Monday, December 22, 2008

အဲဗာတန်း ချဲလ်ဆီး



ဒီရလဒ်ကို ကြည့်ချင်းအားဖြင့် ကျွန်တော်တို့ ချဲလ်ဆီးဟာ အဲဗာတန်နဲ့ ကန်ခဲ့တဲ့ ၂ နှစ်တာ ကာလအတွင်း ပြက်ပြက်သားသား အနိင်မယူနိင်တာကို တွေ့ရပါတယ်။ ပြီးတော့ ချဲလ်ဆီးဟာ လူတွေ အများအပြား နာနေတာကြောင့် တခါလာလည်း အနယ်လ်ကာ အထောင်နဲ့ တော်တော်များများ မန်နေဂျာကလည်း ဒါကို သိနေပါပြီ။ စကိုလာရီအနေနဲ့ ဒေကို ကိုထုတ်ပစ်ဖို့ နည်းလမ်းလဲ မမြင်ပါဘူး။

ဒီတော့ ကွင်းလယ်မှာ ဒေကိုအနေနဲ့ ခြေစွမ်းပြနိင်ဖို့ပဲ ဆုတောင်းရမှာပါပဲ။ ဒေကိုက ဘောလုံးကို ကိုင်ကစားချင်တာ များတာကြောင့် တော်တော်များများ သူ့ဆီက ပျက်သွားခဲ့ရတာပါ။ ကိုလမ်းပတ်တို့လို တချက်ထိ အမြန်ပြန်ပေးစနစ်နဲ့ ကန်နိင်ရင် သိပ်ကောင်းမယ်လို့ မျှော်လင့်နိင်ပါတယ်။

အိမ်ကွင်း အခြေအနေဆိုးပေမယ့် အဝေးကွင်း စံချိန်တွေကြောင့်လည်း ဒီပွဲကို ၀း ၂ ဂိုးလို့ ခန့်မှန်းမိပါတယ်။ နောက်ပြီး ချဲလ်ဆီးအနေဖြင့် ပရီးမီးယားလိဂ် ဖလားကို ရယူပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အသင်းကြီး ၂ သင်း တွေ့ဆုံနေတဲ့ အချိန် ၊ အသင်းကြီး ၁ သင်း ပွဲကျန်နေတဲ့ အချိန်တွေမှာ အခွင့်အရေးကို ပိုင်နိင်စွာ အသုံးချသင့်ပါကြောင်း။

အဝေးကွင်း ၃ မှတ်ကို အပြည့်ယူဖို့အတွက်.......ညနေမှာ ကျင်းပမယ့် Goodison Park ကွင်းမှာ အောင်ပွဲခံကြပါစို့။

ကွင်းလယ်ဒိုင်လူကြီးအဖြစ် Phil Dowd


ယှဉ်ပြိုင်ကစားမည့် အဲဗာတန် အိမ်ကွင်း Goodison Park




No comments: