Tuesday, July 8, 2008

ချဲလ်ဆီးနဲ့ အလျင်စလို စာချုပ်သစ် မချုပ်နိုင်မှာကို မိုက်ကယ် ဘာလက် မစိုးရိမ်

လက်ရှိစာချုပ်သက်တမ်းက (၁)နှစ်ပဲ ကျန်တော့ပေမယ့် စာချုပ်သစ်ချုပ်ဆိုရေးအတွက် အလျင်စလို ပြုလုပ်သွားစရာ မရှိကြောင်း ချဲလ်ဆီးကွင်းလယ်လူ မိုက်ကယ် ဘာလက်က ဆိုလိုက်ပါတယ်။

အသက် (၃၁)နှစ်အရွယ် ဘာလက်ဟာ စပိန်ကို အရှုံးပေးလိုက်ရတဲ့ ယူရိုဗိုလ်လုပွဲအပြီးမှာ အခုလို ပြောဆိုခြင်း ဖြစ်ပါတယ်။

“ကျနော့် စာချုပ်သက်တမ်းက ၂၀၀၉ အထိ ရှိနေပါတယ်။ သက်တမ်းတိုးနိုင်တဲ့ အခွင့်အလမ်းလည်း ရှိနေပါတယ်။ ဒါကြောင့် သိပ်လောကြီးစရာ မလိုပါဘူး” လို့ ဂျာမန်အသင်းခေါင်းဆောင် ဘာလက်က ပြောပါတယ်။

“ဘာတွေဖြစ်လာမလဲ ဆိုတာကို ကျနော်တို့ စောင့်ကြည့်ရမှာပါ”

ကွင်းလယ်လူ ဘာလက်ဟာ ဂျာမဏီနဲ့အတူ ယူရိုချန်ပီယံဆုကြီးကို ကပ်လွဲခဲ့ရသလို ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်တို့ကိုလည်း ကပ်ပြီး လက်လွတ်ခဲ့ ရပါတယ်။



လာမယ့် ရာသီအတွက် ကစားသမားသစ် မခေါ်ရင်တောင် ချဲလ်ဆီးအနေနဲ့ လက်ရှိ လူတွေနဲ့ ဆုဖလားတွေ အနိုင်ယူနိုင်တဲ့ အနေအထားမှာ ရှိပါတယ်

၎င်းက ဆက်လက်ပြီး “နောက်ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ကျနော်တို့ အနိုင်ရဖို့ လိုပါတယ်။ ဒီအကြောင်း ပြချက်ကြောင့် ကျနော် ချဲလ်ဆီးကို ပြောင်းလာတာပါ။ ကျနော် “ အခု ကမ္ဘာပေါ်က အကောင်းဆုံးလိဂ်တစ်ခုရဲ့ အတောင့်တင်းဆုံးအသင်းတစ်ခုမှာ ကစားနေပါတယ်” လို့ ပြောပါတယ်။


Chelsea ၏ နောက်ဆုံး ၈ ပွဲအား ကြိုတင်သုံးသပ်ခြင်း

ပရီးမီယား ချန်ပီယံဖြစ်ဖို့ ပွဲစဉ်တိုင်းဟာ အရေးကြီးတာ မှန်ပေမယ့် ပြီးခဲ့တဲ့ ရာသီကလို အသင်းတိုင်းသာ သူမသာ ကိုယ်မသာ ဖြစ်လာဦးမယ်ဆိုရင်ပဲ ဖြစ်ဖြစ် ၊ သာမာန်အရပဲ ကြည့်ကြည့် ဒီနောက်ဆုံးပွဲစဉ်တိုင်းဟာ သိပ်ကို အရေးပါတာကို တွေ့ရပါတယ်။ ဒီနှစ်မှာ အသင်းတိုင်းဟာလည်း ပိုက်ဆံကြွယ်ဝမှု ၊ ကစားသမားတောင့်တင်းမှု့ ၊ နည်းစနစ်ပိုင်းဆိုင်ရာ တိုးတက်လာမှု တွေကြောင့် အသင်းကြီးမှ အစ နောက်ဆုံး နယူးကာဆယ် ၊ စပါး ၊ အဲဗာတန် ၊ ပို့စ်မောက် ၊ မန်စီးတီး အသင်းတို့ကိုလည်း လျှော့တွက်လာလို့ မရတော့ပါဘူး။ ဒီတော့ ဟိုအရင်တုန်းကလို ချန်ပီယံဘယ်သူလဲဆိုတာ ကြိုပြောထားနိင်မှာ မဟုတ်တော့တာကြောင့် သိပ်ကို စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။ ပြီးခဲ့သော နှစ်တုန်းက ပရီးမီးယားလိဂ်ကို ကြည့်မယ်ဆိုလျှင် ရာသီတ၀က်လောက်ထိ အာစင်နယ် အသင်းက ဦးဆောင် ကစားနိင်ခဲ့ပြီး ရာသီကုန်တော့ မန်ယူက ၂ မှတ်အကွာနဲ့ ဗိုလ်စွဲ၍ ချဲလ်ဆီးနှင့် အာစင်နယ် အသင်းကလည်း ၂ မှတ်သာ ကွာဟ ခဲ့ပါတယ်။ ၂ မှတ်ဆိုတဲ့ အတိုင်း ပေးသွားတာတွေကတော့ ဆုဖလားနဲ့ ချန်ပီယံလိဂ် တိုက်ရိုက်ဝင်ခွင့်တို့ပါပဲ။ ဒီတော့ ကိုယ့်အသင်းကိုယ် နိင်စေချင်တယ် ဆိုလျှင်ဖြင့်တော့ အသင်းတိုင်းဟာ အတက်နိင်ဆုံး အောင်မြင်နိင်အောင် ကြိုးစားရမှာပါ။ ဒီကာလမှာ ပွဲပန်း ၊ ပွဲကျပ် ၊ ဒဏ်ရာရ ၊ ပွဲပယ် ၊ စတဲ့ ပြဿာနာ ပေါင်းစုံကလည်း ၀င်လာဦးမှာပါ။ ဒါကြောင့် ယခုလက်ရှိ ကျွန်တော်တို့ ချဲလ်ဆီးရဲ့ နောက်ဆုံး ၈ ပွဲကို သုံးသပ်ရမည် ဆိုလျှင်ဖြင့်......

ချဲလ်ဆီး

Newcastle United : Chelsea

Chelsea : Bolton Wanderers

Chelsea : Everton

West Ham : Chelsea

Chelsea : Fulham

Arsenal : Chelsea

Chelsea : Blackburn Rovers

Sunderland : Chelsea

တို့ပဲ ဖြစ်ပါတယ်။ အသင်းကြီး အနေဖြင့် နယူးကာဆယ် ၊ အာစင်နယ် နှင့် အဲဗာတန် တို့သာ ပါရှိပေမယ့် ကျန်သည့် ဘလက်ဘန်း ၊ ဆန်းဒါးလန်း ၊ ဘောလ်တန် တို့ကိုလည်း လျှော့တွက်လို့မရပါဘူး။ သို့သော် အသင်းကြီး အနေဖြင့် အာစင်နယ် ၁ သင်းသာ ပါဝင်တာကြောင့် ချဲလ်ဆီးတို့ သက်သာနိင်ပါတယ်လို့တော့ ပြောချင်ပါတယ်။

အာစင်နယ်

သူ၏ နောက်ဆုံး ကစားမည့်ပွဲ ၈ ပွဲလုံးအား ကြည့်ရှု့ရာတွင် ချဲလ်ဆီး ၊ လီပါပူးလ် ၊ မန်ယူ စတဲ့ အသင်းကြီးများနှင့် အကုန်တွေ့ဆုံရမှာပါ။ အာစင်နယ် အနေဖြင့် ထိုပွဲများမှာ ၂ ပွဲက အဝေးကွင်း ၁ ပွဲက အိမ်ကွင်းကစားရမှာဖြစ်တာကြောင့် နောက်ဆုံး ၈ ပွဲမရောက်မှီ အထိ အမှတ်ရထားအောင် ကစားရမှာပါ။

မန်ယူ


မန်ယူအသင်းရဲ့ နောက်ဆုံး ၈ ပွဲကတော့ အသင်းကြီးအနေဖြင့် အာစင်နယ် အသင်းသာ ပါဝင်ခဲ့ပြီး ကျန်သည့် ပွဲစဉ်ဇယားမှာလည်း သက်သာလှပါတယ်။

လီဗာပူးလ်

သူလည်းပဲ နောက်ဆုံးမှာ အာစင်နယ် ၁ သင်းက လွဲလို့ သက်သာရာ ရခဲ့ပါတယ်။


အာစင်နယ် အသင်းအနေဖြင့် ပွဲကျပ်သည်မှာ မှန်သော်လည်း ရှေ့ပိုင်း ရလဒ်တွေ ကောင်းခဲ့ရင်ဖြင့် ပ၇ီးမီးယားလိဂ်ဖလား ရနိင်ပါသေးတယ်။ ထိုကြောင့် မည်သည့်အသင်းက ရနိင်မည် ဆိုသည်ကို မည်သူမျှ မခန့်မှန်းနိင်သလို ကိုယ်အားပေးတဲ့အသင်း ဗိုလ်စွဲနိင်ပါစေ ဆုတောင်းရင်း စောင့်ကြည့်ကြပါစို့။


Monday, July 7, 2008

History_OF_Chelsea



About OF Chelsea

Chelsea will be desperate to regain the Premier League crown after finishing second to Manchester United in the last two seasons. Former manager Jose Mourinho, bankrolled by owner Roman Abromovich's millions, brought the first title to Stamford Bridge for 50 years when the Blues lifted the trophy in 2005. Chelsea became only the second team to win back-to-back Premier League titles when they clinched it a year later. Mourinho left the club by mutual consent in September 2007.

Although Chelsea reached the FA Cup final in 1994, they hardly set the world alight in their early Premier League days. Ruud Gullit became manager in 1996 and steered the Blues to an FA Cup triumph in 1997, while his successor Gianluca Vialli guided the team to victory in the League Cup and European Cup Winners' Cup in 1998.

Shortly after, he led the team to the UEFA Super Cup after a 1-0 win over Real Madrid. The FA Cup followed in 2000. Vialli was replaced by Claudio Ranieri in 2000 and he led Chelsea to another FA Cup final appearance in 2002.

Russian billionaire Roman Abramovich bought the Blues for £140 million. After a trophyless season, he appointed Mourinho as new Chelsea manager and there was instant success. In 2005, Chelsea won the Barclays Premiership and League Cup, along with a Champions League semi-final appearance.

And Mourinho retained the Barclays Premiership crown the year after, equalling the club's own Premier League record of 29 wins set the previous season. They were league runners-up in 2006/07 and also claimed the FA Cup and League Cup double.

They were also runners-up in the 2007/08 campaign, but by this time Mourinho had left the club. He was replaced by Avram Grant who led the Blues to the final of the Champions League and Carling Cup.

Grant left Stamford Bridge at the end of the season and was replaced by Luiz Felipe Scolari who will be charged with bringing the title back to the club.

Club Heritage

Chelsea were formed in 1905 and were elected into the Second Division of the Football League. They just missed out on silverware 10 years later with an FA Cup final defeat. The Blues had to wait for their first major trophy in 1955, when under manager Ted Drake, they won the league title. Chelsea claimed the League Cup for the first time in 1965 and were defeated in the FA Cup final two years later.

Featuring the likes of Ron 'Chopper' Harris, Ian Hutchison and Peter Osgood, Chelsea overcame Leeds to win the FA Cup in 1970. In the following season, they clinched the European Cup Winners' Cup with a replay victory over Real Madrid.

Financial problems meant the Stamford Bridge club dropped into the Second Division, and at one point they were close to falling to the Third Division.

They eventually won their place back in the top flight in 1984, but their stay only lasted four seasons. They clawed their way back to the First Division again as Second Division champions in 1989 and have remained there ever since.

Premier League History

1992/93 - Inaugural members of the Premier League
1993/94 - Lose FA Cup final
1996/97 - Ruud Gullit appointed player-manger
1996/97 - Win FA Cup
1997/98 - Gianluca Vialli becomes manager
1997/98 - Win League Cup, Cup Winners' Cup and UEFA Super Cup
1999/00 - FA Cup winners
2000/01 - Claudio Ranieri becomes manager
2001/02 - Lose FA Cup final
2003/04 - Chairman Ken Bates sells Chelsea to Roman Abramovich
2000/05 - Jose Mourinho takes over as manager
2004/05 - Chelsea win Barclays Premiership and League Cup
2005/06 - Chelsea win Barclays Premiership
2006/07 - Win FA Cup and League Cup
2007/08 - Jose Mourinho leaves the club to be replaced by Avram Grant. Runners up in the Carling Cup, Barclays Premier League and Champions League. Part company with Grant. Luiz Felipe Scolari appointed manager in June.


Chelsea End Arshavin Interest

ဝယ်မလို ၀ယ်မလိုနဲ့ သတင်းထွက်ခဲ့တဲ့ အာရှဘင် တစ်ယောက် အခုတော့ ချဲလ်ဆီးက စိတ်မ၀င်စားတော့ပါဘူး။ သူတို့က ဘယ်လိုပြောလာသလဲ ဆိုတော့

“ "Zenit want to get at least 30million euros (£23.8million), and foreign clubs offer no more than 20million euros (£15.8million) ”
အဲဒီလို ဖြစ်နေပါတယ်။

သူရဲ့ အေးဂျင့်ကတော့ လောလောဆယ် ပြောင်းရွှေ့မှု့ဟာ အလျင်မလိုသေးကြောင်း ဒါအပြင်

"Arshavin's future may be dependent on conversations about [Alexander] Hleb, [Emmanuel] Adebayor, Cristiano Ronaldo and others."

Saturday, July 5, 2008

အသည်းနှလုံးနှင့် သူတို့တွေ


ဒီပုံလေးက ချဲလ်ဆီးမှာ ကစားသွားခဲ့တဲ့ ချဲလ်ဆီးကစားသမားတွေရဲ့ နာမည်များနဲ့ အသည်းပုံ တည်ဆောက်ထားတာပါ။

Friday, July 4, 2008

ရှောင်ရိုက်ဖီးလစ်


အီရန် ရိုက်က ရှောင်ရိုက် ဖိလစ်စ်ကို ချဲလ်ဆီးကနေ ထွက်ခွာဖို့အတွက် အချိန်တန်ပြီလို့ ပြောပါတယ်။

ဖခင်ဖြစ်သူ ရိုက်ဟာ သားဖြစ်သူ ပေါင် (၂၁)သန်းနဲ့ မန်ချက်စတာစီးတီးကနေ ဇူလိုင် ၂၀၀၅မှာ ချဲလ်ဆီးကို ရောက်ရှိကတည်းက ပွဲစဉ်တိုင်းကို သေချာစောင့်ကြည့်နေသူ ဖြစ်ပါတယ်။

အာစင်နယ်သူရဲကောင်း အီရန် ရိုက်က ရိုက်ဖိလစ်စ်ကို စိတ်ဝင်တစား ရှိနေတဲ့ ဟယ်ရီ ရက်ပ်နက်ရဲ့ ပို့စ်မောက်အသင်းက ကမ်းလှမ်းတာကို လက်ခံသင်တယ်လို့ ယုံကြည်နေပါတယ်။

“ပို့စ်မောက်က သူ့အတွက် ပြောင်းရွေ့ဖို့ အကောင်းဆုံး နေရာတစ်ခုပါ။ ချဲလ်ဆီးနဲ့အတူ သူ ဆုတွေအများကြီး ရပြီးလို့ တာဝန် ကျေပါပြီ။ သူ့ ကစားသမားဘ၀ကို အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့ ပို့စ်မောက်ကို ပြောင်း သင့်ပါတယ်” လို့ ရိုက်က ပြောပါတယ်။

အသက် (၂၆)နှစ်အရွယ် ရှောင်ဖိလစ်စ်အနေနဲ့ ပို့စ်မောက်ကိုပြောင်းရင် နည်းပြ ရက်ပ်နက်က ပုံမှန်ကစားခွင့်အတွက် အာမခံနိုင်မှာ ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း (၁၉)ပွဲမှာ (၄)ဂိုး သွင်းထားပြီး ချဲလ်ဆီးနဲ့ (၈၁)ပွဲမှ (၄)ဂိုး ရထားပါတယ်။

ဟာနန်ခရက်စပို

တိုက်စစ်မှူး ဟာနန် ခရက်စပိုဟာ ချဲလ်ဆီးနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီဖြစ်တဲ့အတွက် စတန်းဖို့ဘရစ်ခ်ျကနေ တရားဝင် ထွက်ခွာခွင့်ရပြီ ဖြစ်ပါတယ်။

အသက် (၃၃)နှစ်အရွယ် ခရက်စပိုဟာ ၂၀၀၃ မှာ ချဲလ်ဆီကို ရောက်ရှိပြီး ပထမ ရာသီအတွင်းမှာ ဘလူးစ် အသင်းအတွက် (၁၀)ဂိုး သွင်းပေး ထားပါတယ်။

အာဂျင်တီးနား တိုက်စစ်မှူးဟာ လန်ဒန်ကလပ်မှာ အခြေတကျ မရှိတဲ့အတွက် နောက်တစ်နှစ်အကြာမှာ အီတလီကလပ် အေစီမီလန်ကို တစ်နှစ်အငှားစာချုပ်နဲ့ ရောက်ရှိသွားပါတယ်။

သူဟာ ၂၀၀၅၊၀၆ ရာသီမှာ ပရီးမီးယားရှစ်ကို ပြန်လာခဲ့ပေမယ့် မကြာမီမှာပဲ အသင်းဟောင်း အင်တာမီလန်ကို (၂)နှစ်အငှားစာချုပ်နဲ့ ပြန်လည် ရောက်ရှိသွားပါတယ်။

အလွတ်ပြောင်းရွေ့ကြေးနဲ့ အသင်းပြောင်းနိုင်တဲ့ ခရက်စပိုဟာ နည်းပြသစ် မော်ညင်ဟိုရဲ့ အီတလီစီးရီးအေ ချန်ပီယံအသင်းမှာ အမြဲတမ်းစာချုပ်ချုပ်နဲ့ နေထိုင်ခွင့်ရဖို့ မျှော်လင့်နေပါယတ်။

သူဟာ ၂၀၀၃ မှာ ချဲလ်ဆီးကို ရုရှားဘီလျံနာ ရိုမန် အေဘရာမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက် နည်းပြ ကလောဒီရို ရိုင်နရီရဲ့ ပထမဆုံး ၀ယ်ယူခြင်း ခံရတဲ့ ကစားသမား ဖြစ်ပါတယ်။

ချဲလ်ဆီးရဲ့ ထုတ်ပြန်ချက်မှာ ချဲလ်ဆီးတီရှပ်ကိုဝတ်ပြီး အသင်းအတွက် ကြိုးစားပေးမှုတွေအတွက် ကျနော်တို့ ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ အနာဂတ် လှပပါစေလို့လည်း ဆုတောင်းပါတယ် လို့ ဖော်ပြထားပါတယ်။

သူဟာ ချဲလ်ဆီးနဲ့ (၄၉)ပွဲမှာ ဂိုး (၂၀)၊ မီလန် (အငှား)နဲ့ (၂၈)ပွဲမှာ (၁၀)ဂိုး၊ အင်တာ (အငှား)နဲ့ (၄၈)ပွဲမှာ (၁၈) ဂိုး သွင်းထားပြီး လက်ရွေးစင်အသင်းအတွက် (၆၅)ပွဲမှာ (၃၆)ဂိုး သွင်းထားပါတယ်။





အာရှဘင်.....


ပြီးခဲ့တဲ့ ယူရို ၂၀၀၈ တုန်းက ခြေစွမ်းပြခဲ့တဲ့ ဒီ ရုရှားသား အာရှဘင် တစ်ယောက်ဟာ ဆိုရင်ဖြင့် စပိန်အသင်းကြီး ဘာစီလိုနာက ခေါ်ယူမဲ့ ဆဲဆဲမှာ အမိနိင်ငံသားတွေကို မြေထောင်မြှောက်ပေးတဲ့ အီဗရာမိုဘီခ်ျက ချဲလ်ဆီးအသင်းကို လက်မတင်လေး ခေါ်ယူနိင်လိုက်ပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းပေးခဲ့ရပြီး ဇီးနစ်အသင်းတာဝန် ရှိသူများ အနေဖြင့် ချဲလ်ဆီးအသင်း၏ ကမ်းလှမ်းမှု့ကို လက်မခံနိင်စရာ မရှိသကဲ့သို့ ကစားသမား အနေဖြင့်လည်း ခေါင်းညိတ်ဝန်ခံခဲ့ပြီ ဖြစ်ကြောင်း ၊ ထို့ကြောင့် ဆေးစစ်မှုတွေ အခု ပြုလုပ်၍ လာမဲ့ ရာသီအစမှာ ချဲလ်ဆီးအပြာရောင် ၀တ်စုံကို ၀တ်ဆင်ပြီး ခြေစွမ်းပြပါတော့မယ်။ ဒီ ၂၇ နှစ်သားဟာ....လက်ရှိ ဇီးနစ်အသင်းနဲ့ အတူ အောင်မြင်မှုတွေ လက်တလော ရယူထားပြီး... ရရှိသည့် ဆုများကတော့

  • 2002 (Zénith St-Petersbourg)
  • 2007 Champion de Russie (Zénith St-Petersbourg)
  • 2008 Vainqueur de la C3 (Zénith St-Petersbourg)
  • 2008 (Zénith St-Petersbourg)
29 . 5. 1981 ခုမှာ မွေးဖွားပါတယ်။ ကဲ....ရာသီအသစ်မှာ အောင်မြင်မှုတွေ ထပ်ဆောင်းကြတာပေါ့ဗျာ။ ပြီးခဲ့တဲ့ နှစ်က ဒုတိယတွေနဲ့ ကြေနပ်ခဲ့ရတာကို ဘယ်တော့မှ မမေ့သင့်ပါဘူး။ ချန်ပီယံလိဂ်ဖိုင်နယ် ၊ ကားလင်း ၊ ပရီးမီးယား တို့ကို ဒီတခါတော့ အရယူနိင်တော့မှာပါ။ တကျော့ပြန်လည် သိမ်းပိုက်ဖို့....အတွက် ချဲလ်ဆီး ချစ်သူတို့ရေ....


ယူရို ၂၀၀၈ - အာရှဘင်၏ ကစားဟန် နှင့် သွင်းဂိုး ဗီဒီယိုမှတ်တမ်း

mediafire ( at Sweden )

mediafire ( at Netherlands )




Thursday, July 3, 2008

Welcome to Ronaldinho !!!!


နည်းပြသစ် စကိုလာရီရဲ့ ချဲလ်ဆီးအသင်းမှာ သွားရောက်ကစားချင်ကြောင်း ရော်နယ်ဒင်ဟိုက ၀န်ခံ လိုက်ပါတယ်။

ဘာစီလိုနာစတားက ချဲလ်ဆီးအသင်းမှာ ကစားချင်တဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ကြေညာလိုက်လို့ နှစ်ဖက်အသင်းကြားမှာ စကားပြောဆိုတာတွေ ပိုပြီး မြန်ဆန်လာနိုင်ချေ ရှိနေပါတယ်။

စကိုလာရီဟာ ဘရာဇီးအသင်းကို ၂၀၀၂မှာ ကမ္ဘာ့ဖလား ချန်ပီယံဖြစ်အောင် လုပ်ပေးတုန်းက အသင်းရဲ့ အဓိက ကစားသမားဖြစ်ခဲ့တဲ့ ရော်နယ်ဒင်ဟိုနဲ့ စတန်းဖို့ဘရစ်ခ်ျမှာ ပြန်ပြီး လက်တွဲလို နေပါတယ်။

အသက် (၂၈)နှစ်အရွယ် ရော်နယ်ဒင်ဟိုက “စကိုလာရီက ကျနော့်ကို စိတ်ဝင်စားတာကို သိရလို့ အရမ်း အံ့သြ၀မ်းသာ မိပါတယ်။ အကြောင်းကတော့ သူက အကောင်းဆုံး မန်နေဂျာတစ်ယောက် ဖြစ်နေလို့ပါ” လို့ ပြောပါတယ်။

“ကျနော် သူ့အပေါ်မှာ အများကြီး လေးစားပါတယ်။ ငယ်ငယ်ကတည်းက သူ့ကို သိနေတာပါ။ တကယ်လို့ သူနဲ့ ပြန်ပြီး လက်တွဲခွင့်ရရင် အရမ်း လှမှာပါ”

ပေါ်တူဂီနည်းပြဟောင်း စကိုလာရီဟာ ဘာစီလိုနာက ဒေကိုကိုလည်း ပေါင် (၈)သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖြစ်ပါတယ်။

ရော်နယ်ဒင်ဟိုဟာ မတ်လကတည်းက ခံစားနေရတဲ့ တကောက်ကြော ဒဏ်ရာကနေ ပြန်လည် သက်သာလာလို့ လေ့ကျင့်ရေး ဆင်းနေပြီ ဖြစ်ပါတယ်။






ယခုနှစ် ချဲလ်ဆီးအသင်း ကန်ရမည့် ပွဲစဉ်ဇယား

August 2008






16 Sat15:00
PREM H Portsmouth




23 Sat15:00
PREM A Wigan Athletic




30 Sat15:00
PREM H Tottenham Hotspur




September 2008






13 Sat15:00
PREM A Manchester City




20 Sat15:00
PREM H Manchester United




27 Sat15:00
PREM A Stoke City




October 2008






4 Sat15:00
PREM H Aston Villa




18 Sat15:00
PREM A Middlesbrough




25 Sat15:00
PREM H Liverpool




28 Tue19:45
PREM A Hull City




November 2008






1 Sat15:00
PREM H Sunderland




8 Sat15:00
PREM A Blackburn Rovers




15 Sat15:00
PREM A West Bromwich Albion




22 Sat15:00
PREM H Newcastle United




29 Sat15:00
PREM H Arsenal




December 2008






6 Sat15:00
PREM A Bolton Wanderers




13 Sat15:00
PREM H West Ham United




20 Sat15:00
PREM A Everton




26 Fri13:00
PREM H West Bromwich Albion




28 Sun14:00
PREM A Fulham




January 2009






10 Sat15:00
PREM A Manchester United




17 Sat15:00
PREM H Stoke City




28 Wed19:45
PREM H Middlesbrough




31 Sat15:00
PREM A Liverpool




February 2009






7 Sat15:00
PREM H Hull City




21 Sat15:00
PREM A Aston Villa




28 Sat15:00
PREM H Wigan Athletic




March 2009






3 Tue19:45
PREM A Portsmouth




14 Sat15:00
PREM H Manchester City




21 Sat15:00
PREM A Tottenham Hotspur




April 2009






4 Sat15:00
PREM A Newcastle United




11 Sat15:00
PREM H Bolton Wanderers




18 Sat15:00
PREM H Everton




25 Sat15:00
PREM A West Ham United




May 2009






2 Sat15:00
PREM H Fulham




9 Sat15:00
PREM A Arsenal




16 Sat15:00
PREM H Blackburn Rovers









4 Sun16:00
PREM A Sunderland













Chelsea....Chelsea


Our Team !!!!!


Goal of the season.....2007 - 2008 ( Premier League )


Wednesday, July 2, 2008

Happy Birthday Ko Soe Thawn !

ချဲလ်ဆီးချစ်သူ ဖြစ်သော ကိုဆိုးသွမ်း ၏ ဇူလိုင် လ (၂) ရက်နေ့မှာ ကျရောက်သော (၂၄) နှစ်ပြည့် မွေးနေ့မှသည် နောက်နှစ် ပေါင်း များစွာ မိသားစုနှင့်အတူ စိတ်ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာခြင်း တို့ နှင့်အတူ ဘ၀ကို ပျော်ရွှင် ချမ်းမြေ့စွာ ဖြတ်သန်း နိင်ပါ စေကြောင်း ဆုမွန်ကောင်း တောင်း၍ ကျွန်တော်တို့ အပြာရောင် ချစ်သူများ ဖြစ်တဲ့ -

* ကိုရင်နော်၊ ကိုကောင်လေး၊ ကိုအောင်၊ ကိုဖန်ဆင်းရှင်၊ ကိုလွမ်းလုလင်၊ ကိုဖိုးစံ၊ ကိုမင်းကျန်စစ်၊ ကိုအိမ်မက်သစ်၊ ကို wynnsun၊ ကိုတက်စလာ၊ ကိုknowledgevilla၊ ကိုheartmuseum၊ ကို99၊ ကိုဝင်းဇော်၊ ကိုဒီရေ၊ ကိုဘလာဂေါက်၊ ကိုကိုဖရီး၊ ကိုStanley၊ ကိုစိုးထက်၊ ကိုကလိုစေးထူး၊ ကိုကိုဝဿန်ဦး၊ မဆုရည်၊ မလားရှိုးသူ၊ မမေ၊ မမိုးချစ်သူ၊ မစိုးမြနန္ဒာသက်လွင်၊ မသိုးမလေး

...

တို့မှ နောင်နှစ်ပေါင်းများစွာ အသက်ရာကျော် ရှည်ကြောင်း မေတ္တာပို့သအပ်ပါသည်။

မွေးနေ့ လက်ဆောင် ...