Monday, May 12, 2008

ညီလေးရေ


“ နတ္ထိလောကေ အနိန္ဒိတော”

လောကမှာ အပြစ်တင် မခံရတဲ့သူ မရှိပါဘူးတဲ့

ဟဟ...စင်္ကာပူက ညီကလေး ၊ ဘာတွေ ခံစားနေတာတုန်း ။ အမျိုးတွေ နာဂစ်ထဲ ပါသွားရင်တောင် အဲဒီလောက် အော်နေပါ့မလားဆိုတာ စဉ်းစားစရာပဲ။ အော်.... တစ်ယောက်တည်း လာပြီးတော့ ပေါက်ကွဲနေတာပါလား။ ဒါချဲလ်ဆီးဖန်တွေ အတွက် တစုတစည်းတည်း ဖြစ်အောင် လုပ်ထားတာပါ ။ ဘယ်နှယ့် အောင်ပွဲခံချင်ရင်လည်း ကောင်းကောင်းမွန်မွန်လေးတော့ ပြောပေါ့။ အခုတော့ တစ်ယောက်တည်း ဒေါသတကြီးနဲ့ ။ မန်ယူ မန်ယူလို့ အော်ချင်ရင် ဘလော့ဂ်လုပ်လေ။ မခက်ပါဘူး ။ မြန်မာဘလော့ဂ်ဂါ အကူအညီကဏ္ဍ ဆိုတာ ရှိတယ်။ သွားကြည့်ကြည့် ဟုတ်ပြီလား။ မန်ယူဖလားရသွားတော့လည်း ရသွားတယ်ပေါ့။ ချဲလ်ဆီးရတော့လည်း ရသွားတယ်ပေါ့။ ဒါနှစ်တိုင်းပေးနေတဲ့ ဖလားပါ။ ညီလေး သေသွားလည်း ဒီဖလားက ကျင်းပနေဦးမှာပဲ။ သမိုင်းရှိမှ အားပေးရမယ်ဆို အောင်မြင်မှုကို လွယ်လွယ်နဲ့ လိုက်တက်တဲ့ လူတွေလို့ စွပ်စွဲရင် မန်ယူဖလားမရခင်တုန်းကတည်းက အားပေးနေတဲ့ လူတွေကို စော်ကားရာ ကျဦးမယ်။ အောင်မြင်နေတဲ့ အသင်းကို အားပေးတာ လွယ်ပါတယ်ကွာ။ မန်ယူ မန်ယူလို့ အော်နေရုံပဲ။ ကိုယ်တို့ချဲလ်ဆီးဖန်တွေလို သမိုင်းမရှိတာကို ရှိလာအောင် အားပေးနိင်ရဲမှ ဆိုရင်တော့ မပြောလိုပါဘူး။ ကျန်တာတွေနဲ့ ပတ်သက်လို့တော့ မပြောချင်တော့ပါဘူးကွာ။ မန်ယူဖလားရသွားလို့လည်း ညီလေး လစာ မတိုးသွားဘူး ။ ဒါပေမယ့် ကိုယ်အားပေးတဲ့ အသင်းရသွားတော့ ၀မ်းသာနိင်တာကိုတော့ လက်ခံပါတယ်။ ဖလားကြီး ပိုက်ပြီးတော့ ကျန်တဲ့ အသင်းတွေကိုတော့ လက်ညိုးမထိုးပါနဲ့ကွာ။ ချန်ပီယံဆိုရင် ကိုယ့်အောင်မြင်မှုနဲ့ ကိုယ်နေပေါ့။ ဒီလောက်ဆို ငါ့ညီလေး သဘောပေါက်လောက်ပါတယ်။ သဘောပေါက်တယ်နော်......ဟဲဟဲ သဘောပေါက်ပါတယ်။

တဖက်တည်း အမြင်တွေ မထားစမ်းပါနဲ့။ ပြိုင်ဘက်ဆိုတာ ရှိမှာ ကစားပွဲဆိုတာ ကြည့်လို့လှတာ။ ဒီတော့ ပြိုင်ဘက်ဆိုတာ လေးစားရမယ်။ စီဘောက်စ်မှာတော့ မရေးတော့ပါဘူး။ ငါ့ညီလေးက တော်တော် လာ အော်ဟစ်ထားတာ ဆိုတော့ ပို့စ်တခုအနေနဲ့ မန်ယူအောင်ပွဲကို ပြန်လည် ဂုဏ်ပြုလိုက်တာပါ။ ကဲ....အဆင်ပြေပါစေကွာ။

မှတ်ချက် ။ ညီလေးရေ ကိုယ့်ကျောင်းက အင်တာ နက်အလကားရတယ်ကွ။ နောက်ပြီး ကိုယ်ကလည်း တုံးပါတယ်။ ဒေါင်းလုပ်အကောင့် တိုးရအောင် လုပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ အကောင့်တိုးလာရင် ပိုက်ဆံရတယ်ဆိုရင် အစ်ကို့မှာ ခရက်ဒစ်ကတ်တောင် မရှိပါဘူးကွာ။ ပြီးတော့ ဒီလင့်ခ်တွေက အဆင်ပြေသလို အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ဆိုက်ဒ်က ချဲလ်ဆီးဖန်တွေ အတွက် သူတို့မကြည့်လိုက်ရရင် ပြန်ကြည့်နိင်ဖို့ ၊ သိမ်းထားနိင်ဖို့ တင်ပေးတာ။ လွတ်လပ်စွာ အော်ဟစ်ခွင့်ရှိပါတယ်။ ဟက်ဟက် ။ အိုင်ပီပါ ဘမ်းတော့လည်း ပရိုစီကျော်ပြီး လာအော်ချင် အော်နေမှာဆိုတော့
ဘမ်းစရာလဲ မလိုပါဘူး။ ကဲ ကဲ စိတ်တွေလျှော့ ဟုတ်ပြီလာ။ ဘယ်နှဲ့ ဖလားမရတဲ့လူတောင် ဒီလောက် မပေါက်ကွဲဘူး ။ ချန်ပီယံကြီးက ပေါက်ကွဲနေတယ်။ ချဲလ်ဆီး ဘာလုပ်သွားတယ် ဆိုတာ အားလုံးသိပါတယ်။ သဘောပေါက်တယ်နော်....ဟဟ သဘောပေါက်ပါတယ်။



2 comments:

စိုးထက် - Soe Htet ! said...

Cheers Man U !
Congrats !

Ko Soe Thawn, many thanks for up fronting our generous humbleness and Genius Sport Spirit.

Cheers !
sh

ဆိုးသွမ်း said...

Cheers !!!!!!!!!!!!!!! Bro

Chelsea ..... Chelsea