Wednesday, July 16, 2008

စာချုပ်သစ်ချုပ်ဆိုလိုက်တဲ့....ဘယ်နောက်ခံလူ



ချဲလ်ဆီး ဘယ်နောက်ခံလူ အင်္ဂလန်နိင်ငံသား ၀ိန်းဘရစ်ခ်ျက ချဲလ်ဆီးနဲ့ နောက်ထပ် ၄ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို ခဲ့ပါတယ်။ ဒါကြောင့် နောက်ထပ် ၂၀၁၂ ထိသူက ချဲလ်ဆီးနှင့်အတူ စာချုပ်ရှိနေဦးမှာပါ။ သူက “ ချဲလ်ဆီးမှာ ကစားရတာ ပျော်ကြောင်း ၊ အသင်းတာဝန်ရှိသူ ၊ ကုမ္မဏီတာဝန်ရှိသူ ၊ ကစားဖော်တွေနှင့်လည်း အဆင်ပြေပါကြောင်း ” ပြောကြားသွားပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ် နောက်ဆုံးပွဲစဉ်အပြီး ပို့စ်မောက်သို့ ပေါင် ၅ သန်းဖြင့် ပြောင်းရွှေ့မယ်လို့ သတင်းထွက်ခဲ့တဲ့ ဒီအင်္ဂလန် ဘယ်နောက်ခံလူဟ အခုတော့ ချဲလ်ဆီးမှာပဲ ဆက်နေပါတော့မယ်။ အသက် ၂၇ နှစ်ရှိ ၀ိန်းဘရစ်ခ်ျဟာ ဆောက်သန်ပတန် အသင်းက ချဲလ်ဆီးသို့ ပြောင်းရွှေ့လာတာပါ။ ရခဲ့ဖူးတဲ့ ဆုတွေကတော့....

တို့ပဲ ဖြစ်ပါတယ်။ နည်းပြ စကိုလာရီကလည်း

"I'm very pleased that Wayne has committed his future to Chelsea.

"I have been here only a few days but have seen that he is one of the best professionals at the club. I very much like his playing style." ပြောကြားသွားပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူဟာ ချဲလ်ဆီးအတွက် ကစားသမားကောင်းတစ်ဦးပါ။ အရန်ခုံမှာ ထိုင်နေရသော်လည်း အသင်းအတွက် စိတ်ဓတ်ရှိဆဲပါ။


No comments: