Sunday, May 25, 2008

နုတ်ဆက်လိုက်ပါတယ်....မစ္စတာဂရန့်


ကျွန်တော်တို့ နည်းပြ ဂရန့်ကြီးကတော့ ချဲလ်ဆီးနဲ့ လမ်းခွဲခဲ့ပြန်ပါပြီ။ ဆရာများ သားသေ သလိုတောင် ဖြစ်နေဦးမလား မသိတော့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ အတက်နိင်ဆုံးတော့ နည်းပြကောင်းတွေ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ပိုင်ရှင်ကလည်း ပိုက်ဆံရှိတာကိုး :D ဟီးဟီး ။ နည်းပြက ဘာစီလိုနာက ရီကဒ်ကြီး ခေါ်ရင်တော့ ကောင်းမယ်ထင်တယ်ဗျာ။ အခုလည်း ဘရာဇီးသား ရော်ဘင်ဟို နဲ့ စပါးတပ်စ်မော်စကိုက နောက်တန်းတစ်ယောက်ကို ခေါ်မယ်လို့လည်း သတင်းကြားနေရပါတယ်။ ဒီနောက်ခံလူက ညာဝန်းလို့ ကစားလို့ရပါတယ်တဲ့။ ဒါပေမယ့် ဘို့စင်ဝါးကို ခေါ်ထားလို့ ဒီကစားသမားကတော့ မသေချာပါဘူး။ ဘာပဲ ပြောပြော ကျွန်တော်တို့ကတော့ ချဲလ်ဆီးပဲပေါ့။ မဟုတ်ဘူးလား...ချဲလ်ဆီး ချစ်သူတို့ရော။ ကဲ...ဂရန့်ကြီးအတွက် နုတ်ဆက်လိုက်တာကြတာပေါ့ဗျာ။ အဆင်ပြေပါစေ ဂရန့်ရေ.....။



2 comments:

လားရှိုးသူ said...

I'm so sorry to lose Mr.Grant. I believe he tried his best. Hey..guys, I hope I'm still your coach right!

ကလိုစေးထူး said...

ကျနော်ကတော့ ဂရန့်ကို ထုတ်ပယ်လိုက်တာဟာ ချဲလ်ဆီးအသင်းရဲ့ ချန်ပီယံလိဂ်ပွဲ ကံဆိုးခဲ့ခြင်းတွေရဲ့ နောက်ပိုင်းအတွက် အကောင်းတခုလို့ မြင်တယ်။ ချဲလ်ဆီးလို အသင်းမျိုးကို နည်းပြဖို့အတွက် လုံလောက်တဲ့ ထည်ဝါမှုနဲ့ တည်ငြိမ်မှု ဂရန့်ဆီမှာ မရှိသေးဘူး။