Showing posts with label ထွက်ခွာသူများ. Show all posts
Showing posts with label ထွက်ခွာသူများ. Show all posts

Thursday, August 28, 2008

Bye Bye !!!!



ရှောင်ရိုက်ဖီးလစ်မှာ မန်ချက်စတာစီးတီးအသင်းသို့ ပေါင် ၈.၅ သန်းဖြင့် ပြန်လည်ရောင်းချရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သည်။ ရိုက်ဖီးလစ်အား ချယ်ဆီးအသင်းက ပေါင် ၂၂ သန်းဖြင့် လွန်ခဲ့သော သုံးနှစ်က မန်စီးတီးအသင်းမှ ၀ယ်ယူခဲ့ခြင်းဖြစ်သည်။ ရိုက်ဖီးလစ်မှာ ယနေ့ မန်ချက်စတာ စီးတီးအသင်းတွင် ဆေးစစ်မည်ဖြစ်ပြီး တစ်ပတ်လျင်ပေါင် ရှစ်သောင်းဖြင့် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်သည်။ ရိုက်ဖီးလစ်အား အဲဗါတန်အသင်းကလည်း ၀ယ်ယူရန် ကမ်းလှမ်းခဲ့သေးပြီး ယခင်မန်စီးတီးသူရဲကောင်းက မန်စီးတီးအသင်းသို့ ပြန်သွားရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ရိုက်ဖီးလစ်မှာ အသင်းသို့ ရော်ဘင်ဟို ရောက်ရှိလာမည်ဖြစ်သဖြင့် ပထမကစားသမားနေရာအတွက် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခြင်းဖြစ်သည်။

Good Luck !!!!! RightPhillip


Friday, August 1, 2008

သူလည်း ထွက်သွားပြန်ပြီ


မန်ချက်စတာစီးတီးက ချဲလ်ဆီးရဲ့ ဗဟိုနောက်ခံလူ တယ်ဘန် ဟိုင်ကို ပြောင်းရွေ့ကြေး မဖော်ပြဘဲနဲ့ ခေါ်ယူလိုက်ပါတယ်။

အစ္စရေး လက်ရွေးစင်ဟာ ဇွန် ၂၀၀၇ တုန်းက ဘော်လ်တန်ကနေ ချဲလ်ဆီးကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိခဲ့ပေမယ့် ပုံမှန်ကစားခွင့် မရတဲ့အတွက် အသင်းပြောင်းခြင်း ဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြသစ် စကိုလာရီကလည်း နောက်ခံလူကို ပြောင်းရွေ့ဖို့ ခွင့်ပြုလိုက်လို့ မန်စီးတီးက (၄)နှစ်စာချုပ်နဲ့ ခေါ်ယူ လိုက်ပါတယ်။

နောက်ခံလူရဲ့ ပြောင်းရွေ့ကြေးဟာ ပေါင် (၅)သန်း ၀န်းကျင်လောက် ရှိမယ်လို့ ခန့်မှန်းရပြီး စီးတီးရဲ့ ဒီအပြောင်းအရွေ့ ဈေးကွက်အတွင်းမှာ ဘရာဇီးတိုက်စစ်မှူး ဂျိုကို ပေါင် (၁၈)သန်းနဲ့ ခေါ်ယူအပြီးမှာ ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမား ဖြစ်ပါတယ်။

ဘန်ဟိုင်ဟာ ပြီးခဲ့တဲ့ ရာသီအတွင်း ချဲလ်ဆီးမှာ ဂျွန်တယ်ရီ၊ ကာဗယ်ဟို၊ အဲလက်တို့နဲ့ မယှဉ်ပြိုင်နိုင်တဲ့အတွက် (၁၃)ပွဲပဲ ကစားခွင့် ရထားပါတယ်။

“စီးတီးက ကျော်ကြားတဲ့ အသင်းကောင်းတစ်သင်းဖြစ်ပြီး ရည်မှန်းချက်တွေလည်း အများကြီး ရှိတယ်လို့ ကျနော် ထင်ပါတယ်” လို့ အစ္စရေး နောက်ခံလူက ပြောပါတယ်။

၎င်းက ဆက်လက်ပြီး “နည်းပြ မာ့ဟူ့ခ်ျစ်မှာ ရည်မှန်းချက်ကြီးတယ်ဆိုတာကို ကျနော် သိပါ တယ်။ သူက ကစားသမား ဘ၀တုန်းကလည်း အောင်မြင်ခဲ့ပါတယ်။ နည်းပြဘ၀မှာလည်း အောင်မြင်မှုတွေကို လိုချင်နေတဲ့သူပါ” လို့ ပြောပါတယ်။


Thursday, July 10, 2008

Steve Sidwell

အက်စတွန်ဗီလာအသင်း၏ ဆေးစစ်ချက်များ အောင်မြင်ပြီးနောက် ချဲလ်ဆီးကွင်းလယ်လူ စတိဆစ်ဒ၀ဲလ် တစ်ယောက်ဟာ ပြောင်းရွှေ့ကြေး ၅ သန်းဖြင့် နောက် ၂၄ နာရီ အတွင်းမှာ ပြောင်းရွှေ့တော့မယ်လို့ သိရပါတယ်။ ဒီကွင်းလယ်လူဟာ ချဲလ်ဆီးမှာလည်း နေရာ အနည်းငယ်သာ ရတာကြောင့် သူ့အတွက်ရော ချဲလ်ဆီး အတွက်ပါ ပိုက်ဆံလည်းရ ၊ သူလည်း ကစားဖို့ နေရာပုံမှန် ရသွားပါတယ်။ အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ အင်္ဂလန် U-21 အလယ်တန်းလူဟာ Reading ကနေ ချဲလ်ဆီးသို့ပြောင်းရွှေ့လာတာ ဖြစ်ပြီး စုစုပေါင်း ရီဒင်းမှာ ၃ ရာသီ ကစားခဲ့ပြီး ၂၇ ဂိုးသွင်းယူနိင်ခဲ့ပါတယ်။


Friday, July 4, 2008

ရှောင်ရိုက်ဖီးလစ်


အီရန် ရိုက်က ရှောင်ရိုက် ဖိလစ်စ်ကို ချဲလ်ဆီးကနေ ထွက်ခွာဖို့အတွက် အချိန်တန်ပြီလို့ ပြောပါတယ်။

ဖခင်ဖြစ်သူ ရိုက်ဟာ သားဖြစ်သူ ပေါင် (၂၁)သန်းနဲ့ မန်ချက်စတာစီးတီးကနေ ဇူလိုင် ၂၀၀၅မှာ ချဲလ်ဆီးကို ရောက်ရှိကတည်းက ပွဲစဉ်တိုင်းကို သေချာစောင့်ကြည့်နေသူ ဖြစ်ပါတယ်။

အာစင်နယ်သူရဲကောင်း အီရန် ရိုက်က ရိုက်ဖိလစ်စ်ကို စိတ်ဝင်တစား ရှိနေတဲ့ ဟယ်ရီ ရက်ပ်နက်ရဲ့ ပို့စ်မောက်အသင်းက ကမ်းလှမ်းတာကို လက်ခံသင်တယ်လို့ ယုံကြည်နေပါတယ်။

“ပို့စ်မောက်က သူ့အတွက် ပြောင်းရွေ့ဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ ချဲလ်ဆီးနဲ့အတူ သူ ဆုတွေအများကြီး ရပြီးလို့ တာဝန် ကျေပါပြီ။ သူ့ ကစားသမားဘ၀ကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ ပို့စ်မောက်ကို ပြောင်း သင့်ပါတယ်” လို့ ရိုက်က ပြောပါတယ်။

အသက် (၂၆)နှစ်အရွယ် ရှောင်ဖိလစ်စ်အနေနဲ့ ပို့စ်မောက်ကိုပြောင်းရင် နည်းပြ ရက်ပ်နက်က ပုံမှန်ကစားခွင့်အတွက် အာမခံနိုင်မှာ ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၁၉)ပွဲမှာ (၄)ဂိုး သွင်းထားပြီး ချဲလ်ဆီးနဲ့ (၈၁)ပွဲမှ (၄)ဂိုး ရထားပါတယ်။

ဟာနန်ခရက်စပို

တိုက်စစ်မှူး ဟာနန် ခရက်စပိုဟာ ချဲလ်ဆီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်တဲ့အတွက် စတန်းဖို့ဘရစ်ခ်ျကနေ တရားဝင် ထွက်ခွာခွင့်ရပြီ ဖြစ်ပါတယ်။

အသက် (၃၃)နှစ်အရွယ် ခရက်စပိုဟာ ၂၀၀၃ မှာ ချဲလ်ဆီကို ရောက်ရှိပြီး ပထမ ရာသီအတွင်းမှာ ဘလူးစ် အသင်းအတွက် (၁၀)ဂိုး သွင်းပေး ထားပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူးဟာ လန်ဒန်ကလပ်မှာ အခြေတကျ မရှိတဲ့အတွက် နောက်တစ်နှစ်အကြာမှာ အီတလီကလပ် အေစီမီလန်ကို တစ်နှစ်အငှားစာချုပ်နဲ့ ရောက်ရှိသွားပါတယ်။

သူဟာ ၂၀၀၅၊၀၆ ရာသီမှာ ပရီးမီးယားရှစ်ကို ပြန်လာခဲ့ပေမယ့် မကြာမီမှာပဲ အသင်းဟောင်း အင်တာမီလန်ကို (၂)နှစ်အငှားစာချုပ်နဲ့ ပြန်လည် ရောက်ရှိသွားပါတယ်။

အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းပြောင်းနိုင်တဲ့ ခရက်စပိုဟာ နည်းပြသစ် မော်ညင်ဟိုရဲ့ အီတလီစီးရီးအေ ချန်ပီယံအသင်းမှာ အမြဲတမ်းစာချုပ်ချုပ်နဲ့ နေထိုင်ခွင့်ရဖို့ မျှော်လင့်နေပါယတ်။

သူဟာ ၂၀၀၃ မှာ ချဲလ်ဆီးကို ရုရှားဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက် နည်းပြ ကလောဒီရို ရိုင်နရီရဲ့ ပထမဆုံး ၀ယ်ယူခြင်း ခံရတဲ့ ကစားသမား ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ထုတ်ပြန်ချက်မှာ ချဲလ်ဆီးတီရှပ်ကိုဝတ်ပြီး အသင်းအတွက် ကြိုးစားပေးမှုတွေအတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ အနာဂတ် လှပပါစေလို့လည်း ဆုတောင်းပါတယ် လို့ ဖော်ပြထားပါတယ်။

သူဟာ ချဲလ်ဆီးနဲ့ (၄၉)ပွဲမှာ ဂိုး (၂၀)၊ မီလန် (အငှား)နဲ့ (၂၈)ပွဲမှာ (၁၀)ဂိုး၊ အင်တာ (အငှား)နဲ့ (၄၈)ပွဲမှာ (၁၈) ဂိုး သွင်းထားပြီး လက်ရွေးစင်အသင်းအတွက် (၆၅)ပွဲမှာ (၃၆)ဂိုး သွင်းထားပါတယ်။





Saturday, June 28, 2008

Good Bye ------- Frank Lampard


နုတ်ဆက်လိုက်ပါတယ် ကိုလမ်းပတ်ရေ။ တကယ်တော့ ခင်ဗျားကို ချဲလ်ဆီးအသင်းနဲ့ အတူ အနားယူ သွားတဲ့ အထိရှိနေစေချင်တာပါ။ ပရီးမီးယားလိဂ်မှာရော ချန်ပီယံလိဂ်မှာပါ ခင်ဗျား ကယ်တင်ခဲ့တဲ့ ဂိုးတွေနဲ့ အောင်မြင်ခဲ့ရသေးတာပါ။ အခုလို ဒေကိုရောက်လာတော့ မော်ရင်ဟိုနောက် လိုက်သွားတာတော့ စိတ်မကောင်းဘူးဗျာ။ ခင်ဗျား ၀တ်တဲ့ ကျောနံပတ် ၈ ကို ခင်ဗျားလိုပဲ ချဲလ်ဆီးအသင်းအတွက် အဓိက စွမ်းဆောင်နိင်တဲ့သူပဲ ဆက်လက် ၀တ်ဆင်နိင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စီးရီးအေလို အစုတ်အပြက်လေးမှာ ခင်ဗျားမို့ သွားကန်ရက်တယ်ဗျာ။း) စိတ်မကောင်းပါဘူး။ ဂျာနယ်တွေထဲမှာ ၊ တီဗွီတွေထဲမှာ ခင်ဗျားရဲ့ ဓတ်ပုံလေးတွေပဲ ကြည့်နေလိုက်တော့မယ်။ အောင်မြင်ပါစေဗျာ။ အပြာရောင်တွေရဲ့ အားမာန်နဲ့ မာန်ဟုန်ပြင်းပြင်း ကန်တဲ့ ပွဲမှာ ခင်ဗျားကို မတွေ့ရတော့ဘူးပေါ့။ နုတ်ဆက်လိုက်ပါတယ် လမ်းပတ်ရေ။ သာမည လမ်းခွဲမှာ ၀မ်းမနည်းသလို နုတ်မဆက်ကြေး....နုတ်မဆက်ကြေးပေါ့။