ ဘောင်ဆင်ဝါပါပဲ။ လုံးဝကို သုံးစားမရပါဘူး။ ဒရော့ဘာ မလာမချင်းကတော့ ဒီတိုက်စစ်မှုး အစုတ်ကိုပဲ သုံးရပါဦးမယ်။ ချဲလ်ဆီးကစားတာ ဒီနေ့လည်း မကြိုက်ပါဘူး။ ဒါအပြင် ကစားသမားတွေက အသင်းလက်ရွေးစင်တွေ များတာကြောင့် ရှေ့လာမယ့် အပတ်ဟာ ပွဲပန်းဒဏ်တွေနဲ့ ကြုံတွေ့ရပါဦးမယ်။

ပထမပွဲ အနိင် ၊ ဒုတိယပွဲ အနိုင် ( ၁ ) ဂိုး ၊ အခု တတိယပွဲ သရေဟာ တဖြည်းဖြည်း ဆုတ်ယုတ်လာပါတယ်။ စကိုလာရီက အစောကြီးကတည်းက အနယ်လ်ကာကို မထုတ်ဘဲ ထားတာ သူ့အမှားပါ။ အဆင်မပြေပါဘူး ချဲလ်ဆီးတွေရေ။ ၀ူး။ စိတ်မောတယ်။

ချဲလ်ဆီးအတွက် ပထမဂိုး - ဘလက်တီ


Download By Z-share

Click Here

ဒုတိယချေပဂိုး - ဒါးရင်းဘန့်


Download Z-share

Click Here




Chelsea : Spur

မနက်ဖြန်မှာ ကစားမဲ့ ချဲလ်ဆီးပွဲဟာ အကြိတ်အနယ် ရှိမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီကနေ့မှာ အာစင်နယ် အသင်းက ၃ ဂိုးပြက် နယူးကာဆယ်ကို အနိင်ရသွားတာကြောင့် အသင်းကြီးတွေနဲ့ အမှတ်ကွာစေရန် အလို့ငှာ ချဲလ်ဆီးတို့ အစွမ်းကုန်ကြိုးစားရပါလိမ့်မယ်။ နောက်တစ်ချက်က ဘာလဲဆိုတော့ စပါးပါ။ ရာသီမစခင် ကတည်းက သန်းပေါင်းများစွာ အကုန်အကျခံပြီး လူသစ်တွေ ခေါ်ယူခဲ့ပေမယ့် စပါးဟာ ရာသီအစ ၂ ပွဲစလုံး ရှုံးနိမ့်ခဲ့ရတာကြောင့် လက်ရှိအောက်ဆုံး အဆင့်မှာ ရပ်တည်နေခဲ့ရတာကို ကျေနပ်နေကြမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ တတိယမြောက်ပွဲစဉ်မှာ အနိင်ကန်ချင်ပေမယ့် တဖက်အသင်းကလည်း ချဲလ်ဆီးဖြစ်နေတာကြောင့် သိပ်တော့ ဖွင့်ကစားရဲမှာ မဟုတ်သလို အလွယ်တကူလည်း အရှုံးပေးမှာ မဟုတ်ပါဘူး။

အနည်းဆုံး စပါးအသင်း အနေဖြင့် သရေတော့ အနည်းဆုံး ခံကစားပါလိမ့်မယ်။ ချဲလ်ဆီးအတွက် ကံကောင်းတာက အိမ်ကွင်း ဖြစ်နေချင်းပါ။ အိမ်ကွင်းဆိုတာကြောင့် ခံသာပါတယ်။ ဒါကြောင့် အနည်းဆုံးတော့ ၃ မှတ်ရအောင် ယူပါလိမ့်မယ်။ ကြည့်ကောင်းမဲ့ မြို့ခံပြိုင်ဘက်တွေပါပဲ။ ချဲလ်ဆီးက ဘောလက် ၊ အက်ဆီယန်တို့ နာနေတာကတော့ နစ်နာစရာပါ။ ပြီးခဲ့တဲ့ အပတ်က ဂျိုလ်ကိုးလည်း ခြေထောက်မှာ ရေခဲကပ်ထားတာ တွေ့တာကြောင့် ပါလာပါ့မလားဆိုတာ စိုးရိမ်စရာပါ။



တဖက်အသင်းက စောင့်ကြည့်ရမယ့် ကစားသမားကတော့ ဒီနှစ်မှာဝယ်ထားတဲ့ ခရိုအေးရှားကွင်းလယ်လူ လူကမော်ဒရစ် နဲ့ အင်္ဂလန်လူငယ်ကွင်းလယ်ကစားသမား ဘန်တလေပါ။

ချဲလ်ဆီးတို့ အနိင် ၃ မှတ်ကိုတော့ ယူနိင်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ....စောင်ကြည့်ကြပါစို့။




Saturday, August 30, 2008

Top Ten Goal Of Chelsea`s Club 2007/08

2007/08 ရာသီ၏ ချဲလ်ဆီး၏ အကောင်းဆုံး ဂိုးများကို စုစည်းတင်ပြလိုက်ပါတယ်။ အကောင်းဆုံး ဂိုးသွင်းသွား နိင်သူက ဒရော့ဘာ ဖြစ်ပါတယ်။ ဒါကြောင့် ဒရော့ဘာ အသင်းကို မြန်မြန်ပြန်လာစေချင်ပါပြီ။ ကဲဒီမှာ ဒေါင်းလုပ်ချလိုက်ကြပါဦး။




Download By Zshare

Click Here

Scolari said


Scolari is likely to be missing several players for the clash, with Michael Essien and Michael Ballack rejoining the injury list this week.

The German took a knock on the opening day of the season against Portsmouth, while the Wigan game was Essien's first since our friendly against Lokomotiv Moscow at the beginning of August.


'I lost one or two players more for this game, sure one. After the last game I said some players played because they wanted to help the Chelsea team. They are not only players, they are men,' said Scolari.

'I expect Drogba to be ready for the game against Manchester City because now we have 14 days for training, he isn't ready for the national team, so Monday maybe he plays in the reserve team for 45 minutes.'

Tottenham would think they would start the season better than they have. I know Juande [Ramos] and the players for Tottenham.

I know you ask me maybe about Cluj from Romania, I know more than you think. I know they have 11 Portuguese people playing there, and I follow them because when I was in the national team, I heard news about Cluj every week. I have all the information about them, and Bordeaux and Roma, who are big opponents,' he explained.


Thursday, August 28, 2008

ချန်ပီယံလိဂ် အုပ်စုဇယား

ဒီနှစ်အတွက် ချန်ပီယံလိဂ်ပွဲစဉ်များကတော့ မဲခွဲလို့ ပြီးပါပြီ။ ချဲလ်ဆီးကတော့ ရိုးမားတစ်သင်းကလွဲလို့ ကျန်သည့် အသင်းများ အနေဖြင့် ဟန်ချက်ပျက်လောက်အောင် ခြောက်လှန့်နိင်ခြင်း မရှိပါဘူး။ ရိုးမားကိုလည်း အဝေးကွင်းမှာသာ တချက်ကြည့်ရမှာပါ။ ကံကောင်းတယ်ပဲ ပြောပြော ကံဆိုးတယ်ပဲ ပြောပြော ဘယ်အသင်းနဲ့ကျကျ ဒီနှစ်လူအင်အား ကစားကွက်နဲ့ကတော့ ရင်ဆိုင်နိင်ပါတယ်။

ရင်ဆိုင်မယ်လေ ရင်ဆိုင်မယ်လေ........ :)


ဒီနှစ်အတွက် ဆုများကိုတော့ ချဲလ်ဆီး ကစားသမား သုံးယောက်တိတိလုံးက ရရှိသွားပါတယ်။

ဒီနှစ်အတွက် အကောင်းဆုံးဂိုးသမားဆုကို - ပီတာဆက်ခ်ျ

ဒီနှစ်အတွက် အကောင်းဆုံး နောက်တန်းဆုကို - ဂျွန်တယ်ရီ

ဒီနှစ်အတွက် အကောင်းဆုံး အလယ်တန်းဆုကို - လမ်းပတ်

တို့က ထိုက်တန်စွာ ရရှိသွားပါတယ်။ ဟေး ဟေး ။ ချဲလ်ဆီးကွ ။


Bye Bye !!!!



ရှောင်ရိုက်ဖီးလစ်မှာ မန်ချက်စတာစီးတီးအသင်းသို့ ပေါင် ၈.၅ သန်းဖြင့် ပြန်လည်ရောင်းချရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။ ရိုက်ဖီးလစ်အား ချယ်ဆီးအသင်းက ပေါင် ၂၂ သန်းဖြင့် လွန်ခဲ့သော သုံးနှစ်က မန်စီးတီးအသင်းမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ရိုက်ဖီးလစ်မှာ ယနေ့ မန်ချက်စတာ စီးတီးအသင်းတွင် ဆေးစစ်မည်ဖြစ်ပြီး တစ်ပတ်လျင်ပေါင် ရှစ်သောင်းဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ရိုက်ဖီးလစ်အား အဲဗါတန်အသင်းကလည်း ၀ယ်ယူရန် ကမ်းလှမ်းခဲ့သေးပြီး ယခင်မန်စီးတီးသူရဲကောင်းက မန်စီးတီးအသင်းသို့ ပြန်သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရိုက်ဖီးလစ်မှာ အသင်းသို့ ရော်ဘင်ဟို ရောက်ရှိလာမည်ဖြစ်သဖြင့် ပထမကစားသမားနေရာအတွက် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခြင်းဖြစ်သည်။

Good Luck !!!!! RightPhillip


Wednesday, August 27, 2008

Premier League - Chelsea to secure Robinho within 48 hrs

Chelsea chief executive Peter Kenyon has said his club will secure the signing of Robinho from Real Madrid in the next 48 hours.


FOOTBALL 2008-2009 La Liga Real Madrid Robinho - 0

New Chelsea boss Luiz Felipe Scolari has been chasing the Brazil international since he took over at Stamford Bridge earlier this summer.

But that long pursuit finally appears to be nearing a conclusion as Scolari looks to add a third new recruit to his squad, following the captures of Deco and Jose Bosingwa.

Robinho, who played under Scolari for the Brazil national side, has made it clear that he wants to quit the Bernabeu and last week begged Real directors to negotiate a deal with Chelsea.

Having initially been reluctant to let the forward leave, Real now appear to have relented and the Spanish giants are willing to sell the wantaway star for a reported 36 million euros (£28.75m).

Robinho's agent Wagner Ribeiro confirmed an agreement was in sight.

"A deal is about to be reached," he said in the Guardian. "Robinho's time in Spain has come to an end. He is looking forward to being part of a new project."

Tuesday, August 26, 2008

သဘောတူခဲ့ပြီလား...ရော်ဘင်ဟို


ချယ်ဆီးအသင်းမှာ ရော်ဘင်ဟိုအား ယူရို ၃၅ သန်း (ပေါင် ၂၇ သန်းဖြင့် )ဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း မာကာ သတင်းစာအရ သိရသော်လည်း အမှန်တကယ် အသုံးပြုခဲ့သည်မှာ ပေါင်သန်း ၇၀ ခန့်အထိရှိကြောင်း ဆန်းသတင်းစာက တွက်ပြခဲ့သည်။ ပထမသုံးငွေမှာ ရော်ဘင်ဟို ချယ်ဆီးသို့ ရောက်ရှိရေးအတွက် ပေးရသော ယူရို ၃၅ သန်းအပြင် ရော်ဘင်ဟို ရောက်ရှိလာမည်ဖြစ်သောကြောင့် အသင်းတွင် မလိုအပ်တော့သော ရှက်ချင်ကို နှင့် ရိုက်ဖီးလစ်တို့အား ပေါင် ၄၃ သန်းအရှုံးခံပြီး ဖယ်ထုတ်ရတော့မည်ဖြစ်သည်။ ချယ်ဆီးအသင်းက ဗြိတိန်စံချိန်တင် အပြောင်းအရွှေ့ကြေး ပေါင် ၃၀.၈ သန်းဖြင့် ခေါ်ယူခဲ့သော ရှက်ချင်ကိုမှာ ချယ်ဆီးအသင်းတွင် ၂ နှစ် ကစားခဲ့ပြီးနောက် အေစီမီလန်အသင်းသို့ ၁၂ လအငှါးဖြင့် ယမန်နေ့ညက ပြောင်းရွေ့ပေးခဲ့ပြီးဖြစ်သည်။ ၂၀၀၅ ခုနှစ်က ခေါ်ယူထားသော ရိုက်ဖီးလစ်အားလည်း ပေါင် ၉ သန်းဖြင့် ပေါင် ၁၂ သန်း အရှုံးခံပြီး မန်ချက်စတာ စီးတီးအသင်းသို့ ပြန်လည်ပြောင်းရွှေ့တော့မည်ဖြစ်ကြောင်း သိရသည်။ ချယ်ဆီးအသင်းမှာ ပိုင်ရှင်သစ် အေမရာဗိုဗစ် အသင်းသို့ရောက်ရှိပြီးကတည်းက ပေါင် ၇၃၆ သန်းသုံးစွဲခဲ့ပြီးဖြစ်သကဲ့သို့ ၅၇၈ သန်းမှာ ကစားသမား အပြောင်းအရွှေ့အတွက် အသုံးပြုခဲ့ခြင်းဖြစ်သည်။ ယခုနှစ်တွင် ဒေကိုနှင့် ဘောစင်ဝါအတွက် ပေါင် ၂၄ သန်းအသုံးပြုပြီးဖြစ်ကြောင်း သိရသည်။

သူပြန်သွားပါပြီ



On his transfer today (Monday) to AC Milan, Andriy Shevchenko has expressed gratitude for the support he received during his two seasons at Chelsea.

The move back to Italy was completed this afternoon following a medical examination and immediately afterwards, Shevchenko made the following statement.

'I would like to thank Chelsea Football Club - the fans, staff, players and management - for all the support you gave me during my time at the club.

'I would also like to express my gratitude to Roman Abramovich for all his help and encouragement.

'It was unfortunate I suffered a number of injuries during my time here but I always gave my all, whatever the circumstances.

'I really have enjoyed playing in England and have made many friendships that will stay with me forever. I will always look back with fond memories of my time at this really great club. Thank you.'


ကျေးဇူးတင်ပါတယ် ရှက်ချန်ကို ။ အောင်မြင် အဆင်ပြေပါစေဗျာ။


Sunday, August 24, 2008

Wigan 0 : 1 Chelsea

Wigan 0 : 1 Chelsea



ဒေကိုရဲ့ ဖရီးကစ်မှ့ တဆင့် ချဲလ်ဆီးတို့ ဗွေဆော်ဦးဂိုး ရရှိခဲ့တာက လွဲလို့ ဒီနေ့ ချဲလ်ဆီးကစားပုံ ညံဖျင်းခဲ့ပါတယ်။ ရှေ့တန်းမှာ အတွဲထားတဲ့ ဂျိုလ်ကိုးနဲ့ အနယ်လ်ကာတို့ အတွဲဟာ တဖက်အသင်းရဲ့ နောက်တန်းကို ကောင်းစွာ ခြိမ်းခြောက်နိင်ခြင်း မရှိသည့်အပြင် အနယ်လ်ကာဟာလည်း ထိလိုက်တာနဲ့ လဲကျနေတက်ခဲ့ပါတယ်။

အလယ်တန်းမှာ ဆိုရင်လည်း ဘောလက်ဟာ ဘောလုံးမရဘဲ လူတွေသာ တွန်းတွန်းတိုက်တိုက် ကစားနေခဲ့ပါတယ်။ လမ်းပတ်ကလည်း လူပေးမှားပါတယ်။ အဆိုးဆုံးကတော့ ညာတောင်ပံက ကစားတဲ့ ဘောက်ဆင်ဝါ ( ၁၇ ) ပါ။ သူဘက်က တစ်လျှောက်လုံး ဖောက်နေတဲ့အပြင် ဘောလုံးရရှိခဲ့ရင်လည်း အလိမ်အခေါက်အတွက်သာ ဦးစားပေးနေခဲ့တာကြောင့် ဘောလုံးသူ့ဆီက ထွက်မလာဘဲ အပျက်များနေခဲ့ ပါတယ်။

တယ်ရီကလည်း အနည်းငယ် ကယောင်ကတမ်း ဖြစ်ခဲ့ပါသေးတယ်။ အကောင်းဆုံးကတော့ ပီတာဆက်ခ်ျပါ။ ယူရိုမှာ သူ့ကြောင့် ဖြစ်ခဲ့ရတဲ့ အမှားတွေကို သင်ခန်းစာ ယူပြီး လက်စွမ်းပြ အပိုင်လုံးများကို ကာကွယ်နိင်ခဲ့တာပါ။ ၀ီဂန်ရဲ့ ကန်ချက်တွေဟာ ပီတာဆက်ခ်ျလက်ထဲမှာပဲ မြဲမြံခဲ့ပါတယ်။ ဒီအတွက် ပီတာဆက်ခ်ျကို ကျေးဇူးတင်ပါတယ်။

ဝီဂန်ကလည်း ကျွန်တော် မျှော်မှန်းထားသလို ၂ ပွဲဆက် အရှုံးအတွက် အိမ်ကွင်းမှာ ခပ်မာမာ ကစားနိင်ခဲ့ပါတယ်။ အဖိုးတန် ၃ မှတ်ကို ရရှိပြီး ထိပ်မှာ အခုတော့ ဆက်လက်ဦးဆောင် နိင်ခဲ့ပြီပေါ့။ ဂုဏ်ယူပါတယ် ချဲလ်ဆီးတွေ။ ချဲလ်ဆီးချစ်သူများကို ပျော်အောင် လုပ်ပေးနိင်ခဲ့တဲ့အတွက် ပျော်ရွှင်သော စနေနေ့ညများကို ဖြက်သန်းနိင်ကြပါစေ။

ဒါကတော့ ဟိုက်လိုက်လေးတွေပေါ့။ ရင်တော့မဖိုကြပါနဲ့။ နိင်သွားပြီ မဟုတ်လား။ ပွဲကို ပြန်ကြည့်ရင်တော့ ရင်ခုန်နေမှာသေချာတယ်။

Goal By Deco

Download - Zshare

1st Hight-Light

Download - Zshare

2nd Hight-Light

Download - Zshare


ဂျိုလ်ကိုးနဲ့ အက်ရှ်လေကိုးလ်ကတော့ နာသွားပါတယ်။ အက်ဆီယန် ပြန်ကန်လာနိင်တာကတော့ ၀မ်းသာစရာပါ။


ဒုတိယပွဲအတွက် သုံးမှတ်ယူပေးခဲ့သူ


Shevchenko set for Milan



"Chelsea FC have agreed terms for Andriy Shevchenko to return to AC Milan," the London club confirmed on their website.

"Details of the deal will remain confidential."

The 31-year-old Ukraine striker has been linked with a move back to the Rossoneri after two difficult seasons in England, during which he only scored nine Premier League goals in 47 appearances.

He will complete the switch subject to a medical, ending weeks of negotiations that were recently made public by the Italian club.

"After a series of frenetic phone calls during the whole day, we reached an agreement with Chelsea. Tomorrow he will be in Milan, Monday he will undergo a medical and then sign a contract," Galliani told Milan's television channel.

"We have managed to bring home a player who has scored the most goals in our shirt in the last 50 years."

Chelsea are expected to take a massive loss on the £30 million they paid for the player in 2006.

Shevchenko scored 182 goals in seven seasons for Milan and is widely regarded as a hero in the city.

Blues owner Roman Abramovich had previously wanted the former Dynamo Kiev hit-man to stay at Stamford Bridge, despite three separate managers failing to pick him as first-choice.

Milan have been looking for a striker after finding their options limited in attack.

Ronaldo is still recovering from a long-term injury, Alberto Gilardino has been sold to Fiorentina, Alex Pato is only 18 years old and Filippo Inzaghi is nearing the end of his career at the age of 35.

Shevchenko will provide competition for places along with Marco Borriello, who returned to the club after a successful loan spell at Genoa.



Saturday, August 23, 2008

ဒုတိယမြောက်ပွဲစဉ်




Anelka

JCole........................Deco
Lampard.....................................Rightphillip
Essien
AshelyCole..............Terry..................Carvalho............Bosingwa

Cech



ဒရော့ဘာ ၊ ရှက်ချန်ကို ၊ ဘောလက် တို့ကတော့ ဒီပွဲမှာ လွဲချော်နိင်ပါတယ်။ ဘောလက်က ပို့စ်မောက်နဲ့ ပွဲမှာ ဒဏ်ရာ အနည်းငယ် ရခဲ့တာကြောင့်ပါ။ အဝေးကွင်း ယှဉ်ပြိုင်ရမဲ့ ဒီပွဲစဉ်မှာ ၀ီဂန်က အိမ်ကွင်းဖြစ်တာရယ် ၊ ပထမဆုံး ပွဲစဉ်မှာ ၀က်စ်ဟမ်း အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ထားတာကြောင့် အနိင်မရရင်တောင် သရေရအောင် ခံကစားပါလိ့မ်မယ်။ ချဲလ်ဆီးအသင်းမှ ပြောင်းရွှေ့သွားတဲ့ မဲလ်ချွိုတ်ကလည်း အစွမ်းကုန် တားဆီးမှာပါ။ ၀ီဂန်ရှေ့တန်းက ဟက်စကီးကတော့ မနေ့က အင်္ဂလန်ပွဲမှာ လေးလံစွာနဲ့ပဲ ကစားသွားပါတယ်။ ဒီပွဲမှာလည်း ချဲလ်ဆီးတွေ ခြေအသာ လူအသာနဲ့ ကစားရဦးမှာပါ။


ချန်ပီယံဆိုတာ အိမ်ကွင်း အဝေးကွင်း မရွေးဘူးမဟုတ်လား။ ဒီပွဲမှာတော့ ဒဏ်ရာကြောင့် နာနေတဲ့ အက်ဆီယန်ကို ပြန်မြင်တွေ့နိင်ပါတယ်။ အပေါ်ကတော့ ကျွန်တော် ခန့်မှန်းထားတဲ့ ဖြစ်နိင်ခြေ လူစာရင်းပါ။

စောင့်ကြည့်ရအောင်ဗျာ.....


သူတကယ်လာပြီ



သတင်းကတော့ မှန်ကန်ပါတယ်။ သူတကယ်ရောက်လာပါပြီ။ ချဲလ်ဆီးလို အသင်းကြီးမျိုးဟာ ဒီလို ကစားသမား လေးတွေ မွေးထားဖို့ လိုအပ်ပါတယ်။ သူ့ရွေးချယ်တာ မှန်ကန်တယ်လို့ ထောက်ခံပါတယ်။ :) သူဌေးကလည်း စွတ်ခေါ်နေတော့တာပဲ။ သူများတွေကို အားတောင် နာလာပြီ။ အဟီးဟီး။

သူ့ပုံကို ကြည့်ကြပါဦး။ ပုံစံကတော့ ခပ်စုတ်စုတ်ပါပဲ။ :P ကစားတာကတော့ စကေးရှိမဲ့ရုပ်။ သတင်းကတော့ ဒီမှာပါ။

http://www.chelseafc.com/page/LatestNews/0,,10268~1373249,00.html

ဝက်ဆိုဒ်က ထုတ်ပြန်တာပါ။ အားလည်း နာတယ် ။ ခင်လည်း ခင်တယ်။ လူလည်းများတယ်။ ပိဆံလည်း ရှိတယ်။ ကစားကွက်လည်း ကောင်းတယ်။ နည်းပြလည်း တော်တယ်။ ကစားသမားတွေက မာန်အပြည့်နဲ့။

လူအမြင်ကတ်အောင် လုပ်နေသလို ဖြစ်နေပြီ။ ဟီးဟီး။ စိတ်မရှိပါနဲ့။ စတာ။ :P


Friday, August 22, 2008

Piam

ချဲလ်ဆီးက စပို့တင်း လစ္စဘွန်းတိုက်စစ်မှူး ဖာဘီယို ပိုင်ကို အငှားစာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ်။ အသက် (၂၀)အရွယ် တိုက်စစ်မှူးကို ချဲလ်ဆီးက တစ်နှစ်အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူနိုင်တဲ့ အခွင့်အရေးလည်း ရှိနေပါတယ်။
လက်ရှိ တိုက်စစ်မှူးတွေထဲက ကလောဒီယို ပီဇာရိုကလည်း ဂျာမန်ကလပ် ၀ါဒါဘရီမင်ကို အငှားစာချုပ်နဲ့ ပြောင်းရွေ့သွားသလို ရှက်ဖ်ချင်ကိုရဲ့ အနာဂတ်ကလည်း စတန်းဖို့ဘရစ်ခ်ျမှာ ဆက်နေဖို့ မသေချာတဲ့ အနေအထားမှာ ရှိပါတယ်။ ပေါ်တူဂီကလပ် စပို့တင်းဟာ မန်ယူစတား ရော်နယ်ဒိုတို့လို လူငယ်ကစားသမားတွေကို မွေးထုတ်တဲ့နေရာမှာ နာမည်ကြီး အသင်းတစ်သင်းဖြစ်ပါသည်။
ဆန်းတို့စ်ဆိုတဲ့ ကစားသမားလေးလည်း ရှိပြီးသားပါ။ လူစုံတော့ ၁ နှစ်လုံးစာ အေးဆေးပေါ့ဗျာ။

ပြန်မလာနိင်သေးသူ



ချဲလ်ဆီး တိုက်စစ်မှူး ဒီဒီရာ ဒရော့ဘာဟာ ဒဏ်ရာကြောင့် အောက်တိုဘာလ မကုန်ခင်အထိ ကစားနိုင်မှာ မဟုတ်သေးဘူးလို့ လက်ရွေးစင်အသင်းနည်းပြ ဘာဟစ် ဟာလယ်ဟိုဇစ်က ပြောပါတယ်။

အသက် (၃၀)အရွယ် တိုက်စစ်မှူးဟာ ဒီနှစ်အစောပိုင်းကတည်းက ဒူးဒဏ်ရာ ဝေဒနာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရလို့ ချဲလ်ဆီးရဲ့ ရာသီအကြို ခြေစမ်းပွဲတွေကို လွဲချော်ခဲ့ပါတယ်။

ဒရော့ဘာဟာ လောလောဆယ် အိုင်ဗရီကို့စ်အသင်းနဲ့အတူ ခြေစမ်းပွဲ ကစားဖို့အတွက် ပြင်သစ်ကို ရောက်ရှိနေပေမဲ့ နည်းပြကတော့ နောက်ထပ် (၆)ပတ်လောက်အထိ ကစားနိုင်မှာ မဟုတ်သေးဘူးလို့ ပြောပါတယ်။

တစ်လအတွင်း ဒရော့ဘာ ပြန်ကစားနိုင်မှာ မဟုတ်သေးပါဘူး။ တစ်လခွဲလောက်တော့ ရှိနိုင်ပါတယ် လို့ အိုင်ဗရီကို့စ်နည်းပြက ပြောပါတယ်။

သူ စပြီး ပြေးနိုင်ပေမဲ့ မိုဇမ်ဘီကွတ်နဲ့ ကစားမဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတော့ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူးစတန်းဖို့ဘရစ်ခ်ျ နည်းပြ စကိုလာရီကတော့ ဒရော့ဘာ ပြန်အလာကို စောင့်မျှော်နေပါတယ်။ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်က ပရီးမီးယားရှစ် အဖွင့်ပွဲမှာ ပို့်စ်မောက် (၄)ဂိုးပြတ်နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ဦးဆောင် နေပါတယ်။သူဟာ ပြီးခဲ့တဲ့ရာသီအတွင်းမှာ ချဲလ်ဆီးအတွက် (၁၅)ဂိုး သွင်းပေး ထားပါတယ်။

Wednesday, August 20, 2008

Milan Agree To Sell Kaka For €102m


Chelsea have been consistently linked with a move for the European and World Footballer of the Year over the last few years, and this summer have been consistently linked with a mega-money bid for the star.

In July it was reported that Chelsea had made a €100m offer for Kaka. The next day Milan Vice President Adriano Galliani confirmed that the club had rejected a “conspicuous” offer from Chelsea but wouldn’t reveal a figure, before adding that Kaka was not for sale at any price.

Chelsea's chief executive Peter Kenyon then refuted talk of a bid for Kaka, but this didn’t stop the press reporting that the Londoners were set to make a huge €150m bid for the midfielder.

Eventually the speculation died down, but last week there were fresh reports in the English and Italian press that Milan may consider selling Kaka to Chelsea next summer for a world record fee.

The Daily Star is today reporting that this is indeed true, and that the Rossoneri will release their star man if Chelsea table a bid of £80m, or €102m.

Chelsea manager Luiz Felipe Scolari is said to prefer the signing of Real Madrid star Robinho, but if this is not possible he certainly won’t turn down the chance of working with Kaka, who he coached for Brazil during their victorious 2002 World Cup campaign in Korea and Japan.

CopyRight@ The Goal.com


အင်္ဂလန် အသင်းခေါင်းဆောင် - တယ်ရီ


နိင်ငံတစ်နိင်ငံမှာ ကစားသမားကောင်းတွေ ပေါများနေရင် ၊ အထူးသဖြင့် ဘောလုံးအားကစားလို အကျော်ကြားဆုံး အားကစားလိုမျိုးမှာ ကစားသမားကောင်းတွေ စုနေရင် အသင်းခေါင်းဆောင်ဆိုတာ ဘယ်နည်းပြအတွက် မဆို ရွေးရခက်တက်ပါတယ်။ အထူးသဖြင့် အင်္ဂလန် အသင်းကြီးမှာလိုပေါ့။ လီဗာပူးလ်က ဂျရတ် ၊ မန်ယူက ဖာဒီနန် တို့လည်း ရှိနေရဲ့သားနဲ့ ချဲလ်ဆီးက တယ်ရီက အင်္ဂလန်ကပ္ပတိန် လက်ပတ်ကို ရရှိသွားခဲ့ပါတယ်။ လက်ပတ်ဆိုတာ တန်ဖိုးတော့ မရှိပေမယ့် ဂုဏ်တော့ရှိတာပေါ့။ အင်္ဂလန်အသင်းကြီးကို ကိုယ်စားပြုပြီး ကန်နေတာ ချဲလ်ဆီးအသင်းခေါင်းဆောင် တဖြစ်လဲ သူပါပဲဆိုတာ ချဲလ်ဆီးအသင်းအတွက် ဂုဏ်ယူစရာပါ။

အင်္ဂလန်အသင်းခေါင်းဆောင်




ကားပယ်လိုက ဘယ်လိုပြောလဲဆိုတော့

“ John's big personality is why I chose him but Rio is also important for the team which is why I made him vice-captain."

"Rio, when he was captain, played very well - the same level as John," he added. "It was not easy for me to choose because they are very good players."

But Terry - also his club's captain - was given the armband and will now be charged with leading England to qualification for the 2010 World Cup in South Africa.

Terry made his England debut as a substitute in a friendly against Serbia & Montenegro in June 2003, establishing himself in the side the following season.

He has scored four goals for his country, including England's first at the rebuilt Wembley Stadium against Brazil in June last year.

ချဲလ်ဆီးအသင်းခေါင်းဆောင်




Happy Birthday Ma Lashiothu !!!!



Happy BirthDay !!!!!!!


Glitter Graphics



မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ ချစ်သောသူများနှင့် အတူတကွ နေထိုင်ရပြီး ၊ ဘုရားသခင်လည်း အမြဲ စောင့်ရှောက်ပါစေ ၊ ချဲလ်ဆီးကိုလည်း ထာဝရ အားပေးနိင်ပါစေလို့ ချဲလ်ဆီးချစ်သူများဖြစ်တဲ့......

ကိုရင်နော်၊ ကိုကောင်လေး၊ ကိုအောင်၊ ကိုဖန်ဆင်းရှင်၊ ကိုလွမ်းလုလင်၊ ကိုဖိုးစံ၊ ကိုမင်းကျန်စစ်၊ ကိုအိမ်မက်သစ်၊ ကို wynnsun၊ ကိုတက်စလာ၊ ကိုknowledgevilla၊ ကိုheartmuseum၊ ကို99၊ ကိုဝင်းဇော်၊ ကိုဒီရေ၊ ကိုဘလာဂေါက်၊ ကိုကိုဖရီး၊ ကိုStanley၊ ကိုစိုးထက်၊ ကိုကလိုစေးထူး၊ ကိုကိုဝဿန်ဦး၊ မဆုရည်၊ မမေ၊ မမိုးချစ်သူ၊ မစိုးမြနန္ဒာသက်လွင်၊ မသိုးမလေး ၊ ကိုနေမင်းခ ၊ ကိုရုပ်ဆိုး ၊ ကိုမိုးမောင် ၊ ကို BlueBoy ၊ ကိုအောင်မျိုးဟန် ၊ ကိုဝိဥာဉ် ၊ ကိုကောင်းကင်ကို ၊ ကိုချမ်းမြေ့ ၊ ကိုအဇ္ဈတ္တပြခန်း ၊ ကိုအောင်စိုး တို့မှ ဆုတောင်းပေးလိုက်ပါသည်.......။

မွေးနေ့ကိတ်


မွေးနေ့လက်ဆောင်


Monday, August 18, 2008

ခင်ဗျားကို မျှော်နေတယ် “ ဒရော့ဘာ ”



ချဲလ်ဆီးရဲ့ ရာသီအကြို ခြေစမ်းပွဲတွေမှာ ခင်ဗျား လိုက်မသွားနိင်ခဲ့တဲ့ အတွက်တော့ ၀မ်းနည်းပါတယ် ဒရော့ဘာ။ အမြင့်ဘောတွေ ရင်ဘတ်နဲ့ ထိန်းပြီး ကစားတက်တဲ့ ဘောလုံးသမားထဲမှာ ခင်ဗျားက အကောင်းဆုံးပဲ ထင်တယ်ဗျာ။ နောက်တန်း ၊ အလယ်တန်းကနေ ကန်တင်ပေးလိုက်တဲ့ အမြှောက်ဘောတွေကို ရင်ဘတ်နဲ့ ထိန်းပြီး တဖက်အသင်းရဲ့ ဂိုးပေါက်ကို လှည့်ကန်တက်တဲ့ ဟန်ပန်ကတော့ စတိုင်ကျလှပါရဲ့။ တိုက်စစ်မှုးတိုင်း လျှင်မြန်ဖျက်လက်နေဖို့ လိုပေမယ့် ခင်ဗျားလို အဆုံးသတ် သေချာဖို့လည်း လိုသေးတယ် မဟုတ်လား။ ပရီးမီးယားလိဂ်ကို ပြန်ယူပေးခဲ့တဲ့ ခင်ဗျားရဲ့ ဂိုးတွေဟာလည်း အရေးပါတာ သေချာတာပေါ့။

အခုအချိန်မှာ ချဲလ်ဆီးတိုက်စစ်ကို အနယ်လ်ကာ ဦးဆောင် နေပေမယ့် ခင်ဗျားကိုတော့ ကျွန်တော်တို့ မျှော်နေလေရဲ့။ ပြဿာနာ တစ်စုံတစ်ရာ ဖြစ်တိုင်း အရင်ဦးအောင် ရောက်သွားတက်တဲ့ ခင်ဗျား ၊ ဘောလက် ၊ တယ်ရီ တို့ ၃ ယောက်ကိုတော့ သူများတွေ ဘယ်လိုမြင်သလဲတော့ မသိပါဘူး။ ကျုပ်ကတော့ ကြိုက်တယ်ဗျို့။ ချဲလ်ဆီးချစ်သူတွေလည်း ကျွန်တော်နဲ့ နည်းတူ ဖြစ်ကြပါလိမ့်မယ်။ ဒါဟာ အသင်းအတွက် စည်းလုံးညီညွတ်တဲ့ ပြယုဂ်မဟုတ်လား။

ဒီရာသီအစမှာ ခင်ဗျားသွင်းတဲ့ ကစ်ချက်ပြင်းပြင်း ဂိုးတွေ ကြည့်ချင်နေပြီ ဒရော့ဘာရေ။ အမြန်ဆုံး ဒဏ်ရာ သက်သာပါစေဗျာ။ ချဲလ်ဆီးချစ်သူများ ကိုယ်စား ဒီနေရာက ခင်ဗျားမသိလည်း ဆုတောင်းပေးလိုက်ပါတယ်။ စိုးမြတ်မင်းလည်း နာနေရင်တော့ ခင်ဗျားထက် သူ့ကို ပိုဆုတောင်းပေးမိလိမ့်မည်။ ဒါက မြန်မာလေ။ သွေးရင်းသားရင်းမို့ ခင်ဗျားနည်းလည်နိင်ပါစေ။ :)



Sunday, August 17, 2008

Chelsea 4 : 0 Portsmouth


စကိုလာရီနဲ့ သူ့နည်းပြတွေကတော့




ဗွေဆော်ဦးဂိုးသွင်းခဲ့သူ


ဒုတိယဂိုးအတွက် ကျေနပ်သွားခဲ့သူ



တတိယမြောက်ဂိုးအတွက် အသာအယာပါပဲ



စတုတ္ထမြောက်ဂိုး အတွက်



ပို့စ်မောက်လို မာကျောတဲ့ အသင်းတစ်သင်းကို ချဲလ်ဆီးတို့ ဂိုးပြက်နိင်ခဲ့တာ ၀မ်းသာ စရာပါ။ ရာသီအစလည်း ဖြစ်ပြန် ၊ နည်းပြ အသစ်လည်း ဖြစ်တဲ့ အပြင် ဘာစီလိုနာရဲ့ ကမ္ဘာကျော်ကွင်းလယ်လူ ဒေကိုရဲ့ အစွမ်းပကားတွေနဲ့ ချဲလ်ဆီးတို့ ပထမဦးဆုံး ပွဲကို အနိင်ရရှိခဲ့ပါတယ်။ တချက်ထိ စနစ်တွေနဲ့ ဘရာဇီးအသင်းကဲ့သို မြင်စေရပါမယ် ဆိုတဲ့ စကိုလာရီရဲ့ နည်းပြမှုဟာလည်း အောင်မြင်ခဲ့ပါတယ်။ ရာသီအစမှာ အခုလို ထိပ်ဆုံးက ဦးဆောင်နိင်ခဲ့တာ ကိုက ဒီနှစ်အတွက် ကံကောင်းခြင်းများနဲ့တော့ မဆိုင်လောက်ပါဘူး။ ဒီလိုပဲ နောက်တပတ်မှာလည်း အဝေးကွင်းမှာ ကန်ရမဲ့ ၀ီဂန်လို အသင်းမျိုးကို အောင်ပွဲခံရဦးမှာပေါ့။ အစကောင်းမှ အနှောင်းသေချာဆိုသလို ချဲလ်ဆီးအသင်းသားများ အနှောင်းလည်း သေချာဖို့ လိုပါတယ်။ ကဲ....ဒီလိုနဲ့ပဲ အောင်ပွဲတွေ ဆက်ခံလိုက်ကြပါစို့ ချဲလ်ဆီး ချစ်သူများရေ....


1St Goal By Joe Cole

http://www.zshare.net/video/171893133638a01f/

2nd Goal By Anelka

http://www.zshare.net/video/1718957518687e31/

3rd Goal By Lampard

http://www.zshare.net/video/171899245cf5b864/


4th Goal By Deco

http://www.zshare.net/video/17190322f98243d0/

First Hight Light

http://www.zshare.net/video/17184801708f58ec/

Second Hight Light

http://www.zshare.net/video/17185915e71483a2/



Good Luck Chelsea`s Lovers



Saturday, August 16, 2008

We will defeat !!!!!!!!!!!


Chelsea : Portsmouth FC



ဖြစ်နိင်ခြေ ရှိသည့် လူစာရင်း


Anelka

Joe Cole ............Lampard...................Ballack...................... Deco

Essien

Ashley Cole...............Terry.....................Carvalho...................Belleti

Cech





Chelsea have loaned Pizarro to Werder



ချဲလ်ဆီးက သူရဲ့ အလွတ်ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှုး Pizarro ကို ၀ါဒါဘရီမင်သို့ အငှားချလိုက်ပါတယ်။ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ 2007/08 ရာသီမှာ ၂၁ ပွဲကစားပြီ ၂ ဂိုးသာ သွင်းယူနိင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့ အတူ ဂိုးပေါင်း မြောက်မြားစွာ သွင်းယူခဲ့ပေမယ့် ချဲလ်ဆီးမှာ ခြေစွမ်း မပြနိင်တာကြောင့် အငှားချလိုက်ခြင်း ဖြစ်နိင်ပါတယ်။ အခုတော့ တိုက်စစ်မှုးတစ်ယောက်လျော့ သွားပေမယ့် အလယ်တန်းတွေနဲ့ ယှဉ်ပြိုင်လို့ ရပါတယ်။ ဒရော့ဘာ ၊ ရှက်ချန်ကို နာနေတဲ့ အပြင် အကာလူးကလည်း အိုလံပစ်မှာ သွားရောက်ကစားနေ တာကြောင့် လောလောဆယ် တိုက်စစ်မှုး အနယ်လ်ကာ တစ်ယောက်သာ အားထားရမှာပါ။

Friday, August 15, 2008

ဒေကို၏ အိမ်မက်များ



Two days before the Premier League season commences, Deco has revealed his excitement at making his Blues debut.

The 30-year-old was Luiz Felipe Scolari's first signing as Chelsea manager, and has quickly settled into life at Stamford Bridge, with some superb displays in pre-season.

After four years at Barcelona, Deco has been impressed with everything around the club, not least the supporters, who he met for the first time at our Fan Day on Monday.

'The fans are very passionate for the club and the players, and I like that,' he began.

'I liked Fan Day and was surprised how many people were there, taking their holidays to see us! I think it is good because the Chelsea fans are so enthusiastic for the team and the coach and new players, it is good for us and we have to do our best in the games for them.'

That work begins on Sunday when we entertain Portsmouth in a lunchtime kick-off, and the midfielder is looking forward to pulling on the blue jersey for the first time in a competitive fixture.

'Yeah, I am excited because it will be a good experience,' the number 20 said. 'We have had many training sessions and pre-season games, which have been very good.

'I had a little problem last week but now I am okay. I want to start well at Chelsea, and make sure we win.'

If selected, Deco is likely to be in a midfield alongside Frank Lampard, who this week committed his long-term future to the club. That was an important move for both club and player, the Portuguese playmaker believes, and he anticipates a strong partnership developing between the pair.


Thursday, August 14, 2008

Lampard သက်တမ်းတိုးပြီ


The 30-year-old England international's old deal was set to expire in the summer of 2009 and he was the subject of a transfer bid from Inter's former Blues boss Jose Mourinho, which Chelsea rejected.

Lampard's new contract takes him through to the summer of 2014, when he will be 35. Chelsea originally offered Lampard a four-year deal, which he had refused to sign.

"Negotiations have been going on a long time with Chelsea," Lampard said. "With what happened in my personal life over the last few months [Lampard's mother died in April], I asked Chelsea for some time to get my head straight.

"I spent a lot of time with my family and worked out what I wanted to do. I'm 30, and I just wanted to make the right decision.

"I've had seven fantastic years here and now I can have five more, and hopefully finish my career here. Whether that will be in five years time or more, I don't know."

Lampard also commented on the speculation that linked him to a reunion with Mourinho, saying that he was tempted but that the club - and his family - helped him make the decision to stay.

"Everyone knows that Inter Milan made a bid for me, and of course that was an option," he admitted.

"I had to think about whether I wanted to be in London or away from London. Coming back to Chelsea and training with the boys made me realise the relationship I have with the club.

"My team-mates were very important in the decision, especially the captain John Terry.

"If we all work together I think the team can achieve success."

Much was made of Lampard's desire for a longer contract, and the wages he demanded, which he admitted were factors in talks.

"Everyone knows that the financial aspect of any negotiation is very important," he added.

"I'm very pleased I signed the five-year deal, because I think I can play for many years to come. Chelsea always stated they wanted to keep me, and that was a good thing for me."

Wednesday, August 13, 2008

Still Shooting



Australia : Ivory Coast ပွဲမှာတော့ ကျွန်တော်တို့ရဲ့ ချဲလ်ဆီး တိုက်စစ်မှုး ဆလိုမွန် ကာလူးလ်ဟာ ဂိုးတွေ သွင်းယူနေပါတယ်။ ဒါကတော့ ဒီကနေ့ ကန်ခဲ့တဲ့ ပွဲမှာ ၁ လုံးထဲသော ဂိုးကို သွင်းယူသွားခဲ့တဲ့ ဟိုက်လိုက်လေးပါ။ အိုလံပစ်မှာ သက်ကြီး ကစားသမား ၃ ယောက်ပါဝင်ခွင့် ရှိပေမယ့် ဒရော့ဘာကတော့ မသွားခဲ့ပါဘူး။ အခုလို ကာလူးလ်ဂိုးတွေ ရနေတာ ကျေနပ်စရာပါ။

Download

http://www.zshare.net/video/16980112fb6f333e/

Tuesday, August 12, 2008

မကြောက်ပါနဲ့.....

BALLACK SPEAKS


Michael Ballack is ready to challenge for four titles this season as he looks ahead to 2008/09 with Chelsea TV tonight.

Ballack talks about the past and his hopes for the future at 6.45pm in The Big Interview on Chelsea's official television channel.

'I am happy and I am prepared for this season, last season I wasn't, I was out, but now everything is fine and I am looking forward to playing next season,' said the German captain.

'We couldn't win the title, we were very close, but in the end we lost, and everybody was disappointed about this.

'But we have to look forward to the next season. We have a good squad and another chance to win four titles.'

Before The Big Interview you can get all the latest from the Fan Day with Blues News at 6.30pm, when Petr Cech tells Chelsea TV why he enjoys training in front of a crowd.

There are also highlights from yesterday's training session between the Chelsea Ladies and the Chelsea Old Boys.

Monday, August 11, 2008

ဝယ်လိုက်ပြီ....၀ယ်လိုက်ပြီ

ဒါက အခုနွေရာသီမှာ ချဲလ်ဆီးကို ပြောင်းရွှေ့လာတဲ့ ကိုဆိုးသွမ်း ဖြစ်ပါတယ် ခင်ဗျားးးးးးးးး။ ဟေး ဟေး

ကဲ....ကျွန်တော်ကတော့ ရာသီအသစ်မှာ အကျီအသစ် ၊ စိတ်ကူးအသစ် ၊ အားမာန်အသစ်တွေနဲ့ အားပေးဖို့ မျှော်နေတယ်ဗျို့။ ကြွားတယ်လို့ မထင်ပါနဲ့ ။ ကြွားတာပါ။ :P

အဲဒီတုန်းကပေါ့.....

ပို့စ်မောက် အနေဖြင့် ချဲလ်ဆီးနှင့် ပွဲအတွက် ယုံကြည်မှု ပိုရှိလာတယ်လို့ ဒေးဗစ်ဂျိမ်းက ပြောကြားခဲ့ပါတယ်။ ဒါဟာ ဘာလို့လည်းဆိုတော့ ကွန်မြူနတီဒိုင်းမှာ မန်ယူနဲ့ သရေကျအောင် ကန်နိင်ခဲ့တာကြောင့်ပါ။ အဲဒီပွဲကို ကြည့်လိုက်ရမယ် ဆိုရင်တော့ ကျွန်တော်ပြောတာ မမှားနိင်ဘူးလို့ ထင်ပါတယ်။ ပို့မောက်စ် အနေဖြင့် တိုက်စစ်ကို လုံးဝ ပျောက်နေခဲ့ပါတယ်။ မန်ယူက နာနီ ဖောက်တာကို ခုခံကာကွယ်နေရတာနဲ့ပဲ တချိန်လုံး ခံစစ်သာ ဆော့ကစား သွားတာပါ။ အသစ်ပြောင်းလာတဲ့ ပီတာခရော့ခ်ကလည်း ဖြစ်မြောင်အောင် မစွမ်းဆောင် နိင်ပါဘူး။ ပို့စ်မောက်က Distin , Diop , Campbell တို့ကောင်းလို့သာ ဒီလောက်ထိ ခံနိင်ခဲ့ခြင်းပါ။ James အနေနဲ့ကလည်း တိဗက်ဇ် လှည့်ကန်တဲ့ အလုံးကို ကာကွယ်လိုက်နိင်တာက လွဲလို့ တခြားဘာမှ ထူးထူးခြားခြား မဖမ်းခဲ့ရပါဘူး။ ဒါကြောင့် နှစ်သင်းစလုံးသာ အပြန်အလှန် ကစားကြပေမယ့် တိုက်စစ်ပိုင်း အားနည်းခဲ့ပါတယ်။

အဲဒီမှာ အလယ်တန်း အားသာတဲ့ အသင်းကတော့ ဖိကစားသွားနိင်တာပေါ့။ မန်ယူမှာ ရော်နယ်လ်ဒို ၊ ရွန်းနီ ပါလာရင်တော့ ဘယ်လိုဖြစ်မယ် မသိပေမယ့် အခုမန်ယူ တိုက်စစ်ကတော့ သာမန်လောက်ပါပဲ။ အဆိုးဆုံးကတော့ ပို့စ်မောက် တိုက်စစ်လုံးဝ ပျောက်ခဲ့တာကြောင့် မန်ယူနောက်တန်းကို မခြိမ်းခြောက်နိင်ခဲ့တာပါ။

ပို့စ်မောက် အနေဖြင့် ချဲလ်ဆီးနဲ့ အဖြေ ဘယ်လိုလာမယ်ဆိုတာ စောင့်ကြည့်ကြပါစို့။


Saturday, August 9, 2008

ကျောနံပတ်များ.....ပေးခဲ့ပြီ

2008 / 09 ရာသီအတွက် နည်းပြ စကိုလာရီကတော့ အခုလို ကစားသမားတွေ အတွက် ကျောနံပတ်တွေကို သက်မှတ်ပေးခဲ့ပါတယ်။ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ အာဂျင်တီးနား ယူ-၂၁ လက်ရွေးစင် ဖြစ်ခဲ့တဲ့ ဆန်းတို့စ်လေးကို ကျောနံပတ် - ၉ ပေးခဲ့တာပါပဲ။

1 Petr Cech

2 Branislav Ivanovic

3 Ashley Cole

5 Michael Essien

6 Ricardo Carvalho

7 Andriy Shevchenko

8 Frank Lampard

9 Franco Di Santo

10 Joe Cole

11 Didier Drogba

12 John Mikel Obi

13 Michael Ballack

14 Claudio Pizarro

15 Florent Malouda

16 Scott Sinclair

17 José Bosingwa

18 Wayne Bridge

19 Paulo Ferreira

20 Deco

21 Salomon Kalou

23 Carlo Cudicini

24 Shaun Wright-Phillips

26 John Terry

30 Rhys Taylor

33 Alex

35 Juliano Belletti

39 Nicolas Anelka

40 Hilario


Wednesday, August 6, 2008

Robinho ponders Chelsea move

Real Madrid star Robinho claims he is mulling over offers from several clubs - including Chelsea.

FOOTBALL 2008-2009 La Liga Real Madrid Robinho entrenamiento / Foto: EFE - 0

The relationship between the 24-year-old and his club appears to have deteriorated since the Spanish champions refused to release the Brazil international for this month's Olympics, claiming he has a groin strain.

However, Robinho took part in the Emirates Cup - a pre-season tournament alongside Hamburg, Juventus and hosts Arsenal - last weekend.

The former Santos attacker has already expressed his desire to work with compatriot Luiz Felipe Scolari, who took over the Chelsea reins on July 1.


And Robinho reiterated on Monday that his future in the Spanish capital is far from certain as the new season approaches.

He told GloboEsporte.com: "I still don't know whether I will continue [at Real Madrid]. It's not defined yet.

"The season is just starting and I've been given some offers from other clubs. I have one from Chelsea, but nothing has been sorted out yet. We are just talking."

Robinho also spoke of his disappointment at not taking part in the Olympics.

"Watching the Olympic team play on television is so bad," he said. "I wanted to be there with the group, but Real Madrid did not want to release me. I am truly sorry for that."


သူလာရင် ကောင်းမယ်



ချဲလ်ဆီးရဲ့ ကွင်းလယ်လူသစ် ဒေကိုက ရီရဲလ်မက်ဒရစ် တိုက်စစ်မှူး ရော်ဘင်ဟိုကို ခေါ်ယူနိုင်ဖို့ တိုက်တွန်း လိုက်ပါတယ်။

ပေါ်တူဂီကွင်းလယ် ဖန်တီးရှင်က ဘရာဇီးတိုက်စစ်မှူး ရော်ဘင်ဟိုဟာ စတန်းဖို့ဘရစ်ခ်ျ ပရိတ်သတ်တွေကို စိတ်လှုပ်ရှားမှု ပေးနိုင်တဲ့ ကစားသမား ဖြစ်ကြောင်း ပြောပါတယ်။

ချဲလ်ဆီးအနေနဲ့ ဒီတစ်ပတ်အတွင်း ရော်ဘင်ဟိုကို ပေါင် (၂၅)သန်းပေးပြီး ခေါ်ယူနိုင်ဖို့အတွက် ရီရဲလ်ကို တိုက်တွန်း ပြောဆိုသွားမှာ ဖြစ်ပါတယ်။

အသက် (၃၀)အရွယ် ဒေကိုက ရော်ဘင်ဟိုဟာ မယုံကြည်နိုင်လောက်တဲ့ ဘောလုံးစွမ်းရည်တွေရှိနေတဲ့ ပရိတ်သတ်တွေကို စိတ်လှုပ်ရှားမှု ပေးနိုင်တဲ့ ကစားသမားမျိုးပါ လို့ ပြောပါတယ်။

သူက မှော်ဆန်ပါတယ်။ ဘောလုံးကွင်းထဲမှာဆိုရင် ဘာမဆို လုပ်နိုင်တဲ့ ကစားသမားမျိုးပါ ။

အသက် (၂၄)နှစ်အရွယ် ဘရာဇီးတိုက်စစ်မှူး ရော်ဘင်ဟိုဟာ ရီရဲလ်ကို ၂၀၀၅ မှာ ရောက်ပြီး ပွဲပေါင်း (၁၀၁)ပွဲမှာ (၂၅)ဂိုး သွင်းထားပါတယ်။

သူဟာ ရီရဲလ်အသင်းရဲ့ ၂၀၀၆၊ ၂၀၀၇ ရာသီမှာ (၂)နှစ်ဆက်တိုက် လာလီဂါ ချန်ပီယံဖြစ်အောင် အဓိကနေရာကနေ ကူညီထားပြီး ဘရာဇီးအသင်းအတွက် ပွဲ (၅၀)မှာ (၁၅)ဂိုး သွင်းထားပါတယ်။

ဒါပေမယ့် လက်ရှိ ချဲလ်ဆီးမှာ တိုက်စစ်မှုးက ဒရော့ဘာ ၊ အနယ်လ်ကာ ၊ ရှက်ချန်ကို ၊ အကာလူး ၊ ဆန်းတို့စ် ရှိနေပါတယ်။ ဒီအရေအတွက်ဟာ ဘောလုံးအသင်းအတွက် လုံလောက်တဲ့ တိုက်စစ်မှုး အရေအတွက်ပါ။ နည်းပြ စကိုလာရီကလည်း ခေါ်ယူချင်နေသလို ၊ ရော်ဘင်ဟိုကလည်း သူ့အနာဂတ်အတွက် ပြောင်းရွှေ့ချင်နေပါတယ်။ ရီးရဲလ်ကလည်း ဆွေးနွေးသွားမယ်လို့ ပြောထားပါတယ်။ ချဲလ်ဆီးအနေဖြင့် ဒီတိုက်စစ်မှုးကို ခေါ်မယ်ဆိုရင် ပိုက်ဆံကတော့ တော်တော်ကုန်မှာပါ။ မိုဘစ်ခ်ျအနေဖြင့် ပိုက်ဆံရှိသော်လည်း ကစားသမားတွေ ပိုနေမှာ မြင်ယောင်မိပါတယ်။ အင်အားတော့င်တာ မှန်ပေမယ့် ဘောလုံးသမားဆိုတာ ကစားခွင့်ရမှ ကြေနပ်ကြတာ မဟုတ်လား။ ဒီတော့ လူများရင် ကိုယ်မကစားရရင် စိတ်ညစ်စရာတွေ ရှိလာတဲ့ အခါ အသင်းအတွက် ထိခိုက်လာနိင်တယ် မဟုတ်လား။

ကျွန်တော်တို့ကတော့ ဘာပဲ ပြောပြော ကိုယ့်အသင်းမှာ ကစားသမားတွေ ဝေေ၀ဆာဆာ ဖြစ်နေရင်တော့ ကျေနပ်နေတာပဲ မဟုတ်လား။ အောင်မြင်တာ မမြင်တာ အသာထား။ ကျွန်တော်ကတော့ အပြာရောင်ဝတ်စုံတွေနဲ့ ချဲလ်ဆီးကစားသမားတွေ ဘယ်လိုအသင်းနဲ့ ကန်ကန် ကြည့်နေရရင် ကျေနပ်တယ်။ ဒါက ကျွန်တော့် အမြင်လေးပါ။


Sunday, August 3, 2008

Chelsea 5 : 0 AC Milan


“ ချစ်ချစ်ရေ... ၅း ၀ တောင် သွင်းတယ်ဟ ”


တမြန်မနေ့က လိုကိုမိုတစ်ကို ပင်နယ်လ်တီမှာ အရှုံးပေးလိုက်ရတဲ့ ချဲလ်ဆီးဟာ ဒီနေ့မှာတော့ အောင်အောင် မြင်မြင်နဲ့ ၀င့်ဝင့်ကြွားကြွား ကစားသွားပါတယ်။ Chelsea 5 : 0 AC Milan ပွဲမှာ မိုးကလည်း ရွာထားတော့ နှစ်ဖက် အသင်းကစားသမား များဟာ တချက်တချက် ခြေချော်တက်တဲ့ အနေအထားကို တွေ့ရပါတယ်။ အဲဒါကြောင့် မို့လည်း အနယ်လ်ကာရဲ့ ၂ ဂိုးမြောက် ဂိုးဟာ ဂိုးသမား ခြေချော်မှုကြောင့် ရခဲ့တာပါ။ ဒီနေ့ပွဲမှာ အေစီမီလန်က ဂိုးသမား အမှားရယ် ၊ ကစားသမားတွေက လိုတာထက် ပိုမောပန်း နေရတာရယ် ၊ လူမစုံတာ ရယ်ကြောင့် ချဲလ်ဆီးတို့ ဂိုးအပြက်နဲ့ အနိင်ရခဲ့ခြင်း ဖြစ်ပါတယ်။


၎ ဂိုးသွင်းသူ - အနယ်လ်ကာ

တချက်ထိ စနစ်နဲ့ ကစားလာတဲ့ ချဲလ်ဆီး ကစားကွက် ကောင်းလာသလို ၊ ရှေ့တန်းမှာ တိုက်စစ်မှုး တစ်ဦးထားပြီး တောင်ပံက ကစားတဲ့ စနစ်ကို ကျင့်သုံးသွားပါတယ်။ ရှေ့တန်းမှာ နှေးကွေးတက်တဲ့ အနယ်လ်ကာ အတွက် တောင်ပံက မာလူဒါနဲ့ ရိုက်ဖီးလစ် ၂ ယောက်အကူအညီနဲ့ အေစီကို ကစားသွားပါတယ်။ ဒရော့ဘာ ခြေစမ်းပွဲတွေမှာ ရှိနေမယ် ဆိုရင်လည်း ဒီအကွက်ဟာ အသုံးဝင်နေဦးမှာပါ။



အိုင်ဗန်နိဗစ်ခ်ျ ၏ စွမ်းဆောင်ရည်

ဒီနေ့ပွဲအတွက် အနိင်ဂိုးများကို လမ်းပတ်မှ ဖရီးကစ်မှ ၄င်း ၊ အနယ်လ်ကာက ၄ ဂိုးသွင်းကာ ဖြင့် ဟိုက်လိုက်များကို တင်ပေးလိုက်ပါတယ်။

Download

3 Goals

http://www.zshare.net/download/16458733f5268be8/

0 : 4 By Anelka

http://www.sendspace.pl/file/VJI7Ja80/

0 : 5 Anelka

http://www.sendspace.pl/file/lPQlelVl/


နယူး....နယူး






Chelsea 5 : 0 AC Milan ပွဲ၌ ညာဝန်းကနေ ခြေစွမ်းပြပြ ကစာသွားတဲ့ သူက ဆားဗီးယား ယူ - ၂၁ အသင်းခေါင်ဆောင် ကျောနံပတ် ( ၂ ) Branislav Ivanovic ပါ။ ကျွန်တော်တို့ သတိမထားမိခဲ့တာကတော့ သူ့ကို ဂရန့်မန်နေဂျာ အဖြစ်ကတည်းက လိုကိုမိုတစ် အသင်းကနေ ၀ယ်ယူခဲ့တာပါ။

ကိုယ်ရေးဖိုင်က -
Position: Defence

Height: 6'1

Weight: 13st 3lbs

Date of Birth: 1984-02-22 Novi Sad, Serbia

ချဲလ်ဆီးကို ယူရို - ၈ သန်းနဲ့ ပြောင်းလာခဲ့ပါတယ်။



Russian Railways Cup


ပွဲကြီး ပွဲကောင်းတစ်ပွဲပါပဲ။ ဆီဗီလာနဲ့ တွေ့ရမဲ့ ကံ ပါမလာဘဲ အေစီမီလန်နဲ့ တွေ့ကြတာပါ။ အေစီမီလန်ရဲ့ ကာကာကို ချဲလ်ဆီးနောက်တန်း ဘယ်လို ထိန်းချုပ်မလဲ......ချဲလ်ဆီးရဲ့ အလယ်တန်းတွေ ကစားကွက် အသာစီး ရနိင်ပ့ါမလား ဆိုတာ နောက် ၁ နာရီ ကျော်ကျော် အချိန်လေးမှာ တွေ့မြင်ရတော့မှာပါ။

အောင်မြင်ပါစေ.....အောင်မြင်ပါစေ.....အောင်မြင်ပါစေ

Saturday, August 2, 2008

Third Kid ( 2008 / 09 )

Chelsea Fc ၏ 2008/09 တတိယမြောက် အသင်းအင်္ကျီ ထွက်ရှိလို့လာပါပြီ။ ယတြာတွေလား ၊ ဘာကို နှစ်သက်နေလဲ မသိပါဘူး။ ဘောလုံးမှာ ရွေးချယ်လေ့ မရှိတဲ့ ဒီအ၀ါရောင် အင်္ကျီကြီးကိုပဲ ထပ်ထုတ်လာပါတယ်။
ကစားသမားတွေကလည်း အသားဖြူဖြူ ( ဥပမာ - မီခေးလ်, အက်ဆီယန် ) တို့လိုပါနေတော့ အ၀ါလေးနဲ့ဆို သိပ်လိုက်မှာပါ။း) ။ ကဲ.....ကြည့်ကြပါဦးဗျို့။