Showing posts with label တိုတိုထွာထွာ. Show all posts
Showing posts with label တိုတိုထွာထွာ. Show all posts

Thursday, February 12, 2009

Latest News

Hiddink meets Chelsea players at training ground



-Interim Chelsea manager Guus Hiddink has met his new players for the first time as he prepares to revive the Premier League club's faltering season.

The 62-year-old Dutchman, who has replaced fired Luiz Felipe Scolari until the end of season, was accompanied by owner Roman Abramovich at the Chelsea training complex Thursday.

Hiddink, who will remain Russia coach, will let assistant manger Ray Wilkins oversee Saturday's FA Cup fifth-round match at Watford before taking control on Monday ahead of the following weekend's league match at Aston Villa.

Chelsea is two points adrift third-placed Villa and seven behind leader Manchester United.


အက်ဆီယန်သည် March လကုန်လောက်နိင် ပြန်လည် ကစားနိင်ဖွယ်ရှိကြောင်း Chelsea Website မှ ပြောကြားထားပါသည်။




Tuesday, May 13, 2008

ခြေစမ်းပွဲ

မေလ ၂၁ ရက်နေ့တွင် ရုရှားနိင်ငံ မော်စကိုတွင် ကျင်းပမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ အီဘရာမိုဘစ်ခ်ျ၏ စီစဉ်မှုကြောင့် ချဲလ်ဆီး ချစ်သူ ဘလော့ဂ်များနှင့် မန်ယူအသင်းတို့ ခြေစမ်းရန်အလို့ငှာ လူစာရင်းကို အောက်ပါ အတိုင်း line up ထုတ်ခဲ့ပါတယ်။ ချဲလ်ဆီးချစ်သူ ဘလော့ဂ်ဂါများမှ ပါဝင်ကစားကြမည့် သူများကတော့ .......

နည်းပြ - မလားရှိုးသူ
လက်ထောက် အကူနည်းပြ - မစိုးမြနန္ဒသက်လွင်
လက်ထောက် အကူနည်းပြ - မသိုးမလေး

အသင်းဆရာဝန် - မမိုးချစ်သူ

နည်းစနစ် တာဝန်ခံ - မမေ ၊ မဆုရည်




.......................စတန်လေ
................


ကိုကိုဖရီး..................ကလိုစေးထူး...................ဘလာဂေါက်............၀င်းဇော်



စိုးထက်............................ဆိုးသွမ်း

အညတြ---------------------------------------------------------ဒီရေ



တက်စလာ-----------------နိုင်နိုင်း


အရန်ကစားသမားများကတော့ လူငယ်ခြေတက်များ ဖြစ်တဲ့

ရှေ့တန်း - wynnsun
အလယ်တန်း - ၀ဿန်ဦး ၊ အိမ်မက်သစ်
နောက်တန်း - ဗဟုသုတရွာ

တို့ပဲ ဖြစ်ပါတယ်။ ဒါကတော့ လာမဲ့ ချန်ပီယံလိဂ် မတိုင်မီ မန်ယူနှင့် ခြေစမ်းမည့် ချဲလ်ဆီးချစ်သူ ဘလော့ဂ်ဂါများ ဖြစ်ပါတယ်။ ခြေစမ်းပွဲကို မေလ ၁၇ရက်နေ့တွင် တိုက်ရိုက်ထုတ်လွှင့် သွားမှာ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ် ပါသည်။ ကဲ....ကျွန်တော်ကတော့ ထရိန်နင် ဆင်းပါပြီ။ :)

တချက်ပြုံးရင် တရက် အသက်ပိုရှည်မှာပါ။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိင်ပါစေ။


Monday, May 12, 2008




Player of the Year 2008 - Joe Cole ( From Chelsea Clup )


Team of the Season

  1. Brad Friedel ( Blackburn )
  2. Nyron Nosworthy ( Sunderland )
  3. Joleon Lescott ( Everton )
  4. Ricardo Carvalho ( Chelsea )
  5. John Terry ( Chelsea )
  6. Steven Gerrard ( Liverpool )
  7. David Bentley ( Blackburn )
  8. Frank Lampard ( Chelsea )
  9. Fernando Torres ( Liverpool )
  10. Wayne Rooney ( Mancherster United )
  11. Cristiano Ronaldo ( Manchester United )

Wednesday, April 30, 2008

အကျီသစ် - ဘောင်းဘီသစ် - အိမ်မက်သစ် - စိတ်ကူးသစ်


အိမ်ကွင်းအကျီလက်တို

အိမ်ကွင်း အကျီလက်ရှည်



ဂိုးသမား ၀တ်စုံ

Sunday, April 27, 2008

Online မှာ ဘောလုံးပွဲ ဘယ်လိုကြည့်ကြမလဲ

ချဲလ်ဆီးချစ်သော ဘလော့ဂ်ဂါ အစ်ကိုညီ အစ်မ ညီမတွေ တွေပါ ကြည့်မယ်ဆိုရင် ကြည့်နိင်ခွင့် ရရှိအောင်လို့ စေတနာ အရင်းခံနဲ့ ပြောပြပါရစေ။ ဒီလို ကိစ္စမျိုးတွေကလည်း လျိုထားလို့ မသင့်တော်တာပါဘူး။ ဥပမာ အသုံးလိုတဲ့ ဆော့ဖ်ဝဲလ် လေးတွေ ပြောပြ ၊ ရှယ်ယာပေးတာမျိုး ၊ ၀က်ဘ်ဆိုင်ဒ်လေးတွေ ပြောပြာတာမျိုးဆိုတာ အထူးသဖြင့် မြန်မာနိင်ငံသူ နိင်ငံသားတိုင်း အကျိုးအတွက် အများကြီး အသုံးဝင်ပါတယ်။ တစ်ချို့ဘလော့ဂ်တွေမှာ သတင်းအပြင် ၊ နည်းပညာဆိုင်ရာ စာအုပ် ၊ အသုံးဝင်သော ဆော့ဖ်ဝဲလ်လေးတွေ တင်ပေးထားတာကို မြင်ရတော့ တကယ့်ကို ၀မ်းသာပီတိဖြစ်ရပါတယ်။ စာကဗျာတွေ ရေးတဲ့ ဘလော့ဂ်တွေဟာလည်း ကိုယ်ခံစားမှု့ အကြောင်းကို ကိုယ်ရေးတယ် ဆိုပေမယ့် ဒါတွေကလည်း အမှန်တကယ်လိုအပ်တယ် မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ် နိင်ငံရေး ၊ ပညာရေး ၊ ဖျော်ဖြေရေး ၊ စတဲ့အချက်တွေနဲ့ အကျုံးဝင်တဲ့ မြန်မာနိင်ငံသူ နိင်ငံသား ဘလော့ဂ်ဂါ အားလုံးအား ချစ်ခင်လေးစားလျက် ရှိပါကြောင်း ဒီပို့စ်လေးနဲ့ အတူ ကျွန်တော် ပြောကြား ပါရစေ။

ပထမဆုံး စသွားရမှာကတော့ www.myp2p.eu ဆိုတဲ့ ဆိုဒ်ကလေးပါ။ အဲဒီလိပ်စာလေးကို ရိုက်ထည့်လိုက်ရင် အောက်မှာ ပြထားတဲ့ ပုံအတိုင်း ပေါ်လာမှာ ဖြစ်ပါတယ်။ ပြီးရင် အဲဒီမှာ အ၀ိုင်းပြထားတဲ့ Live sports ဆိုတာလေးကို ရွေးချယ်ပေးပါ။



Live Sports ကိုရွေးချယ်ပြီးတဲ့ အခါမှာတော့ နောက်တစ်မျက်နှာ ချိန်းသွားတဲ့ အခါ အောက်မှာပါလာတဲ့ အမျိုးအစားတွေထဲက Football ဆိုတာလေးကို ရွေးချယ်ပေးပါ။


ရွေးချယ်ပြီးသွားလို့ Next Page ပေါ်လာတဲ့ အခါမှာတော့ အောက်မှာပါတဲ့ ပုံအတိုင်း လက်ရှိအချိန်အတွင်းမှာ ကန်နေသော နိင်ငံတကာချစ်ကြည်ရေးပွဲ ၊ ကလပ်ပွဲတွေကို မြင်တွေ့ရမှာပါ။ အဲဒီအခါမှာ ကိုယ်ကြည့်ချင်တဲ့ အသင်းကို တွေ့ရင် ညာဘက်မှာပါလာတဲ့ တီဗွီပုံလေးနဲ့ Live ဆိုတာလေးကို ကလစ်လုပ်ပေးလိုက်တဲ့ အခါမှာတော့.....


ကိုယ်ကြည့်ချင်တဲ့ ဘောလုံးအသင်း ၂ သင်း တစ်ခုတည်းသာပါတဲ့ နေရာကို ရောက်သွားပါလိမ့်မယ်။ အဲဒီ ၂ သင်းရဲ့ အောက်မှာတော့ ထိုနှစ်သင်းကန်နေတာကို ပြသမဲ့ လင့်ခ်တွေ ပေါ်လာပါလိမ့်မယ်။




ညာဘက်မှာ ရှိနေတာက ပြသနေတဲ့ လိုင်းတွေ ဖြစ်ပြီး အနီဝိုင်းထားတဲ့ နေရာကို ကလစ်လိုက်ယုံနဲ့ ဘောလုံးပွဲတွေကို စတင်ကြည့်ရှု့လို့ ရပါပြီ။

အရေးကြီးတာ တစ်ခုကတော့ အဲဒီလို ကြည့်ရှု့ဖို့ အတွက် ဆော့ဖ်ဝဲလိုတာပေါ့။ ဆော့ဖ်ဝဲလ်က 3 Mb လောက်ရှိတာကြောင့် သိပ်လည်း မလေးတဲ့ အပြင် ဘောလုံးပွဲတွင်သာ မကာ တခြားဖျော်ဖြေရေး တွေကိုလည်း ပြသပေးပါတယ်။ ဒေါင်းလုပ်ဘယ်လို ချရမလဲဆိုတော့ www.myp2p.eu ကိုဝင်လိုက်ရင် Live Sports ဆိုတာရဲ့ ညာဘက်ဘေးနားမှာ Softwares ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Page ကိုဝင်လိုက်တာနဲ့ အောက်မှာပေးထားတဲ့ Sopcast ၊ TVU Player ၊ Tv Ants ၊ Window mediaplayer အစရှိသည်ဖြင့် တွေ့ရမှာပါ။ အကောင်းဆုံး Player တွေကတော့ Sopcast and TVU Player တို့ပါပဲ။ ဒီပလေယာတွေကို ဒေါင်းလုပ်ချပြီး အင်စတော် လိုက်လိုက်ပြီးပြီး ဆိုတာနဲ့ ပလေယာကို ဖွင့်ထားပါ ။ ပြီးရင် အပေါ်မှာ ကျွန်တော် ပြောပြထားတဲ့အတိုင်း အစီအစဉ်တကျ သွားပါ။ နောက်ဆုံးအဆင့်မှာတော့ ကိုယ်ရွေးချယ် ကြည့်ချင်တဲ့ လိုင်းနေရာလေးမှာ Sopcast နဲ့ တစ်တန်းထဲ ရှိတဲ့ Play ဆိုတာလေးကို ကလစ်လုပ်လိုက်တာနဲ့ နဂိုဖွင့်ထားတဲ့ ပလေယာထဲကို လင့်ခ်သွားချိတ်ပြီးတော့ ဘောလုံးပွဲ စတင်လာပါတော့တယ်။ Buffering တော့ စောင့်ရတာပေါ့ဗျာ။ TVU Player ကိုလည်း ရွေးချယ်နှိပ်နိင်ပါတယ်။ ကျွန်တော်ကတော့ လိုင်း ၂ ခုလုံး ဖမ်းကြည့်ပါတယ်။ တစ်ခုမကောင်း တစ်ခုဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။



သတိပြု စေချင်တာက ။ တစ်ချို့ကွန်ပျူတာတွေမှာ IE နဲ့ဝင်လို့ လင့်ခ်ချိတ် မရတဲ့အခါ ၊ အော်တိုမစ်တစ် မ၀င်သွားတဲ့ အခါဆိုရင် FireFox နဲ့ ၀င်ကြည့်ပါ။ ဘာလို့လည်း ဆိုတော့ ကျွန်တော့် ကွန်ပျူတာမှာတော့ IE နဲ့မှပဲ ကြည့်ရှု့လို့ရပါတယ်။ FireFox နဲ့ မရတာကြောင့်ပါ။ ဒီလိုဆိုရင် စလောင်း မရှိတဲ့ သူတွေရော ၊ တီဗီက မပြတဲ့ ဒုက္ခကပါ ကင်းဝေးပြီး လူမပင်ပန်း ၊ ငွေမကုန်ပဲ ဘောလုံးပွဲများကို မိမိနေရာ ၊ စားပွဲ ၊ ကုတင် ပေါ်မှာ လွတ်လပ်စွာ စိတ်ကြိုက် ကြည့်ရှု့ခွင့် ရနိင်ပြီပေါ့။ အားလုံးလည်း အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ အဆင်မပြေခဲ့ရင်လဲ Cbox မှာ ပြောကြားခဲ့နိင်ပါတယ်။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုတောင်းရင်း ။

Monday, April 21, 2008

Fantasy Premier League


ကဲ...ကာလအတန်ကြာ ကျွန်တော်မပြောဘဲ ထားခဲ့တဲ့ အွန်လိုင်းဂိမ်း တစ်ခုလေးအကြောင်းကို တောင်းပန်စွာ ပြောကြားအပ်ပါတယ်။ ဒီဂိမ်းလေးက ပရီးမီးယားလိဂ်မှာ ရှိတဲ့အသင်းတွေထဲမှာ ရှိတဲ့ ဘောလုံးသမားတွေနဲ့ ကန်ရတာပါ။ ဘယ်လိုကန်ရတာလဲဆိုတော့ ဂိမ်းထဲမှာ အကောင့်ဖောက်လိုက်ပြီ ဆိုတာနဲ့ ကစားသူကို ၀က်ဘ်ဆိုက်ဒ်က ပေါင် ၁၀၀ ပေးပါလိမ့်မယ်။ အဲဒီငွေတွေထဲက ဂိုးသမား ( ၂ )ယောက် ၊ နောက်တန်း ( ၅ ) ယောက် ၊ အလယ်တန်း ( ၅ ) ယောက် ၊ ရှေ့တန်း ( ၃ ) ယောက် ၊ အားလုံးပေါင်း ( ၁၅ ) ယောက်ကို ကိုယ်ကြိုက်တဲ့ ကစားသမား အလိုက် ပေးထားတဲ့ ပေါင် ၁၀၀ နဲ့ ရအောင်ဝယ်ရပါတယ်။ ၀ယ်တယ်ဆိုပေမယ့် ကစားသမား အလိုက် တန်ဖိုးဈေးရှိပါတယ်။

ဥပမာ ဂျိုလ်ကိုးလ် ကိုဝယ်မယ်ဆိုရင် တန်ဖိုးက ၈.၉ ရှိတယ်ပေါ့။ နောက်ကစားသမား တစ်ယောက်ကို ၀ယ်မယ်ဆိုရင်လည်း သူ့ဈေးအတိုင်းရှိပါတယ်။ ပြီးတော့ အသင်းတစ်သင်းစီမှ ကစားသမား ( ၃ ) ယောက်ကိုသာ အများဆုံးဝယ်ယူနိင်ပါတယ်။ ဥပမာ ချဲလ်ဆီးက ဂျိုကိုးလ် ၊ ကာဗယ်လ်ဟို ၊ ဘလက်တီ တို့ကို ၀ယ်ယူပြီးရင် နောက်ထပ် ချဲလ်ဆီးမှ မည်သည့် ကစားသမားကိုမှ ၀ယ်ယူလို့ မရတော့ပါဘူး။ အများဆုံး ( ၃ ) ယောက်ပေါ့။ ပေါင် ၁၀၀ နဲ့တော့ ၁၅ ယောက်ကို ရအောင်ဝယ်ရမှာနော်။ အဟဲ။ သူက ပွဲအပတ်စဉ်အလိုက် ကန်ရတာပါ။ ဒီအပတ်ဆို ၃၅ ပွဲပြီးပြီပေါ့။ နောက်တပတ် Gameweek က ၃၆ ပေါ့။ ကိုယ်ကန်စေချင်တဲ့ သူတွေကို ထည့်ပေးလိုက်ပြီး ပွဲအားလုံးပြီးတာနဲ့ ကိုယ့်အမှတ် ဘယ်လောက် ရတယ်ဆိုတာ အောက်မှာ ပြထားပါတယ်။ ဥပမာ အများဆုံးက ၉၆ ၊ သာမန်က ၄၅ ၊ ကိုယ်ရတာ ၄၈ မှတ်ဆိုရင်တော့ ဂွတ်ပေါ့။ ဘေးနားက အမှတ်ပြ ရလဒ်က ဒီတစ်ပတ် ကောင်းမကောင်း ပြပေးပါတယ်။ ကဲ နောက်တစ်ခုအနေနဲ့ ဘေးနားက မီနူးဘားလေး အကြောင်းပြောရအောင်ဗျာ။

My team - ဆိုတာကတော့ လက်ရှိ ဒီတပတ်အတွက် ကိုယ်ရွေးချယ်ထားတဲ့ ကစားသမားတွေကို ပြတာပါ။

Latest Points - ဆိုတာကတော့ ဒီတပတ်မှာ ကိုယ်ကန်ခိုင်းလိုက်တဲ့ ကစားသမားတွေက သူတို့အသင်းမှာ ခြေစွမ်းပြရင် ပြသလို အမှတ်ဘယ်လောက် ရသလဲ ဆိုတာ ပြသတဲ့ အမှတ်ပါ။

Transfers - ဆိုတာကတော့ တကယ်လို့ ကိုယ်ရွေးချယ်ထားတဲ့ အသင်းမှာ ကစားသမားကို မကြိုက်တော့ဘူး ၊ ဒီကစားသမားက အမှတ်မရတော့ဘူးဆိုရင် ၊ ဒါမှမဟုတ် နာသွားရင်ပဲ ဖြစ်ဖြစ် နောက်ကစားသမားနဲ့ ချိန်းပေးတဲ့ ဟာပါ။ တပတ်ကို ၁ ယောက်သာ free ချိန်းခွင့်ပေးပြီးတော့ ၊ ၁ ယောက်ထက် ပိုချိန်းချင်ရင်တော့ ကိုယ့်မှာ ရှိတဲ့ အမှတ်ထဲက ၄ မှတ်ပြန်နုတ်ပါတယ်။ ၁-ယောက်ကို ၄ မှတ် ၊ ၂ ယောက်ဆိုတော့ ၈ မှတ်ပေါ့။ အဲဒီလိုပါ။

Leagues - ဆိုတာကတော့ လွယ်လွယ်ကူကူ ပြောရရင် ပြိုင်တာပေါ့။ ကိုယ်နဲ့တခြားတစ်ယောက်နဲ့ ၊ ဒါမှ မဟုတ် တခြား သူငယ်ချင်းတွေနဲ့ ပြိုင်ကြတာပေါ့။ ငါက ဒီတပတ် အမှတ်ဘယ်လောက်ရလဲ မင်းက ဘယ်လောက်ရတယ် ဆိုတာပေါ့။ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းကတော့ ၁ လ တစ်ခါ မုန့်ကျွေးကြေးပြိုင်ပါတယ်။း)

အမှတ်ပေးပုံ
ဂိုးသမား - ဂိုးမပေးရလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ်ပါလျှင် (၂) မှတ် ၊ ကာကွယ်တာ ကောင်းလျှင် ကောင်းသ လောက်ရပါတယ်။

နောက်တန်း - ဂိုးမပေးရလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ် ထိပါလျှင် (၂) မှတ် ၊ ဂိုးသွင်းလျှင် (၅) မှတ်

အလယ်တန်း - ဂိုးမပေးရလျှင် ( ၁ ) မှတ် ၊ ပွဲချိန် ( ၇၀ ) မိနစ်အထိပါလျှင် ( ၂ ) မှတ် ၊ ဂိုးသွင်းလျှင် ( ၄ ) မှတ်

ရှေ့တန်း - ဂိုးသွင်းလျှင် (၄) မှတ် ၊ ပွဲချိန် (၇၀) မိနစ် အထိပါလျှင် ( ၂ ) မှတ် ၊

ဘယ်သူမဆို Yellow Care ထိလျှင် ရတဲ့အမှတ်ထဲက ( ၁ ) မှတ်နုတ်ပါတယ်။ Red Card ဆိုလျှင်တော့ -၃ မှတ်နုတ်ပါတယ်။ ဂိုးရရှိအောင် Assists လုပ်ပေးရင် ၃ မှတ်ရပါတယ်။

Captain - တစ်ယောက်ကို ပေးထားရပြီး Captain ပေးခံရတဲ့ ကစားသမားကတော့ သူရတဲ့ အမှတ်အားလုံးကို ၂ နဲ့ေ့မြှာက်ခံရပါတယ်။ ဥပမာ - ဒီအပတ် ၅ မှတ်ရတယ်ဆို Captain ဖြစ်တာကြောင့် သူရမှတ်က ၁၀ မှတ်ဖြစ်သွားတယ်ပေါ့။




ဘောလုံးပွဲ ပုံစံအတိုင်း ၁၁ ယောက်ရွေးချယ်ပြီး လွှတ်ပေးရပါတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ အရန်ပေါ့။ တကယ်လို့ ကိုယ်လွှတ်ပေးတဲ့ ကစားသမားက မကန်ဖြစ်ဘူးဆို ကျန်တဲ့ ၃ ယောက်ကို အစားထိုးပေးပါတယ်။ ကဲ အားလုံးပဲ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဒါလေးကတော့ အမှတ်အများဆုံးပြိုင်တဲ့ ပုံစံလေးပါ။

http://fantasy.premierleague.com

ကဲ ကြိုဆိုနေမယ်ဗျာ။ ကျွန်တော်တို့ သူငယ်ချင်း ၂ ယောက်ပြိုင်နေတဲ့ ပွဲစဉ်အတွင်းကို လာဖို့လည်း ဖိတ်ခေါ်ချင်ပါတယ်။ လာမယ်ဆိုရင်တော့ မေးလ်လေး ချန်ခဲ့ပါ။ ကျွန်တော် ချဲလ်ဆီးချစ်သူတို့ရဲ့ မေးလ်ရတဲ့ အခါ invite လုပ်လိုက်ပါ့မယ်။ အဲဒီအခါ ဖန်တွေရဲ့ မေးလ်ထဲမှာ ကုဒ်နံပတ်လေး ပြန်ပါလာပါလိမ့်မယ်။ အဲဒီ ကုဒ်နံပတ်လေးကို စီဘောက်စ်မှာ ပြန်ထားပေးခဲ့ပါ။ ဒါဆိုရင် ကျွန်တော်တို့ အတူတူ ပြိုင်နေကြပြီပေါ့ဗျာ။ ဖိတ်ခေါ်ပါတယ် ချဲလ်ဆီး ချစ်သူတွေရေ။

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း

Sunday, April 20, 2008

http://tv.chelseafc.com


မနေ့ညက ချဲလ်ဆီး ၀က်ဘ်ဆိုက်ဒ်ထဲ လျှောက်ကြည့်ရင်းနဲ့ တောင်နှိပ်မြှောက်နှိပ် လျှောက်နှိပ်တာ ဒီလင်ခ့် လေးကို တွေ့ခဲ့ရပါတယ်။ ဒါနဲ့ အကောင့်တောင်းတဲ့ အပြင် ၀င်းဒိုးမီဒီယာကိုပါ အဆင့်အတန်းမြင့်ပါ ဆိုလို့ နှိပ်ကြည့်လိုက်တော့ နောက်ဆုံးမှာ ခရက်ဒစ်ကဒ်ပါ တောင်းလာတာကြောင့် လုပ်ထားတာလေး ကောက်ထည့်လိုက်တော့ ချဲလ်ဆီးပွဲတွေကို ဒေါင်းလုပ်ချဖို့ ပေးထားတာကို တွေ့ရပါတယ်။ ဘာမှတော့ မဟုတ်ပါဘူး ။ ချဲလ်ဆီးကန်ပြီးသား ပွဲတွေ မကြည့်ရရင် ဒေါင်းလုပ်ချပြီး ကြည့်လို့ရတယ်ပေါ့။ ဒါပေမယ့် ခရက်ဒစ်ကက်တော့ လိုတယ်ပေါ့ဗျာ။ ချဲလ်ဆီးချစ်သူတွေလည်း ကြည့်ချင်တယ်ဆိုရင် အကောင့်လုပ်ပြီး သွားရောက်ဒေါင်းလုပ် ချလို့ ရတယ်ဆိုတဲ့အကြောင်းလေး သတင်းကောင်းပါအပ်ပါသည်။

Saturday, April 19, 2008

Happy Birthday Nandar !

ချဲလ်ဆီးချစ်သူ ဖြစ်သော မစိုးမြနန္ဒာသက်လွင် ၏ ဧပရယ် (၁၉) ရက်နေ့မှာ ကျရောက်သော (၂၃) နှစ်ပြည့် မွေးနေ့မှသည် နောက်နှစ် ပေါင်းများစွာ မိသားစုနှင့်အတူ စိတ်ကျန်းမာခြင်း ၊ ကိုယ်၏ ချမ်းသာခြင်းတို့နှင့်အတူ ဘ၀ကို ပျော်ရွှင် ချမ်းမြေ့စွာ ဖြက်သန်းနိင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ ကျွန်တော်တို့ အပြာရောင် ချစ်သူများ ဖြစ်တဲ့ -

ကိုစိုးထက်၊ ကိုကလိုစေးထူး၊ ကိုဆိုးသွမ်း၊ ကိုကိုဖရီး၊ ကိုဘလာဂေါက်၊ ကိုဝင်းဇော်၊ ကိုဒီရေ၊ ကို99၊ ကိုStanley၊ ကိုHeartmuseum၊ ကိုKnowledgevilla၊ မလားရှိုးသူ၊ မမေ၊ မမိုးချစ်သူ၊ မသိုးမလေး ...
တို့မှ နောင်နှစ်ပေါင်းများစွာ အသက်ရာကျော် ရှည်ကြောင်း မေတ္တာပို့သအပ်ပါသည်။

မွေးနေ့ လက်ဆောင် ကဗျာ ...


မွေးနေ့ရှင် စိုးမြနန္ဒာသက်လွင် အတွက် “အားမာန်”

ရေဆန်ခရီး လှိုင်းလေတွေကြီးလည်း
တွေးပြီး ကြောက်ရွံ့မနေနှင့်။

ရေဆန်ခရီး မုန်တိုင်းဆီးလည်း
ငေးပြီး နောက်တွန့်မနေနှင့်။

ရေဆန်လှိုင်းကြီး မုန်တိုင်းဆီးလည်း
တွေးပြီးမမှိုင်၊ ကျော်လွှားနိုင်ဖို့
ခိုင်မာသည့်ဇွဲ၊ ရဲရင့်သည့်မာန်
သန်မာသည့်အား ၊ စွမ်းပကားဖြင့်
လှိုင်းကြားလေအောက်၊ မရွံ့ကြောက်နှင့်
နောက်တွန့်စရာ၊ မလိုပါဘူ့
ရှေ့မှာကမ်းခြေ၊ ရောက်နှင့်နေသည့်
ရေဆန်ကျော်လွှား၊
မိတ်ဆွေများက
သင့်အား ဆီးကြိုနေကြပြီ....။

ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေ.......လို့...

(၀င်းဇော်-ချဲလ်ဆီးချစ်သူ)

:)


Happy Birthday


မွေးနေ့လက်ဆောင်


ချဲလ်ဆီးချစ်သူဖြစ်သော မစိုးမြနန္ဒာသက်လွင်၏ ဧပရယ် ( ၁၉ ) ရက်နေ့မှာ ကျရောက်သော ( ၂၃ ) နှစ်ပြည့် မွေးနေ့မှသည် နောက်နှစ်ပေါင်းများစွာ မိသားစုနှင့်အတူ စိတ်ကျန်းမာခြင်း ၊ ကိုယ်၏ ချမ်းသာခြင်းတို့နှင့်အတူ ဘ၀ကို ပျော်ရွှင် ချမ်းမြေ့စွာ ဖြက်သန်းနိင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း၍ ကျွန်တော်တို့ အပြာရောင် ချစ်သူများဖြစ်တဲ့ -

ကိုစိုးထက် ၊ ကိုကလိုစေးထူး ၊ ကိုဆိုးသွမ်း ၊ ကိုကိုဖရီး ၊ ကိုဘလာဂေါက် ၊ ကိုဝင်းဇော် ၊ ကိုဒီရေ ၊ ကို99 ၊ ကိုstanley ၊ ကိုheartmuseum ၊ ကိုknowledgevilla ၊ မလားရှိုးသူ ၊ မမေ ၊ မမိုးချစ်သူ ၊ မသိုးမလေး

တို့မှ နောင်နှစ်ပေါင်းများစွာ အသက်ရာကျော် ရှည်ကြောင်း မေတ္တောပို့သအပ်ပါသည်။



Tuesday, April 15, 2008

တိုတိုထွာထွာ

အဆိုးထဲက အကောင်းလို့ပဲ ပြန်ပြောရမှာပဲ...အခုတော့ ပီတာဆက်ခ်ျ မနေ့က ၀င်ကန်သွားတာကြောင့် လီပါဗူးလ်နဲ့ ပွဲအတွက်တော့ သိပ်ပြဿနာ မရှိတော့တာကို တွေ့ရမှာပါ။ အခုနီးပြ ဂရန့်ကြီးကလဲ ရောက်အောင်တော့ ခေါ်လာပြီးမှ အဆုံးသတ်တွေက မသေချာတာကြောင့် ဖလား ၃ လုံးလဲ လစ်ခဲ့ရပါပြီ။ နောက်ပွဲကလည်း အဲဗာတန် နဲ့ ကန်ရမည့် အပြင် အဲဗာတန်က ချန်ပီယံလိဂ် ၀င်ခွင့်ရအောင် ကန်မှာ ဖြစ်တာကြောင့် အဝေးကွင်းမှာ နိင်ဖို့ သိပ်မလွယ်ပါဘူးး။ ကဲ....စောင့်ကြည့်ကြပါစို့ ချဲလ်ဆီး ချစ်သူတွေရေ။

ထာဝရအပြာရောင်တပ်သား
ဆိုးသွမ်း

Wednesday, April 2, 2008

ချဲလ်ဆီးအသင်းနှင့်ပတ်သက်၍


“ ချဲလ်ဆီးက ပြောင်းသွားတဲ့ ကက်ဇ်မန်းကတော့ မော်ရင်ဟိုလက်ထက်လောက် ချဲလ်ဆီးဟာ ကြောက်စရာ မကောင်းတော့ပါဘူးတဲ့ ”


“ ကိုဂျိုလ်ကိုး ကတော့ ဖီနာဘာဂျီကို လက်ရှိကိုင်တွယ်နေတဲ့ နည်းပြ ဇစ်ကိုဟာ သူအလွန်လေးစားတဲ့ နည်းပြ ဖြစ်ကြောင်း ၊ မနက်ဖြန်မှာလဲ ရောဘက်တိုကားလို့စ်နဲ့ တွေ့ရမည်ဖြစ်သောကြောင့် သူ့ဆန္ဒတွေ ပြည့်တော့ မည်ဖြစ်ကြောင်း ၊ ၂၀၀၂ ခုနှစ်ကမ္ဘာဖလားမှာ တွေ့ခဲ့တုန်းကလဲ သူက ငယ်ရွယ်သေးသော်ကြောင့် အရံခုံတွင် ထိုင်နေရကြောင်း ၊ အသက် ၂၆ နှစ်ရှိ ကိုဂျိုလ်ကိုးမှာ ပြောကြားသွားပါသည် ”