Showing posts with label Fan. Show all posts
Showing posts with label Fan. Show all posts

Saturday, April 19, 2008

Happy Birthday Nandar !

ချဲလ်ဆီးချစ်သူ ဖြစ်သော မစိုးမြနန္ဒာသက်လွင် ၏ ဧပရယ် (၁၉) ရက်နေ့မှာ ကျရောက်သော (၂၃) နှစ်ပြည့် မွေးနေ့မှသည် နောက်နှစ် ပေါင်းများစွာ မိသားစုနှင့်အတူ စိတ်ကျန်းမာခြင်း ၊ ကိုယ်၏ ချမ်းသာခြင်းတို့နှင့်အတူ ဘ၀ကို ပျော်ရွှင် ချမ်းမြေ့စွာ ဖြက်သန်းနိင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ ကျွန်တော်တို့ အပြာရောင် ချစ်သူများ ဖြစ်တဲ့ -

ကိုစိုးထက်၊ ကိုကလိုစေးထူး၊ ကိုဆိုးသွမ်း၊ ကိုကိုဖရီး၊ ကိုဘလာဂေါက်၊ ကိုဝင်းဇော်၊ ကိုဒီရေ၊ ကို99၊ ကိုStanley၊ ကိုHeartmuseum၊ ကိုKnowledgevilla၊ မလားရှိုးသူ၊ မမေ၊ မမိုးချစ်သူ၊ မသိုးမလေး ...
တို့မှ နောင်နှစ်ပေါင်းများစွာ အသက်ရာကျော် ရှည်ကြောင်း မေတ္တာပို့သအပ်ပါသည်။

မွေးနေ့ လက်ဆောင် ကဗျာ ...


မွေးနေ့ရှင် စိုးမြနန္ဒာသက်လွင် အတွက် “အားမာန်”

ရေဆန်ခရီး လှိုင်းလေတွေကြီးလည်း
တွေးပြီး ကြောက်ရွံ့မနေနှင့်။

ရေဆန်ခရီး မုန်တိုင်းဆီးလည်း
ငေးပြီး နောက်တွန့်မနေနှင့်။

ရေဆန်လှိုင်းကြီး မုန်တိုင်းဆီးလည်း
တွေးပြီးမမှိုင်၊ ကျော်လွှားနိုင်ဖို့
ခိုင်မာသည့်ဇွဲ၊ ရဲရင့်သည့်မာန်
သန်မာသည့်အား ၊ စွမ်းပကားဖြင့်
လှိုင်းကြားလေအောက်၊ မရွံ့ကြောက်နှင့်
နောက်တွန့်စရာ၊ မလိုပါဘူ့
ရှေ့မှာကမ်းခြေ၊ ရောက်နှင့်နေသည့်
ရေဆန်ကျော်လွှား၊
မိတ်ဆွေများက
သင့်အား ဆီးကြိုနေကြပြီ....။

ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေ.......လို့...

(၀င်းဇော်-ချဲလ်ဆီးချစ်သူ)

:)