Showing posts with label Fun. Show all posts
Showing posts with label Fun. Show all posts

Saturday, April 19, 2008

Happy Birthday Nandar !

ချဲလ်ဆီးချစ်သူ ဖြစ်သော မစိုးမြနန္ဒာသက်လွင် ၏ ဧပရယ် (၁၉) ရက်နေ့မှာ ကျရောက်သော (၂၃) နှစ်ပြည့် မွေးနေ့မှသည် နောက်နှစ် ပေါင်းများစွာ မိသားစုနှင့်အတူ စိတ်ကျန်းမာခြင်း ၊ ကိုယ်၏ ချမ်းသာခြင်းတို့နှင့်အတူ ဘ၀ကို ပျော်ရွှင် ချမ်းမြေ့စွာ ဖြက်သန်းနိင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ ကျွန်တော်တို့ အပြာရောင် ချစ်သူများ ဖြစ်တဲ့ -

ကိုစိုးထက်၊ ကိုကလိုစေးထူး၊ ကိုဆိုးသွမ်း၊ ကိုကိုဖရီး၊ ကိုဘလာဂေါက်၊ ကိုဝင်းဇော်၊ ကိုဒီရေ၊ ကို99၊ ကိုStanley၊ ကိုHeartmuseum၊ ကိုKnowledgevilla၊ မလားရှိုးသူ၊ မမေ၊ မမိုးချစ်သူ၊ မသိုးမလေး ...
တို့မှ နောင်နှစ်ပေါင်းများစွာ အသက်ရာကျော် ရှည်ကြောင်း မေတ္တာပို့သအပ်ပါသည်။

မွေးနေ့ လက်ဆောင် ကဗျာ ...


မွေးနေ့ရှင် စိုးမြနန္ဒာသက်လွင် အတွက် “အားမာန်”

ရေဆန်ခရီး လှိုင်းလေတွေကြီးလည်း
တွေးပြီး ကြောက်ရွံ့မနေနှင့်။

ရေဆန်ခရီး မုန်တိုင်းဆီးလည်း
ငေးပြီး နောက်တွန့်မနေနှင့်။

ရေဆန်လှိုင်းကြီး မုန်တိုင်းဆီးလည်း
တွေးပြီးမမှိုင်၊ ကျော်လွှားနိုင်ဖို့
ခိုင်မာသည့်ဇွဲ၊ ရဲရင့်သည့်မာန်
သန်မာသည့်အား ၊ စွမ်းပကားဖြင့်
လှိုင်းကြားလေအောက်၊ မရွံ့ကြောက်နှင့်
နောက်တွန့်စရာ၊ မလိုပါဘူ့
ရှေ့မှာကမ်းခြေ၊ ရောက်နှင့်နေသည့်
ရေဆန်ကျော်လွှား၊
မိတ်ဆွေများက
သင့်အား ဆီးကြိုနေကြပြီ....။

ပျော်ရွှင်တဲ့မွေးနေ့ဖြစ်ပါစေ.......လို့...

(၀င်းဇော်-ချဲလ်ဆီးချစ်သူ)

:)


Tuesday, April 15, 2008

Which play is better ?

သရေ ကျသွားလို့ အားနည်းနည်း လျော့ သွားတာ ... အားမွေးတဲ့ အနေနဲ့ ပျော်စရာ သီချင်းနဲ့ အားကစားမယ် လေးတွေ နဲ့ အကောင်းဆုံး ဘောလုံး ပညာ ပြကွက်လေး တွေ ယှဉ်ပြီး တင်ပေး လိုက်ပါတယ် ...

ဘယ် တစ်ခုက ပို ကောင်းလဲလို့ ...

(1) အကောင်းဆုံး ဘောလုံး ပညာ ပြကွက် (၁၀) ခု ...



(2) Keep on Jumping သီချင်း သရုပ်ဖေါ် ကစားပွဲလေး ...



ပျော်ရွှင် အဆင်ပြေကြပါစေ :P