Monday, August 11, 2008

အဲဒီတုန်းကပေါ့.....

ပို့စ်မောက် အနေဖြင့် ချဲလ်ဆီးနှင့် ပွဲအတွက် ယုံကြည်မှု ပိုရှိလာတယ်လို့ ဒေးဗစ်ဂျိမ်းက ပြောကြားခဲ့ပါတယ်။ ဒါဟာ ဘာလို့လည်းဆိုတော့ ကွန်မြူနတီဒိုင်းမှာ မန်ယူနဲ့ သရေကျအောင် ကန်နိင်ခဲ့တာကြောင့်ပါ။ အဲဒီပွဲကို ကြည့်လိုက်ရမယ် ဆိုရင်တော့ ကျွန်တော်ပြောတာ မမှားနိင်ဘူးလို့ ထင်ပါတယ်။ ပို့မောက်စ် အနေဖြင့် တိုက်စစ်ကို လုံးဝ ပျောက်နေခဲ့ပါတယ်။ မန်ယူက နာနီ ဖောက်တာကို ခုခံကာကွယ်နေရတာနဲ့ပဲ တချိန်လုံး ခံစစ်သာ ဆော့ကစား သွားတာပါ။ အသစ်ပြောင်းလာတဲ့ ပီတာခရော့ခ်ကလည်း ဖြစ်မြောင်အောင် မစွမ်းဆောင် နိင်ပါဘူး။ ပို့စ်မောက်က Distin , Diop , Campbell တို့ကောင်းလို့သာ ဒီလောက်ထိ ခံနိင်ခဲ့ခြင်းပါ။ James အနေနဲ့ကလည်း တိဗက်ဇ် လှည့်ကန်တဲ့ အလုံးကို ကာကွယ်လိုက်နိင်တာက လွဲလို့ တခြားဘာမှ ထူးထူးခြားခြား မဖမ်းခဲ့ရပါဘူး။ ဒါကြောင့် နှစ်သင်းစလုံးသာ အပြန်အလှန် ကစားကြပေမယ့် တိုက်စစ်ပိုင်း အားနည်းခဲ့ပါတယ်။

အဲဒီမှာ အလယ်တန်း အားသာတဲ့ အသင်းကတော့ ဖိကစားသွားနိင်တာပေါ့။ မန်ယူမှာ ရော်နယ်လ်ဒို ၊ ရွန်းနီ ပါလာရင်တော့ ဘယ်လိုဖြစ်မယ် မသိပေမယ့် အခုမန်ယူ တိုက်စစ်ကတော့ သာမန်လောက်ပါပဲ။ အဆိုးဆုံးကတော့ ပို့စ်မောက် တိုက်စစ်လုံးဝ ပျောက်ခဲ့တာကြောင့် မန်ယူနောက်တန်းကို မခြိမ်းခြောက်နိင်ခဲ့တာပါ။

ပို့စ်မောက် အနေဖြင့် ချဲလ်ဆီးနဲ့ အဖြေ ဘယ်လိုလာမယ်ဆိုတာ စောင့်ကြည့်ကြပါစို့။


No comments: