Friday, May 23, 2008

CHELSEA & WE !



ချယ်လ်ဆီး ဆိုတာ ကံကောင်း တတ်လှတဲ့ အသင်းတော့ မဟုတ်ဘူး ဆိုတာ ...
ဟိုး ... ဗီရာလီ တို့  လက်ထက် ကတည်းက သိပြီးသားပါပဲ ...

ချယ်လ်ဆီး ဆိုတာ ဖလားတွေ အများကြီးကို ပိုင်ဆိုင်ဖူးတဲ့ အသင်းကြီး ...
မဟုတ်မှန်းလဲ ... အစကတည်းက သိခဲ့ပြီးသား ပါပဲ ...

ချယ်လ်ဆီး ဆိုတာ သမိုင်းမှာ အောင်မြင်မှုတွေ ရေးထိုးနိုင်အောင် ...
ကြိုးစားနေဆဲ ... အသင်းတစ်ခု ဆိုတာလဲ သိပြီးသားပါပဲ..

ဒါပေမယ့် အပြာရောင်ကို ချစ်တယ်

.. .. .. အားမာန်တွေကို အားကျတယ်

.. .. .. ကြိုးစားမှုတွေကို လေးစားတယ်

.. .. .. ၀ီရိယတွေကို တန်ဖိုးထားတယ်

အောင်မြင်မှုတွေကို ပါကင်ထုတ်ပြီးသား မလိုချင်ဘူး ...

ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ထက်

ပွင့်ဖူးလာဖို့  ကြိုးစားနေတဲ့ ပန်းကလေးကို

ပိုပြီး မြတ်နိုးမိတယ်..

ပိုင်ဆိုင်မှုထက် ပိုင်ဆိုင်ခွင့်ရဖို့ 

ကြိုးစား နေရတာကို ပိုကျေနပ်မိတယ်..

ဒါတွေဟာ ချယ်လ်ဆီး ရဲ့ စိတ်ဓါတ် တွေလား..

ချယ်လ်ဆီး ဟာ ကျွန်တော့်ရဲ့  အားမာန်တွေလား.

ဒါဆိုရင်

ချယ်လ်ဆီး ဟာ ကျွန်တော်တို့

ကျွန်တော်တို့ ဟာ ... ချယ်လ်ဆီး ပဲပေါ့ ဗျာ ...

***************


ကိုဝင်းဆန်း ရေးဖွဲ့သော Chelsea & Me ကို ကူးယူ၍ ပြန်လည် ပြုပြင် တင်ပြပါသည်။

8 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

ချယ်လ်ဆီး ဟာ ကျွန်တော်တို့

ကျွန်တော်တို့ ဟာ ... ချယ်လ်ဆီး ပဲပေါ့ ဗျာ..

No matter what, CHELSEA all the way!!!

Always.,
Soe Mya Nandar Thet Lwin

Unknown said...

Whatever happen we all are Chelsea.

ဆိုးသွမ်း said...

right fris......we are Blue Lion

၀ဿန်ဦး said...

ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ထက်
ပွင့်ဖူးလာဖို့  ကြိုးစားနေတဲ့ ပန်းကလေးကို
ပိုပြီး မြတ်နိုးမိတယ်..
ပိုင်ဆိုင်မှုထက် ပိုင်ဆိုင်ခွင့်ရဖို့ 
ကြိုးစား နေရတာကို ပိုကျေနပ်မိတယ်..

အနှစ်သက်မိဆုံးစကားစုပဲဗျာ။ ထပ်တူထပ်မျှပါပဲ။

ရိုးမြင့်အောင် said...

ဘယ်လိုဘာတွေပဲ ဖြစ်ဖြစ် ဗီယာရီတို့ ဇိုလာတို့ ခေတ်ကတည်းက ချဲလ်ဆီးပဲ။ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရင်ထဲမှာ ချဲလ်ဆီးမှ ချဲလ်ဆီးပါပဲဗျာ။

မင်းကျန်စစ်။ said...

ကောင်းလိုက်တဲ့ ကဗျာပဲဗျာ။ သိပ်ကြိုက်သွားပီ။ အားတွေ ပြန်ဖြစ်လာပီဗျို့။

Anonymous said...

အောင်မြင်မှုတွေကို ပါကင်ထုတ်ပြီးသား မလိုချင်ဘူး... ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ထက်
ပွင့်ဖူးလာဖို့  ကြိုးစားနေတဲ့ ပန်းကလေးကို
ပိုပြီး မြတ်နိုးမိတယ်..
ပိုင်ဆိုင်မှုထက် ပိုင်ဆိုင်ခွင့်ရဖို့ 
ကြိုးစား နေရတာကို ပိုကျေနပ်မိတယ်..

အရမ်းကို ထိရှတဲ့ စကားလုံးတွေပါပဲ။
Chelsea ---- Smarter's choice!!!

Welcome said...

ချယ်ဆီးဟာ ကျွန်တော်တို့
ကျွန်တော်တို့ဟာ ချယ်ဆီးပါပဲ...

---
ps....
ကိုဆိုးသွမ်း အိမ်ကို Stop! ဆိုလားပဲ.
အိမ်တံခါးခေါက်လို့မရဘူး.