Showing posts with label ချန်ပီယံလိဂ်. Show all posts
Showing posts with label ချန်ပီယံလိဂ်. Show all posts

Wednesday, September 17, 2008

Chelsea 4 : 0 Bordeaux

Chelsea 4 : 0 Bordeaux




အိမ်ရှင်ပီသစွာနဲ့ပဲ ချဲလ်ဆီးဟာ ပြင်သစ်ကလပ် ဘိုးဒေါ့ကို လူအသာ ၊ ခြေအသာနဲ့ ကစားသွားနိင်ခဲ့ပါတယ်။ ဒီပွဲမှာ စကိုလာရီဟာ လူမပြောင်းဘဲ ပွဲထွက်နေကြ ပုံစံအတိုင်း ထွက်လာခဲ့ပါတယ်။ ရှေ့တန်းမှာ အနယ်လ်ကာကို အထောင်ထားပြီး ဂျိုလ်ကိုး နဲ့ မာလူဒါကို ၀န်းရံကာ မီခေးလ်အဖျက်နဲ့ ဆော့ကစားသွားပါတယ်။ ဒီပွဲအတွက် နောက်တန်း ၊ အလယ်တန်း ၊ ရှေ့တန်းရော အမှားမရှိခဲ့ပါဘူး။

တိုက်စစ်မှုး တာဝန်ယူနေရတဲ့ အနယ်လ်ကာဟာလည်း ဒီပွဲအတွက် တာဝန်ကျေစွာ လိုက်လံကစားပေးပါတယ်။ လမ်းပတ်ရဲ့ အပိုင်ဂိုး ၊ အနယ်လ်ကာရဲ့ တိုင်ထိဂိုး ၊ တယ်ရီရဲ့ ကပ်ထွက်သွားသည့်ဂိုး တွေကိုပဲ ထည့်တွက်မယ်ဆိုရင် ချဲလ်ဆီးဟာ ( ၇း ၀ ) နဲ့တင်ကို အနိင်ရမှာပါ။

ဘိုးဒေါ့ရဲ့ တိုက်စစ်ဟာ ပြောပနိင်လောက်အောင် ထိုးဖောက်နိင်ခြင်း မရှိတာကြောင့် အက်ရှ်လေးကိုးနဲ့ ဘောင်ဆင်ဝါတို့ဟာ တိုက်စစ်အကူအဖြစ် တောင်ပံတွေကနေ ရှေ့အထိ လိုက်ကူပေးနိင်ခဲ့ပါတယ်။ ဗဟိုခံစစ် နေရာမှာ တယ်ရီနဲ့ကာဗယ်လ်ဟိုကလည်း ထိထိရောက်ရောက် ကာကွယ်နိင်ခဲ့ပါတယ်။



ဒီပွဲအတွက် Man Of The Match နဲ့ထိုက်တန်သူကတော့ Frank Lampard ပဲ ဖြစ်သင့်ပါတယ်။ ကိုယ်တိုင်လည်း ဂိုးသွင်းယူမှု ၊ ဂိုးရအောင် ဖန်တီးပေးနိင်မှုတွေနဲ့ ခြေစွမ်းပြကစားခဲ့နိင်ပါတယ်။ ဒီပွဲအတွက် ဒရော့ဘာကို မန်ယူပွဲအတွက် လူချိုခဲ့ပေမယ့် ၊ ၀မ်းသာစရာကတော့ ဘောလက် ပြန်ပါလာနိင်ခြင်းပါ။ ဒုတိယပိုင်းပွဲစပြီး အကြာ ဘောလက်ကို ဒေကိုနဲ့ ၊ ဂျိုလ်ကိုးကို ဘလက်တီနဲ့ ၊ ပွဲပြီးခါနီးမှာ မာလူဒါကို အကာလူးနဲ့ လဲခဲ့တဲ့ စကိုလာရီနည်းစနစ်ဟာ မှန်ကန်ခဲ့ပါတယ်။ အနိင်ဂိုးထိန်းရန် နောက်တန်းတစ်ယောက်နဲ့ ရှေ့တန်းကို မပျက်အောင် မာလူဒါကို ပြန်လည်ထည့်သွင်းခဲ့ပါတယ်။

ဟဲဟဲ။ ကျွန်တော်အကြိုက်ဆုံးကတော့ မိုက်ကယ်ဘောလက်ပါပဲ။ တည်တည်ငြိမ်ငြိမ်နဲ့ ကွင်းလယ်မှာ သူရဲ့ဖျက်ထုတ် ၊ ခင်းကျင်းမှု့တွေဟာ အက်ဆီယန်နာနေတဲ့ ကာလအတွင်းတော့ အားတက်စရာပါပဲ။ မီခေးလ်က ငယ်သည့်အပြင် အတွေ့အကြုံလိုပါသေးတယ်။ တခါတရံ တဇွတ်ထိုးလုပ်တက်တဲ့ အကျင့်ကလည်း ရှိနေပါသေးတယ်။

ဒီနေ့အတွက် ချဲလ်ဆီးအသင်သားအားလုံး ၊ နည်းပြ နဲ့ အားပေးသူအားလုံးကို ကျေးဇူးတင်ပါတယ်။ အနိင်ရလိုက်တာကြောင့် ချဲလ်ဆီးတွေ ပျော်မဆုံး မော်မဆုံးဖြစ်ခဲ့ရပါပြီ။ ဘယ်လိုပွဲပဲ နိင်နိင် ချဲလ်ဆီးနိင်ရင် ကျေနပ်တယ်ဗျာ။



Tuesday, September 16, 2008

Chelsea : Bordeaux ( Champion League )

Chelsea v Bordeaux

Vs



အိမ်ကွင်းမှာ ကန်ရမဲ့ ချန်ပီယံလိဂ်ပွဲဟာ သက်တောင့်သက်သာပါပဲ။ မိုက်ကယ်ဘောလက် ပြန်ပါလာနိင်သလို ဒရော့ဘာလည်း ပြန်လည်ကစားလာနိင်ပါပြီ။ တယ်ရီ ၊ လမ်းပက် ၊ ဂျိုလ်ကိုးတို့ လူစုဟာလည်း အဆင်သင့် ဖြစ်နေပါပြီ။ အလယ်တန်း အဖျက်အတွက်ကတော့ မီခေးလ် ရှိနေပေမယ့် အရင်လို အက်ဆီယန် ၊ မက်ခေလီလီတို့ ရှိမနေတာကတော့ စိတ်ပျက်စရာပါ။ စကိုလာရီ အနေနဲ့ အငှားယူထားတဲ့ Piam ၊ လူငယ်တိုက်စစ်မှုး ဆန်းတို့စ် တို့ကို ထုတ်သုံးပေးသင့်ပါတယ်။ ဒါမှလည်း တိုးတက်မှု့ ရှိမှာပါ။

ကျွန်တော့်ကတော့ ဒီပွဲဟာ ၂း ၀ လောက်ခန့်မှန်းထားပါတယ်။ ကဲ....အောင်ပွဲခံရအောင်ဗျာ။


Wednesday, May 21, 2008

ဗိုလ်လုပွဲ


ချန်ပီယံလိဂ်ဖိုင်နယ်

(မော်စကို)



ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - အကာလူး ၊ ဂျိုကိုးလ် ၊ လမ်းပတ် ၊ ဘောလက် ၊ မက်ခေလီလီ
နောက်တန်း - ၀ိန်းဘရစ်ခ်ျ ၊ ကာဗယ်လ်ဟို ၊ တယ်ရီ ၊ အက်ဆီယန်

ကဲ...ရင်ခုန်ကြမယ် ၊ ပျော်ရွှင်ကြမယ်ဗျို့။



Wednesday, April 23, 2008

လီဗာပူးလ် - ချဲလ်ဆီး



ခန့်မှန်းလူစာရင်း

ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - လမ်းပတ် ၊ ဘောလက် ၊ ဂျိုကိုးလ် ၊ မက်ခေလီလီ ၊ အကာလူး
နောက်တန်း - အက်ရှ်လေကိုး ၊ တယ်ရီ ၊ ကာဗယ်လ်ဟို ၊ ဖာရဲရား
ဂိုး - ပီတာဆက်ခ်ျ

ခန့်မှန်း - ၀း ၁ ၊ ၁း ၁

ဒီပွဲမှာ ကျွန်တော်တို့ရဲ့ အဓိက ကွင်းလယ်လူ လမ်းပတ်ပြန်ပါလာပေမယ့် အဖျက်ကစားသမား ဖြစ်တဲ့ အက်ဆီယန်က ၂ ပွဲဆက်တိုက် အ၀ါနဲ့ ပွဲပယ်ခံထားရပါတယ်။ အဖျက်ကစားသမား ပီသတာပေါ့ဗျာ။ ကဲ...မော်ရင်ဟို မဆပ်နိင်သေးတဲ့ ရှုံးကြွေးကို ဂရန့်က တာဝန်ယူမယ်တဲ့ ချဲလ်ဆီးချစ်သူတို့ရေ။ အောင်ပွဲကို ကြိုလင့်ကြပါစို့ဗျာ။

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း

Tuesday, April 8, 2008

ချဲလ်ဆီး - ဖီနာဘာဂျီ


ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - ဂျိုကိုးလ် ၊ အကာလူး ၊ ဘောလက် ၊ လမ်းပတ် ၊ မက်ခေလီလီ
နောက်တန်း - အက်ဆီယန် ၊ တယ်ရီ ၊ ကာဗယ်ဟိုလ် ၊ အက်ရှ်လေးကိုး
ဂိုး - ကူဒီစီနီ

ခန်းမှန်း - ၂း ဝ
သွင်းမည့်သူများ - ဘောလက် ၊ ဒရော့ဘာ

ကဲ....စောင့်ကြည့်လိုက်ကြပါစို့။ အပြာရောင် ဘလော့ဂ်ဂါတွေရေ။

Friday, April 4, 2008

ဖီနာဘာချီ - ချဲလ်ဆီး ပွဲစဉ်အကျဉ်း

ဒီပွဲအကြောင်းကို ပြန်ပြောရရင်တော့ ကျွန်တော်တို့ ချဲလ်ဆီးက အဝေကွင်း သွားကန်တာ ဆိုပေမယ့် ဖီနာဘာချီဖက် ဘက်ကို အများဆုံး ထိုးဖောင်နိင်ခဲ့ပါတယ်။

အဲဒီနေ့က ကန်သွားတဲ့ လူစာရင်းက

ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - လမ်းပတ် ၊ ဂျိုလ်ကိုး ၊ ဘောလက် ၊ အက်ဆီယန် ၊ မာလူဒါ
နောက်တန်း - တယ်ရီ ၊ ကာဗယ်လ်ဟို ၊ အက်ရှ်လေးကိုး ၊ ဖာရဲရား
ဂိုး - ကူဒီစီနီ

တို့ပါဝင် ကစားသွားကြပါတယ်။ ၀တ်စုံကတော့ ကျွန်တော်တင်ထားတဲ့ အဖြူရောင် ၀တ်စုံနဲ့ပါ။ ပွဲစပြီး ၁၃ မိနစ်ကြာတော့ မာလူဒါ ဘယ်ဝန်းက ဆွဲပြေးပြီး အလယ်ကို ဖျက်ချပေးတဲ့ ဘေားလုံးကို ဖီနာဘာချီ အလယ်တန်းလူ d.s Devid ဆိုတဲ့ ကစားသမားက ဖျက်ထုတ်လိုက်တာ အဆင်မသင့်တော့ လမ်းကြောင်းလွဲပြီး ကိုယ့်ဂိုးထဲ ကိုယ်ဝင်သွားပါတယ်။ နောက် တစ်ခုက အက်ဆီယန် ကန်တာလည်း ဂိုးဘာပေါ် သွားမှန်ခဲ့ပါသေးတယ်။ အဲဒီမှာ ကံမကောင်းတာ စခဲ့တာပါ။ ဘောလုံးမှာ ဂိုးဘားပေါ် ထိရင် ကံမကောင်းဘူး ၊ ရှုံး တက်တယ် လို့ အယူရှိတယ် မဟုတ်လား ။ ဒါနဲ့ အိမ်ပြန်လက်ဆောင် တစ်ဂိုးနဲ့ ပထမပိုင်း ပြီးသွားပါတယ်။ ချဲလ်ဆီးက တောက်လျှောက်ဖိတာ များပါတယ်။ ဒါပေမယ့် ဒရော့ဘာ ပဲများနေတာ ကြောင့်ရော ၊ တစ်ချို့အလုံးတွေ လူမပေးပဲ တောင်ကန် မြှောက်ကန် လျှောက်ကန်နေတာ ကြောင့် ဂိုးက ရသင့်ရဲ့သားနဲ့ မရသလို တွေဖြစ်ခဲ့ပါတယ်။ ဖီနာဘာချီ ဘက်က ထိထိ ရောက်ရောက် ထိုးဖောက်နိင်တာ မရှိခဲ့ပါဘူး။ နောက်ပြီး ဒီပွဲမှာ ဂျိုလ်ကိုး သိပ်မကစား နိင်တာကြောင့်လည်း ပါမယ်ထင်ပါတယ်။ သူတော်တော် ပွဲပန်းနေတာ ကြောင့်လည်း ဖြစ်နိင်ပါတယ်။ ဒရော့ဘာ ဂိုးသမားနဲ့ အပိုင် တစ်ယောက်ချင်းတွေ့ပေမယ့် ဂိုးက စလိုက် ပစ်ပြီး ကာကွယ်သွားတာ ကြောင့် မရရှိလိုက်ပါဘူး။ ဒါနဲ့ ၆၄ မိနစ်မှာ C.Kazim-Richids က တစ်ယောက်ချင်း အပိုင်ဘော တွေတာမှ ဂိုးသွင်းယူလိုက်နိင်ပါတယ်။ တစ်လုံးတစ်လေ ဖောက်တာ ။ သေချာတယ်လို့ ပြောလို့ရတယ်ခင်ဗျ။ ဒီနေ့ပွဲမှာ အထူး မျှော်မှန်းထားတဲ့ ကက်ဇ်မန်းတစ်ယောက်ကတော့ ဖြစ်မြောက်အောင် ထိုးဖောက်နိင်ခြင်း မရှိတာကြောင့်လည်း ချဲလ်ဆီးက ဖိအားပိုပေးနိင်ခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးခါနီး မိနစ် ၈၀ မှာူ d.s Devid ကပဲ ကွင်းလယ်ကျော်ကျော်က အပြင်းကန် လိုက်တဲ့ ဘောလုံးဟာ ကူဒီစီနီရဲ့ ညာဘက် ဆယ်ပြားစေ့ ထောင့်ထဲကို လှပ သေသပ်စွာ ၀င်သွားခဲ့ပါတယ်။ ဂိုးသမားလည်း အမှတ်တမဲ့ ဖြစ်သွားတဲ့ အပြင် ၊ ကန်ချက်ကလည်း တော်တော် ကောင်းတာကြောင့် ဂိုးပေးလိုက်ရတာပါ။ နောက်ပိုင်း အသည်းအသန် ချဲလ်ဆီးက လိုက်ကစားပေမယ့် ၂း ၁ ပွဲပြီးသွားပါတယ်။

အိမ်ကွင်းမှာ ကန်ရင်တော့ အဝေးကွင်း ၁ ဂိုးထည့်ထားနိင်ခဲ့တာကြောင့် သိပ်တော့ အပန်းမကြီးတော့ပါဘူး။ ပြီးတော့ အိမ်ကွင်း ရှုံးပွဲ စံချိန်လည်း မရှိတာကြောင့် ဖီနာဘာချီကို ဒီအဆင့်ကနေ ထုတ်ပစ်နိင်မှာပါ။ ကဲ...ကိုကိုဖရီးရေ ပွဲကတော့ ဒီလောက်ပါပဲ။ အိမ်ကွင်းတော့ နိင်မယ်လို့ မျှော်လင့်နိင်တာကြောင့် အခုလာမဲ့ မန်စီးတီး - ချဲလ်ဆီးပွဲကို အားပေးလိုက်ကြပါစို့။ စကားမစပ် မန်ယူက ဗီဒစ် နာသွားတော့ အိုရှေးဝင်ကစားပါမယ်တဲ့။ ကန်ရမဲ့ အသင်းက မစ်ဒယ်ဘရော့ ဆိုတော့ အဝေးကွင်းမှာ ဆိုက်ကားနင်းနိင် တာကြောင့် ဒီပွဲနိင်ရင် ၂ မှတ်လောက်ပဲ ကွာတော့မယ်။ အဟဟဟ။

အောင်မြင်ပါစေ...ချဲလ်ဆီးတွေ

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း


Wednesday, April 2, 2008

ဖီနာဘာချီ - ချဲလ်ဆီး


ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - လမ်းပတ် ၊ ဂျိုလ်ကိုး ၊ ဘောလက် ၊ မက်ခယ်လီလီ ၊ အက်ဆီယန်
နောက်တန် - ကာဗယ်လ်ဟို ၊ အက်ရှ်လေကိုး ၊ တယ်ရီ ၊ ဖာရဲရား
ဂိုး - ပီတာဆက်ခ်ျ

ခန်းမှန်း - ၀း ၂
ဂိုးသွင်းမည့်သူများ - ဂျိုလ်ကိုး ၊ ဘောလက် ၊ ဒရော့ဘာ

ကဲ...ဘာလိုသေးလဲဗျာ။

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း