Showing posts with label ပရီးမီးယားလိဂ်. Show all posts
Showing posts with label ပရီးမီးယားလိဂ်. Show all posts

Wednesday, September 17, 2008

Terry wins red card appeal

မန်စီးတီး နဲ့ ပွဲ မှာ ဒိုင်လူကြီး မာ့ခ် ဟာလ်ဆေး ရဲ့ ရုတ်တရက် ဆုံးဖြတ်ချက် ကြောင့် အင်္ဂလန် လက်ရွေးစင် အသင်း နှင့် ချယ်လ်ဆီး အသင်း ခေါင်းဆောင် ဂျွန်တယ်ရီ ဟာ အနီ ကဒ်ဖြင့် ပွဲမှ ချက်ချင်း ထုတ်ပယ် ခံ လိုက် ရသလို ၃ ပွဲ ပယ် ပြစ်ဒါဏ် ပါ ခံ ခဲ့ ရပါတယ်။ ဆက်လက် အယူခံ ဝင်ခဲ့ရာမှာ အနိုင်ရရှိခဲ့တဲ့ အတွက် တနင်္ဂနွေ နေ့ ၌ အိမ်ကွင်းမှာ တွေ့ဆုံမယ် မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲ မှာ ပါဝင် လာနိုင်မှာ ဖြစ်ပါတယ်။



Chelsea captain John Terry will play against Manchester United on Sunday after winning his appeal against a red card.

Referee Mark Halsey sent off the England defender for serious foul play against Manchester City on Saturday.

Terry hauled down City striker Jo as he raced towards goal, using his arm to perform a pseudo-rugby tackle.

"At an Independent Regulatory Commission hearing today, a claim for wrongful dismissal from Chelsea's John Terry was upheld," said an FA statement.

"As a result of today's hearing, Terry's three match suspension has been withdrawn."

Halsey's designation of the offence as serious foul play, rather than a professional foul, indicated he did not believe Terry to be the last defender.

Chelsea argued successfully that the foul warranted no card as the FA are not empowered to downgrade cards from red to yellow, merely to strike them off altogether.

The news comes as a major boost to the Premier League leaders, who can count on Terry for the visit of champions United to Stamford Bridge on Sunday.

United are without a key defender in Nemanja Vidic, who was sent off for a second bookable offence in the 2-1 defeat at Liverpool on Saturday.

Midfielder Michael Carrick is also out after it was revealed he has a broken foot and could miss up to six weeks.

Chelsea's haul of 10 points from their first four games gives them a lead of six points over United, who have a game in hand.
Alex Chick / Eurosport

Saturday, August 16, 2008

We will defeat !!!!!!!!!!!


Chelsea : Portsmouth FC



ဖြစ်နိင်ခြေ ရှိသည့် လူစာရင်း


Anelka

Joe Cole ............Lampard...................Ballack...................... Deco

Essien

Ashley Cole...............Terry.....................Carvalho...................Belleti

Cech





Sunday, May 11, 2008

ချဲလ်ဆီး - ဘောလ်တန် ( အောင်ပွဲခံမည့်ည )

အမိမြန်မာပြည် နာဂစ်မုန်တိုင်း အတိုက်ခံလိုက် ရတာနဲ့ လူလည်း ဘောလုံးပွဲတောင် စိတ်မပါတော့ပါဘူးဗျာ။ ဘာမှကို လုပ်ချင် ကိုင်ချင် စိတ်မရှိတော့ပါဘူး ။ ထုံးစံအရသာ နောက်ဆုံးပွဲ အနေနဲ့သာ ရေးရပေမယ့် စိတ်ထဲက မပါတာတော့ အမှန်ပါပဲ။ ချဲလ်ဆီးရလည်း အော် ရသွားတယ် ၊ မန်ယူရလည်း ရသွားတယ်လေ ဆိုတာလောက်ပဲ ခံယူချင်တော့တယ်။ အော် နာဂစ် နာဂစ်.....



ခန့်မှန်းလူစာရင်း

ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - အနယ်လ်ကာ ၊ လမ်းပတ် ၊ ဘောလက် ၊ ဂျိုကိုးလ် ၊ မီခေးလ်
နောက်တန်း - ဖာရဲရား ၊ တယ်ရီ ၊ ဘင်တယ်ဟိန်း ၊ အက်ရှ်လေးကိုးလ်

ဂိုးခန့်မှန်း - ၂း ၀ ၊ ၃း ဝ

အိမ်ကွင်းလည်း ဖြစ်ပြန် ၊ နောက်ဆုံးပွဲလည်း ဖြစ်တာကြောင့် အပိုင်အုပ်တော့မယ်ဗျာ။ ၀ီဂန်ကို သရက်သီးတွေ သရေလောက်ပဲ ကန်နိင်မှာပါ။ နိ့..အခု ၀ီဂန်ဂိုးက တအားကောင်းတာကိုးဗျ။ ရွန်းနီမပါတော့ ဟန်ဆောင်ကောင် ငဒိုလည်း ဘာမှ မလုပ်တက်ပါဘူး။ ကွင်းအစုတ်မှာ ဒင်းအပြုတ်ပဲပေါ့။ ဟဲဟဲ။ ကဲ အောင်မြင်ပါစေ ချဲလ်ဆီးဖန်တွေရေ။ ချဲလ်ဆီးအောင်ပွဲက နစ်သိမ့်ပေးနိင်ပါလိ့မ်မယ်။


မပြေးနဲ့...

အောင်ပွဲပေါ့ ချဲလ်ဆီးဖန်တွေရေ...ဟဲဟဲ

ယူလေ ယူလေ...

လာပြီ...နော် နောက်တစ်ဂိုး




Monday, May 5, 2008

နယူးကာဆယ်း ချဲလ်ဆီး


ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - အကာလူး ၊ လမ်းပတ် ၊ ဂျိုကိုးလ် ၊ ဘောလက် ၊ မက်ခေလီလီ
နောက်တန်း - အက်ရှ်လေကိုး ၊ တယ်ရီ ၊ ကာဗယ်လ်ဟို ၊ အက်ဆီယန်
ဂိုး - ပီတာဆက်ခ်ျ

ခန့်မှန်း - ၀း ၁ ၊ ၀း ၂

ကဲ....အပြာရောင် ချစ်သူများ စောင်ကြည့်ကြပါစို့။

Saturday, April 26, 2008

ချဲလ်ဆီး - မန်ယူ



ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - ဘောလက် ၊ အက်ဆီယန် ၊ အကာလူး ၊ ဂျိုကိုးလ် ၊ မီခေးလ်
နောက်တန်း - ဖာရဲရား ၊ တယ်ရီ ၊ ကာဗယ်လ်ဟို ၊ အက်ရှ်လေကိုး
ဂိုး - ပီတာဆက်ခ်ျ

ခန့်မှန်း - ၁း ၀ ၊ ၂း ၀ ၊ ၂း ၁

သရဲနီ ခြေင်္သေ့ကုတ်ခံရမဲ့ အဖြစ်ကို မိန့်မိန့်ကြီး ကွန်ပျူတာ အရှေ့ကနေ ထိုင်ကြည့်နေလိုက်ဦးမယ်ဗျာ။ လမ်းပတ်အတွက် ချဲလ်ဆီး ကစားသမားတွေ အောင်ပွဲကို ယူဆောင်ပေးကြမှာပါ။ အောင်မြင်ပါစေ ချဲလ်ဆီး ချစ်သူတွေ....

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း

Thursday, April 17, 2008

အဲဗာတန် - ချဲလ်ဆီး


ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - ဂျိုလ်ကိုး ၊ ဘောလက် ၊ အက်ဆီယန် ၊ အကာလူး ၊ မီခေးလ်
နောက်တန်း - အက်ဂှ်လေကိုး ၊ ကာဗယ်လ်ဟို ၊ တယ်ရီ ၊ ဘလက်တီ
ဂိုး - ပီတာဆက်ခ်ျ

ခန့်မှန်း - ၁း ၂

ဒီနေ့ပွဲက တော်တော်လေးကို သတိထားကန်ရမယ့် ပွဲစဉ်ပါ။ အဲဗာတန်က အပေါ်က လီဗာပူးလ်နဲ့ ၃ မှတ်သာ ကွာသောကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် အထူးကြိုးစား ကစားပါလိမ့်မယ်။ အိမ်ကွင်းဖြစ်တာရယ် ချဲလ်ဆီးကို အကယ်၍သာ ရှုံးသွားခဲ့ရင် လီဗာနဲ့ ၆ မှတ် ကွာသွားနိင်တာကြောင့် ဒီပွဲကို အနည်းဆုံး သရေတော့ ရအောင် ခံကန်မှာပါ။ ကျွန်တော်တို့ အပြာတွေကလည်း မန်ယူနဲ့ ၅ မှတ်ကွာနေပေမယ့် ဖလားရဖို့က နီးစပ် နေသေးတော့ အားထည့်ကန်ရမှာပါပဲ။ ကဲ....စောင်မျှော်ကြည့်ရှု့ ကြပါစို့။ အပြာရောင် ချစ်သူတွေရေ။ အားလုံး နှစ်သစ်မှာ စိတ်အသစ် နဲ့ ပျော်ရွှင်ကြည်နူး ကျန်းမာ ချမ်းသာ ကြပါစေ။

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း


Monday, April 14, 2008

ချဲလ်ဆီး - ၀ီဂန်


ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - လမ်းပတ် ၊ ဘောလက် ၊ အကာလူး ၊ ဂျိုလ်ကိုး ၊ မက်ခေလီလီ
နောက်တန်း - ဘလက်တီ ၊ တယ်ရီ ၊ ကာဗယ်လ်ဟို ၊ အက်ရှ်လေကိုး
ဂိုး - ဟီလာရီယို

ခန့်မှန်း - ၂း ဝ
ဂိုးသွင်းမည့်သူများ - ဘောလက် ၊ လမ်းပတ်

ကဲ....စောင်ကြည့်ကြပါဦးစို့။

Saturday, April 5, 2008

မန်စီးတီး - ချဲလ်ဆီး



ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - လမ်းပတ် ၊ ဂျိုလ်ကိုး ၊ အကာလူး ၊ မီးခေးလ် ၊ ဘောလက်
နောက်တန်း - တယ်ရီ ၊ ကာဗလ်ဟို ၊ ၀ိုင်းဘရစ် ၊ ဘလက်တီ
ဂိုး - ကူဒီစီနီ

ခန့်မှန်း - ၀း ၁

ဂိုးသွင်းမည့်သူများ - ဂျိုလ်ကိုး ၊ လမ်းပတ်

အောင်မြင်ပါစေ အပြာရောင် တပ်သားတို့ရေ....

ထာဝရ အပြာရောင်တပ်သား
ဆိုးသွမ်း

Sunday, March 30, 2008

ချဲလ်ဆီး - ဘိုရို


ဒီတပတ်မှာတော့ ချဲလ်ဆီး-မဒ်ဒယ်ဘရော့ (၀ါ) ဘိုရိုပွဲပါ။ မနေ့က မန်ယူက အိမ်ကွင်းမှာ အက်စတွန်ဗီလာကို အနိင်ရလိုက်သည့်အပြင် ၊ အာစင်နယ်ကလည်း အဝေးကွင်းမှာ ကပ်ကာ အနိင်ရသွားတာကြောင့် တတိယနေရာကို ပြန်ဆင်းနေခဲ့ပါပြီ။ ဒါကြောင့် ဒုတိယနေရာကို အပိုင် ပြန်တက်လှမ်းနိင်ဖို့ရန် ဒီကနေ့ပွဲကို အထူးကြိုးစား ကစားနိင်မှ တော်ရာကျပါ့မည်။ နောက်တပတ် ပွဲစဉ်မှာ အာစင်နယ်-လီဗာပူးလ် ကန်ရမှာ ဖြစ်သောကြောင့် ဒီကနေ့ ပွဲကို အနိင်ကန်ထားနိင်လျှင် ချဲလ်ဆီးတို့ အခြေအနေ တော်တော်ကောင်းသွား နိင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒဏ်ရာရနေသော ကျွန်တော်တို့ ဂိုးသမားလေး ပီတာဆက်ခ်ျ ပြန်ပါဝင်လာသောကြောင့် ကဲ...ချဲလ်ဆီးတို့ရေ ဖြစ်လာနိင်ဖွယ်၇ှိတဲ့ လူစာရင်းကတော့

ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - ဘောလက် ၊ အက်ဆီယန် ၊ ဂျိုလ်ကိုး ၊ အကာလူး
နောက်တန်း - ကာဗယ်ဟို ၊ အဲလက်စ် ၊ ဘလက်တီ ၊ အက်ရှ်လေကိုး
ဂိုး - ပီတာဆက်ခ်ျ

တို့ပဲ ဖြစ်ပါတယ်။ ဒဏ်ရာရ လူစာရင်းမှာ တယ်ရီ ၊ လမ်းပတ် တို့ဖြစ်ပါတယ်။ ကွင်းလယ်မှာ လမ်းပတ် မပါတော့ အားနည်းသလို ၊ နောက်တန်းမှာ တယ်ရီမပါတာကလည်း တအားလျှော့စရာပါ။ ဒါပေမယ့် အိမ်ကွင်း ကောင်းတဲ့ ချဲလ်ဆီးဟာ ဒီပွဲကို ဘယ်လိုကန်ပြသွားမယ်ဆိုတာ စောင့်ကြည့်ရတာပေါ့။

ဂိုးသွင်းမည့်သူ - ဒရော့ဘာ ၊ ဘောလက် ၊ ဂျိုလ်ကိုး
ခန့်မှန်းချက် - ၂း ဝ

နောက်တစ်ပတ်ကတော့ ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး တူရကီအသင်း ဖီနာဘာချီနဲ့ အဝေးကွင်း ဖြစ်ပါကြောင်း တင်ပြရင်း အောင်မြင်ပါစေ....အပြာရောင်တပ်သားတို့ရေ

ဆိုးသွမ်း

Monday, March 24, 2008

နိင်ပွဲဗျို့....



ဒီနေ့ပွဲမှာတော့ ချဲလ်ဆီးက လူစုံတက်စုံပါဝင် ကစားသွားကြတယ်ဗျ။

ရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - ဂျိုလ်ကိုး ၊ လမ်းပတ် ၊ ဘောလက် ၊ မက်ခေလီလီ
နောက်တန်း - တယ်ရီ ၊ ကာဗလ်ဟို ၊ အက်ရှ်လေကိုး ၊ အက်ဆီယန်

တို့ဝင်ကစားသွားကြပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ ညာဝန်းနောက်တန်းတွေ တစ်ယောက်မှ မပါဘူးဗျ။ ဘယ်လို တွေ ဖြစ်နေကြမှန်းကို မသိလိုက်ဘူး။ ဒါပေမယ့် ဘလက်တီ တစ်ယောက်တော့ ပွဲပြီးခါနီးမှာ ပါဝင် ကစားသွားပါတယ် ခင်ဗျာ။ နောက်တန်းမှာ ဖာရဲရားထက်စာရင် ဘလက်တီက ပိုကောင်းနေတာကြောင့် အားတက်စရာပေါ့။ အစကတော့ ပထမပိုင်း သရေဗျ။ ဒီနေ့ပွဲမှာ ချဲလ်ဆီးထက် စာရင် အာစင်နယ်က ပိုဖိတယ်ဗျ။ အာစင်နယ်က ပြောရမယ်ဆိုရင် သူတို့က ဖလားနဲ့ ပိုနီးစပ်တာကိုး။ ဒါကြောင့် အဝေးကွင်းဆိုပေမဲ့ လည်း အသည်းအသန်ကို ကန်တာပါပဲ။ ရေကုန် ရေခမ်း ကန်ကြရင်း ပထမပိုင်း သရေနဲ့ပြီးသွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စတော့ ( ၅၈ ) မိနစ်မှာ ချဲလ်ဆီးက ထောင့်ကန်ဘောပေးရပါတယ်။ အဲဒီထောင့်ကန်ဘောကို အာစင်နယ်မှ ဖာဘရီဂတ်စ်က ကန်တင်ပေးတာကို အာစင်နယ် နောက်တန်း Sagna က ဂိုးသမား ကူဒီစီနီရဲ့ ညာဘက်ထောင့်ထဲကို တိုက်သွင်းသွားခဲ့တာပါ။ ဒါပေမယ့် ဂိုးသမား ညံဖျင်းမှုကြောင့် ဂိုးဝင်သွားတယ်လို့တော့ ပြောလို့ရသလို အာစင်နယ် နောက်တန်းလူ ခေါင်းတိုက်ကောင်းတာလည်း ပါပါတယ်။

အစကတော့ ကျွန်တော်လည်း ရှုံးပြီ ဆိုပြီး စိတ်ဓတ်ပျက်သွားသေးတာ။ ပြီးတော့ ဒရော့ဘာကလည်း ဒီနေ့မှ ကစားတာ လေးနေသလိုပဲဗျာ။ အမှန်ကတော့ ပုံမှန်ကစားတာပါပဲ။ ကိုယ်ကနိင်စေချင်တော့ မြန်မြန်ဆော့စေချင်တာ ။ နောက်ဆုံးတော့လည်း အရေးကြုံတော့ သက်လုံကောင်းဆိုသလို ကယ်တင်ရှင် မင်းသားချောကြီး ဒရော့ဘာရဲ့ (၇၁ ၊ ၈၂ ) မိနစ်ဂိုးတွေဟာ ဒီကနေ့ ပရီးမီးယားလိဂ်ရဲ့ ဒုတိယ နေရာကို ပို့ဆောင်ပေးခဲ့ပါတယ် ။

ပထမချေပဂိုးကတော့ တော်တော်ပြင်းတယ် ခင်ဗျ။ ပိုင်နယ်တီ ဧရိယာထဲမှာ အယ်လမူးနီးယားရဲ့ ဘယ်ဘက် ထောင့်ထဲကို အပြင်းကန်သွင်းလိုက်တာပါ။ နောက်တစ်ဂိုးကတော့ အနီးကပ်ကန်တာပါ။ ဒါကို ဂိုးသမားကလည်း ပုတ်ထုတ်လိုက်တာ အနည်းငယ် အားနည်းသွားတာကြောင့် ညာဘက်ထောင့်ထဲကို အသာလေးမြှောက်ကာ ၀င်သွားတာပေါ့ဗျာ။ ဒီတော့ကာ ကျွန်တော်တို့၏ ချစ်လှစွာသော အပြာရောင် ခြင်္သေ့တပ်သားများဟာဖြင့် လက်ရှိအဆင့် ၂ နေရာကို အောင်မြင်စွာ တက်လှမ်းလာနိင်ခဲ့ပါပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဟုတ်တယ်နော်...ကိုစိုးထက်။ :P




Sunday, March 23, 2008

ချဲလ်ဆီး - အာစင်နယ်




ဒါကတော့ ချဲလ်ဆီး - အာစင်နယ်ရဲ့ ဖြစ်နိင်ခြေရှိတဲ့ လူစာရင်းပါ။ ရှေ့တန်းမှာ ဒရော့ဘာတစ်ယောက်တည်းကို ကစားနေကြ ပုံစံအတိုင်း အထောင်ထားပြီးတော့ အကာလူးနဲ့ ဂျိုကိုးလ်ကို ၀န်း ဘယ်ညာရံထားပါတယ်။ အလယ်မှာက အက်ဆီယန်နဲ့လမ်းပတ်ကို ထားပြီး မီခေးလ်ကတော့ ဆူပါဆပ် အဖျက်သဘောမျိုး ကစားမဲ့ အနေအထားပါ။ နောက်တန်းမှာကတော့ ဘလက်တီ ပြန်မကောင်းသေးလို့ ဖာရဲရား ရှိနေပြီး ကျန်လူများကတော့ မချိန်းပါဘူး။ ဂိုးသမားကတော့ ကူဒီစီနီပေါ့။ ကဲ...အပြာရောင်တပ်သားတွေရော အားပေးလိုက်ကြပါဦးစို့။ ဒီတစ်ပွဲကိုတော့ ရေကုန်ရေခန်း ကန်မှ ရတော့မှာနော်။

အောင်မြင်ပါစေဗျာ။