စကိုလာရီပြောကြားသွားတာကတော့
ဒိုင်လူကြီးတွေကို သူတို့ကိုင်ခဲ့တဲ့ ပွဲအတွက် ပြန်ကြည့်စေချင်ပါတယ်။ ဒါပြီးရင် သူတို့ဟာ သူတို့အမှားကို
သိနိင်ပါပြီ ။ အဲဒီအခါ သူတို့ ပါးစပ်က “ sorry ” ဆိုတဲ့ စကားတခွန်းကို ကျွန်တော်လိုချင်ပါတယ်။
ဒါပါပဲ။ ဒီထက်ပိုပြီး မလိုချင်ပါဘူး။ ဒီလိုတောင်းဆိုရတာဟာလည်း သူတို့ဟာ အမှားတွေ
ပြုလုပ်မိခဲ့လို့ပါ။
စည်းကျပ်ဒိုင်ဟာလည်း လူတစ်ယောက်ပါ။ သူဟာ အမှားလုပ်နိင်ပါတယ်။ သူမပေးခဲ့တဲ့
လူကျွံဘောကတဆင့် အာစင်နယ်ရခဲ့တဲ့ ချေပဂိုးဟာ ကျွန်တော့်အသင်းကို သတ်သွားခဲ့တာပါပဲ။
တကယ်လို့ ကျွန်တော်တို့သာ နိင်ခဲ့ရင် အာစင်နယ် အသင်းကို ၁၃ မှတ်အကွာနဲ့
ချန်ပီယံလမ်းကြောင်းထဲက ထုတ်ပစ်နိင်ခဲ့ပါပြီ။ ကစားသမားတွေဟာလည်း ပထမချေပဂိုးအတွက်
အတော်ကို စိတ်ဆိုးခဲ့သလို သူတို့ဟာ အကောင်းဆုံးပုံစံကို ပထမပိုင်းမှာပဲ ရရှိခဲ့တယ်ဆို
သူတို့ကိုယ် သူတို့သိပါတယ်။
ကဲ အခုတော့ ပွဲလည်းပြီးပါပြီ။ ကျွန်တော်တို့ လာမယ့်အပတ်မှာ အကောင်းဆုံးပုံစံနဲ့ အကောင်းဆုံး
ကစားနိင်ဖို့ ကြိုးစားပ့ါမယ်လို့ ” ပြောကြားခဲ့ပါသည်။

No comments:
Post a Comment