Thursday, May 15, 2008

အော်...လူလောက လူ့လောက


ဒါကတော့ ပေါ်တင်ကြီးကို ဖောင်းသွားပြီ။ ကျွန်တော်နာမည်နဲ့ ပေါက်ကရတွေ ၀င်ရေးသွားတယ်။ စီဘောက်စ် ပက်စ်ဝေါ့လည်း သိစရာ အကြောင်းကို မရှိဘူး။ ၁၅ လုံးလောက်ရှိတယ်။ ပက်စ်တစ်ခုတည်းကို နစ်ရော ဘလော့ဂ်ရော အကုန်သုံးတယ်။ အခုလို လုပ်တာတော့ မကောင်းဘူးပေါ့ဗျာ။ ကိုယ့်စိတ်ဓတ် အခြေအနေကို ကိုယ်ဖော်ပြနေသလိုပဲ။ အခုလာ အော်တဲ့ အိုင်ပီနံပတ်က 38.100.42.25 ပါတဲ့ ယူအက်စ်ကပါ ။ ဒီနေရာမှာ ကြည့်ကြည့်ပါ။ Proxy ကျော်ထားရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်ထင်တာတော့ စင်္ကာပူကလို့ ထင်ပါတယ်။ အော်...လူတွေ လူတွေ အချင်းချင်းတောင် ရန်တိုက်ပေးနေတယ်။ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်စိတ်ထဲမှာပဲ သိတယ်။ ဘယ်လို ရှိတယ်ဆိုတာ။ ကိုစိုးထက်ကို တိုက်ခိုက်လိုက် ၊ ကျွန်တော့်ကို တိုက်ခိုက်လိုက်နဲ့ ။ ကျွန်တော် ဒီလို ပေါက်ကရတွေလည်း မရေးပါဘူး။ သိက္ခာရှိရှိပေါ့ဗျာ။ ကိုယ့်ကိုယ်စောင့် နတ် ကသိပါတယ်။ ၀ဋ္ဋ်မလည်အောင်တော့ ဆုတောင်းထားကြ။ အမှောင်ထဲကနေ လက်ညိုးထိုးနေတဲ့ သူတွေအတွက် ရှက်တက်ရင် ရှက်ဖို့ကောင်းတယ်။

PS . မနန္ဒာရေ ။ ဒီလောက်ဆို သဘောပေါက်ပါတယ်နော်။ ကျွန်တော်တို့ ချဲလ်ဆီးဖန်တွေ ကြားမှာ စိတ်ကွပ် စရာ ဘာအကြောင်းမှ မရှိပါဘူး။ အောင်မြင်နေလို့ လာအော်ဟစ်နေကြတာပါ။ ဟားဟ ။


No comments: