Wednesday, May 21, 2008
Friday, May 16, 2008
Thursday, May 15, 2008
Regards!!!

Hi Chelsea's Fans & Visitors.., :)))
As you all known someone came here often and attack us in Cbox for no good reason. Now it's turn to be to write about posts as I don't want anyone to take a wrong messages. Because simply that someone used our ID and URL without authorization to write about messages in Cbox as well as in Comments which we don't do at all. Please see as follow:
**********
My Wonderful Moral Thoughts said...Shame on Blues. I did, I wrote rude words. I must confess. I give up, you win.
May 15, 2008 2:22 AM
My wonderful moral thoughts said...
yee ya tae hehe, I give up. I confess that I did say rude words which are against the degree I have been pursuing in Oxford.
May 15, 2008 2:27 AM
***********
I need to confirm to say that I am not put that comments at all.
As soon as i found someone used my URL at new post (below this post) then I put the comment myself already under those two comments saying that i am not doing it. This is out of line and unbearable to using someone URL and ID.
I would like to justify the facts that I didn't either say any rude(Swear) words at all in Cbox or in Comments at any Blog nor Do we expect that out of anybody else!!!
I also would like to say to that someone as we known the name called (WhatAShameChelsea), Please note that RESPECT is two way street which mean if you give respect us then we will not hesitated to give the respect back the same level of respect you give us. We all grow up an adults here in Chelsea's fans club and we know how to conduct at things morally.
The reason to created the Chelsea Fans Club Blog is for all about football and for Chelsea football Club activities to keep the updates to all our fans. As a matter of facts, This Blog is not for fight as like child playground and not to criticize to any other club.
We warmly welcome from our Blog to anyone who keen to interested in Football and our Club. We also welcome to courtesy messages in Cbox as well as in Comments except an argument. :)
Therefore, from now on I will not respond to any wrong messages because it simply turning to guilt trips. Actually I am not very good at respond to wrong argument as I value and not to waste my own times.
Please kindly aware that if you continue to find something false messages or comments with my name or my URL at anywhere, Please do not be reluctantly to contact and ask me anytime on sweetnandar190@gmail.com. I will promptly reply you back.
Thanks ever so much for your times to visit here. Thanks a lot to Ko SoeThawn who let me express the post here.
No matter what, I'll SUPPOSE Chelsea all the way. We Chelsea's Fans UNITED, We ADORE our Club all the way!!!
Bring it on CHELSEA...,
Best Regards.,
Soe Mya Nandar Thet Lwin
အော်...လူလောက လူ့လောက
ဒါကတော့ ပေါ်တင်ကြီးကို ဖောင်းသွားပြီ။ ကျွန်တော်နာမည်နဲ့ ပေါက်ကရတွေ ၀င်ရေးသွားတယ်။ စီဘောက်စ် ပက်စ်ဝေါ့လည်း သိစရာ အကြောင်းကို မရှိဘူး။ ၁၅ လုံးလောက်ရှိတယ်။ ပက်စ်တစ်ခုတည်းကို နစ်ရော ဘလော့ဂ်ရော အကုန်သုံးတယ်။ အခုလို လုပ်တာတော့ မကောင်းဘူးပေါ့ဗျာ။ ကိုယ့်စိတ်ဓတ် အခြေအနေကို ကိုယ်ဖော်ပြနေသလိုပဲ။ အခုလာ အော်တဲ့ အိုင်ပီနံပတ်က 38.100.42.25 ပါတဲ့ ယူအက်စ်ကပါ ။ ဒီနေရာမှာ ကြည့်ကြည့်ပါ။ Proxy ကျော်ထားရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်ထင်တာတော့ စင်္ကာပူကလို့ ထင်ပါတယ်။ အော်...လူတွေ လူတွေ အချင်းချင်းတောင် ရန်တိုက်ပေးနေတယ်။ ကိုယ့်လုပ်ရပ်အတွက် ကိုယ့်စိတ်ထဲမှာပဲ သိတယ်။ ဘယ်လို ရှိတယ်ဆိုတာ။ ကိုစိုးထက်ကို တိုက်ခိုက်လိုက် ၊ ကျွန်တော့်ကို တိုက်ခိုက်လိုက်နဲ့ ။ ကျွန်တော် ဒီလို ပေါက်ကရတွေလည်း မရေးပါဘူး။ သိက္ခာရှိရှိပေါ့ဗျာ။ ကိုယ့်ကိုယ်စောင့် နတ် ကသိပါတယ်။ ၀ဋ္ဋ်မလည်အောင်တော့ ဆုတောင်းထားကြ။ အမှောင်ထဲကနေ လက်ညိုးထိုးနေတဲ့ သူတွေအတွက် ရှက်တက်ရင် ရှက်ဖို့ကောင်းတယ်။
PS . မနန္ဒာရေ ။ ဒီလောက်ဆို သဘောပေါက်ပါတယ်နော်။ ကျွန်တော်တို့ ချဲလ်ဆီးဖန်တွေ ကြားမှာ စိတ်ကွပ် စရာ ဘာအကြောင်းမှ မရှိပါဘူး။ အောင်မြင်နေလို့ လာအော်ဟစ်နေကြတာပါ။ ဟားဟ ။
PS . မနန္ဒာရေ ။ ဒီလောက်ဆို သဘောပေါက်ပါတယ်နော်။ ကျွန်တော်တို့ ချဲလ်ဆီးဖန်တွေ ကြားမှာ စိတ်ကွပ် စရာ ဘာအကြောင်းမှ မရှိပါဘူး။ အောင်မြင်နေလို့ လာအော်ဟစ်နေကြတာပါ။ ဟားဟ ။
Wednesday, May 14, 2008
ဝယ်လိုက်ပြီ....၀ယ်လိုက်ပြီ
ကဲ...ဒါကတော့ ဒီရာသီရဲ့ ပထမဆုံး ၀ယ်ယူတဲ့ ချဲလ်ဆီးကစားသမားဖြစ်တဲ့ ဂျို့စ်ဘောက်ဆင်းဝါ ပဲ ဖြစ်ပါတယ်။ လက်ရှိ ပေါ်တိုကလပ်မှ ပြောင်းလာပြီးတော့ ပေါ်တူဂီ လက်ရွေးစင်တစ်ဦးပါ။ ပြောင်းရွှေ့ကြေး ၂၀.၅ သန်းဆိုလား ပေးရပါတယ်။ အကြောင်းစုံ သိချင်ရင် ဒီမှာ သွားရောက်ဖက်ရှုနိင်ပါသည် ချဲလ်ဆီးဖန်တွေ ခင်ဗျာ။
Jose Bosingwa Da Silva( Defender - Right Back )
Name: Bosingwa
Full Name: José Bosingwa da Silva
Position: Defender
Date of Birth: 24-08-1982
Height (Mts): 1.83
Weight (Kg): 71
Nacionality: Portuguese
Goal By Bosingwa
ပျော်ရွှင်ပါစေ...ချဲလ်ဆီးဖန်တွေရေ။ ဖာရဲရားနဲ့ ဘလက်တီနဲ့ကတော့ တစ်ယောက်ယောက် ထွက်ရမယ်နဲ့ တူပါတယ်။း(
Tuesday, May 13, 2008
ခြေစမ်းပွဲ
မေလ ၂၁ ရက်နေ့တွင် ရုရှားနိင်ငံ မော်စကိုတွင် ကျင်းပမည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမတိုင်မီ အီဘရာမိုဘစ်ခ်ျ၏ စီစဉ်မှုကြောင့် ချဲလ်ဆီး ချစ်သူ ဘလော့ဂ်များနှင့် မန်ယူအသင်းတို့ ခြေစမ်းရန်အလို့ငှာ လူစာရင်းကို အောက်ပါ အတိုင်း line up ထုတ်ခဲ့ပါတယ်။ ချဲလ်ဆီးချစ်သူ ဘလော့ဂ်ဂါများမှ ပါဝင်ကစားကြမည့် သူများကတော့ .......
နည်းပြ - မလားရှိုးသူ
လက်ထောက် အကူနည်းပြ - မစိုးမြနန္ဒသက်လွင်
လက်ထောက် အကူနည်းပြ - မသိုးမလေး
အသင်းဆရာဝန် - မမိုးချစ်သူ
နည်းစနစ် တာဝန်ခံ - မမေ ၊ မဆုရည်
.......................စတန်လေ................
ကိုကိုဖရီး..................ကလိုစေးထူး...................ဘလာဂေါက်............၀င်းဇော်
စိုးထက်............................ဆိုးသွမ်း
အညတြ---------------------------------------------------------ဒီရေ
တက်စလာ-----------------နိုင်နိုင်း
အရန်ကစားသမားများကတော့ လူငယ်ခြေတက်များ ဖြစ်တဲ့
ရှေ့တန်း - wynnsun
အလယ်တန်း - ၀ဿန်ဦး ၊ အိမ်မက်သစ်
နောက်တန်း - ဗဟုသုတရွာ
တို့ပဲ ဖြစ်ပါတယ်။ ဒါကတော့ လာမဲ့ ချန်ပီယံလိဂ် မတိုင်မီ မန်ယူနှင့် ခြေစမ်းမည့် ချဲလ်ဆီးချစ်သူ ဘလော့ဂ်ဂါများ ဖြစ်ပါတယ်။ ခြေစမ်းပွဲကို မေလ ၁၇ရက်နေ့တွင် တိုက်ရိုက်ထုတ်လွှင့် သွားမှာ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ် ပါသည်။ ကဲ....ကျွန်တော်ကတော့ ထရိန်နင် ဆင်းပါပြီ။ :)
တချက်ပြုံးရင် တရက် အသက်ပိုရှည်မှာပါ။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံနိင်ပါစေ။
Monday, May 12, 2008
နောက်ဆုံးရလဒ်တွေကတော့
ချဲလ်ဆီးမှဂိုးသွင်းသူများ
လမ်းပတ် - ၁၀ ဂိုး
အနယ်လ်ကာ - ၁၀ ဂိုး
ဒရော့ဘာ - ၈ ဂိုး
ဘောလက် - ၇ ဂိုး
အကာလူး - ၇ ဂိုး
ဂျိုကိုးလ် - ၇ ဂိုး
အက်ဆီယန် - ၆ ဂိုး
ရှက်ချန်ကို - ၅ ဂိုး
ဘလက်တီ - ၂ ဂိုး
အဲလက်စ် - ၂ ဂိုး
မာလူဒါ - ၂ ဂိုး
ရိုက်ဖီးလစ် - ၂ ဂိုး
ပီဇာရို - ၂ ဂိုး
ကာဗယ်လ်ဟို - ၁ ဂိုး
အက်ရှ်လေးကိုး - ၁ ဂိုး
တယ်ရီ - ၁ ဂိုး
မိနစ်အကြာဆုံး ကစားသမားများ
ဂျိုကိုးလ် - ၂၄၈၉ မိနစ်
အက်ရှ်လေကိုး - ၂၄၁၇ မိနစ်
ပီတာဆက်ခ်ျ - ၂၃၁၄ မိနစ်
နိင်ပွဲ
အိမ်ကွင်း - ၁၂ ပွဲ
အဝေးကွင်း - ၁၃ ပွဲ
သရေ
အိမ်ကွင်း - ၇ ပွဲ
အဝေးကွင်း - ၃ ပွဲ
ရှုံးပွဲ
အိမ်ကွင်း - မရှိ
အဝေးကွင်း - ၃ ပွဲ
ဂိုးရရှိမှု့
+၆၅ / -၂၆
အ၀ါကဒ် ၊ အနီကဒ်အများဆုံး ရသူများ စာရင်း
ဒရော့ဘာ ( အနီ - ၁ ၊ အ၀ါ ၆ )
အက်ဆီယန် ( အနီ - ၁ ၊ အ၀ါ ၅ )
ကာဗယ်လ်ဟို ( အနီ - ၁ ၊ အ၀ါ ၅ )
လမ်းပတ် ( အနီ - ၁ ၊ အ၀ါ ၅ )
ဂျိုကိုးလ် ( အ၀ါ ၆ )
မီခေးလ် ( အနီ ၁ ၊ အ၀ါ ၄ )
ရရှိထားသည့် ဆုများ
- Premier League - 3
- FA Cup - 4
- League Cup - 4
- Cup Winner`s Cup - 4
- European Super Cup - 1
၁၉၀၅
ကစားကွင်းအမည်
စတန်းဖို့ဒ်ဘရစ်ခ်ျ
ဝင်ဆန့်သည့် လူဦးရေ- ( ၄၂၀၅၅ )
Team of the Season
- Brad Friedel ( Blackburn )
- Nyron Nosworthy ( Sunderland )
- Joleon Lescott ( Everton )
- Ricardo Carvalho ( Chelsea )
- John Terry ( Chelsea )
- Steven Gerrard ( Liverpool )
- David Bentley ( Blackburn )
- Frank Lampard ( Chelsea )
- Fernando Torres ( Liverpool )
- Wayne Rooney ( Mancherster United )
- Cristiano Ronaldo ( Manchester United )
တယ်ရီ

ကြားထဲမှာ ၁၀ ရက်လောက် အချိန်ရတဲ့ အတွက် ပြန်ကန်နိင်မှာပါ။ အဆစ်လေး လွဲသွားရုံလေးပါပဲတဲ့ ။ ဘောလ်တန်က ဖြက်တင်ဘောကို ဒါးဗီးစ် ၊ ပီတာဆက်ခ်ျ ၊ တယ်ရီတို့ ခုန်အတိုက်မှာ ပီတာဆက်ခ်ျဒူးနဲ့ ဗိုက်ကိုဆောင့်မိတာရယ် ၊ လက်ကလည်း ညှက်သွားတာ ကြောင့်ပါ။ အေးအေးဆေးဆေး ကန်နိင်မှာ ဖြစ်ပါကြောင်း ဗိုလ်လုပွဲကို မှန်းမျှော်လို့ နိးဆော်လိုက်ရပါတယ်။
ညီလေးရေ
“ နတ္ထိလောကေ အနိန္ဒိတော”
လောကမှာ အပြစ်တင် မခံရတဲ့သူ မရှိပါဘူးတဲ့
လောကမှာ အပြစ်တင် မခံရတဲ့သူ မရှိပါဘူးတဲ့
ဟဟ...စင်္ကာပူက ညီကလေး ၊ ဘာတွေ ခံစားနေတာတုန်း ။ အမျိုးတွေ နာဂစ်ထဲ ပါသွားရင်တောင် အဲဒီလောက် အော်နေပါ့မလားဆိုတာ စဉ်းစားစရာပဲ။ အော်.... တစ်ယောက်တည်း လာပြီးတော့ ပေါက်ကွဲနေတာပါလား။ ဒါချဲလ်ဆီးဖန်တွေ အတွက် တစုတစည်းတည်း ဖြစ်အောင် လုပ်ထားတာပါ ။ ဘယ်နှယ့် အောင်ပွဲခံချင်ရင်လည်း ကောင်းကောင်းမွန်မွန်လေးတော့ ပြောပေါ့။ အခုတော့ တစ်ယောက်တည်း ဒေါသတကြီးနဲ့ ။ မန်ယူ မန်ယူလို့ အော်ချင်ရင် ဘလော့ဂ်လုပ်လေ။ မခက်ပါဘူး ။ မြန်မာဘလော့ဂ်ဂါ အကူအညီကဏ္ဍ ဆိုတာ ရှိတယ်။ သွားကြည့်ကြည့် ဟုတ်ပြီလား။ မန်ယူဖလားရသွားတော့လည်း ရသွားတယ်ပေါ့။ ချဲလ်ဆီးရတော့လည်း ရသွားတယ်ပေါ့။ ဒါနှစ်တိုင်းပေးနေတဲ့ ဖလားပါ။ ညီလေး သေသွားလည်း ဒီဖလားက ကျင်းပနေဦးမှာပဲ။ သမိုင်းရှိမှ အားပေးရမယ်ဆို အောင်မြင်မှုကို လွယ်လွယ်နဲ့ လိုက်တက်တဲ့ လူတွေလို့ စွပ်စွဲရင် မန်ယူဖလားမရခင်တုန်းကတည်းက အားပေးနေတဲ့ လူတွေကို စော်ကားရာ ကျဦးမယ်။ အောင်မြင်နေတဲ့ အသင်းကို အားပေးတာ လွယ်ပါတယ်ကွာ။ မန်ယူ မန်ယူလို့ အော်နေရုံပဲ။ ကိုယ်တို့ချဲလ်ဆီးဖန်တွေလို သမိုင်းမရှိတာကို ရှိလာအောင် အားပေးနိင်ရဲမှ ဆိုရင်တော့ မပြောလိုပါဘူး။ ကျန်တာတွေနဲ့ ပတ်သက်လို့တော့ မပြောချင်တော့ပါဘူးကွာ။ မန်ယူဖလားရသွားလို့လည်း ညီလေး လစာ မတိုးသွားဘူး ။ ဒါပေမယ့် ကိုယ်အားပေးတဲ့ အသင်းရသွားတော့ ၀မ်းသာနိင်တာကိုတော့ လက်ခံပါတယ်။ ဖလားကြီး ပိုက်ပြီးတော့ ကျန်တဲ့ အသင်းတွေကိုတော့ လက်ညိုးမထိုးပါနဲ့ကွာ။ ချန်ပီယံဆိုရင် ကိုယ့်အောင်မြင်မှုနဲ့ ကိုယ်နေပေါ့။ ဒီလောက်ဆို ငါ့ညီလေး သဘောပေါက်လောက်ပါတယ်။ သဘောပေါက်တယ်နော်......ဟဲဟဲ သဘောပေါက်ပါတယ်။
တဖက်တည်း အမြင်တွေ မထားစမ်းပါနဲ့။ ပြိုင်ဘက်ဆိုတာ ရှိမှာ ကစားပွဲဆိုတာ ကြည့်လို့လှတာ။ ဒီတော့ ပြိုင်ဘက်ဆိုတာ လေးစားရမယ်။ စီဘောက်စ်မှာတော့ မရေးတော့ပါဘူး။ ငါ့ညီလေးက တော်တော် လာ အော်ဟစ်ထားတာ ဆိုတော့ ပို့စ်တခုအနေနဲ့ မန်ယူအောင်ပွဲကို ပြန်လည် ဂုဏ်ပြုလိုက်တာပါ။ ကဲ....အဆင်ပြေပါစေကွာ။
မှတ်ချက် ။ ညီလေးရေ ကိုယ့်ကျောင်းက အင်တာ နက်အလကားရတယ်ကွ။ နောက်ပြီး ကိုယ်ကလည်း တုံးပါတယ်။ ဒေါင်းလုပ်အကောင့် တိုးရအောင် လုပ်တယ်ဆိုတာ ဘာကိုခေါ်တာပါလဲ။ အကောင့်တိုးလာရင် ပိုက်ဆံရတယ်ဆိုရင် အစ်ကို့မှာ ခရက်ဒစ်ကတ်တောင် မရှိပါဘူးကွာ။ ပြီးတော့ ဒီလင့်ခ်တွေက အဆင်ပြေသလို အကောင်းဆုံးနဲ့ အလွယ်ကူဆုံး ဆိုက်ဒ်က ချဲလ်ဆီးဖန်တွေ အတွက် သူတို့မကြည့်လိုက်ရရင် ပြန်ကြည့်နိင်ဖို့ ၊ သိမ်းထားနိင်ဖို့ တင်ပေးတာ။ လွတ်လပ်စွာ အော်ဟစ်ခွင့်ရှိပါတယ်။ ဟက်ဟက် ။ အိုင်ပီပါ ဘမ်းတော့လည်း ပရိုစီကျော်ပြီး လာအော်ချင် အော်နေမှာဆိုတော့ ဘမ်းစရာလဲ မလိုပါဘူး။ ကဲ ကဲ စိတ်တွေလျှော့ ဟုတ်ပြီလာ။ ဘယ်နှဲ့ ဖလားမရတဲ့လူတောင် ဒီလောက် မပေါက်ကွဲဘူး ။ ချန်ပီယံကြီးက ပေါက်ကွဲနေတယ်။ ချဲလ်ဆီး ဘာလုပ်သွားတယ် ဆိုတာ အားလုံးသိပါတယ်။ သဘောပေါက်တယ်နော်....ဟဟ သဘောပေါက်ပါတယ်။
Sunday, May 11, 2008
ချဲလ်ဆီး ၁ - ၁ ဘောလ်တန်
မန်ယူပွဲက ၂ ဂိုးဆိုတာ နဲ့ ကျွန်တော်တို့ ချဲလ်ဆီး ကစားသမားတွေလည်း စိတ်ဓတ်ကျသွားတယ်နဲ့ တူပါတယ် ။ မျက်နှာငယ်လေးနဲ့ ဘောလ်တန်ကို တန်းဆင်းခိုင်းရမှာလည်း သနားလို့နဲ့ တူပါတယ် သရေပြန်ဖြစ်သွားအောင် လျော့ကန်သွားတယ်။ ဒီသရေ ပွဲကြောင့် ဒင်းလည်း ပရီးမီးယားလိဂ် ဆက်ရှိနိင်တာ မဟုတ်လား ။ ကဲ...ချန်ပီယံလိဂ်ကိုပဲ မျှော်ကြတာပေါ့ဗျာ။
Chelsea 1 : 1 Bolton
1st Goal by Shevchenko
uploaded.to
mediafire
2nd Goal by Taylor
uploaded.to
mediafire
Chelsea 1 : 1 Bolton
1st Goal by Shevchenko
uploaded.to
mediafire
2nd Goal by Taylor
uploaded.to
mediafire
ချဲလ်ဆီး - ဘောလ်တန် ( အောင်ပွဲခံမည့်ည )
အမိမြန်မာပြည် နာဂစ်မုန်တိုင်း အတိုက်ခံလိုက် ရတာနဲ့ လူလည်း ဘောလုံးပွဲတောင် စိတ်မပါတော့ပါဘူးဗျာ။ ဘာမှကို လုပ်ချင် ကိုင်ချင် စိတ်မရှိတော့ပါဘူး ။ ထုံးစံအရသာ နောက်ဆုံးပွဲ အနေနဲ့သာ ရေးရပေမယ့် စိတ်ထဲက မပါတာတော့ အမှန်ပါပဲ။ ချဲလ်ဆီးရလည်း အော် ရသွားတယ် ၊ မန်ယူရလည်း ရသွားတယ်လေ ဆိုတာလောက်ပဲ ခံယူချင်တော့တယ်။ အော် နာဂစ် နာဂစ်.....
ခန့်မှန်းလူစာရင်းရှေ့တန်း - ဒရော့ဘာ
အလယ်တန်း - အနယ်လ်ကာ ၊ လမ်းပတ် ၊ ဘောလက် ၊ ဂျိုကိုးလ် ၊ မီခေးလ်
နောက်တန်း - ဖာရဲရား ၊ တယ်ရီ ၊ ဘင်တယ်ဟိန်း ၊ အက်ရှ်လေးကိုးလ်
ဂိုးခန့်မှန်း - ၂း ၀ ၊ ၃း ဝ
အိမ်ကွင်းလည်း ဖြစ်ပြန် ၊ နောက်ဆုံးပွဲလည်း ဖြစ်တာကြောင့် အပိုင်အုပ်တော့မယ်ဗျာ။ ၀ီဂန်ကို သရက်သီးတွေ သရေလောက်ပဲ ကန်နိင်မှာပါ။ နိ့..အခု ၀ီဂန်ဂိုးက တအားကောင်းတာကိုးဗျ။ ရွန်းနီမပါတော့ ဟန်ဆောင်ကောင် ငဒိုလည်း ဘာမှ မလုပ်တက်ပါဘူး။ ကွင်းအစုတ်မှာ ဒင်းအပြုတ်ပဲပေါ့။ ဟဲဟဲ။ ကဲ အောင်မြင်ပါစေ ချဲလ်ဆီးဖန်တွေရေ။ ချဲလ်ဆီးအောင်ပွဲက နစ်သိမ့်ပေးနိင်ပါလိ့မ်မယ်။
Subscribe to:
Posts (Atom)
















