Thursday, May 22, 2008

သို့...တယ်ရီ












ပွဲစကတည်းက ရွက်လိုက်ရတဲ့
တက်သမျှ မှတ်သမျှ ဂါထာတွေ ဘယ်နှစ်ခေါက်ရှိမှန်းတောင်မသိခဲ့
အနီရောင်တွေ ခြေထဲ ဘောလုံးရှိနေတိုင်း
ပင့်သက်ကို ရင်တမမနဲ့ ရှိုက်ထုတ်နေခဲ့ရတယ်

ဒီဒိုင်ပါပဲ ချဲလ်ဆီးကို လီဗာပူးလ်နဲ့ မ၀င်တဲ့ဂိုးကို ပေးခဲ့တာ
ရှော့ကေးကို ရှုံးနိမ့်ခဲ့တာ
ကံကြမ္မာကိုက ချဲလ်ဆီးအတွက် ကံဆိုးဖို့ ဖြစ်လာစေခဲ့တာလား

မပေးသင့်တဲ့ ပြစ်ဒဏ် ၊ လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးတွေကိုမှ
ဒီဆလိုဗေးနီးယားသားကြီး ဖန်ဆင်းခဲ့တာ
အိမ်ပြန်လက်ဆောင်အတွက် ဒရော့ဘာကိုတောင် အနီပြခဲ့သေးတယ်

ရော်နယ်လ်ဒိုရဲ့ မထီမဲ့မြင် အပြုံးမှာ
ကျွန်တော့် မျှော်လင့်ချက်တွေ ချုပ်ငြိမ်းခဲ့ရတယ်
ကျွန်တော့် အသံတွေ တိတ်ဆိတ်ခဲ့ရတယ်

အက်ဆီယန်ကို နောက်တန်းထားတဲ့ အမှားက
ပြင်မရတဲ့ နောင်တတွေပေါ့ ဂရန့်ရယ်

တိုင်တွေ အကြိမ်ကြိမ်ထိ ၊ ပြစ်ဒဏ်ဘောတွေ အကြိမ်ကြိမ်ပေးခံရရင်း
ကိုလမ်းပတ် ကယ်ယူခဲ့တဲ့ ဂိုးမှာ
ပျော်မဆုံး မော်မဆုံးနဲ့
အသံကုန်ဟစ် အားပေးခဲ့ပေမယ့်

အသင်းခေါင်းဆောင် ပီပီ ၊ ကိုယ်တိုင် နောက်ဆုံးသွင်းယူချင်ခဲ့တဲ့ ဂိုးမှာ
ခြင်္သေ့တွေ အစွယ်ကျိုးခဲ့ရတယ်...
မော်စကိုရဲ့ မိုးညမှာ ခင်ဗျားနဲ့အတူ ကျွန်တော်ငိုတယ်...တယ်ရီ

အောင်ပွဲခံသူတို့ရဲ့ ဆူညံခုန်ပေါက်သံမှာ
ခင်ဗျားနဲ့အတူ ချဲလ်ဆီးချစ်တဲ့ ပရိတ်သက်တွေ
နှလုံးသား ကြေကွဲတယ်

မမြင်ဘူးလို့ မူးမြစ်ဆိုရင်တောင်
ဒီမြစ်ကို ကျွန်တော် လက်ပစ်ကူးပစ်မယ်
မေခလာမလိုပါဘူး....

ချန်ပီယံလိဂ်ချန်ပီယံဆိုတာကိုတော့ တစ်နေ့တော့
ကျွန်တော်တို့ ရေးထိုးနိင်ဦးမှာပါ
သိက္ခာရှိရှိ ခြေစွမ်းတွေ ပြခဲ့ပေမယ့်
ဒီတခါ မရလည်း ၊ နောင်တစ်ခါတော့ ပြန်ဖြစ်လာဦးမှာပေါ့
ခင်ဗျားနဲ့အတူ အသင်းသားတွေ အားလုံးလည်း
နှစ်သိမ့်နိင်ကြပါစေလို့ ဆုတောင်းရင်း









4 comments:

စိုးထက် - Soe Htet ! said...

ထပ်တူ ခံစား ရပါတယ် ခင်ဗျာ ...

Soe Mya Nandar Thet Lwin (Borros Roxo) said...

'မော်စကိုရဲ့ မိုးညမှာ ခင်ဗျားနဲ့အတူ ကျွန်တော်ငိုတယ်...တယ်ရီ
အာင်ပွဲခံသူတို့ရဲ့ ဆူညံခုန်ပေါက်သံမှာ
ခင်ဗျားနဲ့အတူ ချဲလ်ဆီးချစ်တဲ့ ပရိတ်သက်တွေ
နှလုံးသား ကြေကွဲတယ်'

ဟုတ်တယ် .. မော်စကိုရဲ့ မိုးညမှာ Chelsea Football Club နဲ့ Fans နဲ့ အတူ နန္ဒာ လည်းငိုမိတယ်..

But ရှုးနိမ့်ခြင်းဟာ Not at the end of the world ပါ...

ကံကြမ္မာကိုက ချဲလ်ဆီးအတွက် ကံဆိုးဖို့ ဖြစ်လာစေခဲ့တာ လို့ပဲမှတ်လိုက်ပါတော့တယ်...,

'SUCCESS IS NOT FINAL, FAILURE IS NOT FATAL''

Soe Mya Nandar Thet Lwin

Unknown said...

ရှုံးပေမယ့် ငါ့တို့ရဲ့ အင်အားကို သူတို့ တုန်လှုပ်ခဲ့ပါတယ်။
အရှုံးသမားတွေထဲမှာ ငါတို့က အကောင်းဆုံး အရှုံးသမား တွေ ပါ။ တကယ်ဆို ဒီနှစ်ဖလား မရတာက လွဲရင် ငါတို့က သူရဲနီတွေကို တပွဲနိုင်၊ တပွဲရှုံးဆိုတော့ သရေပါကွာ။ ဘာပဲဖြစ်ဖြစ် Chelsea က အရင် Chelsea မဟုတ်တော့ တနေ့ထက်တနေ့၊ တနှစ်ထက်တနှစ် တိုးတက် ရှင်သန်နေတဲ့ Chelsea ၊ Chelseaဟာ ပြိုင်ဖက်အသင်းတွေ ကြောက်ရွံ့လေးစားရတဲ့ အင်အားပိုင်ရှင်၊ Chelseaဟာ နောက်ဆုံး မိနစ် နောက်ဆုံးစက္ကန့်ထိ ရိုးရိုးသားသား အစွမ်းကုန်ယှဉ်ပြိုင်
အင်အားကုန်သုံး ကြိုးစားခဲ့တာ ဂုဏ်ယူစရာ........
Chelsea ရေ မင်းတယောက်ထဲ မဟုတ်ပါဘူး မင်းဘေးမှာ မင်းကိုချစ်တဲ့သူ၊ မင်းနောက်မှာ မင်းအောင်ပွဲကို လက်ဖ၀ါးကွဲအောင် တီးရင်း
စောင့်နေသူ ငါတို့လဲ ..........
မိုးနဲ့အပြိုင်...... မိုးနဲ့အပြိုင်.........

wynn.sun said...

ချယ်လ်ဆီးဆိုတာ ကံကောင်းတတ်လှတဲ့ အသင်းတော့မဟုတ်ဘူးဆိုတာ ဟိုး...ဗီရာလီတို့ လက်ထက်ကတည်းက သိပြီးသားပါပဲ..
ချယ်လ်ဆီးဆိုတာ ဖလားတွေအများကြီးကို ပိုင်ဆိုင်ဖူးတဲ့ အသင်းကြီးမဟုတ်မှန်းလဲ အစကတည်းက သိခဲ့ပြီးသားပါပဲ..
ချယ်လ်ဆီးဆိုတာ သမိုင်းမှာ အောင်မြင်မှုတွေရေးထိုးနိုင်အောင် ကြိုးစားနေဆဲ အသင်းတစ်ခုဆိုတာလဲ သိပြီးသားပါပဲ..
ဒါပေမယ့် အပြာရောင်ကို ချစ်တယ်
.. .. .. အားမာန်တွေကို အားကျတယ်
.. .. .. ကြိုးစားမှုတွေကို လေးစားတယ်
.. .. .. ၀ီရိယတွေကို တန်ဖိုးထားတယ်
အောင်မြင်မှုတွေကို ပါကင်ထုတ်ပြီးသားမလိုချင်ဘူး..
ပွင့်အာနေတဲ့ ပန်းတစ်ပွင့်ထက်
ပွင့်ဖူးလာဖို့  ကြိုးစားနေတဲ့ ပန်းကလေးကို
ပိုပြီး မြတ်နိုးမိတယ်..
ပိုင်ဆိုင်မှုထက် ပိုင်ဆိုင်ခွင့်ရဖို့ 
ကြိုးစားနေရတာကို ပိုကျေနပ်မိတယ်..
ဒါတွေဟာ ချယ်လ်ဆီးရဲ့ စိတ်ဓါတ်တွေလား..
ချယ်လ်ဆီးဟာ ကျွန်တော့်ရဲ့  အားမာန်တွေလား.
ဒါဆိုရင်
ချယ်လ်ဆီးဟာ ကျွန်တော်
ကျွန်တော်ဟာ ချယ်လ်ဆီးပဲပေါ့ဗျာ..